ကချင်ပြည်နယ်တွင် ဆန္ဒပြသူများအား အင်အားသုံးဖြိုခွင်း

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ မတ်လ ၃ ရက်။

ကချင်ပြည်နယ်၊ မြို့တော်မြစ်ကြီးနားနှင့် ဖားကန့်မြို့ က စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်းများကို အာဏာသိမ်းစစ်ကောင်စီ၏ စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များက လေးဂွ များဖြင့်ပစ်ခြင်း၊ အသံမြည်ဗုံး များဖြင့် ခြိမ်းခြောက်ပစ်ခတ်လူစုခွဲခဲ့သည့်အပြင် မျက်ရည်ယိုဗုံး ၄ လုံးခန့် ဖြင့် လည်း ပစ်ခတ်ခဲ့သည်။

မတ် ၃ ရက်နေ့ (ယနေ့) နံနက်ပိုင်းကစတင်ပြီး သပိတ်စစ်ကြောင်းအသီးသီးကို လိုက်လံအကြမ်းဖက်ဖြိုခွင်းခဲ့ရာ မြစ်ကြီးနားမြို့က အထွေထွေ ပင်မသပိတ်စစ်ကြောင်းကို အောင်နန်းရပ်ကွက်၊ မြေမြင့်ရပ်ကွက်နှင့် ယုဇနရပ် ကွက်တို့ အနီး လိုက်လံဖြိုခွင်းခဲ့ပြီး အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ် (AGD) အနီးတွင် အာဏာသိမ်းစစ်ကောင်စီ ၏ တပ်ဖွဲ့ဝင်များက အင်အားသုံး ဝင်ရောက်ဖြိုခွင်းခဲ့ခြင်းဖြစ်သည်။

ထို့နောက် ကချင်ငြိမ်းချမ်းရေးအကျိုးတော်ဆောင်အဖွဲ့ PCG က ရောက်ရှိလာပြီးနောက် ဆန္ဒပြပြည်သူများကို လမ်းများမပိတ်ဆို့ရန်နှင့် လူစုခွဲကြရန် လာရောက်ပြောဆိုခဲ့သည်။

“PCG ရောက်လာတယ်။ လမ်းမပိတ်ဖို့လာ ပြောတယ်၊ လူစုခွဲဖို့လည်း ပြောတယ်။ ခဲတွေနဲ့ မပစ်ဖို့ပြောတယ်။ ကျနော်တို့က မပစ်ဘူး။ ကျနော်တို့ကလည်း လမ်းပိတ်တာလည်း မဟုတ်ဘူး။ အဓိက က ငြိမ်းချမ်းစွာ ဆန္ဒထုတ် ဖော်တာ၊ အေးဆေးပဲ စီတန်းလှည့်လည်တာ ဒါကို သူတို့က အကြမ်းဖက်ဖြိုခွင်းလို့ အခုလိုမျိုး ကိုယ့်ကို ကိုယ် ကာကွယ်ဖို့ လမ်းတွေပိတ်တာဖြစ်တယ်။ သူတို့တက်လာတဲ့အတွက် အကာအကွယ်ယူလိုက်တာပါ” ဟု ဆန္ဒပြ လူငယ်တစ်ဦး က ပြောသည်။

မြစ်ကြီးနားမြို့ မြေမြင့်၊ ယုဇနနှင့်အောင်နန်းရပ်ကွက်တို့တွင် ဆန္ဒပြပြည်သူများက စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များ ဝင်လာနိုင်သည့် လမ်းမနှင့် လမ်းကြိုလမ်း ကြားများကို ဝါးများ၊ ဆိုင်းဘုတ်များ၊ ကျောက်ခဲများဖြင့် တားပြီး လမ်းများကို ပိတ်ကာ လုံခြုံရေးအတွက် ပြင် ဆင်ထားသည်ကိုလည်း တွေ့ရသည်။

“ကျနော်တို့ မလုံခြုံလို့ အခုလိုလုပ်ရတာလေ။ သူတို့က သူတို့ကတိသူတို့မတည်လို့လေ။ ကျနော်တို့က ဘာမှ မ လုပ်လိုက်ရဘူး။ ဒီလိုအကာတွေလုပ်နေတာနဲ့၊ ကျနော်တို့ မြစ်ကြီးနားက ညနေဆိုလည်း ဆန္ဒပြတာမဟုတ်ဘူး။ ဒီမနက်ပိုင်းလေးပဲ၊ ၁၂ နာရီအထိပဲကို။ သူတို့က နောက်မဆုတ်ပဲ တောက်လျှောက်အရှေ့ကိုတက်တယ်။ သူတို့ က သူတို့ပြောတဲ့စကားအပေါ်မှာ တာဝန်မယူဘူး။ ကျနော်တို့က နောက်ကျောလုံလုံနဲ့မလျှောက်ရဘူး။ ပြန်ပြန် ကြည့် နေရတာ။ သပိတ်စစ်ကြောင်းက အရှေ့ကိုတိုးရမှာကိုး အခုက နောက်ပြန်ပြန်ဆုတ်နေရတာ” ဟု မြစ် ကြီးနားမြို့က ဆန္ဒပြပွဲတွင် ပါဝင်သူ ဒေသခံတစ်ဦးက ပြောသည်။

ထို့အပြင် မြစ်ကြီးနားမြို့၊ မနောအားကစားကွင်းအနီးက နောင်ရာနေရာတွင် သပိတ်စစ်ကြောင်းတစ်ခု လူစတင် စုနေချိန် အာဏာသိမ်းစစ်ကောင်စီ၏ စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များက ဝင်ရောက်ဖြိုခွင်းခြင်း၊ လေးဂွများဖြင့် ပစ် ခြင်းတို့ ကြောင့် ထိခိုက်ဒဏ်ရာ ရရှိသူများလည်း ရှိကြောင်း၊ ထို့အပြင် ဆန္ဒပြည်သူများ၏ မော်တော်ဆိုင်ကယ် အချို့နှင့် ထိုင်ခုံများ၊ အခြားသော ပစ္စည်းများကိုလည်း သိမ်းဆည်းသွားသည်ဟု အဆိုပါနေရာကို ရောက်ရှိနေ သည့် ကချင် လူငယ်တစ်ဦး က ပြောသည်။

အလားတူ ဖားကန့်မြို့က စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်းများလည်း အကြမ်းဖက်ဖြိုခွင်းခံရပြီး ထိခိုက်ဒဏ်ရာ ရရှိသူများလည်း ရှိနေသည်ဟု ဒေသခံများက ပြောသည်။

“ဖားကန့်မြို့လယ်မှာ နှစ်ဖက်ညှိပြီး ဖြိုခွဲနေတာပါ။ ဖားကန့်လမ်းဆုံမှာပါ။ ပန်းခြံပတ်ဝန်းကျင်မှာပါ။ အဲ့နား မှာက ပန်းခြံရော၊ ရဲစခန်းရော၊ KBZ ဘဏ်ရောရှိတယ်။ စစ်သားတွေရော ရဲတွေရောပါတယ်။ မျက်ရည်ယို ဗုံး တွေလည်း သုံးတယ်။ ရာဘာကျည်တွေနဲ့လည်း ဆက်တိုက်ပစ်တယ်။ ၁၀ ယောက်လောက် ဒဏ်ရာရတာရှိ တယ်လို့ ပြောလို့ရတယ်။ အသေးစိတ်တော့ မသိသေးဘူး” ဟု ဖားကန့် ဒေသခံတစ်ဦး က ပြောသည်။

မြစ်ကြီးနားမြို့နှင့် ဖားကန့်မြို့တို့တွင် စစ်တပ်အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီလ ၈ ရက်နေ့က စတင်ပြီး ယနေ့အချိန်ထိ တားဆီးပိတ်ဆို့မှုများ၊ အကြမ်းဖက်ဖြိုခွင်းမှုများ၊ ဖမ်းဆီးမှုများ ရှိနေသည်ကြားက လမ်း လျှောက်သပိတ်စစ်ကြောင်းများ၊ ဆိုင်ကယ် ရွှေ့လျားသပိတ်စစ်ကြောင်းများဖြင့် လူငယ်များ၊ ဒေသခံပြည်သူ များ၊ CDM ဝန်ထမ်းများက ဆန္ဒထုတ်ဖော်နေကြခြင်း ဖြစ်သည်။

ယနေ့ပူတာအိုမြို့တွင် ပြုလုပ်သည့် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆိုင်ကယ်သပိတ်လည်း အာဏာသိမ်း စစ် ကောင်စီ၏ စစ်သားများနှင့် ရဲတပ်ဖွဲ့ဝင်များက ပိတ်ဆို့ခံပြီး လက်ရှိအချိန်ထိ ညှိနှိုင်းနေဆဲ ဖြစ်သည်ဟု ဒေသခံ များက ပြောသည်။

*** ZAWGYI ***
ကခ်င္ျပည္နယ္တြင္ ဆႏၵျပသူမ်ားအား အင္အားသုံးၿဖိဳခြင္း

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ မတ္လ ၃ ရက္။

ကခ်င္ျပည္နယ္၊ ၿမိဳ႕ေတာ္ျမစ္ႀကီးနားႏွင့္ ဖားကန႔္ၿမိဳ႕ က စစ္အာဏာရွင္ဆန႔္က်င္ေရး သပိတ္စစ္ေၾကာင္းမ်ားကို အာဏာသိမ္းစစ္ေကာင္စီ၏ စစ္တပ္ႏွင့္ ရဲတပ္ဖြဲ႕ဝင္မ်ားက ေလးဂြ မ်ားျဖင့္ပစ္ျခင္း၊ အသံျမည္ဗုံး မ်ားျဖင့္ ၿခိမ္းေျခာက္ပစ္ခတ္လူစုခြဲခဲ့သည့္အျပင္ မ်က္ရည္ယိုဗုံး ၄ လုံးခန႔္ ျဖင့္ လည္း ပစ္ခတ္ခဲ့သည္။

မတ္ ၃ ရက္ေန႔ (ယေန႔) နံနက္ပိုင္းကစတင္ၿပီး သပိတ္စစ္ေၾကာင္းအသီးသီးကို လိုက္လံအၾကမ္းဖက္ၿဖိဳခြင္းခဲ့ရာျ မစ္ႀကီးနားၿမိဳ႕က အေထြေထြ ပင္မသပိတ္စစ္ေၾကာင္းကို ေအာင္နန္းရပ္ကြက္၊ ေျမျမင့္ရပ္ကြက္ႏွင့္ ယုဇနရပ္ ကြက္တို႔ အနီး လိုက္လံၿဖိဳခြင္းခဲ့ၿပီး အာရွစိမ္းလန္းမႈဖြံ႕ၿဖိဳးေရးဘဏ္ (AGD) အနီးတြင္ အာဏာသိမ္းစစ္ေကာင္စီ ၏ တပ္ဖြဲ႕ဝင္မ်ားက အင္အားသုံး ဝင္ေရာက္ၿဖိဳခြင္းခဲ့ျခင္းျဖစ္သည္။

ထို႔ေနာက္ ကခ်င္ၿငိမ္းခ်မ္းေရးအက်ိဳးေတာ္ေဆာင္အဖြဲ႕ PCG က ေရာက္ရွိလာၿပီးေနာက္ ဆႏၵျပျပည္သူမ်ားကို လမ္းမ်ားမပိတ္ဆို႔ရန္ႏွင့္ လူစုခြဲၾကရန္ လာေရာက္ေျပာဆိုခဲ့သည္။

“PCG ေရာက္လာတယ္။ လမ္းမပိတ္ဖို႔လာ ေျပာတယ္၊ လူစုခြဲဖို႔လည္း ေျပာတယ္။ ခဲေတြနဲ႔ မပစ္ဖို႔ေျပာတယ္။ က်ေနာ္တို႔က မပစ္ဘူး။ က်ေနာ္တို႔ကလည္း လမ္းပိတ္တာလည္း မဟုတ္ဘူး။ အဓိက က ၿငိမ္းခ်မ္းစြာ ဆႏၵထုတ္ ေဖာ္တာ၊ ေအးေဆးပဲ စီတန္းလွည့္လည္တာ ဒါကို သူတို႔က အၾကမ္းဖက္ၿဖိဳခြင္းလို႔ အခုလိုမ်ိဳး ကိုယ့္ကို ကိုယ္ ကာကြယ္ဖို႔ လမ္းေတြပိတ္တာျဖစ္တယ္။ သူတို႔တက္လာတဲ့အတြက္ အကာအကြယ္ယူလိုက္တာပါ” ဟု ဆႏၵျပ လူငယ္တစ္ဦး က ေျပာသည္။

ျမစ္ႀကီးနားၿမိဳ႕ ေျမျမင့္၊ ယုဇနႏွင့္ေအာင္နန္းရပ္ကြက္တို႔တြင္ ဆႏၵျပျပည္သူမ်ားက စစ္တပ္ႏွင့္ ရဲတပ္ဖြဲ႕ဝင္မ်ား ဝင္လာႏိုင္သည့္ လမ္းမႏွင့္ လမ္းႀကိဳလမ္း ၾကားမ်ားကို ဝါးမ်ား၊ ဆိုင္းဘုတ္မ်ား၊ ေက်ာက္ခဲမ်ားျဖင့္ တားၿပီး လမ္းမ်ားကို ပိတ္ကာ လုံၿခဳံေရးအတြက္ ျပင္ ဆင္ထားသည္ကိုလည္း ေတြ႕ရသည္။

“က်ေနာ္တို႔ မလုံၿခဳံလို႔ အခုလိုလုပ္ရတာေလ။ သူတို႔က သူတို႔ကတိသူတို႔မတည္လို႔ေလ။ က်ေနာ္တို႔က ဘာမွ မ လုပ္လိုက္ရဘူး။ ဒီလိုအကာေတြလုပ္ေနတာနဲ႔၊ က်ေနာ္တို႔ ျမစ္ႀကီးနားက ညေနဆိုလည္း ဆႏၵျပတာမဟုတ္ဘူး။ ဒီမနက္ပိုင္းေလးပဲ၊ ၁၂ နာရီအထိပဲကို။ သူတို႔က ေနာက္မဆုတ္ပဲ ေတာက္ေလွ်ာက္အေရွ႕ကိုတက္တယ္။ သူတို႔ က သူတို႔ေျပာတဲ့စကားအေပၚမွာ တာဝန္မယူဘူး။ က်ေနာ္တို႔က ေနာက္ေက်ာလုံလုံနဲ႔မေလွ်ာက္ရဘူး။ ျပန္ျပန္ ၾကည့္ ေနရတာ။ သပိတ္စစ္ေၾကာင္းက အေရွ႕ကိုတိုးရမွာကိုး အခုက ေနာက္ျပန္ျပန္ဆုတ္ေနရတာ” ဟု ျမစ္ ႀကီးနားၿမိဳ႕က ဆႏၵျပပြဲတြင္ ပါဝင္သူ ေဒသခံတစ္ဦးက ေျပာသည္။

ထို႔အျပင္ ျမစ္ႀကီးနားၿမိဳ႕၊ မေနာအားကစားကြင္းအနီးက ေနာင္ရာေနရာတြင္ သပိတ္စစ္ေၾကာင္းတစ္ခု လူစတင္ စုေနခ်ိန္ အာဏာသိမ္းစစ္ေကာင္စီ၏ စစ္တပ္ႏွင့္ ရဲတပ္ဖြဲ႕ဝင္မ်ားက ဝင္ေရာက္ၿဖိဳခြင္းျခင္း၊ ေလးဂြမ်ားျဖင့္ ပစ္ ျခင္းတို႔ ေၾကာင့္ ထိခိုက္ဒဏ္ရာ ရရွိသူမ်ားလည္း ရွိေၾကာင္း၊ ထို႔အျပင္ ဆႏၵျပည္သူမ်ား၏ ေမာ္ေတာ္ဆိုင္ကယ္ အခ်ိဳ႕ႏွင့္ ထိုင္ခုံမ်ား၊ အျခားေသာ ပစၥည္းမ်ားကိုလည္း သိမ္းဆည္းသြားသည္ဟု အဆိုပါေနရာကို ေရာက္ရွိေန သည့္ ကခ်င္ လူငယ္တစ္ဦး က ေျပာသည္။

အလားတူ ဖားကန႔္ၿမိဳ႕က စစ္အာဏာရွင္ဆန႔္က်င္ေရး သပိတ္စစ္ေၾကာင္းမ်ားလည္း အၾကမ္းဖက္ၿဖိဳခြင္းခံရၿပီး ထိခိုက္ဒဏ္ရာ ရရွိသူမ်ားလည္း ရွိေနသည္ဟု ေဒသခံမ်ားက ေျပာသည္။

“ဖားကန႔္ၿမိဳ႕လယ္မွာ ႏွစ္ဖက္ညႇိၿပီး ၿဖိဳခြဲေနတာပါ။ ဖားကန႔္လမ္းဆုံမွာပါ။ ပန္းၿခံပတ္ဝန္းက်င္မွာပါ။ အဲ့နား မွာက ပန္းၿခံေရာ၊ ရဲစခန္းေရာ၊ KBZ ဘဏ္ေရာရွိတယ္။ စစ္သားေတြေရာ ရဲေတြေရာပါတယ္။ မ်က္ရည္ယို ဗုံး ေတြလည္း သုံးတယ္။ ရာဘာက်ည္ေတြနဲ႔လည္း ဆက္တိုက္ပစ္တယ္။ ၁၀ ေယာက္ေလာက္ ဒဏ္ရာရတာရွိ တယ္လို႔ ေျပာလို႔ရတယ္။ အေသးစိတ္ေတာ့ မသိေသးဘူး” ဟု ဖားကန႔္ ေဒသခံတစ္ဦး က ေျပာသည္။

ျမစ္ႀကီးနားၿမိဳ႕ႏွင့္ ဖားကန႔္ၿမိဳ႕တို႔တြင္ စစ္တပ္အာဏာသိမ္းၿပီးေနာက္ ေဖေဖာ္ဝါရီလ ၈ ရက္ေန႔က စတင္ၿပီး ယေန႔အခ်ိန္ထိ တားဆီးပိတ္ဆို႔မႈမ်ား၊ အၾကမ္းဖက္ၿဖိဳခြင္းမႈမ်ား၊ ဖမ္းဆီးမႈမ်ား ရွိေနသည္ၾကားက လမ္း ေလွ်ာက္သပိတ္စစ္ေၾကာင္းမ်ား၊ ဆိုင္ကယ္ ေ႐ႊ႕လ်ားသပိတ္စစ္ေၾကာင္းမ်ားျဖင့္ လူငယ္မ်ား၊ ေဒသခံျပည္သူ မ်ား၊ CDM ဝန္ထမ္းမ်ားက ဆႏၵထုတ္ေဖာ္ေနၾကျခင္း ျဖစ္သည္။

ယေန႔ပူတာအိုၿမိဳ႕တြင္ ျပဳလုပ္သည့္ စစ္အာဏာရွင္ဆန႔္က်င္ေရး ဆိုင္ကယ္သပိတ္လည္း အာဏာသိမ္း စစ္ ေကာင္စီ၏ စစ္သားမ်ားႏွင့္ ရဲတပ္ဖြဲ႕ဝင္မ်ားက ပိတ္ဆို႔ခံၿပီး လက္ရွိအခ်ိန္ထိ ညႇိႏႈိင္းေနဆဲ ျဖစ္သည္ဟု ေဒသခံ မ်ားက ေျပာသည္။