မွန်ပြည်နယ် မြို့ဝင် မြို့ထွက်များတွင် လုံခြုံရေးတပ်ဖွဲများက ပြည်သူများအား ရှာဖွေစစ်ဆေ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ မတ်လ ၃ ရက်။

စစ်အာဏာသိမ်းပြီးနောက် မတ်လ ၁ ရက်နေ့ကမှ စတင်ကာ မွန်ပြည်နယ်အတွင်းက မြို့နယ်အချို့၏ မြို့အဝင် အထွက်တို့တွင် အာဏာသိမ်းစစ်ကောင်စီ၏ တပ်ဖွဲ့ဝင်များက ရှာဖွေစစ်ဆေးမှုများ လုပ်ဆောင်နေသည်ဟု ဒေသခံများက ပြောသည်။

မော်လမြိုင်၊ မုဒုံ၊ သံဖြူဇရပ် အစရှိသည့် မြို့အဝင်အထွက်နေရာတို့တွင် အာဏာသိမ်း စစ် ကောင်စီ၏ စစ်တပ်နှင့် ရဲတပ်ဖွဲ့ တို့က ရှာဖွေစစ်ဆေးမှုပြုလုပ်နေခြင်းဖြစ်သည်ဟု စစ်ဆေးခံခဲ့ရသူအချို့ က ပြောသည်။

“သံဖြူဇရပ် အဝင်မှာရော အထွက်မှာရော စစ်နေတယ် ဘယ်သွားမှာလဲ ဘယ်ကလာလဲ စသဖြင့် မေးတယ်၊ ဆိုင်ကယ်နဲ့ လူငယ်တွေဆို ဖုန်းဖွင့်စစ်တယ် အိတ်ဖွင့်စစ်တယ်” ဟု မတ်လ ၂ ရက်နေ့က ကိုယ်တိုင် အစစ်ဆေး ခံခဲ့ရသူ မင်းရော့မွန် က ပြောသည်။

မြို့အဝင်အထွက်နေရာများတွင် စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့က ပူးပေါင်းပြီး ဖြတ်သန်းသွားလာနေသည့် ကားများ၊ ဆိုင်ကယ်များကို မတ်လ ၁ ရက်နေ့က စတင်ကာ ရှာဖွေစစ်ဆေးမှုများပြုလုပ်နေခြင်း ဖြစ်သည်။

မော်လမြိုင်နှင့် မုဒုံမြို့အထွက် နေရာအချို့တို့တွင်လည်း စစ်ဆေးမှုများရှိနေပြီး အဓိက ဖုန်းနှင့် လူမှုကွန်ယက် စာ မျက်နှာကိုဖွင့်ခိုင်းကာ စစ်ဆေးနေသည်ဟု အစစ်ဆေးခံခဲ့ရသူများ က ပြောသည်။

“ဆိုင်ကယ်ကို တားပြီးတော့ ညီမဖုန်းကိုစစ်တာပါ။ ညီမရဲ့ ကျောပိုးအိတ်လည်း ဖွင့်စစ်တယ်၊ Facebook ကိုပါ ဖွင့်ခိုင်းပါတယ်။ အဲ့လိုမျိုး စစ်တယ်” ဟု မတ်လ ၁ ရက်နေ့က မော်လမြိုင်မြို့အထွက်တွင် အစစ်ခံခဲ့ရသူ အမျိုးသမီးငယ် တစ်ဦး က ပြောသည်။

ရှာဖွေစစ်ဆေးရာတွင် ဖုန်းထဲ၌ စစ်အာဏာရှင်ဆန့်ကျင်ရေးနှင့် ပတ်သက်သည့်အချက်အလက် တွေ့ရှိသူများကို ဖမ်းဆီးနေသည်ဆိုသည့်သတင်းများလည်း ထွက်ပေါ်နေပြီး သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

“ဒါကလည်း ပြည်သူတွေ ကြောက်ရွံ့အောင် လုပ်ဆောင်တဲ့နည်းတစ်ခုပေါ့ လူတွေကြောက်အောင် ထိတ်လန့် အောင် လုပ်ဆောင်နေတာ” ဟု အသက် ၆၀ ဝန်းကျင်ရှိ မော်လမြိုင်မြို့ခံ တစ်ဦးက ပြောသည်။

အာဏာသိမ်းပြီးနောက် မော်လမြိုင်မြို့ အပြင် မုဒုံ သံဖြူဇရပ် ချောင်းဆုံ အစရှိသည့် မြို့တို့တွင် လူအင်အား သိန်းနှင့်ချီက လမ်းပေါ်ထွက်ကာ စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြနေ ကြသည်။

စစ်အာဏာရှင်အား ဆန့်ကျင်ဆန္ဒပြသူများကို စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များက ရာဘာကျည်ဆံများ၊ ကျည်ဆံ အစစ်အများ၊ မျက်ရည်ယိုဗုံးများနှင့် အသံမြည်ဗုံးများဖြင့် အင်အားသုံး ဖြိုခွင်းလျှက်ရှိသည်။

ထို့သို့ စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်တို့၏ ပစ်ခတ် ဖြိုခွင်းမှုများကြောင့် ဖေဖော်ဝါရီ ၂၈ ရက်နေ့က မော်လမြိုင်မြို့တွင် လူငယ်တစ်ဦး သေဆုံးသွားပြီး ဒဏ်ရာရသူလည်း အများအပြားရှိနေခဲ့သည်။

*** ZAWGYI ***
မြန္ျပည္နယ္ ၿမိဳ႕ဝင္ ၿမိဳ႕ထြက္မ်ားတြင္ လုံၿခဳံေရးတပ္ဖြဲမ်ားက ျပည္သူမ်ားအား ရွာေဖြစစ္ေဆး

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ မတ္လ ၃ ရက္။

စစ္အာဏာသိမ္းၿပီးေနာက္ မတ္လ ၁ ရက္ေန႔ကမွ စတင္ကာ မြန္ျပည္နယ္အတြင္းက ၿမိဳ႕နယ္အခ်ိဳ႕၏ ၿမိဳ႕အဝင္ အထြက္တို႔တြင္ အာဏာသိမ္းစစ္ေကာင္စီ၏ တပ္ဖြဲ႕ဝင္မ်ားက ရွာေဖြစစ္ေဆးမႈမ်ား လုပ္ေဆာင္ေနသည္ဟု ေဒသခံမ်ားက ေျပာသည္။

ေမာ္လၿမိဳင္၊ မုဒုံ၊ သံျဖဴဇရပ္ အစရွိသည့္ ၿမိဳ႕အဝင္အထြက္ေနရာတို႔တြင္ အာဏာသိမ္း စစ္ ေကာင္စီ၏ စစ္တပ္ႏွင့္ ရဲတပ္ဖြဲ႕ တို႔က ရွာေဖြစစ္ေဆးမႈျပဳလုပ္ေနျခင္းျဖစ္သည္ဟု စစ္ေဆးခံခဲ့ရသူအခ်ိဳ႕ က ေျပာသည္။

“သံျဖဴဇရပ္ အဝင္မွာေရာ အထြက္မွာေရာ စစ္ေနတယ္ ဘယ္သြားမွာလဲ ဘယ္ကလာလဲ စသျဖင့္ ေမးတယ္၊ ဆိုင္ကယ္နဲ႔ လူငယ္ေတြဆို ဖုန္းဖြင့္စစ္တယ္ အိတ္ဖြင့္စစ္တယ္” ဟု မတ္လ ၂ ရက္ေန႔က ကိုယ္တိုင္ အစစ္ေဆး ခံခဲ့ရသူ မင္းေရာ့မြန္ က ေျပာသည္။

ၿမိဳ႕အဝင္အထြက္ေနရာမ်ားတြင္ စစ္တပ္ႏွင့္ ရဲတပ္ဖြဲ႕တို႔က ပူးေပါင္းၿပီး ျဖတ္သန္းသြားလာေနသည့္ ကားမ်ား၊ ဆိုင္ကယ္မ်ားကို မတ္လ ၁ ရက္ေန႔က စတင္ကာ ရွာေဖြစစ္ေဆးမႈမ်ားျပဳလုပ္ေနျခင္း ျဖစ္သည္။

ေမာ္လၿမိဳင္ႏွင့္ မုဒုံၿမိဳ႕အထြက္ ေနရာအခ်ိဳ႕တို႔တြင္လည္း စစ္ေဆးမႈမ်ားရွိေနၿပီး အဓိက ဖုန္းႏွင့္ လူမႈကြန္ယက္ စာ မ်က္ႏွာကိုဖြင့္ခိုင္းကာ စစ္ေဆးေနသည္ဟု အစစ္ေဆးခံခဲ့ရသူမ်ား က ေျပာသည္။

“ဆိုင္ကယ္ကို တားၿပီးေတာ့ ညီမဖုန္းကိုစစ္တာပါ။ ညီမရဲ႕ ေက်ာပိုးအိတ္လည္း ဖြင့္စစ္တယ္၊ Facebook ကိုပါ ဖြင့္ခိုင္းပါတယ္။ အဲ့လိုမ်ိဳး စစ္တယ္” ဟု မတ္လ ၁ ရက္ေန႔က ေမာ္လၿမိဳင္ၿမိဳ႕အထြက္တြင္ အစစ္ခံခဲ့ရသူ အမ်ိဳးသမီးငယ္ တစ္ဦး က ေျပာသည္။

ရွာေဖြစစ္ေဆးရာတြင္ ဖုန္းထဲ၌ စစ္အာဏာရွင္ဆန႔္က်င္ေရးႏွင့္ ပတ္သက္သည့္အခ်က္အလက္ ေတြ႕ရွိသူမ်ားကို ဖမ္းဆီးေနသည္ဆိုသည့္သတင္းမ်ားလည္း ထြက္ေပၚေနၿပီး သီးျခားအတည္ျပဳႏိုင္ျခင္းမရွိေသးေပ။

“ဒါကလည္း ျပည္သူေတြ ေၾကာက္႐ြံ႕ေအာင္ လုပ္ေဆာင္တဲ့နည္းတစ္ခုေပါ့ လူေတြေၾကာက္ေအာင္ ထိတ္လန႔္ ေအာင္ လုပ္ေဆာင္ေနတာ” ဟု အသက္ ၆၀ ဝန္းက်င္ရွိ ေမာ္လၿမိဳင္ၿမိဳ႕ခံ တစ္ဦးက ေျပာသည္။

အာဏာသိမ္းၿပီးေနာက္ ေမာ္လၿမိဳင္ၿမိဳ႕ အျပင္ မုဒုံ သံျဖဴဇရပ္ ေခ်ာင္းဆုံ အစရွိသည့္ ၿမိဳ႕တို႔တြင္ လူအင္အား သိန္းႏွင့္ခ်ီက လမ္းေပၚထြက္ကာ စစ္အာဏာရွင္ကို ဆန႔္က်င္ဆႏၵျပေန ၾကသည္။

စစ္အာဏာရွင္အား ဆန႔္က်င္ဆႏၵျပသူမ်ားကို စစ္တပ္ႏွင့္ ရဲတပ္ဖြဲ႕ဝင္မ်ားက ရာဘာက်ည္ဆံမ်ား၊ က်ည္ဆံ အစစ္အမ်ား၊ မ်က္ရည္ယိုဗုံးမ်ားႏွင့္ အသံျမည္ဗုံးမ်ားျဖင့္ အင္အားသုံး ၿဖိဳခြင္းလွ်က္ရွိသည္။

ထို႔သို႔ စစ္တပ္ႏွင့္ ရဲတပ္ဖြဲ႕ဝင္တို႔၏ ပစ္ခတ္ ၿဖိဳခြင္းမႈမ်ားေၾကာင့္ ေဖေဖာ္ဝါရီ ၂၈ ရက္ေန႔က ေမာ္လၿမိဳင္ၿမိဳ႕တြင္ လူငယ္တစ္ဦး ေသဆုံးသြားၿပီး ဒဏ္ရာရသူလည္း အမ်ားအျပားရွိေနခဲ့သည္။