ကချင်ပြည်နယ် ဝန်ကြီးချုပ်ကို မြစ်ကြီးနားထောင်သို့ ပို့ဆောင်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ မတ်လ ၅ ရက်။

ကချင်ပြည်နယ် ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော် ဥက္ကဌနှင့်အတူ အခြားဝန်ကြီး ၄ ဦး တို့ကို စစ်အာဏာသိမ်း ပြီး တစ်လအကြာတွင် မြစ်ကြီးနားထောင်သို့ ပို့ လိုက်ပြီဟု ပြည်နယ် NLD ပါတီက တာဝန်ရှိသူများက ပြော သည်။

ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင် နှင့်အခြား ၅ ဦးကို မတ်လဆန်းက ထောင်ကြီးသို့ ပို့လိုက်ခြင်းဖြစ်သည်ဟု NLD ပါတီက တာဝန်ရှိသူ တစ်ဦးက အတည်ပြု ပြောသည်။

“တရားဝင်တော့ သူတို့ဘက်က အကြောင်းကြားတာတော့ မရှိဘူး။ ဒါပေမယ့် ထောင်ကို ဝန်ကြီးတွေအားလုံး၊ လွှတ်တော်ဥက္ကဋ္ဌ အပါအဝင် ဝန်ကြီးချုပ်နဲ့ တခြားဝန်ကြီးတွေကို၊ ပါတီဥက္ကဋ္ဌတွေ အကုန်လုံးကို ပို့လိုက်တာပါ။ သူတို့ကတော့ အကြောင်းမကြားဘူး။ ပို့တာ နှစ်ရက်သုံးရက်ရှိပြီ။ မြစ်ကြီးနားထောင်ကြီးကို ပို့လိုက်တာပါ။ မိ သားစုဝင်တွေကိုလည်း အကြောင်းမကြားပါဘူး။ ထောင်ထဲကနေ သိခဲ့ရတဲ့ဟာပါ” ဟု ပြောသည်။

ဝန်ကြီးချုပ်နှင့် ဝန်ကြီးများအပါအဝင် ကချင်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးထွန်းတင် ကိုလည်း မြစ်ကြီးနား အကျဉ်းထောင်ကို ပို့ထားခြင်း ဖြစ်သည်ဟု ပြောသည်။

ယခုအကျဉ်းထောင်သို့ ပို့ခံထားရသည့် ဝန်ကြီးချုပ်၊ ဝန်ကြီးများ၊ NLD ပါတီမှ ကိုယ်စားလှယ်များနှင့် ပါတီ တာ ဝန်ရှိသူ အများစုကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ ဖြင့် တရားစွဲဆိုထားခြင်း ဖြစ်သည် ဆိုသည့် သတင်းများလည်း ထွက်ပေါ်နေသည်ဟု ဆက်ပြောသည်။

“အစကတော့ အကျယ်ချုပ်ထားထားတာပါ။ အမှုတွေလည်း စွဲထားလိုက်ပြီလို့တော့ သိထားရတယ်။ ရုံးထုတ် တော့မယ်ထင်တယ်ဗျ။ ကျနော်တို့ ကြားထားတဲ့ သတင်းတွေအရဆိုရင်လေ။ နောက်ရမန်ယူပြီး ရုံးထုတ်မယ်ဆို တာကြားထားတယ်။ ဒါက သေချာတယ်ဗျ။ ပုဒ်မလည်း စွဲထားပြီ၊ ပုဒ်မ ၂၅ လို့ ကြားထားတယ်” NLD ပါတီက တာဝန်ရှိသူ တစ်ဦးက အတည်ပြု ပြောသည်။

ပုဒ်မ ၂၅ သည် မည်သူမဆို ဆန်းစစ်ချက်မပြုလုပ်ဘဲ ပေါ့ဆစွာ ဆောင်ရွက်မှု တစ်ခုခုကြောင့်ဖြစ်စေ၊ ဘေးအန္တရာယ် တစ်စုံတစ်ရာကျရောက်နိုင်သည်ကို သိလျက်နှင့် တမင်ပြုလုပ်မှုကြောင့်ဖြစ်စေ သဘာ၀ ဘေးအန္တရာယ်ဖြစ်ပေါ်လျှင် သို့မဟုတ် ဖြစ်ပေါ်စေရန် အကြောင်းရှိလျှင် ထောင်ဒဏ်သုံးနှစ်ထက်မပိုသော ပြစ် ဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သော ပုဒ်မ ဖြစ်သည်။

မြစ်ကြီးနားမြို့က ဆန္ဒပြည်သူတစ်ဦးကလည်း “သမ္မတတို့၊ နိုင်ငံတော်အတိုင်ပင်ခံတွေတောင်မှ ဖမ်းနေမှတော့ ကျန်တဲ့လူတွေလည်း ဖမ်းချင်သလို ဖမ်းခံရ နိုင် တယ်လေနော်။ အခုချိန် အားလုံးကို ဖမ်းနိုင်တယ်။ ဘယ်သူမှ မလုံခြုံတော့ဘူး မဟုတ်ဘူးလား။ ဥပဒေဆိုတာ သူတို့လက်ထဲမှာရှိနေတာကိုး၊ အုပ်ချုပ်မှုတို့ ဥပဒေတို့က သူတို့ ထိန်းချုပ်လိုက်ပြီဆိုတော့ ဒီလို ဖမ်းတယ် ဆီး တယ်ဆိုတာ သိပ်မထူးဆန်းတော့ပါဘူး။ ဖမ်းချင်တဲ့လူကို ဖမ်း ခွင့်ရှိသွားပြီ၊ တပ်ချင်တဲ့ပုဒ်မ တပ်လို့ရသွားပြီ။ ဒီတိုက်ပွဲက ရှုံးလို့မရဘူး။ တစ်ဦးတစ်ယောက်ထဲနဲ့ဆိုင်တာ မဟုတ်ဘူး။ တနိုင်ငံလုံးနဲ့ ဆိုင်တယ်။ စစ်အာဏာရှင်မရှိတော့မှပဲ ဒီလိုကိစ္စတွေက ရပ်သွားမှာ။ ဆက်တိုက် ရမှာ ပဲ” ဟု ပြောသည်။

မြစ်ကြီးနားမြို့က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်နေကြသည့် ပြည်သူများကိုလည်း အကြမ်းဖက်ဖြို ခွင်းခြင်း၊ ဖမ်းဆီးအရေးယူခြင်းများ ယခုရက်ပိုင်း ဆက်တိုက်ပြုလုပ်လာနေသည်။

မြစ်ကြီးနား အကျဉ်ထောင်သို့ အပို့ခံလိုက်ရသည့် ဝန်ကြီးများမှာ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာခက်အောင်၊ စည်ပင်သာယာရေးဝန်ကြီး ဦးနော်လီ၊ အလုပ်သမား၊ လူဝင်မူကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဝန် ကြီး ဦးဇော်ဝင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ပြီးဌာန ဝန်ကြီး ဦးနေဝင်း တို့ (၄) ဦး ဖြစ်ပြီး ရွှေကူမြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဇာနည်မင်းလည်းပါဝင်သည်ဟု သိရသည်။

ထို့အပြင် အခြားသော လွှတ်တော်ကိုယ်စားလှယ်အချို့နှင့် NLD ပါတီမှ မြို့နယ်အလိုက် ဖမ်းဆီးခံထားရသည့် ပုဂ္ဂိုလ်အချို့လည်းပါဝင်သည်ဟု သိရသည်။

သို့သော် ၎င်းတို့အထဲတွင် မည်သည့်နေရာတွင် ထိန်းသိမ်းထားကြောင်း မသိရသေးသည့် NLD ပါတီဝင် အချို့ လည်း ကျန်နေသေးသည်ဟု ပါတီတာဝန်ရှိသူများက ပြောသည်။

*** ZAWGYI ***
ကခ်င္ျပည္နယ္ ဝန္ႀကီးခ်ဳပ္ကို ျမစ္ႀကီးနားေထာင္သို႔ ပို႔ေဆာင္

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ မတ္လ ၅ ရက္။

ကခ်င္ျပည္နယ္ ဝန္ႀကီးခ်ဳပ္၊ ျပည္နယ္လႊတ္ေတာ္ ဥကၠဌႏွင့္အတူ အျခားဝန္ႀကီး ၄ ဦး တို႔ကို စစ္အာဏာသိမ္း ၿပီး တစ္လအၾကာတြင္ ျမစ္ႀကီးနားေထာင္သို႔ ပို႔ လိုက္ၿပီဟု ျပည္နယ္ NLD ပါတီက တာဝန္ရွိသူမ်ားက ေျပာ သည္။

ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာခက္ေအာင္ ႏွင့္အျခား ၅ ဦးကို မတ္လဆန္းက ေထာင္ႀကီးသို႔ ပို႔လိုက္ျခင္းျဖစ္သည္ဟု NLD ပါတီက တာဝန္ရွိသူ တစ္ဦးက အတည္ျပဳ ေျပာသည္။

“တရားဝင္ေတာ့ သူတို႔ဘက္က အေၾကာင္းၾကားတာေတာ့ မရွိဘူး။ ဒါေပမယ့္ ေထာင္ကို ဝန္ႀကီးေတြအားလုံး၊ လႊတ္ေတာ္ဥကၠ႒ အပါအဝင္ ဝန္ႀကီးခ်ဳပ္နဲ႔ တျခားဝန္ႀကီးေတြကို၊ ပါတီဥကၠ႒ေတြ အကုန္လုံးကို ပို႔လိုက္တာပါ။ သူတို႔ကေတာ့ အေၾကာင္းမၾကားဘူး။ ပို႔တာ ႏွစ္ရက္သုံးရက္ရွိၿပီ။ ျမစ္ႀကီးနားေထာင္ႀကီးကို ပို႔လိုက္တာပါ။ မိ သားစုဝင္ေတြကိုလည္း အေၾကာင္းမၾကားပါဘူး။ ေထာင္ထဲကေန သိခဲ့ရတဲ့ဟာပါ” ဟု ေျပာသည္။

ဝန္ႀကီးခ်ဳပ္ႏွင့္ ဝန္ႀကီးမ်ားအပါအဝင္ ကခ်င္ျပည္နယ္လႊတ္ေတာ္ ဥကၠ႒ ဦးထြန္းတင္ ကိုလည္း ျမစ္ႀကီးနား အက်ဥ္းေထာင္ကို ပို႔ထားျခင္း ျဖစ္သည္ဟု ေျပာသည္။

ယခုအက်ဥ္းေထာင္သို႔ ပို႔ခံထားရသည့္ ဝန္ႀကီးခ်ဳပ္၊ ဝန္ႀကီးမ်ား၊ NLD ပါတီမွ ကိုယ္စားလွယ္မ်ားႏွင့္ ပါတီ တာ ဝန္ရွိသူ အမ်ားစုကို သဘာဝေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈ ဥပေဒပုဒ္မ ၂၅ ျဖင့္ တရားစြဲဆိုထားျခင္း ျဖစ္သည္ ဆိုသည့္ သတင္းမ်ားလည္း ထြက္ေပၚေနသည္ဟု ဆက္ေျပာသည္။

“အစကေတာ့ အက်ယ္ခ်ဳပ္ထားထားတာပါ။ အမႈေတြလည္း စြဲထားလိုက္ၿပီလို႔ေတာ့ သိထားရတယ္။ ႐ုံးထုတ္ ေတာ့မယ္ထင္တယ္ဗ်။ က်ေနာ္တို႔ ၾကားထားတဲ့ သတင္းေတြအရဆိုရင္ေလ။ ေနာက္ရမန္ယူၿပီး ႐ုံးထုတ္မယ္ဆို တာၾကားထားတယ္။ ဒါက ေသခ်ာတယ္ဗ်။ ပုဒ္မလည္း စြဲထားၿပီ၊ ပုဒ္မ ၂၅ လို႔ ၾကားထားတယ္” NLD ပါတီက တာဝန္ရွိသူ တစ္ဦးက အတည္ျပဳ ေျပာသည္။

ပုဒ္မ ၂၅ သည္ မည္သူမဆို ဆန္းစစ္ခ်က္မျပဳလုပ္ဘဲ ေပါ့ဆစြာ ေဆာင္႐ြက္မႈ တစ္ခုခုေၾကာင့္ျဖစ္ေစ၊ ေဘးအႏၲရာယ္ တစ္စုံတစ္ရာက်ေရာက္ႏိုင္သည္ကို သိလ်က္ႏွင့္ တမင္ျပဳလုပ္မႈေၾကာင့္ျဖစ္ေစ သဘာ၀ ေဘးအႏၲရာယ္ျဖစ္ေပၚလွ်င္ သို႔မဟုတ္ ျဖစ္ေပၚေစရန္ အေၾကာင္းရွိလွ်င္ ေထာင္ဒဏ္သုံးႏွစ္ထက္မပိုေသာ ျပစ္ ဒဏ္ခ်မွတ္ရမည့္အျပင္ ေငြဒဏ္လည္း ခ်မွတ္ႏိုင္ေသာ ပုဒ္မ ျဖစ္သည္။

ျမစ္ႀကီးနားၿမိဳ႕က ဆႏၵျပည္သူတစ္ဦးကလည္း “သမၼတတို႔၊ ႏိုင္ငံေတာ္အတိုင္ပင္ခံေတြေတာင္မွ ဖမ္းေနမွေတာ့ က်န္တဲ့လူေတြလည္း ဖမ္းခ်င္သလို ဖမ္းခံရ ႏိုင္ တယ္ေလေနာ္။ အခုခ်ိန္ အားလုံးကို ဖမ္းႏိုင္တယ္။ ဘယ္သူမွ မလုံၿခဳံေတာ့ဘူး မဟုတ္ဘူးလား။ ဥပေဒဆိုတာ သူတို႔လက္ထဲမွာရွိေနတာကိုး၊ အုပ္ခ်ဳပ္မႈတို႔ ဥပေဒတို႔က သူတို႔ ထိန္းခ်ဳပ္လိုက္ၿပီဆိုေတာ့ ဒီလို ဖမ္းတယ္ ဆီး တယ္ဆိုတာ သိပ္မထူးဆန္းေတာ့ပါဘူး။ ဖမ္းခ်င္တဲ့လူကို ဖမ္း ခြင့္ရွိသြားၿပီ၊ တပ္ခ်င္တဲ့ပုဒ္မ တပ္လို႔ရသြားၿပီ။ ဒီတိုက္ပြဲက ရႈံးလို႔မရဘူး။ တစ္ဦးတစ္ေယာက္ထဲနဲ႔ဆိုင္တာ မဟုတ္ဘူး။ တႏိုင္ငံလုံးနဲ႔ ဆိုင္တယ္။ စစ္အာဏာရွင္မရွိေတာ့မွပဲ ဒီလိုကိစၥေတြက ရပ္သြားမွာ။ ဆက္တိုက္ ရမွာ ပဲ” ဟု ေျပာသည္။

ျမစ္ႀကီးနားၿမိဳ႕က စစ္အာဏာရွင္ဆန႔္က်င္ေရး ဆႏၵထုတ္ေဖာ္ေနၾကသည့္ ျပည္သူမ်ားကိုလည္း အၾကမ္းဖက္ၿဖိဳ ခြင္းျခင္း၊ ဖမ္းဆီးအေရးယူျခင္းမ်ား ယခုရက္ပိုင္း ဆက္တိုက္ျပဳလုပ္လာေနသည္။

ျမစ္ႀကီးနား အက်ဥ္ေထာင္သို႔ အပို႔ခံလိုက္ရသည့္ ဝန္ႀကီးမ်ားမွာ ျပည္နယ္ဝန္ႀကီးခ်ဳပ္ေဒါက္တာခက္ေအာင္၊ စည္ပင္သာယာေရးဝန္ႀကီး ဦးေနာ္လီ၊ အလုပ္သမား၊ လူဝင္မူႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဝန္ႀကီးဌာန၊ ဝန္ ႀကီး ဦးေဇာ္ဝင္း၊ လူမႈဝန္ထမ္း၊ ကယ္ဆယ္ေရးႏွင့္ျပန္လည္ေနရာခ်ထားေရး ဝန္ၿပီးဌာန ဝန္ႀကီး ဦးေနဝင္း တို႔ (၄) ဦး ျဖစ္ၿပီး ေ႐ႊကူၿမိဳ႕နယ္မွ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးဇာနည္မင္းလည္းပါဝင္သည္ဟု သိရသည္။

ထို႔အျပင္ အျခားေသာ လႊတ္ေတာ္ကိုယ္စားလွယ္အခ်ိဳ႕ႏွင့္ NLD ပါတီမွ ၿမိဳ႕နယ္အလိုက္ ဖမ္းဆီးခံထားရသည့္ ပုဂၢိဳလ္အခ်ိဳ႕လည္းပါဝင္သည္ဟု သိရသည္။

သို႔ေသာ္ ၎တို႔အထဲတြင္ မည္သည့္ေနရာတြင္ ထိန္းသိမ္းထားေၾကာင္း မသိရေသးသည့္ NLD ပါတီဝင္ အခ်ိဳ႕ လည္း က်န္ေနေသးသည္ဟု ပါတီတာဝန္ရွိသူမ်ားက ေျပာသည္။