ရွေးကောက်ပွဲ ကော်မရှင်သစ် နှင့် တွေ့ဆုံပြီးနောက် KSPP မှ KDP ထွက်ပြီ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ မတ်လ ၅ ရက်။

ကချင်ပါတီများ ပေါင်းစည်းထားသည့် ကချင်ပြည်နယ် ပြည်သူ့ပါတီ KSPP မှ ကချင်ဒီမိုကရက်တစ်ပါတီ KDP နှုတ်ထွက်လိုက်ပြီဖြစ်ကြောင်း KDP ပါတီ ခေါင်းဆောင်က ပြောသည်။

ပေါင်းစည်းပါတီဖြစ်သည့် ကချင်ပြည်နယ် ပြည်သူပါတီ KSPP သည် အာဏာသိမ်း စစ်ကောင်စီမှ ဖွဲ့စည်းပေး ထားသည့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် UEC အသစ်မှ ဖိတ်ခေါ်သည့် တွေ့ဆုံပွဲသို့ တက်ရောက် ခဲ့သည့် တိုင်းရင်းသား ပါတီတစ်ခုဖြစ်သည်။

UEC အသစ်နှင့် တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သည့် KSPP ပါတီကို ကချင်ပြည်သူလူထုများက ဝေဖန်မှုအမျိုးမျိုး ရှိလာသည့် နောက်ပိုင်း ပါတီပေါင်းစည်းရာတွင် ပါဝင်သည့် ကချင်ဒီမို ကရက်တစ်ပါတီ KDP ပါတီက KSPP မှ နှုတ်ထွက်ကြောင်း ဦးကွမ်ဂေါင်အောင်ခမ်းက ၎င်း၏လက်မှတ်ဖြင့် တရားဝင် စာထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အာဏာရှင်စနစ်ကို တွန်းလှန်နေသည့် ပြည်သူလူထုနှင့် တစ်သားတည်း ရပ်တည်နိုင်ရန်အတွက် နှုတ်ထွက် လိုက် သည်ဟု KDP ပါတီ ခေါင်းဆောင် က ပြောသည်။

KDP ပါတီ ဦးကွမ်ဂေါင်အောင်ခမ်းက “ပြည်သူလူထုနဲ့ ကျနော်တို့ လက်တွဲပြီးမှ ဆောင်ရွက်ဖို့ ဖြစ်ပါတယ်။ ဒါ ကြောင့်မို့လည်း ကျနော်တို့ KSPP ထဲမှာ မပါရင်လည်း ကျနော်တို့ လုပ်လို့ရတဲ့ အပိုင်းတွေ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ပြည်သူလူထုနဲ့အတူတကွ လုပ်ဆောင်ဖို့ လိုအပ်တယ်ဆိုတဲ့အပေါ်မှာ မူတည်ပြီးမှ ကျနော်တို့ ဒီကနေ နှုတ်ထွက်လာခြင်းဖြစ်ပါတယ်” ဟု ပြောသည်။

တစ်ဦးတစ်ယောက်တည်း နှုတ်ထွက်ခြင်းမျိုး မဟုတ်ပဲ KSPP တည်ထောင်စဉ်က သွားရောက်ပေါင်းစည်းထား သည့် ကချင်ဒီမိုကရက်တစ်ပါတီ KDP ပါတီ တစ်ခုလုံးအနေဖြင့် နှုတ်ထွက်ခြင်းဖြစ်သည်ဟု ဆက်ပြောသည်။

ဦးကွမ်ဂေါင်အောင်ခမ်းက “ကျနော်တို့ KDP အနေနဲ့ KSPP မှာ လုပ်ဆောင်ချင်တဲ့ ဆန္ဒမရှိလို့ပါ။ တစ်ခြား ဘာ ကြောင့် ဟိုဟာကြောင့်မို့ ကျနော်တို့ဆီမှာ ဘာမှ မရှိပါဘူး။ ပါတီ တစ်ခုလုံး ကျနော်တို့ KDP လို့ ညွှန်းထားပါ တယ်။ ပါတီတစ်ခုလုံး” ဟု ပြောသည်။

KDP ပါတီ အနေဖြင့် KSPP မှ တာဝန်ရှိသူများ၊ ကချင်အမျိုးသား အတိုင်ပင်ခံအဖွဲ့နှင့် ပါတီ ပေါင်းစည်းရေး ၁၇ ဦးကော်မတီထံသို့ နှုတ်ထွက်စာပေးပို့ထားပြီး ပါတီမှ နှုတ်ထွက်ခွင့် ပြုခြင်း မပြုခြင်းသည် ၎င်းတို့တွင်သာ တာ ဝန်ရှိသည်ဟု ဦးကွမ်ဂေါင်အောင်ခမ်း က ပြောသည်။

KSPP ပါတီမှ နှုတ်ထွက်ပြီးနောက် ယခင်ကကဲ့သို့ KDP ပါတီ အဖြစ် သီးသန့်ရပ်တည်ခြင်း၊ မရပ်တည်ခြင်းသည် အဓိက မဟုတ်ပဲ ပြည်သူလူထုနှင့် အတူတကွ လက်တွဲကာ အာဏာရှင်စနစ်ကိုတွန်းလှန် သွားမည်ဖြစ်သည့် အပြင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ဖျက်သိမ်းနိုင်ရန်နှင့် ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ့်ကြမ္မာကိုယ် ဖန်တီး ခွင့် အပါအဝင် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်ရေးကို ရရှိအောင် လုပ်ဆောင်သွားမည်ဟု ဆိုသည်။

ဦးကွမ်ဂေါင်အောင်ခမ်းက “အာဏာရှင်စနစ်ပေါ့နော်။ ဒါမျိုးတွေက ရှိမယ်ဆိုရင် အနာဂတ်အတွက် မကောင်း ပါဘူး။ ဒါကြောင့်မို့လည်း ဒီအာဏာရှင်စနစ်ဟာ ကျနော်တို့ လက်မခံနိုင်ပါဘူး။ နောက်တစ်ချက်ကတော့ ကျနော်တို့ဆီမှာ ဖက်ဒရယ်ဒီမိုကရေစီဆိတ်သုန်းနေပါတယ်။ ဒါကြောင့် ဒီမိုကရေစီ ပြန်လည်ထွန်းကားရေး အ တွက်ကို ကျနော်တို့ လုပ်ဆောင်သွားမယ်။ တတိယအချက်ကတော့ တိုင်းရင်းသား ပြည်သူတွေ ကိုယ်ပိုင်ပြ ဌာန်းခွင့်ရှိတဲ့ ဖက်ဒရယ် ပြည်ထောင်စု ကြီးတည်ဆောက်ဖို့ အဓိက အဲဒီဟာကို ကျနော်တို့ လုပ်ဆောင်သွားဖို့ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ကျနော်တို့ လုပ်ဆောင်မယ့်နေရာမှာ ကျနော်တို့ ဒီဟာကို လုပ်ဆောင်ခွင့် ရှိဖို့ဆို တာက ကျနော်တို့ ဒီဟာတွေကို လုပ်သွားဖို့ လိုအပ်ပါတယ်။ လွတ်လွတ်လပ်လပ်နဲ့ လုပ်သွားဖို့လိုအပ် ပါတယ်။ ဒါကြောင့်လည်း ကျနော်တို့ အနေနဲ့တော ပြည်သူလူထုနဲ့ တစ်သားတည်း ဖြစ်ဖို့လိုတယ် ဆိုတဲ့အပေါ်မှာပဲ မူ တည်ပြီးမှ ကျနော်တို့ ရှိနေပါတယ်” ဟု ပြောသည်။

ပေါင်းစည်းပါတီဖြစ်သည့် ကချင်ပြည်နယ် ပြည်သူ့ပါတီ KSPP ပါတီသည် ကချင်လူထုများ၏ သဘောဆန္ဒ အတိုင်း ကချင်ပြည်နယ်ရှိ ကချင်နိုင်ငံရေးပါတီများ ပေါင်းစည်းရာမှ ဖြစ်ပေါ်လာသည့် ပါတီဖြစ်သည်။

ကချင်နိုင်ငံရေး ပါတီများ ပေါင်းစည်းခြင်းကို ပြီးခဲ့သည့် ၂၀၁၃ -၂၀၁၄ ခုနှစ်မှ စတင်ကာ ပါတီ ခေါင်းဆောင် များက ကြိုးစားလုပ်ဆောင်လာခဲ့ကြပြီးနောက် ၂၀၁၈ ခုနှစ်တွင် ကချင်ဒီမိုကရက်တစ်ပါတီ KDP၊ ကချင်ပြည် နယ် ဒီမိုကရေစီပါတီ KSDP၊ စည်းလုံးညီညွှတ်ရေးနှင့် ဒီမိုကရေစီပါတီ ကချင်ပြည်နယ် (မနောတိုင်) ပါတီများ ကို ပေါင်းစည်းကာ ကချင်ပြည်နယ် ပြည်သူ့ပါတီ KSPP အဖြစ် ကချင်လူထု၏ သဘောဆန္ဒအတိုင်း ပါတီခေါင်း ဆောင်များ က ပါတီသစ်အဖြစ် ပေါင်းစည်းထူထောင်ခဲ့ကြသည်။

ထို့အပြင် ပြည်ထောင်စုတိုင်းရင်းသားများ ဖက်ဒရယ်ဒီမိုကရေစီ ပါတီ (UNFDP) က ပေါင်းစည်းပါတီ၊ ကချင် ပြည်နယ် တိုးတက်ရေးပါတီ (KSPP)နှင့် ကချင်အမျိုးသားကွန်ဂရက်ပါတီ (KNC) တို့က အစုအဖွဲ့ အချို့လည်း ပါဝင်ခဲ့သည့် ပါတီဖြစ်သည်။

*** ZAWGYI ***
ေရြးေကာက္ပြဲ ေကာ္မရွင္သစ္ နွင့္ ေတြ႕႔ဆံုၿပီးေနာက္ KSPP မွ KDP ထြက္ၿပီ

သတင္းနွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ မတ္လ ၅ ရက္။

ကခ်င္ပါတီမ်ား ေပါင္းစည္းထားသည့္ ကခ်င္ျပည္နယ္ ျပည္သူ့ပါတီ KSPP မွ ကခ်င္ဒီမိုကရက္တစ္ပါတီ KDP ႏႈတ္ထြက္လိုက္ၿပီျဖစ္ေၾကာင္း KDP ပါတီ ေခါင္းေဆာင္က ေျပာသည္။

ေပါင္းစည္းပါတီျဖစ္သည့္ ကခ်င္ျပည္နယ္ ျပည္သူပါတီ KSPP သည္ အာဏာသိမ္း စစ္ေကာင္စီမွ ဖြဲ႔စည္းေပး ထားသည့္ ျပည္ေထာင္စု ေရြးေကာက္ပြဲ ေကာ္မရွင္ UEC အသစ္မွ ဖိတ္ေခၚသည့္ ေတြ႕ဆံုပြဲသို႔ တက္ေရာက္ ခဲ့သည့္ တိုင္းရင္းသား ပါတီတစ္ခုျဖစ္သည္။

UEC အသစ္ႏွင့္ ေတြ႕ဆုံပြဲသို႔ တက္ေရာက္ခဲ့သည့္ KSPP ပါတီကို ကခ်င္ျပည္သူလူထုမ်ားက ေ၀ဖန္မႈအမ်ိဳးမ်ိဳး ရွိလာသည့္ ေနာက္ပိုင္း ပါတီေပါင္းစည္းရာတြင္ ပါ၀င္သည့္ ကခ်င္ဒီမို ကရက္တစ္ပါတီ KDP ပါတီက KSPP မွ ႏႈတ္ထြက္ေၾကာင္း ဦးကြမ္ေဂါင္ေအာင္ခမ္းက ၎၏လက္မွတ္ျဖင့္ တရား၀င္ စာထုတ္ျပန္ခဲ့ျခင္းျဖစ္သည္။

အာဏာရွင္စနစ္ကို တြန္းလွန္ေနသည့္ ျပည္သူလူထုႏွင့္ တစ္သားတည္း ရပ္တည္ႏိုင္ရန္အတြက္ ႏႈတ္ထြက္ လိုက္ သည္ဟု KDP ပါတီ ေခါင္းေဆာင္ က ေျပာသည္။

KDP ပါတီ ဦးကြမ္ေဂါင္ေအာင္ခမ္းက “ျပည္သူလူထုနဲ႔ က်ေနာ္တို႔ လက္တြဲၿပီးမွ ေဆာင္ရြက္ဖို႔ ျဖစ္ပါတယ္။ ဒါ ေၾကာင့္မို႔လည္း က်ေနာ္တို႔ KSPP ထဲမွာ မပါရင္လည္း က်ေနာ္တို႔ လုပ္လို႔ရတဲ့ အပိုင္းေတြ ျဖစ္ပါတယ္။ ဒါေၾကာင့္လည္း ျပည္သူလူထုနဲ႔အတူတကြ လုပ္ေဆာင္ဖို႔ လိုအပ္တယ္ဆိုတဲ့အေပၚမွာ မူတည္ၿပီးမွ က်ေနာ္တို႔ ဒီကေန ႏႈတ္ထြက္လာျခင္းျဖစ္ပါတယ္” ဟု ေျပာသည္။

တစ္ဦးတစ္ေယာက္တည္း ႏႈတ္ထြက္ျခင္းမ်ိဳး မဟုတ္ပဲ KSPP တည္ေထာင္စဥ္က သြားေရာက္ေပါင္းစည္းထား သည့္ ကခ်င္ဒီမိုကရက္တစ္ပါတီ KDP ပါတီ တစ္ခုလံုးအေနျဖင့္ ႏႈတ္ထြက္ျခင္းျဖစ္သည္ဟု ဆက္ေျပာသည္။

ဦးကြမ္ေဂါင္ေအာင္ခမ္းက “က်ေနာ္တို႔ KDP အေနနဲ႔ KSPP မွာ လုပ္ေဆာင္ခ်င္တဲ့ ဆႏၵမရွိလို႔ပါ။ တစ္ျခား ဘာ ေၾကာင့္ ဟိုဟာေၾကာင့္မို႔ က်ေနာ္တို႔ဆီမွာ ဘာမွ မရွိပါဘူး။ ပါတီ တစ္ခုလံုး က်ေနာ္တို႔ KDP လို႔ ၫႊန္းထားပါ တယ္။ ပါတီတစ္ခုလံုး” ဟု ေျပာသည္။

KDP ပါတီ အေနျဖင့္ KSPP မွ တာ၀န္ရွိသူမ်ား၊ ကခ်င္အမ်ိဳးသား အတိုင္ပင္ခံအဖြဲ႔ႏွင့္ ပါတီ ေပါင္းစည္းေရး ၁၇ ဦးေကာ္မတီထံသို႔ ႏႈတ္ထြက္စာေပးပို႔ထားၿပီး ပါတီမွ ႏႈတ္ထြက္ခြင့္ ျပဳျခင္း မျပဳျခင္းသည္ ၎တို႔တြင္သာ တာ ၀န္ရွိသည္ဟု ဦးကြမ္ေဂါင္ေအာင္ခမ္း က ေျပာသည္။

KSPP ပါတီမွ ႏႈတ္ထြက္ၿပီးေနာက္ ယခင္ကကဲ့သို႔ KDP ပါတီ အျဖစ္ သီးသန္႔ရပ္တည္ျခင္း၊ မရပ္တည္ျခင္းသည္ အဓိက မဟုတ္ပဲ ျပည္သူလူထုႏွင့္ အတူတကြ လက္တြဲကာ အာဏာရွင္စနစ္ကိုတြန္းလွန္ သြားမည္ျဖစ္သည့္ အျပင္ ၂၀၀၈ ဖြဲ႔စည္းပံု အေျခခံ ဥပေဒကို ဖ်က္သိမ္းႏိုင္ရန္ႏွင့္ ကိုယ္ပိုင္ျပဌာန္းခြင့္၊ ကိုယ့္ၾကမၼာကိုယ္ ဖန္တီး ခြင့္ အပါအဝင္ ဖက္ဒရယ္ဒီမိုကေရစီျပည္ေထာင္စု တည္ေဆာက္ႏုိင္ေရးကို ရရွိေအာင္ လုပ္ေဆာင္သြားမည္ဟု ဆိုသည္။

ဦးကြမ္ေဂါင္ေအာင္ခမ္းက “အာဏာရွင္စနစ္ေပါ့ေနာ္။ ဒါမ်ိဳးေတြက ရွိမယ္ဆိုရင္ အနာဂတ္အတြက္ မေကာင္း ပါဘူး။ ဒါေၾကာင့္မို႔လည္း ဒီအာဏာရွင္စနစ္ဟာ က်ေနာ္တို႔ လက္မခံႏိုင္ပါဘူး။ ေနာက္တစ္ခ်က္ကေတာ့ က်ေနာ္တို႔ဆီမွာ ဖက္ဒရယ္ဒီမိုကေရစီဆိတ္သုန္းေနပါတယ္။ ဒါေၾကာင့္ ဒီမိုကေရစီ ျပန္လည္ထြန္းကားေရး အ တြက္ကို က်ေနာ္တို႔ လုပ္ေဆာင္သြားမယ္။ တတိယအခ်က္ကေတာ့ တိုင္းရင္းသား ျပည္သူေတြ ကိုယ္ပိုင္ျပ ဌာန္းခြင့္ရွိတဲ့ ဖက္ဒရယ္ ျပည္ေထာင္စု ႀကီးတည္ေဆာက္ဖို႔ အဓိက အဲဒီဟာကို က်ေနာ္တို႔ လုပ္ေဆာင္သြားဖို႔ ျဖစ္ပါတယ္။ ဒါေၾကာင့္လည္း က်ေနာ္တို႔ လုပ္ေဆာင္မယ့္ေနရာမွာ က်ေနာ္တို႔ ဒီဟာကို လုပ္ေဆာင္ခြင့္ ရွိဖို႔ဆို တာက က်ေနာ္တို႔ ဒီဟာေတြကို လုပ္သြားဖို႔ လိုအပ္ပါတယ္။ လြတ္လြတ္လပ္လပ္နဲ႔ လုပ္သြားဖို႔လိုအပ္ ပါတယ္။ ဒါေၾကာင့္လည္း က်ေနာ္တို႔ အေနနဲ႔ေတာ ျပည္သူလူထုနဲ႔ တစ္သားတည္း ျဖစ္ဖို႔လိုတယ္ ဆိုတဲ့အေပၚမွာပဲ မူ တည္ၿပီးမွ က်ေနာ္တို႔ ရွိေနပါတယ္” ဟု ေျပာသည္။

ေပါင္းစည္းပါတီျဖစ္သည့္ ကခ်င္ျပည္နယ္ ျပည္သူ႔ပါတီ KSPP ပါတီသည္ ကခ်င္လူထုမ်ား၏ သေဘာဆႏၵ အတိုင္း ကခ်င္ျပည္နယ္ရွိ ကခ်င္ႏိုင္ငံေရးပါတီမ်ား ေပါင္းစည္းရာမွ ျဖစ္ေပၚလာသည့္ ပါတီျဖစ္သည္။

ကခ်င္ႏိုင္ငံေရး ပါတီမ်ား ေပါင္းစည္းျခင္းကို ၿပီးခဲ့သည့္ ၂၀၁၃ -၂၀၁၄ ခုႏွစ္မွ စတင္ကာ ပါတီ ေခါင္းေဆာင္ မ်ားက ႀကိဳးစားလုပ္ေဆာင္လာခဲ့ၾကၿပီးေနာက္ ၂၀၁၈ ခုႏွစ္တြင္ ကခ်င္ဒီမိုကရက္တစ္ပါတီ KDP၊ ကခ်င္ျပည္ နယ္ ဒီမိုကေရစီပါတီ KSDP၊ စည္းလုံးညီၫႊတ္ေရးႏွင့္ ဒီမိုကေရစီပါတီ ကခ်င္ျပည္နယ္ (မေနာတိုင္) ပါတီမ်ား ကို ေပါင္းစည္းကာ ကခ်င္ျပည္နယ္ ျပည္သူ႔ပါတီ KSPP အျဖစ္ ကခ်င္လူထု၏ သေဘာဆႏၵအတိုင္း ပါတီေခါင္း ေဆာင္မ်ား က ပါတီသစ္အျဖစ္ ေပါင္းစည္းထူေထာင္ခဲ့ၾကသည္။

ထို႔အျပင္ ျပည္ေထာင္စုတိုင္းရင္းသားမ်ား ဖက္ဒရယ္ဒီမိုကေရစီ ပါတီ (UNFDP) က ေပါင္းစည္းပါတီ၊ ကခ်င္ ျပည္နယ္ တိုးတက္ေရးပါတီ (KSPP)ႏွင့္ ကခ်င္အမ်ိဳးသားကြန္ဂရက္ပါတီ (KNC) တို႔က အစုအဖြဲ႕ အခ်ိဳ႕လည္း ပါဝင္ခဲ့သည့္ ပါတီျဖစ္သည္။