တပ်မတော်နှင့် KIA ကချင်ပြည်နယ်တွင်လည်း တိုက်ပွဲများ ဖြစ်နေ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ မတ်လ ၁၁ ရက်။

ကချင်လွတ်လပ်ရေး တပ်မတော် KIA နှင့် တပ်မတော်တို့ အကြား ရှမ်းပြည်နယ် မြောက်ပိုင်းတွင် သာမက က ချင်ပြည်နယ်တွင်ပါ တိုက်ပွဲများ ပြင်းထန်စွာ ပြန်လည်ဖြစ်ပွားနေသည်ဟု KIO/KIA က ပြောသည်။

မတ်လ ၁၁ ရက်နေ့(ယနေ့) တွင် KIA တပ်မဟာ ၉ တပ်ရင်း ၂၆ အဖွဲ့ဝင်များက ဖားကန့် မြို့နယ်၊ ဆယ်ဇင်း အနီး စခန်းကို ဝင်ရောက် တိုက်ခိုက်ပြီးနောက် တပ်မတော်ဖက်မှ ၎င်းတို့အား ရဟတ်ယာဉ်များနှင့် ပြန်လည် လာ ရောက် ပစ်ခတ် တိုက်ခိုက်မှုများရှိသည်ဟု ကချင် လွတ်လပ်ရေး အဖွဲ့ KIO သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ က ပြောသည်။

ဗိုလ်မှူးကြီး နော်ဘူက “ပထမကတော့ KIA တပ်ရင်း ၂၆ ကနေ ဒီ ဆယ်ဇင်း အနီးစခန်းကို ဝင်စီးတယ်။ ဒါက တော့ မိုးလင်းတဲ့အထိပေါ့နော်။ ၃ နာရီကျော်ကတည်းကနေ မိုးလင်းတဲ့အထိ တိုက်ပွဲဖြစ်တယ်လို့ ကြားတယ်။ အဲဒါနဲ့ ၈ နာရီ ဝန်းကျင်လောက်မှာတော့ ဒီ ဆယ်ဇင်းနဲ့ တာမခန်ကြားမှာ စစ်ကူလာတဲ့ တပ်ရင်း ၃၃ အဖွဲ့တွေနဲ့ ပြန်ပြီးမှ တိုက်ပွဲ ဖြစ်တယ်ဆိုတာကြားပါတယ်။ ၉ နာရီ ကျော်တဲ့ အချိန်မှာကတော့ KIA တပ်ရင်း ၂၆ ဌာနချုပ် နယ်မြေပေါ့ ရှေ့တန်း ဌာနချုပ်ပေါ့ အဲဒီ နေရာမှာ တပ်မတော်ကနေ ဟာလီကော်ပတာ ၂ စီးနဲ့ လာပြီးမှ ပစ် တယ်ဆိုတဲ့ သတင်းကြားပါတယ်။ အဲဒီ နောက်ပိုင်းကတော့ အဲဖက်က သတင်းတွေ ဘာမှမတက်တော့ဘူး အဲ လောက်ပဲ ကျနော်ကြားပါတယ်” ဟု ပြောသည်။

အဆိုပါ တိုက်ပွဲအတွင်း KIA က တပ်မတော်ဖက်မှ ခဲယမ်းမီးကျောက် အချို့ကိုလည်း သိမ်းယူရရှိခဲ့သည်ဟု ဗိုလ် မှူးကြီး နော်ဘူက ဆက် ပြောသည်။

၎င်းက “တပ်ပိုင်းဆိုင်ရာ သတင်းအချက်အလက်တွေက ကျနော်တို့ဆီမှာ မရောက်ဘူး မရှိသေးဘူး။ ဒါပေမယ့် ခုနပြောတဲ့ ပထမဖြစ်နေတဲ့ ဒီ အနီးစခန်းကိုတော့ KIA ကနေ ဝင်ဆီးသွားတယ်ဆိုတဲ့ သတင်းလောက်တော့ ကြားပါတယ်။ အဲဒီက လက်နက်ခဲယမ်းမီးကျောက်တွေ နည်းနည်းပါးပါးတော့ သိမ်းလို့ရပြီထင်တယ်။ တပ်မတော်ဖက်က KIA ဖက်က အသေအပျောက် ထိခိုက်ဒဏ်ရာရမှုတွေ သတင်းတွေကတော့ ကျနော် တို့ဆီမှာ ဘာမှ မရသေးဘူး” ဟု ပြောသည်။

မတ်လ ၁၁ ရက်နေ့(ယနေ့) တွင် ကချင်ပြည်နယ်တွင် တိုက်ပွဲဖြစ်ပွားသကဲ့သို့ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ် မြို့နယ်တွင်လည်း KIA နှင့် တပ်မတော်တို့အကြား တိုက်ပွဲဖြစ်ပွားနေသည်ဟု KIO သတင်းနှင့် ပြန်ကြားရေး တာဝန်ခံက ဆိုသည်။

ဗိုလ်မှူးကြီးနော်ဘူက “ရှမ်းပြည်မြောက်ပိုင်း KIA တပ်မဟာ ၄ KIA တပ်မဟာ ၆ ဖက်မှာကတော့ တပ်မတော် ထိုးစစ်ဆင်တာက ၂ လ နီးပါးလောက်ရှိပြီ ၁ လကျော်ပြီပေါ့။ နေ့တိုင်းတိုင်းလို ကြိုကြားကြိုကြားတိုက်ပွဲ တွေ ဖြစ်တယ်။ အဲဖက်မှာတော့ ငြိမ်တယ်လို့ ပြောလို့ မရဘူး ဒီမနက်ကလည်း တပ်ရင်း ၈ အဖွဲ့နဲ့ နေရာကတော့ ကျနော် အတိအကျတော့ မမှတ်မိတော့ပါဘူး။ တိုက်ပွဲဖြစ်တာရှိပါတယ်။ ဆိုတော့ အဲဖက်ကတော့ အမြဲတမ်း တင်းမာ နေတဲ့ အနေအထား ဖြစ်ပါတယ်” ဟု ပြောသည်။

လက်ရှိတွင် နှစ်ဖက် တပ်များအကြား စစ်ရေးတင်းမာနေသည့်အတွက် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနိုင်သည့် အခြေအနေတွင် ရှိနေသည် ဟု ဗိုလ်မှူးကြီး နော်ဘူ က ပြောသည်။

တပ်မတော်မှ NLD အစိုးရထံမှ အာဏာသိမ်းယူပြီးနောက်ပိုင်းတွင် KIA နှင့် တိုက်ပွဲ ပြန်လည်ဖြစ်ပွားနေ သကဲ့သို့ NCA အပစ်ရပ်လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက် ကိုင် တော်လှန်ရေး အဖွဲ့များနှင့်ပါ တိုက်ပွဲ များ ပြန်လည်ဖြစ်ပွားနေသည်။

မတ်လ ၉ ရက်နေ့က NCA အပစ်ရပ်ထားသည့် ကရင်အမျိုးသား အစည်းအရုံး KNU နှင့် တပ်မတော်တို့အကြား KNU တပ်မဟာ ၁ သထုံခရိုင်အတွင်းတွင် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ အဆိုပါ တိုက်ပွဲတွင် တပ်မတော်ဖက်မှ ၅ ဦးကျဆုံးခဲ့ပြီး KNU ဖက်မှ ထိခိုက်မှု မရှိကြောင်း KNU က သတင်းထုတ်ပြန်ထားသည်။

ထို့အပြင် မတ်လ ၁၁ ရက်နေ့(ယနေ့) တွင် KNU တပ်မဟာ ၁ သထုံခရိုင်ဖက်သို့ တပ်မတော်မှ တပ်အင်အား ထပ်မံ ဖြည့်တင်းထားသည်ဟု ဆိုသည်။

အလားတူ မတ်လ ၉ ရက်နေ့တွင်ပင် NCA အပစ်ရပ်ထားသည့် ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS/ SSA နှင့် တပ်မတော်တို့အကြား ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းနောင်မြို့နယ်အတွင်းတွင် တိုက်ပွဲဖြစ်ပွား ခဲ့သည်ဟု သိရသည်။

တပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားနေသည့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့များသည် စစ်အာဏာ သိမ်းယူမှုကို မလိုသောကြောင့် ဆန္ဒထုတ်ဖော် သပိတ်ဆင်နွဲနေကြသည့် ပြည်သူလူထု နှင့် တပ်သားတည်း ရှိ ကြောင်း ပြောဆိုထားသည့် လက်နက်ကိုင် အဖွဲ့အစည်းများဖြစ်သည်။

*** ZAWGYI ***
တပ္မေတာ္ႏွင့္ KIA ကခ်င္ျပည္နယ္တြင္လည္း တိုက္ပြဲမ်ား ျဖစ္ေန

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ မတ္လ ၁၁ ရက္။

ကခ်င္လြတ္လပ္ေရး တပ္မေတာ္ KIA ႏွင့္ တပ္မေတာ္တို႔ အၾကား ရွမ္းျပည္နယ္ ေျမာက္ပိုင္းတြင္ သာမက က ခ်င္ျပည္နယ္တြင္ပါ တိုက္ပြဲမ်ား ျပင္းထန္စြာ ျပန္လည္ျဖစ္ပြားေနသည္ဟု KIO/KIA က ေျပာသည္။

မတ္လ ၁၁ ရက္ေန႔(ယေန႔) တြင္ KIA တပ္မဟာ ၉ တပ္ရင္း ၂၆ အဖြဲ႕ဝင္မ်ားက ဖားကန႔္ ၿမိဳ႕နယ္၊ ဆယ္ဇင္း အနီး စခန္းကို ဝင္ေရာက္ တိုက္ခိုက္ၿပီးေနာက္ တပ္မေတာ္ဖက္မွ ၎တို႔အား ရဟတ္ယာဥ္မ်ားႏွင့္ ျပန္လည္ လာ ေရာက္ ပစ္ခတ္ တိုက္ခိုက္မႈမ်ားရွိသည္ဟု ကခ်င္ လြတ္လပ္ေရး အဖြဲ႕ KIO သတင္းႏွင့္ ျပန္ၾကားေရး တာဝန္ခံ က ေျပာသည္။

ဗိုလ္မႉးႀကီး ေနာ္ဘူက “ပထမကေတာ့ KIA တပ္ရင္း ၂၆ ကေန ဒီ ဆယ္ဇင္း အနီးစခန္းကို ဝင္စီးတယ္။ ဒါက ေတာ့ မိုးလင္းတဲ့အထိေပါ့ေနာ္။ ၃ နာရီေက်ာ္ကတည္းကေန မိုးလင္းတဲ့အထိ တိုက္ပြဲျဖစ္တယ္လို႔ ၾကားတယ္။ အဲဒါနဲ႔ ၈ နာရီ ဝန္းက်င္ေလာက္မွာေတာ့ ဒီ ဆယ္ဇင္းနဲ႔ တာမခန္ၾကားမွာ စစ္ကူလာတဲ့ တပ္ရင္း ၃၃ အဖြဲ႕ေတြနဲ႔ ျပန္ၿပီးမွ တိုက္ပြဲ ျဖစ္တယ္ဆိုတာၾကားပါတယ္။ ၉ နာရီ ေက်ာ္တဲ့ အခ်ိန္မွာကေတာ့ KIA တပ္ရင္း ၂၆ ဌာနခ်ဳပ္ နယ္ေျမေပါ့ ေရွ႕တန္း ဌာနခ်ဳပ္ေပါ့ အဲဒီ ေနရာမွာ တပ္မေတာ္ကေန ဟာလီေကာ္ပတာ ၂ စီးနဲ႔ လာၿပီးမွ ပစ္ တယ္ဆိုတဲ့ သတင္းၾကားပါတယ္။ အဲဒီ ေနာက္ပိုင္းကေတာ့ အဲဖက္က သတင္းေတြ ဘာမွမတက္ေတာ့ဘူး အဲ ေလာက္ပဲ က်ေနာ္ၾကားပါတယ္” ဟု ေျပာသည္။

အဆိုပါ တိုက္ပြဲအတြင္း KIA က တပ္မေတာ္ဖက္မွ ခဲယမ္းမီးေက်ာက္ အခ်ိဳ႕ကိုလည္း သိမ္းယူရရွိခဲ့သည္ဟု ဗိုလ္ မႉးႀကီး ေနာ္ဘူက ဆက္ ေျပာသည္။

၎က “တပ္ပိုင္းဆိုင္ရာ သတင္းအခ်က္အလက္ေတြက က်ေနာ္တို႔ဆီမွာ မေရာက္ဘူး မရွိေသးဘူး။ ဒါေပမယ့္ ခုနေျပာတဲ့ ပထမျဖစ္ေနတဲ့ ဒီ အနီးစခန္းကိုေတာ့ KIA ကေန ဝင္ဆီးသြားတယ္ဆိုတဲ့ သတင္းေလာက္ေတာ့ ၾကားပါတယ္။ အဲဒီက လက္နက္ခဲယမ္းမီးေက်ာက္ေတြ နည္းနည္းပါးပါးေတာ့ သိမ္းလို႔ရၿပီထင္တယ္။ တပ္မ ေတာ္ဖက္က KIA ဖက္က အေသအေပ်ာက္ ထိခိုက္ဒဏ္ရာရမႈေတြ သတင္းေတြကေတာ့ က်ေနာ္ တို႔ဆီမွာ ဘာမွ မရေသးဘူး” ဟု ေျပာသည္။

မတ္လ ၁၁ ရက္ေန႔(ယေန႔) တြင္ ကခ်င္ျပည္နယ္တြင္ တိုက္ပြဲျဖစ္ပြားသကဲ့သို႔ ရွမ္းျပည္နယ္ေျမာက္ပိုင္း မူဆယ္ ၿမိဳ႕နယ္တြင္လည္း KIA ႏွင့္ တပ္မေတာ္တို႔အၾကား တိုက္ပြဲျဖစ္ပြားေနသည္ဟု KIO သတင္းႏွင့္ ျပန္ၾကားေရး တာဝန္ခံက ဆိုသည္။

ဗိုလ္မႉးႀကီးေနာ္ဘူက “ရွမ္းျပည္ေျမာက္ပိုင္း KIA တပ္မဟာ ၄ KIA တပ္မဟာ ၆ ဖက္မွာကေတာ့ တပ္မေတာ္ ထိုးစစ္ဆင္တာက ၂ လ နီးပါးေလာက္ရွိၿပီ ၁ လေက်ာ္ၿပီေပါ့။ ေန႔တိုင္းတိုင္းလို ႀကိဳၾကားႀကိဳၾကားတိုက္ပြဲ ေတြ ျဖစ္တယ္။ အဲဖက္မွာေတာ့ ၿငိမ္တယ္လို႔ ေျပာလို႔ မရဘူး ဒီမနက္ကလည္း တပ္ရင္း ၈ အဖြဲ႕နဲ႔ ေနရာကေတာ့ က်ေနာ္ အတိအက်ေတာ့ မမွတ္မိေတာ့ပါဘူး။ တိုက္ပြဲျဖစ္တာရွိပါတယ္။ ဆိုေတာ့ အဲဖက္ကေတာ့ အၿမဲတမ္း တင္းမာ ေနတဲ့ အေနအထား ျဖစ္ပါတယ္” ဟု ေျပာသည္။

လက္ရွိတြင္ ႏွစ္ဖက္ တပ္မ်ားအၾကား စစ္ေရးတင္းမာေနသည့္အတြက္ တိုက္ပြဲမ်ား ဆက္လက္ျဖစ္ပြားႏိုင္သည့္ အေျခအေနတြင္ ရွိေနသည္ ဟု ဗိုလ္မႉးႀကီး ေနာ္ဘူ က ေျပာသည္။

တပ္မေတာ္မွ NLD အစိုးရထံမွ အာဏာသိမ္းယူၿပီးေနာက္ပိုင္းတြင္ KIA ႏွင့္ တိုက္ပြဲ ျပန္လည္ျဖစ္ပြားေန သကဲ့သို႔ NCA အပစ္ရပ္လက္မွတ္ေရးထိုးထားသည့္ တိုင္းရင္းသား လက္နက္ ကိုင္ ေတာ္လွန္ေရး အဖြဲ႕မ်ားႏွင့္ပါ တိုက္ပြဲ မ်ား ျပန္လည္ျဖစ္ပြားေနသည္။

မတ္လ ၉ ရက္ေန႔က NCA အပစ္ရပ္ထားသည့္ ကရင္အမ်ိဳးသား အစည္းအ႐ုံး KNU ႏွင့္ တပ္မေတာ္တို႔အၾကား KNU တပ္မဟာ ၁ သထုံခ႐ိုင္အတြင္းတြင္ တိုက္ပြဲမ်ား ျဖစ္ပြားခဲ့သည္။ အဆိုပါ တိုက္ပြဲတြင္ တပ္မေတာ္ဖက္မွ ၅ ဦးက်ဆုံးခဲ့ၿပီး KNU ဖက္မွ ထိခိုက္မႈ မရွိေၾကာင္း KNU က သတင္းထုတ္ျပန္ထားသည္။

ထို႔အျပင္ မတ္လ ၁၁ ရက္ေန႔(ယေန႔) တြင္ KNU တပ္မဟာ ၁ သထုံခ႐ိုင္ဖက္သို႔ တပ္မေတာ္မွ တပ္အင္အား ထပ္မံ ျဖည့္တင္းထားသည္ဟု ဆိုသည္။

အလားတူ မတ္လ ၉ ရက္ေန႔တြင္ပင္ NCA အပစ္ရပ္ထားသည့္ ရွမ္းျပည္ျပန္လည္ထူေထာင္ေရး ေကာင္စီ RCSS/ SSA ႏွင့္ တပ္မေတာ္တို႔အၾကား ရွမ္းျပည္နယ္ေတာင္ပိုင္း မိုင္းေနာင္ၿမိဳ႕နယ္အတြင္းတြင္ တိုက္ပြဲျဖစ္ပြား ခဲ့သည္ဟု သိရသည္။

တပ္မေတာ္ႏွင့္ တိုက္ပြဲျဖစ္ပြားေနသည့္ တိုင္းရင္းသား လက္နက္ကိုင္ ေတာ္လွန္ေရး အဖြဲ႕မ်ားသည္ စစ္အာဏာ သိမ္းယူမႈကို မလိုေသာေၾကာင့္ ဆႏၵထုတ္ေဖာ္ သပိတ္ဆင္ႏြဲေနၾကသည့္ ျပည္သူလူထု ႏွင့္ တပ္သားတည္း ရွိ ေၾကာင္း ေျပာဆိုထားသည့္ လက္နက္ကိုင္ အဖြဲ႕အစည္းမ်ားျဖစ္သည္။