ဆန္ဒပြမှုများအတွင်း သေဆုံးသူ အနည်းဆုံး ၁၈၃ ဦးရှိပြီ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ မတ်လ ၁၆ ရက်။

စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံအတွင်း အကြမ်းဖက်ဖြိုခွင်းခြင်း၊ ပစ်သတ်ခံရခြင်းများကြောင့် သေဆုံးသူ ၁၈၃ ဦး ရှိသွားပြီဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန် ထားသည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့မှ မတ်လ ၁၅ ရက်နေ့အထိ မြန်မာတစ်နိုင်ငံလုံးတွင် သေဆုံးသူ ၁၈၄ ယောက် ရှိပြီဟု AAPP က ယမန်နေ့က ထုတ်ပြန်ထားသည်။

မတ်လ ၁၅ ရက်နေ့က တစ်နိုင်ငံလုံးတွင် သေဆုံးသူ အရပ်သားပြည်သူ ၂၀ ဦး၊ မတ်လ ၁၄ ရက်နေ့ က လှိုင်သာ ယာမြို့နယ်အပါအဝင် အခြားသော ပြည်နယ်နှင့် တိုင်းအသီးသီးတွင် သေဆုံး ၇၄ ဦး ရှိပြီ ဟု AAPP ၏ စာရင်း များအရ သိရသည်။

“လှိုင်သာယာမှာ မှာ ညအချိန်ဆိုလည်း နေရာအနှံ့မှာ စစ်တပ်က လိုက်ပစ်နေတာ။ အသံဗုံးတွေလည်း ဖောက် တယ်။ လူတွေလည်း မနေရဲကြတော့ဘူး။ အဆောင်မှာနေတဲ့လူတွေက ပြန်နေကြပြီ၊ ကြောက်တာရော၊ အလုပ်တွေက အဆင်မပြေတာတွေရောကြောင့် ပြန်ကုန်ကြတာပါ။ ပစ်သံတွေကလည်း အမြဲကြားနေရတယ် နေ့တိုင်းပဲ။ သေတာလည်း များလာတယ်” ဟု လှိုင်သာယာဒေသခံက ပြောသည်။

လှိုင်သာယာ မြို့နယ်အတွင်းက အောင်ဇေယျ တံတားထိပ်၊ တံတားဖြူ၊ ကျန်စစ်သားအိမ်ရာ၊ မီးခွက်စျေး၊ ၈၆ ဂိတ်ဟောင်း၊ လှိုင်သာယ ၁၂၄ ရပ်ကွက် အစရှိသည့်နေရာများတွင် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာ ရရှိသူများ၊ သေဆုံးသူများ ရှိနေသည်ဟု ဒေသခံများက ပြောသည်။

လှိုင်သာယာမြို့နယ်ထဲက ရွှေလင်ဗန်းစက်မှုဇုန်အတွင်းရှိ အထည်ချုပ်စက်ရုံ၊ ရွှေနဂါးဓါတ်မြေဩဇာစက်ရုံ၊ ငွေ ကြယ် ၂ စက်ရုံများ မီးလောင်ကျွမ်းမှုများ ဖြစ်ခဲ့ညပြီးနောက် ယခုကဲ့သို့ အခြေအနေများ ပိုမိုးဆိုးရွာလာခဲ့ပြီး မတ် လ ၁၄ ရက်နေ့က စတင်၍ စစ်အုပ်ချုပ်ရေးနယ်မြေအဖြစ်ကြေငြာခဲ့သည်။

ရန်ကုန်တွင်သာမကပဲ ပြည်နယ်များတွင်လည်း သေဆုံးသူများ ရှိလာနေသည်။ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့က ဆန္ဒပြလူငယ်တစ်ဦးက “ကျနော်တို့က ရိုးရိုးဆန္ဒပြပဲ၊ သူတို့က အခုလိုမျိုး စနိုက်ပါနဲ့ ပစ်တယ်၊ အခုဆိုရင် မြစ်ကြီးနားမှာ ၂ ယောက်ကျပြီ၊ ဖားကန့်မှာလည်း သေဆုံးတာတွေရှိနေပြီ၊ မြန်မာတစ်နိုင်ငံလုံးမှာလည်း နေ့တိုင်း ကျဆုံးက များများလာတယ်။ ကျနော်တို့ Gen Z တွေက ပြောချင်တာ က ဒီလောက်အဆင့်မလိုပါဘူး။ ကျနော်တို့က ကိုယ့်ရဲ့ ရပိုင်ခွင့်အတွက် ငြိမ်းငြိမ်းချမ်းချမ်းဆန္ဒပြတာပါ။ ဒီ လိုမျိုး ဖြစ်လာပြီဆိုတော့ ကျနော်တို့ကလည်း နောက်ဆုတ်မှာမဟုတ်ဘူး။ ရှေ့ဆက်တိုးပြီး လုပ်သွားဖို့ပဲ ရှိပါ တယ်” ဟု ပြောသည်။

လှိုင်သာယာမြို့နယ် အပါအဝင် ရန်ကုန်တိုင်းအတွင်းက ရွှေပြည်သာ၊ ဒဂုံမြို့သစ်တောင်ပိုင်း၊ ဒဂုံမြို့သစ်မြောက် ပိုင်း၊ ဒဂုံဆိပ်ကမ်း နှင့် မြောက်ဥက္ကလာပ တို့အား အာဏာသိမ်းစစ်အုပ်စုမှ စစ်အုပ်ချုပ်ရေး(Martial Law) အာ ဏာကို ကျင့်သုံးရန် ထုတ်ပြန် ကြေညာခဲ့ပြီး အဆိုပါ မြို့နယ်များတွင် စစ်ခုံရုံး နှင့် စစ်ဆေးစီရင်နိုင်သည့် ပြစ်မှု ၂၃ ခုကို ထုတ်ပြန်ထားသည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့မှ မတ်လ ၁၅ ရက်နေ့ထိ စုစုပေါင်း ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသူ (၂၁၇၅) ဦးထိရှိခဲ့ပြီ ဖြစ်သည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) ၏ မှတ်တမ်း ပြုချက်များအရ သိရသည်။

၎င်းတို့အနက် ထောင်ဒဏ် ချမှတ်ခြင်းခံ ထားရသူ (၃) ဦး၊ အမှုဖွင့်ခြင်းခံထားရပြီး ဖမ်းဝရမ်းထုတ်ခြင်း ခံထားရ သောကြောင့် တိမ်းရှောင်နေသူ (၇၃) ဦး နှင့် ပြန်လည် လွတ်မြောက်လာသူ (၃၁၉) ဦးရှိရာ၊ လက်ရှိ အချိန်အထိ ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသူမှာ (၁၈၅၆) ဦး ရှိသည်ဟု AAPP က ထုတ်ပြန်ထားသည်။

Photo -Crd

*** ZAWGYI ***
ဆႏၵျပမႈမ်ားအတြင္း ေသဆုံးသူ အနည္းဆုံး ၁၈၃ ဦးရွိၿပီ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ မတ္လ ၁၆ ရက္။

စစ္အာဏာသိမ္းၿပီးေနာက္ ျမန္မာႏိုင္ငံအတြင္း အၾကမ္းဖက္ၿဖိဳခြင္းျခင္း၊ ပစ္သတ္ခံရျခင္းမ်ားေၾကာင့္ ေသဆုံးသူ ၁၈၃ ဦး ရွိသြားၿပီဟု ႏိုင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအသင္း (AAPP) က ထုတ္ျပန္ ထားသည္။

ေဖေဖာ္ဝါရီလ ၁ ရက္ေန႔မွ မတ္လ ၁၅ ရက္ေန႔အထိ ျမန္မာတစ္ႏိုင္ငံလုံးတြင္ ေသဆုံးသူ ၁၈၄ ေယာက္ ရွိၿပီဟု AAPP က ယမန္ေန႔က ထုတ္ျပန္ထားသည္။

မတ္လ ၁၅ ရက္ေန႔က တစ္ႏိုင္ငံလုံးတြင္ ေသဆုံးသူ အရပ္သားျပည္သူ ၂၀ ဦး၊ မတ္လ ၁၄ ရက္ေန႔ က လႈိင္သာ ယာၿမိဳ႕နယ္အပါအဝင္ အျခားေသာ ျပည္နယ္ႏွင့္ တိုင္းအသီးသီးတြင္ ေသဆုံး ၇၄ ဦး ရွိၿပီ ဟု AAPP ၏ စာရင္း မ်ားအရ သိရသည္။

“လႈိင္သာယာမွာ မွာ ညအခ်ိန္ဆိုလည္း ေနရာအႏွံ႔မွာ စစ္တပ္က လိုက္ပစ္ေနတာ။ အသံဗုံးေတြလည္း ေဖာက္ တယ္။ လူေတြလည္း မေနရဲၾကေတာ့ဘူး။ အေဆာင္မွာေနတဲ့လူေတြက ျပန္ေနၾကၿပီ၊ ေၾကာက္တာေရာ၊ အလုပ္ေတြက အဆင္မေျပတာေတြေရာေၾကာင့္ ျပန္ကုန္ၾကတာပါ။ ပစ္သံေတြကလည္း အၿမဲၾကားေနရတယ္ ေန႔တိုင္းပဲ။ ေသတာလည္း မ်ားလာတယ္” ဟု လႈိင္သာယာေဒသခံက ေျပာသည္။

လႈိင္သာယာ ၿမိဳ႕နယ္အတြင္းက ေအာင္ေဇယ် တံတားထိပ္၊ တံတားျဖဴ၊ က်န္စစ္သားအိမ္ရာ၊ မီးခြက္ေစ်း၊ ၈၆ ဂိတ္ေဟာင္း၊ လႈိင္သာယ ၁၂၄ ရပ္ကြက္ အစရွိသည့္ေနရာမ်ားတြင္ ပစ္ခတ္မႈမ်ား ျဖစ္ပြားခဲ့ၿပီး ထိခိုက္ဒဏ္ရာ ရရွိသူမ်ား၊ ေသဆုံးသူမ်ား ရွိေနသည္ဟု ေဒသခံမ်ားက ေျပာသည္။

လႈိင္သာယာၿမိဳ႕နယ္ထဲက ေ႐ႊလင္ဗန္းစက္မႈဇုန္အတြင္းရွိ အထည္ခ်ဳပ္စက္႐ုံ၊ ေ႐ႊနဂါးဓါတ္ေျမဩဇာစက္႐ုံ၊ ေငြ ၾကယ္ ၂ စက္႐ုံမ်ား မီးေလာင္ကြၽမ္းမႈမ်ား ျဖစ္ခဲ့ညၿပီးေနာက္ ယခုကဲ့သို႔ အေျခအေနမ်ား ပိုမိုးဆိုး႐ြာလာခဲ့ၿပီး မတ္ လ ၁၄ ရက္ေန႔က စတင္၍ စစ္အုပ္ခ်ဳပ္ေရးနယ္ေျမအျဖစ္ေၾကျငာခဲ့သည္။

ရန္ကုန္တြင္သာမကပဲ ျပည္နယ္မ်ားတြင္လည္း ေသဆုံးသူမ်ား ရွိလာေနသည္။ ကခ်င္ျပည္နယ္၊ ျမစ္ႀကီးနားၿမိဳ႕က ဆႏၵျပလူငယ္တစ္ဦးက “က်ေနာ္တို႔က ႐ိုး႐ိုးဆႏၵျပပဲ၊ သူတို႔က အခုလိုမ်ိဳး စႏိုက္ပါနဲ႔ ပစ္တယ္၊ အခုဆိုရင္ ျမစ္ႀကီးနားမွာ ၂ ေယာက္က်ၿပီ၊ ဖားကန႔္မွာလည္း ေသဆုံးတာေတြရွိေနၿပီ၊ ျမန္မာတစ္ႏိုင္ငံလုံးမွာလည္း ေန႔တိုင္း က်ဆုံးက မ်ားမ်ားလာတယ္။ က်ေနာ္တို႔ Gen Z ေတြက ေျပာခ်င္တာ က ဒီေလာက္အဆင့္မလိုပါဘူး။ က်ေနာ္တို႔က ကိုယ့္ရဲ႕ ရပိုင္ခြင့္အတြက္ ၿငိမ္းၿငိမ္းခ်မ္းခ်မ္းဆႏၵျပတာပါ။ ဒီ လိုမ်ိဳး ျဖစ္လာၿပီဆိုေတာ့ က်ေနာ္တို႔ကလည္း ေနာက္ဆုတ္မွာမဟုတ္ဘူး။ ေရွ႕ဆက္တိုးၿပီး လုပ္သြားဖို႔ပဲ ရွိပါ တယ္” ဟု ေျပာသည္။

လႈိင္သာယာၿမိဳ႕နယ္ အပါအဝင္ ရန္ကုန္တိုင္းအတြင္းက ေ႐ႊျပည္သာ၊ ဒဂုံၿမိဳ႕သစ္ေတာင္ပိုင္း၊ ဒဂုံၿမိဳ႕သစ္ေျမာက္ ပိုင္း၊ ဒဂုံဆိပ္ကမ္း ႏွင့္ ေျမာက္ဥကၠလာပ တို႔အား အာဏာသိမ္းစစ္အုပ္စုမွ စစ္အုပ္ခ်ဳပ္ေရး(Martial Law) အာ ဏာကို က်င့္သုံးရန္ ထုတ္ျပန္ ေၾကညာခဲ့ၿပီး အဆိုပါ ၿမိဳ႕နယ္မ်ားတြင္ စစ္ခုံ႐ုံး ႏွင့္ စစ္ေဆးစီရင္ႏိုင္သည့္ ျပစ္မႈ ၂၃ ခုကို ထုတ္ျပန္ထားသည္။

ေဖေဖာ္ဝါရီလ ၁ ရက္ေန႔မွ မတ္လ ၁၅ ရက္ေန႔ထိ စုစုေပါင္း ဖမ္းဆီး၊ တရားစြဲဆို၊ ျပစ္ဒဏ္ခ်မွတ္ျခင္းခံထားရသူ (၂၁၇၅) ဦးထိရွိခဲ့ၿပီ ျဖစ္သည္ဟု ႏိုင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရး အသင္း (AAPP) ၏ မွတ္တမ္း ျပဳခ်က္မ်ားအရ သိရသည္။

၎တို႔အနက္ ေထာင္ဒဏ္ ခ်မွတ္ျခင္းခံ ထားရသူ (၃) ဦး၊ အမႈဖြင့္ျခင္းခံထားရၿပီး ဖမ္းဝရမ္းထုတ္ျခင္း ခံထားရ ေသာေၾကာင့္ တိမ္းေရွာင္ေနသူ (၇၃) ဦး ႏွင့္ ျပန္လည္ လြတ္ေျမာက္လာသူ (၃၁၉) ဦးရွိရာ၊ လက္ရွိ အခ်ိန္အထိ ဖမ္းဆီး၊ တရားစြဲဆို၊ ျပစ္ဒဏ္ခ်မွတ္ျခင္းခံထားရသူမွာ (၁၈၅၆) ဦး ရွိသည္ဟု AAPP က ထုတ္ျပန္ထားသည္။

Photo – Crd