ရခိုင် အဖွဲ့အစည်း ၉၀ နီးပါး စစ်တပ် အာဏာစွန့်ရန် တောင်းဆို

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ မတ်လ ၂၂ ရက်။

ရခိုင် ကျောင်းသားသမဂ္ဂများနှင့် ရခိုင် အရပ်ဖက် အဖွဲ့အစည်းများက အာဏာသိမ်းစစ်ကောင်စီအနေဖြင့် အာဏာသိမ်းမှုကို အမြန်ဆုံး စွန့်လွှတ်ရန် တိုက်တွန်းလိုက်သည်။

ရခိုင်ကျောင်းသားသမဂ္ဂ ၁၁ ဖွဲ့ နှင့် ရခိုင်အရပ်ဖက်အဖွဲ့အစည်း ၇၇ ဖွဲ့တို့က စစ်အာဏာရှင် ဆန့်ကျင် ကြောင်း၊ “နွေဦးတော်လှန်ရေး” တိုက်ပွဲဝင်နေသူများနှင့် တစ်သားတည်းရှိကြောင်း နှင့် အာဏာသိမ်း စစ် ကောင်စီအနေဖြင့် အာဏာသိမ်းမှုကို အမြန်ဆုံးစွန့်လွှတ်ရန် မတ်လ ၂၁ ရက်နေ့ က ထုတ်ပြန်တောင်းဆို လိုက်ခြင်းဖြစ်သည်။

ထို့အပြင် ဖက်ဒရယ် ဒီမိုကရေစီစနစ်ကိုလည်း အသိအမှတ်ပြုလက်ခံရန်လည်း တောင်းဆိုထားသည်။

စစ်ကောင်စီအနေဖြင့် အာဏာသိမ်းမှုကို အမြန်ဆုံး စွန့်လွတ်ရန် ရခိုင်ပြည်နယ် အရပ်ဖက်အဖွဲ့အစည်း (၇၇)ဖွဲ့က ပူးတွဲ သဘောထားထုတ်ပြန်လိုက်သည်။

မတ်လ ၂၁ ရက်နေ့က ထုတ်ပြန်လိုက်သည့် အဆိုပါ ထုတ်ပြန်ချက်ထဲတွင် “လက်နက်မဲ့ပြည်သူများကို အပေါ် အင်အားအလွန်အကျွံသုံးနှိမ်နှင်းဖြိုခွင်းသည့် လုပ်ရပ်များကို လုံးဝအဆုံးသတ်ပေးရန်နှင့် စစ်အာ ဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြသဖြင့် ဖမ်းဆီးထိန်းသိမ်းခံရသူအားလုံးကို ချက်ချင်းပြန်လွတ်ပေးရန်” တောင်းဆိုထားသည်။

ထို့အပြင် “ပြည်သူများ လိုလားသော ကိုယ်ပိုင်ပြဌာန်းအုပ်ချုပ်ပိုင်ခွင့်ကို အခြေခံသည့် ဖက်ဒရယ် ဒီမိုက ရေစီစနစ်ကို အသိအမှတ်ပြုလက်ခံပြီး အာဏာသိမ်းမှုကို အမြန်ဆုံးစွန့်လွတ်ရန်” ရခိုင်ပြည်နယ် အရပ် ဖက်အဖွဲ့အစည်း (၇၇)ဖွဲ့က တောင်းဆိုထားသည်။

ရခိုင်အရပ်ဘက်အဖွဲ့အစည်းများအနေဖြင့် အာဏာကို အလွဲသုံးစားလုပ်ကာ ပြည်သူများကို ရက်စက်စွာ သတ်ဖြတ် ဖမ်းဆီး နှိပ်စက်နေခြင်းများကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း၊ ဖမ်းဆီးခံထားရသူများ၊ ထိခိုက်သေဆုံးသွားသူများအတွက် ရခိုင်ပြည်သူများ ကိုယ်တွေ့ ခံစားဖူးသည်ဖြစ်သည့်အတွက် ၎င်းတို့၏ မိသားစုများနှင့် ထပ်တူစိတ်ထိခိုက်ဝမ်းနည်းရသည်ဟု ရေးသားထားသည်။

ရခိုင်ကျောင်းသားသမဂ္ဂ ၁၁ ဖွဲ့ ကလည်း “လက်နက်အားကိုးဖြင့် အာဏာသမ်းပြီး လူသတ်ပွဲများ ဆင်နွှဲနေ ခြင်းသည် အလွန်တရာမှ စက်ဆုပ်ရွံရှာဖွယ်ကောင်းလှသည်။ အာဏာသိမ်းစစ်ကောင်စီနှင့် ပူးပေါင်းကာ အကျိုးအမြတ်ရှာဖွေနေသော ဖောက်ပြန်ရေး သမားအပေါင်းတို့သည်လည်း အလွန်တရာမှ စက်ဆုပ်ရွံရှာ ဖွယ် ကောင်းလှသော သတ္တဝါများ ဖြစ်ကြသည်” ဟု မတ်လ ၂၁ ရက်နေ့က ထုတ်ပြန်ထားသည်။

ရခိုင်ကျောင်းသားသမဂ္ဂ ၁၁ ဖွဲ့ အနေဖြင့် အာဏာသိမ်းစစ်ကောင်စီ၏ မတရား ညှဉ်းပန်း နှိပ်စက် သတ် ဖြတ်မှုများကို တော်လှန်နေကြသည့် ကျောင်းသား ပြည်သူများ၏ စွန့်လွတ်အနစ်နာခံစိတ်နှင့် ရဲဝံ့မှုကို အလေးအနက် အသိအမှတ်ပြုကြောင်း၊ “နွေဦးတော်လှန်ရေး” တွင် ပါဝင်တိုက်ပွဲဝင်နေကြသည့် ကျောင်း သားပြည်သူများနှင့်အတူ တစ်သားတည်း ရပ်တည်ကူညီမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

*** ZAWGYI ***
ရခိုင္ အဖြဲ႕အစည္း ၉၀ နီးပါး စစ္တပ္ အာဏာစြန႔္ရန္ ေတာင္းဆို

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ မတ္လ ၂၂ ရက္။

ရခိုင္ ေက်ာင္းသားသမဂၢမ်ားႏွင့္ ရခိုင္ အရပ္ဖက္ အဖြဲ႕အစည္းမ်ားက အာဏာသိမ္းစစ္ေကာင္စီအေနျဖင့္ အာဏာသိမ္းမႈကို အျမန္ဆုံး စြန႔္လႊတ္ရန္ တိုက္တြန္းလိုက္သည္။

ရခိုင္ေက်ာင္းသားသမဂၢ ၁၁ ဖြဲ႕ ႏွင့္ ရခိုင္အရပ္ဖက္အဖြဲ႕အစည္း ၇၇ ဖြဲ႕တို႔က စစ္အာဏာရွင္ ဆန႔္က်င္ ေၾကာင္း၊ “ေႏြဦးေတာ္လွန္ေရး” တိုက္ပြဲဝင္ေနသူမ်ားႏွင့္ တစ္သားတည္းရွိေၾကာင္း ႏွင့္ အာဏာသိမ္း စစ္ ေကာင္စီအေနျဖင့္ အာဏာသိမ္းမႈကို အျမန္ဆုံးစြန႔္လႊတ္ရန္ မတ္လ ၂၁ ရက္ေန႔ က ထုတ္ျပန္ေတာင္းဆို လိုက္ျခင္းျဖစ္သည္။

ထို႔အျပင္ ဖက္ဒရယ္ ဒီမိုကေရစီစနစ္ကိုလည္း အသိအမွတ္ျပဳလက္ခံရန္လည္း ေတာင္းဆိုထားသည္။

စစ္ေကာင္စီအေနျဖင့္ အာဏာသိမ္းမႈကို အျမန္ဆုံး စြန္႔လြတ္ရန္ ရခိုင္ျပည္နယ္ အရပ္ဖက္အဖြဲ႕အစည္း (၇၇)ဖြဲ႕က ပူးတြဲ သေဘာထားထုတ္ျပန္လိုက္သည္။

မတ္လ ၂၁ ရက္ေန႔က ထုတ္ျပန္လိုက္သည့္ အဆိုပါ ထုတ္ျပန္ခ်က္ထဲတြင္ “လက္နက္မဲ့ျပည္သူမ်ားကို အေပၚ အင္အားအလြန္အကြၽံသုံးႏွိမ္ႏွင္းၿဖိဳခြင္းသည့္ လုပ္ရပ္မ်ားကို လုံးဝအဆုံးသတ္ေပးရန္ႏွင့္ စစ္အာ ဏာသိမ္းမႈကို ဆန႔္က်င္ဆႏၵျပသျဖင့္ ဖမ္းဆီးထိန္းသိမ္းခံရသူအားလုံးကို ခ်က္ခ်င္းျပန္လြတ္ေပးရန္” ေတာင္းဆိုထားသည္။

ထို႔အျပင္ “ျပည္သူမ်ား လိုလားေသာ ကိုယ္ပိုင္ျပဌာန္းအုပ္ခ်ဳပ္ပိုင္ခြင့္ကို အေျခခံသည့္ ဖက္ဒရယ္ ဒီမိုက ေရစီစနစ္ကို အသိအမွတ္ျပဳလက္ခံၿပီး အာဏာသိမ္းမႈကို အျမန္ဆုံးစြန႔္လြတ္ရန္” ရခိုင္ျပည္နယ္ အရပ္ ဖက္အဖြဲ႕အစည္း (၇၇)ဖြဲ႕က ေတာင္းဆိုထားသည္။

ရခိုင္အရပ္ဘက္အဖြဲ႕အစည္းမ်ားအေနျဖင့္ အာဏာကို အလြဲသုံးစားလုပ္ကာ ျပည္သူမ်ားကို ရက္စက္စြာ သတ္ျဖတ္ ဖမ္းဆီး ႏွိပ္စက္ေနျခင္းမ်ားကို ျပင္းထန္စြာ ကန႔္ကြက္ရႈတ္ခ်ေၾကာင္း၊ ဖမ္းဆီးခံထားရသူမ်ား၊ ထိခိုက္ေသဆုံးသြားသူမ်ားအတြက္ ရခိုင္ျပည္သူမ်ား ကိုယ္ေတြ႕ ခံစားဖူးသည္ျဖစ္သည့္အတြက္ ၎တို႔၏ မိသားစုမ်ားႏွင့္ ထပ္တူစိတ္ထိခိုက္ဝမ္းနည္းရသည္ဟု ေရးသားထားသည္။

ရခိုင္ေက်ာင္းသားသမဂၢ ၁၁ ဖြဲ႕ ကလည္း “လက္နက္အားကိုးျဖင့္ အာဏာသမ္းၿပီး လူသတ္ပြဲမ်ား ဆင္ႏႊဲေန ျခင္းသည္ အလြန္တရာမွ စက္ဆုပ္႐ြံရွာဖြယ္ေကာင္းလွသည္။ အာဏာသိမ္းစစ္ေကာင္စီႏွင့္ ပူးေပါင္းကာ အက်ိဳးအျမတ္ရွာေဖြေနေသာ ေဖာက္ျပန္ေရး သမားအေပါင္းတို႔သည္လည္း အလြန္တရာမွ စက္ဆုပ္႐ြံရွာ ဖြယ္ ေကာင္းလွေသာ သတၱဝါမ်ား ျဖစ္ၾကသည္” ဟု မတ္လ ၂၁ ရက္ေန႔က ထုတ္ျပန္ထားသည္။

ရခိုင္ေက်ာင္းသားသမဂၢ ၁၁ ဖြဲ႕ အေနျဖင့္ အာဏာသိမ္းစစ္ေကာင္စီ၏ မတရား ညႇဥ္းပန္း ႏွိပ္စက္ သတ္ ျဖတ္မႈမ်ားကို ေတာ္လွန္ေနၾကသည့္ ေက်ာင္းသား ျပည္သူမ်ား၏ စြန႔္လြတ္အနစ္နာခံစိတ္ႏွင့္ ရဲဝံ့မႈကို အေလးအနက္ အသိအမွတ္ျပဳေၾကာင္း၊ “ေႏြဦးေတာ္လွန္ေရး” တြင္ ပါဝင္တိုက္ပြဲဝင္ေနၾကသည့္ ေက်ာင္း သားျပည္သူမ်ားႏွင့္အတူ တစ္သားတည္း ရပ္တည္ကူညီမည္ျဖစ္ေၾကာင္း ထုတ္ျပန္ထားသည္။