နောင်ချိုတွင် ကားဖြင့်တိုက်ပြီး လူ ၂ ဦးကို ဖမ်း

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ မတ်လ ၂၂ ရက်။

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်အတွင်း က စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြသူ အမျိုးသားနှစ်ဦး အား အာဏာသိမ်းစစ်ကောင်စီ၏ တပ်ဖွဲ့များက ကားနှင့်တိုက်ပြီး ဖမ်းဆီးသွားရာ ယနေ့အချိန်ထိ အဆက် အသွယ် မရသေး ဟု ဒေသခံများက ပြောသည်။

မတ်လ ၂၁ ရက်နေ့ နံနက် ၁၁ နာရီကျော်အချိန်ခန့် ဆန္ဒပြပြီး အပြန်တွင် နောင်ချိုမြို့နယ်၊ ဆမ္မဆယ်ကျေးရွာ မှ အမျိုးသားနှစ်ဦးအား စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များက ကားနှင့်တိုက်ပြီး ဖမ်းဆီးခေါ်ဆောင်သွားကြခြင်း ဖြစ် သည်ဟု ဒေသခံများက ပြောသည်။

“ဖမ်းခံရတာ ဟုတ်ပါတယ်ဗျ။ ဆန္ဒပြပွဲက ပြီးလို့ လူစုခွဲပြီး တချို့ကတော့ ပြန်ကုန်ပြီ၊ တချို့ပဲ ကျန်တယ်။ အဲ့အချိန်မှာ စစ်တပ်နဲ့ရဲတွေက ဝင်လာပြီး သေနတ်အရင်ဖောက်တယ်နော်။ ပြီးတော့ ကားနှစ်စီးနဲ့ စစ်သား တွေလည်း ပါတယ်။ ရဲတွေရော၊ ဒီ အရပ်ဝတ်နဲ့လူတွေရော အကုန်ပါတယ်။ သူတို့ကို ကားနဲ့တိုက်သွားတာ ကတော့ အရပ်သားကားနဲ့ပဲ တိုက်တယ်။ ပြီးတော့ ရိုက်နှက်ပြီး ဖမ်းသွားကြတယ်လို့ တွေ့တဲ့လူတွေ က ပြောပြတာပါ။ ဆန္ဒပြပြီး လူစုခွဲနေတုန်း ရဲတွေ စစ်သားတွေရောက်လာတော့ အကုန်လုံးကလည်း ထွက် ပြေး၊ ပြန်တဲ့လူပြန်၊ ပုန်းတဲ့လူလည်း ပုန်းဆိုတော့ ကျနော်တို့ကတော့ မတွေ့လိုက်ဘူး” ဟု ဆန္ဒပြပွဲတွင် ပါ ဝင်သူ အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ပြောသည်။

ဖမ်းဆီးခံရသူ နှစ်ဦးကို မည်သည့်နေရာတွင် ဖမ်းဆီးထားသည်ကို အတိအကျမသိရသေးဘူးဟု ဆက် ပြော သည်။

“ဖမ်းသွားတော့ မိသားစုက စိတ်ပူပြီး လိုက်ရှာနေကြတယ်။ အခုထိ အဆက်အသွယ်မရသေးဘူး။ ဘယ်မှာ ထားထားလဲမသိသေးဘူးတဲ့။ အခုက ဖမ်းမိပြီဆိုရင် သူတို့က အရမ်းရိုက်နှက်တာတွေရှိတော့ ပိုပြီး စိတ်ပူ နေကြတာဗျ။ ရဲစခန်းတွေမှာ မေးတော့လည်း ဘာမှ ကောင်းကောင်းမသိရဘူးဖြစ်နေတယ်ဗျ။ တချို့က လည်း အမှတ် ၆၀၆ တပ်မှာလို့ ပြောတယ်။ ဒါပေမယ့် တိတိကျကျ ဘာမှ မသိရသေးဘူး” မိသားစုနှင့် နီး စပ်သူ တစ်ဦးက ပြောသည်။

မတ်လ ၂၁ ရက်နေ့က နောင်ချိုမြို့နယ်အတွင်း ဖမ်းဆီးခံရသူ နှစ်ဦးမှာ ကိုအောင်ခန့်မင်းနှင့် ကိုညီညီတို့ ဖြစ် ကြသည်။

နောင်ချိုမြို့အပါအဝင် ရှမ်းပြည်နယ် မြောက်ပိုင်းက မြို့နယ်များတွင်လည်း အခြားတိုင်းနှင့်ပြည်နယ် အသီး သီးက မြို့နယ်များကဲ့သို့ လူထုဆန္ဒထုတ်ဖော်ပွဲများ မပြုလုပ်နိုင်အောင် နည်းမျိုးစုံဖြင့် စစ်တပ်နှင့်ရဲတပ်ဖွဲ့ များက အကြမ်းဖက်ဖြိုခွင်းမှုများ ပြုလုပ်ခဲ့သော်လည်း ပြည်သူများမှာ နည်းအမျိုးမျိုးဖြင့် ဆန္ဒထုတ်ဖော် နေကြသည်။

နောင်ချိုမြို့နယ်အတွင်းက ဒေသခံပြည်သူများသည် လမ်းလျှောက်ပျောက်ကြားသပိတ်၊ ဆိုင်ကယ်သပိတ် အပြင် လူမဲ့သပိတ်များဖြင့်လည်း စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်နေကြသည်။

ရှမ်းပြည်နယ် မြောက်ပိုင်း အခြေဆိုက်သတင်းဌာနတစ်ခုဖြစ်သည့် ရွှေဖီမြေသတင်းဌာနက စုဆောင်းထား သည့် စာရင်များအရ စစ်အာဏာသိမ်းပြီးနောက် စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြကြသည့် ရှမ်းမြောက်ဒေသ အတွင်း လားရှိုး၊ မူဆယ်၊ ကွတ်ခိုင်၊ ကျောက်မဲ၊ တန့်ယန်း၊ မိုင်းရယ်၊ နမ္မတူမြို့နယ်များအတွင်း ဖမ်းဆီးခံရ သူ ၇၀ နီးပါးရှိပြီး အယောက် ၃၀ ခန့်သာ ပြန်လည်လွတ်မြောက်လာသည်ဟု သိရသည်။

Photo-Crd

*** ZAWGYI ***
ေနာင္ခ်ိဳတြင္ ကားျဖင့္တိုက္ၿပီး လူ ၂ ဦးကို ဖမ္း

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ မတ္လ ၂၂ ရက္။

ရွမ္းျပည္နယ္ေျမာက္ပိုင္း ေနာင္ခ်ိဳၿမိဳ႕နယ္အတြင္း က စစ္အာဏာရွင္ဆန႔္က်င္ဆႏၵျပသူ အမ်ိဳးသားႏွစ္ဦး အား အာဏာသိမ္းစစ္ေကာင္စီ၏ တပ္ဖြဲ႕မ်ားက ကားႏွင့္တိုက္ၿပီး ဖမ္းဆီးသြားရာ ယေန႔အခ်ိန္ထိ အဆက္ အသြယ္ မရေသး ဟု ေဒသခံမ်ားက ေျပာသည္။

မတ္လ ၂၁ ရက္ေန႔ နံနက္ ၁၁ နာရီေက်ာ္အခ်ိန္ခန႔္ ဆႏၵျပၿပီး အျပန္တြင္ ေနာင္ခ်ိဳၿမိဳ႕နယ္၊ ဆမၼဆယ္ေက်း႐ြာ မွ အမ်ိဳးသားႏွစ္ဦးအား စစ္တပ္ႏွင့္ ရဲတပ္ဖြဲ႕ဝင္မ်ားက ကားႏွင့္တိုက္ၿပီး ဖမ္းဆီးေခၚေဆာင္သြားၾကျခင္း ျဖစ္ သည္ဟု ေဒသခံမ်ားက ေျပာသည္။

“ဖမ္းခံရတာ ဟုတ္ပါတယ္ဗ်။ ဆႏၵျပပြဲက ၿပီးလို႔ လူစုခြဲၿပီး တခ်ိဳ႕ကေတာ့ ျပန္ကုန္ၿပီ၊ တခ်ိဳ႕ပဲ က်န္တယ္။ အဲ့အခ်ိန္မွာ စစ္တပ္နဲ႔ရဲေတြက ဝင္လာၿပီး ေသနတ္အရင္ေဖာက္တယ္ေနာ္။ ၿပီးေတာ့ ကားႏွစ္စီးနဲ႔ စစ္သား ေတြလည္း ပါတယ္။ ရဲေတြေရာ၊ ဒီ အရပ္ဝတ္နဲ႔လူေတြေရာ အကုန္ပါတယ္။ သူတို႔ကို ကားနဲ႔တိုက္သြားတာ ကေတာ့ အရပ္သားကားနဲ႔ပဲ တိုက္တယ္။ ၿပီးေတာ့ ႐ိုက္ႏွက္ၿပီး ဖမ္းသြားၾကတယ္လို႔ ေတြ႕တဲ့လူေတြ က ေျပာျပတာပါ။ ဆႏၵျပၿပီး လူစုခြဲေနတုန္း ရဲေတြ စစ္သားေတြေရာက္လာေတာ့ အကုန္လုံးကလည္း ထြက္ ေျပး၊ ျပန္တဲ့လူျပန္၊ ပုန္းတဲ့လူလည္း ပုန္းဆိုေတာ့ က်ေနာ္တို႔ကေတာ့ မေတြ႕လိုက္ဘူး” ဟု ဆႏၵျပပြဲတြင္ ပါ ဝင္သူ အမည္မေဖာ္လိုသည့္ ေဒသခံတစ္ဦးက ေျပာသည္။

ဖမ္းဆီးခံရသူ ႏွစ္ဦးကို မည္သည့္ေနရာတြင္ ဖမ္းဆီးထားသည္ကို အတိအက်မသိရေသးဘူးဟု ဆက္ ေျပာ သည္။

“ဖမ္းသြားေတာ့ မိသားစုက စိတ္ပူၿပီး လိုက္ရွာေနၾကတယ္။ အခုထိ အဆက္အသြယ္မရေသးဘူး။ ဘယ္မွာ ထားထားလဲမသိေသးဘူးတဲ့။ အခုက ဖမ္းမိၿပီဆိုရင္ သူတို႔က အရမ္း႐ိုက္ႏွက္တာေတြရွိေတာ့ ပိုၿပီး စိတ္ပူ ေနၾကတာဗ်။ ရဲစခန္းေတြမွာ ေမးေတာ့လည္း ဘာမွ ေကာင္းေကာင္းမသိရဘူးျဖစ္ေနတယ္ဗ်။ တခ်ိဳ႕က လည္း အမွတ္ ၆၀၆ တပ္မွာလို႔ ေျပာတယ္။ ဒါေပမယ့္ တိတိက်က် ဘာမွ မသိရေသးဘူး” မိသားစုႏွင့္ နီး စပ္သူ တစ္ဦးက ေျပာသည္။

မတ္လ ၂၁ ရက္ေန႔က ေနာင္ခ်ိဳၿမိဳ႕နယ္အတြင္း ဖမ္းဆီးခံရသူ ႏွစ္ဦးမွာ ကိုေအာင္ခန႔္မင္းႏွင့္ ကိုညီညီတို႔ ျဖစ္ ၾကသည္။

ေနာင္ခ်ိဳၿမိဳ႕အပါအဝင္ ရွမ္းျပည္နယ္ ေျမာက္ပိုင္းက ၿမိဳ႕နယ္မ်ားတြင္လည္း အျခားတိုင္းႏွင့္ျပည္နယ္ အသီး သီးက ၿမိဳ႕နယ္မ်ားကဲ့သို႔ လူထုဆႏၵထုတ္ေဖာ္ပြဲမ်ား မျပဳလုပ္ႏိုင္ေအာင္ နည္းမ်ိဳးစုံျဖင့္ စစ္တပ္ႏွင့္ရဲတပ္ဖြဲ႕ မ်ားက အၾကမ္းဖက္ၿဖိဳခြင္းမႈမ်ား ျပဳလုပ္ခဲ့ေသာ္လည္း ျပည္သူမ်ားမွာ နည္းအမ်ိဳးမ်ိဳးျဖင့္ ဆႏၵထုတ္ေဖာ္ ေနၾကသည္။

ေနာင္ခ်ိဳၿမိဳ႕နယ္အတြင္းက ေဒသခံျပည္သူမ်ားသည္ လမ္းေလွ်ာက္ေပ်ာက္ၾကားသပိတ္၊ ဆိုင္ကယ္သပိတ္ အျပင္ လူမဲ့သပိတ္မ်ားျဖင့္လည္း စစ္အာဏာရွင္ဆန႔္က်င္ေရး ဆႏၵထုတ္ေဖာ္ေနၾကသည္။

ရွမ္းျပည္နယ္ ေျမာက္ပိုင္း အေျခဆိုက္သတင္းဌာနတစ္ခုျဖစ္သည့္ ေ႐ႊဖီေျမသတင္းဌာနက စုေဆာင္းထား သည့္ စာရင္မ်ားအရ စစ္အာဏာသိမ္းၿပီးေနာက္ စစ္အာဏာရွင္ဆန႔္က်င္ဆႏၵျပၾကသည့္ ရွမ္းေျမာက္ေဒသ အတြင္း လားရႈိး၊ မူဆယ္၊ ကြတ္ခိုင္၊ ေက်ာက္မဲ၊ တန႔္ယန္း၊ မိုင္းရယ္၊ နမၼတူၿမိဳ႕နယ္မ်ားအတြင္း ဖမ္းဆီးခံရ သူ ၇၀ နီးပါးရွိၿပီး အေယာက္ ၃၀ ခန႔္သာ ျပန္လည္လြတ္ေျမာက္လာသည္ဟု သိရသည္။

Photo-Crd