ကချင် နယ်စပ် တိုက်ပွဲများ ဖြစ်လာ၍ လိုင်ဇာ စစ်ရှောင်များ ကတုတ်ကျင်းတူး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ မတ်လ ၂၂ ရက်။

ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA ထိန်းချုပ်နယ်မြေဖြစ်သည့် လိုင်ဇာမြို့က ဝေကြိုင်စစ်ရှောင်မှ စစ်ရှောင်များ ကတုတ်ကျင်းများ တူးနေသည်ဟု ဒေသခံများက ပြောသည်။

စစ်တပ်မှ အာဏာသိမ်းပြီးနောက် ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် အာဏာသိမ်းစစ်ကောင်စီတပ်တို့ အ ကြား ကချင်ပြည်နယ်အတွင်း တိုက်ပွဲများ ဖြစ်ပွားလာနေသည့်အတွက် အရေးပေါ် ပုန်းခိုနိုင်ရေး ယခုကဲ့သို့ ကတုတ်ကျင်းများ တူးနေရခြင်း ဖြစ်သည်ဟု လိုင်ဇာဒေသခံများက အတည်ပြုပြောသည်။

“ဝေကြိုင်စစ်ရှောင်စခန်းက စစ်ရှောင်တွေ ကတုတ်ကျင်းတူနေကြတာပါ။ သူတို့အစီအစဉ်နဲ့ သူတို့တူးတာပါ။ အထက်ကပြောလို့ တူးတာတော့ မဟုတ်ဘူး။ ဒီရက်ပိုင်း ဆဒုံးတို့ဘက်မှာလည်း တိုက်ပွဲတွေဖြစ်လာတော့ စိုးရိမ် လို့ အရေးပေါ် တစ်ခုခုဆို ပုန်းနိုင်အောင် တူးထားကြတာပါ။ တိုက်ပွဲတွေကလည်း ပြင်းထန်လာနိုင်တယ် လေ နော်။ အဲ့ဒါစိုးရိမ်ပြီး တူးကြတဲ့သဘောပါ” ဟု လိုင်ဇာဒေသခံတစ်ဦး က ပြောသည်။

ထို့အပြင် လိုင်ဇာမြို့အတွင်းရှိ ရပ်ကွက်အလိုက် လူဦးရေစာရင်းများကိုလည်း သက်ဆိုင်ရာက စစ်ဆေးမှုများ ပြု လုပ်လျှက်ရှိသည်ဟု အဆိုပါ လိုင်ဇာဒေသခံက ဆက်ပြောသည်။

“လူစစ်တယ်၊ ဘယ်အိမ်မှာ လူဘယ်နှစ်ယောက်နေလဲ၊ ဘယ်သူတွေရှိလဲပေါ့၊ ဘာမှမလုပ်ဘူး။ လူဦးရေစာရင်း စစ်တဲ့ သဘောမျိုးပဲ။ လိုင်ဇာမှာက အခု အေးအေးဆေးဆေးပါပဲ။ စစ်ရှောင်တွေကတော့ စိုးရိမ်တာပေါ့နော်။ အခြေအနေကတော့ ဘာမှ တိတိကျကျတော့ ပြောလို့မရဘူး။ ဘယ်အချိန်ဘာဖြစ်မလဲဆိုတာ ဘယ်သူမှ မသိ ဘူးလေနော်။ ဒီမှာ လူဦးရေစာရင်းစစ်တယ်ဆိုတာက တိုက်ပွဲတွေ ဖြစ်လာတော့ ဒီအတိုင်းစစ်တဲ့သဘောပါပဲ။ မနေ့ကဆိုရင်လည်း ဆဒုံးဘက်မှာ တိုက်ပွဲတွေဖြစ်တယ်နော်။ အခုဆိုရင် နယ်စပ်တွေမှာ တိုက်ပွဲတွေက စဖြစ် လာပြီ” ဟု ဆက်ပြောသည်။

ကချင်ပြည်နယ်၊ ဆဒုံးဒေသအတွင်း ယမန်နေ့ညက ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် အာဏာသိမ်းစစ် ကောင်စီ စစ်တပ်တို့အကြား တိုက်ပွဲများ ဖြစ်ပွားလျှက်ရှိသည်ဟု ဒေသခံများက ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် မတ်လအတွင်း ကချင်လွပ်လပ်ရေးတပ်မတော် KIA နှင့် မြန်မာစစ်တပ်တို့ အကြား အင်ဂျန်းယန်မြို့နယ်၊ မိုးညှင်းမြို့နယ်အတွင်း၊ ဖားကန့်မြို့နယ်၊ ကားမိုင်းမြို့နယ်၊ တနိုင်း-လီဒိုလမ်းမပေါ် နှင့် ဆဒုံးမြို့နယ်များတွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားလျှက်ရှိပြီး၊ နှစ်ဖက်စစ်ရေးတင်းမာလျှက်ရှိသည်ဟု ဒေသခံများက ပြောသည်။

အင်ဂျန်းယန်မြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့်လည်း စစ်ရှောင် ၂၀၀ ကျော် မြစ်ကြီးနား ပလနနယ်မြေအတွင်းရှိ စစ်ဘေးရှောင်စခန်းများသို့ စစ်ဘေးတိန်းရှောင်လာသည်များလည်း ရှိသည်။

ယခု ကတုတ်ကျင်းများ တူးနေသည့် လိုင်ဇာမြို့အတွင်း ဝေကြိုင်စစ်ရှောင်စခန်းအနီး နေရာသည် ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် ဒီဇင်ဘာ လ တုန်းကလည်း မြန်မာစစ်တပ်မှ ပစ်ခတ်ခဲ့သည့် လက်နက်ကြီးကျည် ကျရောက်ပေါက် ကွဲမှုများ ဖြစ်ပေါ်ခဲ့ သည်။

ထိုအချိန်က မြန်မာစစ်တပ်၏ လက်နက်ကြီးကျည်ကြောင့် စစ်ဘေးရှောင်ပြည်သူအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ သည်များ ရှိခဲ့သည်။

*** ZAWGYI ***
ကခ်င္ နယ္စပ္ တိုက္ပြဲမ်ား ျဖစ္လာ၍ လိုင္ဇာ စစ္ေရွာင္မ်ား ကတုတ္က်င္းတူး

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ မတ္လ ၂၂ ရက္။

ကခ်င္လြတ္လပ္ေရးအဖြဲ႕ KIO/KIA ထိန္းခ်ဳပ္နယ္ေျမျဖစ္သည့္ လိုင္ဇာၿမိဳ႕က ေဝႀကိဳင္စစ္ေရွာင္မွ စစ္ေရွာင္မ်ား ကတုတ္က်င္းမ်ား တူးေနသည္ဟု ေဒသခံမ်ားက ေျပာသည္။

စစ္တပ္မွ အာဏာသိမ္းၿပီးေနာက္ ကခ်င္လြတ္လပ္ေရးတပ္မေတာ္ KIA ႏွင့္ အာဏာသိမ္းစစ္ေကာင္စီတပ္တို႔ အ ၾကား ကခ်င္ျပည္နယ္အတြင္း တိုက္ပြဲမ်ား ျဖစ္ပြားလာေနသည့္အတြက္ အေရးေပၚ ပုန္းခိုႏိုင္ေရး ယခုကဲ့သို႔ ကတုတ္က်င္းမ်ား တူးေနရျခင္း ျဖစ္သည္ဟု လိုင္ဇာေဒသခံမ်ားက အတည္ျပဳေျပာသည္။

“ေဝႀကိဳင္စစ္ေရွာင္စခန္းက စစ္ေရွာင္ေတြ ကတုတ္က်င္းတူေနၾကတာပါ။ သူတို႔အစီအစဥ္နဲ႔ သူတို႔တူးတာပါ။ အထက္ကေျပာလို႔ တူးတာေတာ့ မဟုတ္ဘူး။ ဒီရက္ပိုင္း ဆဒုံးတို႔ဘက္မွာလည္း တိုက္ပြဲေတြျဖစ္လာေတာ့ စိုးရိမ္ လို႔ အေရးေပၚ တစ္ခုခုဆို ပုန္းႏိုင္ေအာင္ တူးထားၾကတာပါ။ တိုက္ပြဲေတြကလည္း ျပင္းထန္လာႏိုင္တယ္ ေလ ေနာ္။ အဲ့ဒါစိုးရိမ္ၿပီး တူးၾကတဲ့သေဘာပါ” ဟု လိုင္ဇာေဒသခံတစ္ဦး က ေျပာသည္။

ထို႔အျပင္ လိုင္ဇာၿမိဳ႕အတြင္းရွိ ရပ္ကြက္အလိုက္ လူဦးေရစာရင္းမ်ားကိုလည္း သက္ဆိုင္ရာက စစ္ေဆးမႈမ်ား ျပဳ လုပ္လွ်က္ရွိသည္ဟု အဆိုပါ လိုင္ဇာေဒသခံက ဆက္ေျပာသည္။

“လူစစ္တယ္၊ ဘယ္အိမ္မွာ လူဘယ္ႏွစ္ေယာက္ေနလဲ၊ ဘယ္သူေတြရွိလဲေပါ့၊ ဘာမွမလုပ္ဘူး။ လူဦးေရစာရင္း စစ္တဲ့ သေဘာမ်ိဳးပဲ။ လိုင္ဇာမွာက အခု ေအးေအးေဆးေဆးပါပဲ။ စစ္ေရွာင္ေတြကေတာ့ စိုးရိမ္တာေပါ့ေနာ္။ အေျခအေနကေတာ့ ဘာမွ တိတိက်က်ေတာ့ ေျပာလို႔မရဘူး။ ဘယ္အခ်ိန္ဘာျဖစ္မလဲဆိုတာ ဘယ္သူမွ မသိ ဘူးေလေနာ္။ ဒီမွာ လူဦးေရစာရင္းစစ္တယ္ဆိုတာက တိုက္ပြဲေတြ ျဖစ္လာေတာ့ ဒီအတိုင္းစစ္တဲ့သေဘာပါပဲ။ မေန႔ကဆိုရင္လည္း ဆဒုံးဘက္မွာ တိုက္ပြဲေတြျဖစ္တယ္ေနာ္။ အခုဆိုရင္ နယ္စပ္ေတြမွာ တိုက္ပြဲေတြက စျဖစ္ လာၿပီ” ဟု ဆက္ေျပာသည္။

ကခ်င္ျပည္နယ္၊ ဆဒုံးေဒသအတြင္း ယမန္ေန႔ညက ကခ်င္လြတ္လပ္ေရးတပ္မေတာ္ KIA ႏွင့္ အာဏာသိမ္းစစ္ ေကာင္စီ စစ္တပ္တို႔အၾကား တိုက္ပြဲမ်ား ျဖစ္ပြားလွ်က္ရွိသည္ဟု ေဒသခံမ်ားက ေျပာသည္။

စစ္တပ္က အာဏာသိမ္းၿပီးေနာက္ မတ္လအတြင္း ကခ်င္လြပ္လပ္ေရးတပ္မေတာ္ KIA ႏွင့္ ျမန္မာစစ္တပ္တို႔ အၾကား အင္ဂ်န္းယန္ၿမိဳ႕နယ္၊ မိုးညႇင္းၿမိဳ႕နယ္အတြင္း၊ ဖားကန႔္ၿမိဳ႕နယ္၊ ကားမိုင္းၿမိဳ႕နယ္၊ တႏိုင္း-လီဒိုလမ္းမေပၚ ႏွင့္ ဆဒုံးၿမိဳ႕နယ္မ်ားတြင္ တိုက္ပြဲမ်ား ဆက္တိုက္ျဖစ္ပြားလွ်က္ရွိၿပီး၊ ႏွစ္ဖက္စစ္ေရးတင္းမာလွ်က္ရွိသည္ဟု ေဒသခံမ်ားက ေျပာသည္။

အင္ဂ်န္းယန္ၿမိဳ႕နယ္အတြင္း ျဖစ္ပြားခဲ့သည့္ တိုက္ပြဲမ်ားေၾကာင့္လည္း စစ္ေရွာင္ ၂၀၀ ေက်ာ္ ျမစ္ႀကီးနား ပလနနယ္ေျမအတြင္းရွိ စစ္ေဘးေရွာင္စခန္းမ်ားသို႔ စစ္ေဘးတိန္းေရွာင္လာသည္မ်ားလည္း ရွိသည္။

ယခု ကတုတ္က်င္းမ်ား တူးေနသည့္ လိုင္ဇာၿမိဳ႕အတြင္း ေဝႀကိဳင္စစ္ေရွာင္စခန္းအနီး ေနရာသည္ ၿပီးခဲ့သည့္ ၂၀၁၇ ခုႏွစ္ ဒီဇင္ဘာ လ တုန္းကလည္း ျမန္မာစစ္တပ္မွ ပစ္ခတ္ခဲ့သည့္ လက္နက္ႀကီးက်ည္ က်ေရာက္ေပါက္ ကြဲမႈမ်ား ျဖစ္ေပၚခဲ့ သည္။

ထိုအခ်ိန္က ျမန္မာစစ္တပ္၏ လက္နက္ႀကီးက်ည္ေၾကာင့္ စစ္ေဘးေရွာင္ျပည္သူအခ်ိဳ႕ ထိခိုက္ဒဏ္ရာရရွိခဲ့ သည္မ်ား ရွိခဲ့သည္။