ညောင်လေးပင်ခရိုင် KNU နှင့် တပ်မတော် စစ်ရေးတင်းမာ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ မတ်လ ၂၄ ရက်။

ကရင်အမျိုးသား အစည်းအရုံး KNU တပ်မဟာ ၃ ဧရိယာ ညောင်လေးပင်ခရိုင်ဖက်သို့ အာဏာသိမ်း စစ်ကောင် စီမှ စစ်အင်အားနှင့် ရိက္ခာ ဖြည့်တင်းမှုများ ရှိနေသည့်အတွက် စစ်ရေးတင်းမာမှုများရှိနေသည်ဟု ညောင်လေး ပင်ခရိုင် ကရင့်လူမှုရေးရာ အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထိုအနေအထားများကြောင့် အဆိုပါဒေသတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလာမည့် အနေအထားတွင် ရှိနေ သည်ဟု ညောင်လေးပင်ခရိုင် ကရင့်လူမှုရေးရာ အဖွဲ့မှ စောစိပတြော် က ပြောသည်။

၎င်းက “အခြေအနေကတော့ ဘယ်လိုပြောရမလဲဆိုတော့ သူတို့အင်အားတွေဖြည့်မယ် ဆက်တက်မယ်ဆို ရင် တော့ တိုက်ပွဲတွေအမြဲတမ်းဖြစ်နေမှာပဲ KNU ထိန်းချုပ်တဲ့ဖက်ကိုရောက်ရင်တော့ တိုက်ပွဲကတော့ ဖြစ်မှာပဲ” ဟု ပြောသည်။

မတ်လ ၂၃ ရက်နေ့(ယမန်နေ့) က အာဏာသိမ်းစစ်ကောင်စီမှ စစ်အင်အားနှင့် ရိက္ခာသယ်ပို့သည့် စစ်ကား ၁၆ စီး မှာ လက်ရှိ စစ်ရေးတင်းမာနေသည့် KNU တပ်မဟာ ၃ ညောင်လေးပင်ခရိုင်ဖက်သို့ တက်သွားသည်ဟု ညောင် လေးပင်ခရိုင် ကရင့်လူမှုရေးရာအဖွဲ့မှ တာဝန်ရှိသူ စောစိပတြော်က ဆက်ပြောသည်။

“မနေ့က ကား ၁၆ စီး တက်သွားတယ်။ ၉ စီးက ရိက္ခာသယ်သွားတယ်။ ခါလီက ၅ စီး ကျောက်ကြီးဖက် တက် သွားတယ်လို့ သိရတယ်။ စောမီလူတို့ ကျောက်ကြီး မူသယ် ကားလမ်းတို့ ဟိုအရင်က စစ်ရေးတင်းမာမှု ပစ်ခတ် မှု ဖြစ်ခဲ့တဲ့ အဲဒီ လမ်းဖက်ပေါ့ ခဲဒဲတို့ အဲဒီဖက်ကနေ ရိက္ခာပို့တာတို့ရှိတာ သိရတယ်။ သူတို့က ကျောက်ကြီးမြို့ တပ်ရင်း ၆၀ ကနေ ပြီးတော့ ညပိုင်းမှာ သူတို့ ဆက်ပြီးတော့ ရိက္ခာပို့တာပေါ့။”

မတ်လ ၂၂ ရက်နေ့ကလည်း အာဏာသိမ်းစစ်ကောင်စီ၏ ရိက္ခာပို့ဆောင်ပေးသည့် ကား ၂ စီ မြေမြုပ်မိုင်းထိ မှန် သည့် ဖြစ်စဉ်များရှိခဲ့သည်ဟု ဒေသခံများ၏ ပြောဆိုမှုကို ကိုးကား၍ ညောင်လေးပင်ခရိုင် ကရင်လူမှုရေးရာ တာဝန်ရှိသူက ဆိုသည်။

စောစိပတြော်က “ဟိုတစ်နေ့ကလည်း ၂၂ ရက်နေ့က တက်သွားတဲ့ ကား ၂ စီး မြေမြုပ်မိုင်း ထိ သွားတယ်လို့ ကြားတယ်။ အဲဒါက သူတို့တက်တဲ့ စောမီလူ ကျောက်ကြီး ခဲဒဲလမ်းပေါ့ လမ်းတစ်ဝက်မှာ စောမီလူ အထက် ဖက်ပေါ့နော အဲလိုကြားတယ်။ သူတို့တပ်အင်အားဖြည့်တာတို့ စစ်ရေးလှုပ်ရှားမှုတို့က ရှိနေတယ်။ ထိခိုက်ဒါ က တော့ ရှိတယ်လို့ကြားတယ်။ သူတို့ လူနာတွေ သယ်လာတာရှိတယ်လို့ ပြောကြတယ်။ သေတဲ့ လူတွေလည်း ကြားတယ်။ ဘယ်နှစ်ယောက် သေတယ်။ ဘယ်နှစ်ယောက် ထိခိုက်ဒဏ်ရာရသလဲ ဆိုတာ သေသေချာချာတော့ မသိရဘူး” ဟု ပြောသည်။

မတ်လ ၂၃ ရက်နေ့ (ယမန်နေ့) က KNU မှ ညောင်လေးပင်ခရိုင် အတွင်းရှိ အာဏာသိမ်းစစ်ကောင်စီ၏ တပ် အင် အားတိုးချဲ့များနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ချက်ထဲတွင် အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံတပ်များ သည် နတ်သံကွင်းမှ သံဘိုရှိ ခလရ(၆၀) တပ်ရင်းသို့ စစ်ကား(၁၆)စီးဖြင့် ဆန်၊ ဘိလပ်မြေ၊ မုန့်ပုံးနှင့် ပီပါပုံးများ ပို့ဆောင်လျက်ရှိသည့်အပြင် ကျောက်ကြီးမြို့ရှိ ဆိပ်ကြီးနှင့် မာလာဦး စစ်ဆေးရေးဂိတ်များတွင်လည်း လူအင် အားများ ဖြည့်ဆည်းလျက်ရှိသည်ကို တွေ့ရသည်ဟု ဆိုသည်။

ကရင်အမျိုးသား အစည်းအရုံး KNU သည် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် တော် လှန်ရေး အဖွဲ့အစည်းဖြစ်ပြီး NCA လက်မှတ်ရေးထိုးထားသည့် ကာလတွင်ပင် လက်ရှိ အာဏာသိမ်း စစ်ကောင်စီ ၏ လက်နက်ကိုင်အဖွဲ့များနှင့် တိုက်ပွဲများဖြစ်ပွားလျက်ရှိသည်။

လက်ရှိတွင်လည်း KNU နှင့် အာဏာသိမ်း စစ်ကောင်စီတို့အကြား နှစ်ဖက်စစ်ရေးတင်းမာမှုများမှာ ယခင်ကထက် ပိုမိုတင်းမာလျက်ရှိပြီး တိုက်ပွဲများလည်း ပြင်းထန်စွာ ဖြစ်ပွားနေသည်ဟု သိရသည်။

*** ZAWGYI ***
ေညာင္ေလးပင္ခ႐ိုင္ KNU ႏွင့္ တပ္မေတာ္ စစ္ေရးတင္းမာ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ မတ္လ ၂၄ ရက္။

ကရင္အမ်ိဳးသား အစည္းအ႐ုံး KNU တပ္မဟာ ၃ ဧရိယာ ေညာင္ေလးပင္ခ႐ိုင္ဖက္သို႔ အာဏာသိမ္း စစ္ေကာင္ စီမွ စစ္အင္အားႏွင့္ ရိကၡာ ျဖည့္တင္းမႈမ်ား ရွိေနသည့္အတြက္ စစ္ေရးတင္းမာမႈမ်ားရွိေနသည္ဟု ေညာင္ေလး ပင္ခ႐ိုင္ ကရင့္လူမႈေရးရာ အဖြဲ႕မွ တာဝန္ရွိသူတစ္ဦးက ေျပာသည္။

ထိုအေနအထားမ်ားေၾကာင့္ အဆိုပါေဒသတြင္ တိုက္ပြဲမ်ား ဆက္လက္ျဖစ္ပြားလာမည့္ အေနအထားတြင္ ရွိေန သည္ဟု ေညာင္ေလးပင္ခ႐ိုင္ ကရင့္လူမႈေရးရာ အဖြဲ႕မွ ေစာစိပေၾတာ္ က ေျပာသည္။

၎က “အေျခအေနကေတာ့ ဘယ္လိုေျပာရမလဲဆိုေတာ့ သူတို႔အင္အားေတြျဖည့္မယ္ ဆက္တက္မယ္ဆို ရင္ ေတာ့ တိုက္ပြဲေတြအၿမဲတမ္းျဖစ္ေနမွာပဲ KNU ထိန္းခ်ဳပ္တဲ့ဖက္ကိုေရာက္ရင္ေတာ့ တိုက္ပြဲကေတာ့ ျဖစ္မွာပဲ” ဟု ေျပာသည္။

မတ္လ ၂၃ ရက္ေန႔(ယမန္ေန႔) က အာဏာသိမ္းစစ္ေကာင္စီမွ စစ္အင္အားႏွင့္ ရိကၡာသယ္ပို႔သည့္ စစ္ကား ၁၆ စီး မွာ လက္ရွိ စစ္ေရးတင္းမာေနသည့္ KNU တပ္မဟာ ၃ ေညာင္ေလးပင္ခ႐ိုင္ဖက္သို႔ တက္သြားသည္ဟု ေညာင္ ေလးပင္ခ႐ိုင္ ကရင့္လူမႈေရးရာအဖြဲ႕မွ တာဝန္ရွိသူ ေစာစိပေၾတာ္က ဆက္ေျပာသည္။

“မေန႔က ကား ၁၆ စီး တက္သြားတယ္။ ၉ စီးက ရိကၡာသယ္သြားတယ္။ ခါလီက ၅ စီး ေက်ာက္ႀကီးဖက္ တက္ သြားတယ္လို႔ သိရတယ္။ ေစာမီလူတို႔ ေက်ာက္ႀကီး မူသယ္ ကားလမ္းတို႔ ဟိုအရင္က စစ္ေရးတင္းမာမႈ ပစ္ခတ္ မႈ ျဖစ္ခဲ့တဲ့ အဲဒီ လမ္းဖက္ေပါ့ ခဲဒဲတို႔ အဲဒီဖက္ကေန ရိကၡာပို႔တာတို႔ရွိတာ သိရတယ္။ သူတို႔က ေက်ာက္ႀကီးၿမိဳ႕ တပ္ရင္း ၆၀ ကေန ၿပီးေတာ့ ညပိုင္းမွာ သူတို႔ ဆက္ၿပီးေတာ့ ရိကၡာပို႔တာေပါ့။”

မတ္လ ၂၂ ရက္ေန႔ကလည္း အာဏာသိမ္းစစ္ေကာင္စီ၏ ရိကၡာပို႔ေဆာင္ေပးသည့္ ကား ၂ စီ ေျမျမဳပ္မိုင္းထိ မွန္ သည့္ ျဖစ္စဥ္မ်ားရွိခဲ့သည္ဟု ေဒသခံမ်ား၏ ေျပာဆိုမႈကို ကိုးကား၍ ေညာင္ေလးပင္ခ႐ိုင္ ကရင္လူမႈေရးရာ တာဝန္ရွိသူက ဆိုသည္။

ေစာစိပေၾတာ္က “ဟိုတစ္ေန႔ကလည္း ၂၂ ရက္ေန႔က တက္သြားတဲ့ ကား ၂ စီး ေျမျမဳပ္မိုင္း ထိ သြားတယ္လို႔ ၾကားတယ္။ အဲဒါက သူတို႔တက္တဲ့ ေစာမီလူ ေက်ာက္ႀကီး ခဲဒဲလမ္းေပါ့ လမ္းတစ္ဝက္မွာ ေစာမီလူ အထက္ ဖက္ေပါ့ေနာ အဲလိုၾကားတယ္။ သူတို႔တပ္အင္အားျဖည့္တာတို႔ စစ္ေရးလႈပ္ရွားမႈတို႔က ရွိေနတယ္။ ထိခိုက္ဒါ က ေတာ့ ရွိတယ္လို႔ၾကားတယ္။ သူတို႔ လူနာေတြ သယ္လာတာရွိတယ္လို႔ ေျပာၾကတယ္။ ေသတဲ့ လူေတြလည္း ၾကားတယ္။ ဘယ္ႏွစ္ေယာက္ ေသတယ္။ ဘယ္ႏွစ္ေယာက္ ထိခိုက္ဒဏ္ရာရသလဲ ဆိုတာ ေသေသခ်ာခ်ာေတာ့ မသိရဘူး” ဟု ေျပာသည္။

မတ္လ ၂၃ ရက္ေန႔ (ယမန္ေန႔) က KNU မွ ေညာင္ေလးပင္ခ႐ိုင္ အတြင္းရွိ အာဏာသိမ္းစစ္ေကာင္စီ၏ တပ္ အင္ အားတိုးခ်ဲ႕မ်ားႏွင့္ ပတ္သက္၍ သတင္းထုတ္ျပန္ခ်က္ထဲတြင္ အာဏာသိမ္းစစ္ေကာင္စီ လက္ေအာက္ခံတပ္မ်ား သည္ နတ္သံကြင္းမွ သံဘိုရွိ ခလရ(၆၀) တပ္ရင္းသို႔ စစ္ကား(၁၆)စီးျဖင့္ ဆန္၊ ဘိလပ္ေျမ၊ မုန႔္ပုံးႏွင့္ ပီပါပုံးမ်ား ပို႔ေဆာင္လ်က္ရွိသည့္အျပင္ ေက်ာက္ႀကီးၿမိဳ႕ရွိ ဆိပ္ႀကီးႏွင့္ မာလာဦး စစ္ေဆးေရးဂိတ္မ်ားတြင္လည္း လူအင္ အားမ်ား ျဖည့္ဆည္းလ်က္ရွိသည္ကို ေတြ႕ရသည္ဟု ဆိုသည္။

ကရင္အမ်ိဳးသား အစည္းအ႐ုံး KNU သည္ NCA လက္မွတ္ေရးထိုးထားသည့္ တိုင္းရင္းသား လက္နက္ကိုင္ ေတာ္ လွန္ေရး အဖြဲ႕အစည္းျဖစ္ၿပီး NCA လက္မွတ္ေရးထိုးထားသည့္ ကာလတြင္ပင္ လက္ရွိ အာဏာသိမ္း စစ္ေကာင္စီ ၏ လက္နက္ကိုင္အဖြဲ႕မ်ားႏွင့္ တိုက္ပြဲမ်ားျဖစ္ပြားလ်က္ရွိသည္။

လက္ရွိတြင္လည္း KNU ႏွင့္ အာဏာသိမ္း စစ္ေကာင္စီတို႔အၾကား ႏွစ္ဖက္စစ္ေရးတင္းမာမႈမ်ားမွာ ယခင္ကထက္ ပိုမိုတင္းမာလ်က္ရွိၿပီး တိုက္ပြဲမ်ားလည္း ျပင္းထန္စြာ ျဖစ္ပြားေနသည္ဟု သိရသည္။