KIA က ဗျူဟာမြောက် အရေးပါသော စခန်းကုန်းများ သိမ်းဆည်း

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ မတ်လ ၂၅ ရက်။

ကချင်လွတ်လပ်ရေးတပ်မတော် KIA က အာဏာသိမ်းစစ်ကောင်စီ၏ စစ်ရေးအရ အရေးကြီးသည့် ဗျူဟာကုန်း တစ်ကုန်းအပါအဝင် စစ်စခန်းကုန်းသုံးကုန်းကို သိမ်းပိုက်လိုက်ပြီဟု KIA တာဝန်ရှိသူများက အတည်ပြု ပြောသည်။

KIA က အာဏာသိမ်းစစ်ကောင်စီ၏ အလောဒ့်တောင် (Alaw Bum) စခန်းကုန်းအပါအဝင် ပိုစ့်ကုန်း သုံးကုန်းကို သိမ်းနိုင်ခဲ့သည်ဟု ရှေ့တန်းရောက် KIA စစ်တပ်က တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောသည်။

“လိုင်းပေါ်မှာ သတင်းတွေ တင်ထားတာမှန်ပါတယ်။ တကယ်သိမ်းလိုက်တာပါ။ မနေ့ညနေ ၅ နာရီလောက်က တည်းက တိုက်ကြတာဖြစ်တယ်။ ကျနော်တို့ဘက်က တပ်ရင်း ၂၅၊ တပ်ရင်း ၃၀နဲ့ မဟာမိတ်တပ်တွေ ပေါင်း တယ်။ အလော့ဒ်ဘွမ်က ခမရ ၃၈၇၊ အောက်က ၁၄၂ အဲ့ဒီတပ်တွေနဲ့ ဖြစ်တာဟုတ်တယ်။ တောင်မကြီးက အလော့ဒ်ဘွမ်ရယ်၊ နောက်ထပ်နှစ်ခုက မိုင်ပေါက်နဲ့ ရှန်ထုံး Post နှစ်ကိုလည်း သိမ်းလိုက်တယ်။”

တိုက်ပွဲတွင် တပ်ရင်းမှူးတစ်ဦး၊ တပ်ကြပ်ကြီး တစ်ဦးနှင့် တပ်သား ၃ ဦး စုစုပေါင်း ၅ ဦး လက်ရ ဖမ်းဆီးမိကြောင်း ကေအိုင်အေ အရာရှိက ပြောသည်။

ယခု KIA က သိမ်းလိုက်သည့် စစ်စခန်းကုန်းများမှာလည်း စစ်ရေးအရ အရေးကြီးသည့် ကုန်းများ ဖြစ်သည်ဟု ဆက် ပြောသည်။

“အလော့ဒ်ဘွမ်က လိုင်ဇာနဲ့မိုင်ဂျာယန်ဆက်သွယ်ထားတဲ့ လမ်းမပေါ်မှာရှိတဲ့ အရေးပါတဲ့ စစ်ကုန်းပါပဲ။ လိုင်ဇာ နဲ့ မိုင်ဂျာယန်ကို ဖြတ်တောက်ပေးလို့ရတာမျိုးပေါ့။ စိုးမိုးကုန်းပေါ့။ ဗျူဟာမြောက်တဲ့ကုန်းပေါ့။ စစ်ရှောင်စခန်း IDPs စခန်းတွေ ဂျေယန့်၊ ဖုန်လုန်ယန်တို့ကိုလည်း ခြိမ်းခြောက်နိုင်တဲ့နေရာတွေပေါ့၊ လှမ်းပစ် ခြိမ်းခြောက်လို့ရ တဲ့ နေရာတွေပေါ့။ လက်နက်ကြီးတွေ လှမ်းပစ်တာမျိုးလုပ်လို့ရတဲ့နေရာပေါ့။”

ကချင်လွတ်လပ်ရေးတပ်မတော် KIA က အာဏာသိမ်းစစ်ကောင်စီ၏ လက်နက်ကိုင် တပ်စခန်းများကို တစ် ပြိုက်နက်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့သည့်အတွက် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။
ကချင်လွတ်လပ်ရေးအဖွဲ့ KIO သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ က မနေ့က တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း ပြောသည်။

၎င်းက “မနေ့က ညနေ ၅ နာရီခွဲကနေစတာ တိုက်ပွဲကတော့ ဆက်ရှိနေပါ တယ်။ ဒီမနက် လည်း အစောကြီး ပြန်ဖြစ်နေတယ်။ တိုက်ပွဲဖြစ်တဲ့ နေရာကတော့ သိပ်တော့ မဝေးဘူးပေါ့ အလော့ဒ်ဘွမ်ဆိုတဲ့ နေရာမှာ ဖြစ်တယ်။ လိုင်ဇာနဲ့ မိုင်ဂျာယာန်သွားတဲ့ လမ်းက တစ်ဝက်လောက်ရှိတဲ့ နေရာမှာ ဖြစ်ပါတယ်” ဟု ပြောသည်။

အလော့ဒ်ဘွမ်စခန်းကုန်းအပါအဝင် အနီးအနားရှိ အာဏာသိမ်းစစ်ကောင်စီ၏ ကာကင်းတပ်စခန်းများကိုပါ KIA က တစ်ပြိုက်နက်တည်းဝင်ရောက်တိုက်ခိုက်သည်ဟု ဆိုသည်။

ဗိုလ်မှူးကြီး နော်ဘူက “တစ်ခြားနေရာ ဆိုတာကတော့ ဝေးတဲ့ နေရာက မဟုတ်ဘူး။ အလော့ဒ်ဘွမ်စခန်းရဲ့ အနီးအနားက ကာကင်းတွေပေါ့ အထောက်အကူပြုတဲ့ တပ်တွေအဲဒီဖက်မှာ ဖြစ်တာပါ။ တစ်ခြားနေရာက ဖြစ် တာတော့ မဟုတ်ဘူးပေါ့။ အဲက တစ်ဝိုက်ပေါ့ စစ်တိုက်တာကသိတဲ့အတိုင်း ပတ်ဝန်းကျင်မှာတော့ ကာကင်း တွေ တပ်စခန်းတွေ အများကြီးချထားတာရှိပါတယ်။ အဲဒီကိုအားလုံး တစ်ခါတည်း တိုက်ပွဲတွေ ဖြစ်တဲ့ အနေ အထားဖြစ်ပါတယ်။ တစ်ခြားနေရာမှာတော့ မဟုတ်ဘူး အဲဒီတစ်ဝိုက်လောက်ဖြစ်ပါတယ်” ဟု ပြောသည်။

ယမန်နေ့တိုက်ပွဲအတွင်း အလော့ဒ်ဘွမ်စခန်းကုန်းအပါအဝင် အနီးအနားရှိ တပ်စခန်းများကို KIA က သိမ်းပိုက် ရယူထားသည်ဟု ဆိုသည့် သတင်းကိုမူ မေးမြန်းသည့်အချိန်တွင် အတည်ပြုရရှိခြင်းမရှိသေးကြောင်း KIO သတင်းနှင့် ပြန်ကြားရေး တာဝန်ခံက ပြောသည်။

အာဏာသိမ်းစစ်ကောင်စီ လက်နက်ကိုင်တပ်ဖွဲ့များ၏ တပ်စခန်းများကို ဝင်ရောက်တိုက်ခိုက်ရသည့် အကြောင်း နှင့်ပတ်သက်၍ ဗိုလ်မှူးကြီး နော်ဘူက ယခုကဲ့သို့ ပြောသည်။

ဗိုလ်မှူးကြီး နော်ဘူက “အကြောင်းအရင်းက ဒီလိုရှိမှာပါ။ ဒီ မတ်လ ၂၁ ရက်နေ့ကနေ နှစ်ရက် သုံးရက်လောက် ပေါ့ တပ်မတော်က ကျနော်တို့ တပ်စခန်းဆီမှာ လက်နက်ကြီးနဲ့ ပစ်တယ် သူတို့ ရန်စပြီးမှ ကျနော်တို့ကို အရင် ပစ်တာတွေ ရှိတယ်။ ကျနော်တို့ရဲ့ ဖာလမ်ဘွမ် ဆမား အဲဒီကြားက ကျနော်တို့ရဲ့ တပ်စခန်း ပို့စ်ဖက်မှာလည်း ၂၂ ရက်နေ့ည တစ်ညလုံး ဆမားဖက်ကနေ လက်နက်ကြီး လက်နက်ငယ်နဲ့ ပစ်ခဲ့တာရှိတယ်။ နောက်တစ်ခု က တော့ ၂၃ ရက်နေ့မှာလည်းပဲ ကျနော်တို့ တပ်ရင်း ၃ ဌာနချုပ်ဖြစ်နေတဲ့ ဒီဆဒုံးဖက်မှာလေ သူတို့ လက်နက်ကြီး နဲ့ ပစ်တာ ကျနော်တို့ရဲ့ တပ်စခန်းတွေကို ပစ်တာရှိတယ်။ နောက်ပြည်သူလူထုရှိတဲ့ စစ်ရှောင်စခန်းမှာလည်း သူ တို့က လက်နက်ကြီးနဲ့ ပစ်တာ အဲဒါလက်နက်ကြီး ကျည်ဆန်ကတော့ တရုတ်ပြည်ဖက်ကမ်းမှာတောင် ၂ လုံး ကျတာရှိတယ်။ ၂ လုံးပေါက်ကွဲသွားတာရှိတယ်။ ဆိုတော့ သူတို့ ဖက်ကနေ ကျနော်တို့ကို အရင်ရန်စပြီးမှ ပစ် တာ ဒါကြောင့် ကျနော်တို့လည်း ဒီဖက်ပြန်ပစ်တဲ့ အနေအထား ဖြစ်ပါတယ်” ဟု ပြောသည်။

လက်ရှိအချိန်တွင်လည်း အာဏာသိမ်းစစ်ကောင်စီ၏ လက်နက်ကိုင်တပ်မျတားက အဆိုပါဒေသတွင် စစ်ရေး လှုပ်ရှားမှုများ ဆက်လက်ရှိနေပြီး နှစ်ဖက်စစ်ရေး တင်းမာနေသည့် အနေအထားတွင်ရှိသည်ဟု ဆိုသည်။

တပ်မတော်မှ အာဏာသိမ်းပြီးနောက် ကချင်လွတ်လပ်ရေး တပ်မတော် KIA နှင့် အာဏာ သိမ်းစစ်ကောင်စီ၏ လက်နက်ကိုင်တပ်များအကြား ကချင်ပြည်နယ်တွင်သာမက ရှမ်းပြည်နယ် မြောက်ပိုင်းတွင်လည်း တိုက်ပွဲများ ပြင်းထန်စွာ ပြန်လည်ဖြစ်ပွားလာနေသည်မှာ ယနေ့အချိန်အထိဖြစ်သည်။

*** ZAWGYI ***
KIA က ဗ်ဴဟာေျမာက္ အေရးပါေသာ စခန္းကုန္းမ်ား သိမ္းဆည္း

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ မတ္လ ၂၅ ရက္။

ကခ်င္လြတ္လပ္ေရးတပ္မေတာ္ KIA က အာဏာသိမ္းစစ္ေကာင္စီ၏ စစ္ေရးအရ အေရးႀကီးသည့္ ဗ်ဴဟာကုန္း တစ္ကုန္းအပါအဝင္ စစ္စခန္းကုန္းသံုးကုန္းကို သိမ္းပိုက္လိုက္ၿပီဟု KIA တာဝန္ရွိသူမ်ားက အတည္ျပဳ ေျပာသည္။

KIA က အာဏာသိမ္းစစ္ေကာင္စီ၏ အေလာဒ့္ေတာင္ (Alaw Bum) စခန္းကုန္းအပါအဝင္ ပိုစ့္ကုန္း သံုးကုန္းကို သိမ္းနိုင္ခဲ့သည္ဟု ေရွ႕တန္းေရာက္ KIA စစ္တပ္က တာဝန္ရွိသူတစ္ဦးက အတည္ျပဳေျပာသည္။

“လုိင္းေပၚမွာ သတင္းေတြ တင္ထားတာမွန္ပါတယ္။ တကယ္သိမ္းလိုက္တာပါ။ မေန႔ညေန ၅ နာရီေလာက္က တည္းက တုိက္ၾကတာျဖစ္တယ္။ က်ေနာ္တုိ႔ဘက္က တပ္ရင္း ၂၅၊ တပ္ရင္း ၃၀နဲ႔ မဟာမိတ္တပ္ေတြ ေပါင္း တယ္။ အေလာ့ဒ္ဘြမ္က ခမရ ၃၈၇၊ ေအာက္က ၁၄၂ အဲ့ဒီတပ္ေတြနဲ႔ ျဖစ္တာဟုတ္တယ္။ ေတာင္မႀကီးက အေလာ့ဒ္ဘြမ္ရယ္၊ ေနာက္ထပ္ႏွစ္ခုက မုိင္ေပါက္နဲ႔ ရွန္ထံုး Post ႏွစ္ကိုလည္း သိမ္းလိုက္တယ္။”

တိုက္ပြဲတြင္ တပ္ရင္းမွဴးတစ္ဦး၊ တပ္ၾကပ္ၾကီး တစ္ဦးနွင့္ တပ္သား ၃ ဦး စုစုေပါင္း ၅ ဦး လက္ရ ဖမ္းဆီးမိေၾကာင္း ေကအိုင္ေအ အရာရွိက ေျပာသည္။

ယခု KIA က သိမ္းလိုက္သည့္ စစ္စခန္းကုန္းမ်ားမွာလည္း စစ္ေရးအရ အေရးႀကီးသည့္ ကုန္းမ်ား ျဖစ္သည္ဟု ဆက္ ေျပာသည္။

“အေလာ့ဒ္ဘြမ္က လိုင္ဇာနဲ႔မုိင္ဂ်ာယန္ဆက္သြယ္ထားတဲ့ လမ္းမေပၚမွာရွိတဲ့ အေရးပါတဲ့ စစ္ကုန္းပါပဲ။ လိုင္ဇာ နဲ႔ မုိင္ဂ်ာယန္ကို ျဖတ္ေတာက္ေပးလို႔ရတာမ်ိဳးေပါ့။ စိုးမိုးကုန္းေပါ့။ ဗ်ဴဟာေျမာက္တဲ့ကုန္းေပါ့။ စစ္ေရွာင္စခန္း IDPs စခန္းေတြ ေဂ်ယန္႔၊ ဖုန္လုန္ယန္တိို႔ကိုလည္း ၿခိမ္းေျခာက္ႏို္င္တဲ့ေနရာေတြေပါ့၊ လွမ္းပစ္ ၿခိမ္းေျခာက္လို႔ရ တဲ့ ေနရာေတြေပါ့။ လက္နက္ႀကီးေတြ လွမ္းပစ္တာမ်ိဳးလုပ္လို႔ရတဲ့ေနရာေပါ့။”

ကခ်င္လြတ္လပ္ေရးတပ္မေတာ္ KIA က အာဏာသိမ္းစစ္ေကာင္စီ၏ လက္နက္ကိုင္ တပ္စခန္းမ်ားကို တစ္ ၿပိဳက္နက္တည္း ၀င္ေရာက္တိုက္ခိုက္ခဲ့သည့္အတြက္ တိုက္ပြဲျပင္းထန္စြာ ျဖစ္ပြားခဲ့သည္။
ကခ်င္လြတ္လပ္ေရးအဖြဲ႔ KIO သတင္းႏွင့္ျပန္ၾကားေရး တာ၀န္ခံ ဗိုလ္မွဴးႀကီးေနာ္ဘူ က မေန့က တိုက္ပြဲမ်ား ျဖစ္ပြားခဲ့ေၾကာင္း ေျပာသည္။

၎က “မေန႔က ညေန ၅ နာရီခြဲကေနစတာ တိုက္ပြဲကေတာ့ ဆက္ရွိေနပါ တယ္။ ဒီမနက္ လည္း အေစာႀကီး ျပန္ျဖစ္ေနတယ္။ တိုက္ပြဲျဖစ္တဲ့ ေနရာကေတာ့ သိပ္ေတာ့ မေ၀းဘူးေပါ့ အေလာ့ဒ္ဘြမ္ဆိုတဲ့ ေနရာမွာ ျဖစ္တယ္။ လိုင္ဇာနဲ႔ မိုင္ဂ်ာယာန္သြားတဲ့ လမ္းက တစ္၀က္ေလာက္ရွိတဲ့ ေနရာမွာ ျဖစ္ပါတယ္” ဟု ေျပာသည္။

အေလာ့ဒ္ဘြမ္စခန္းကုန္းအပါအ၀င္ အနီးအနားရွိ အာဏာသိမ္းစစ္ေကာင္စီ၏ ကာကင္းတပ္စခန္းမ်ားကိုပါ KIA က တစ္ၿပိဳက္နက္တည္း၀င္ေရာက္တိုက္ခိုက္သည္ဟု ဆိုသည္။

ဗိုလ္မႉးႀကီး ေနာ္ဘူက “တစ္ျခားေနရာ ဆိုတာကေတာ့ ေ၀းတဲ့ ေနရာက မဟုတ္ဘူး။ အေလာ့ဒ္ဘြမ္စခန္းရဲ႕ အနီးအနားက ကာကင္းေတြေပါ့ အေထာက္အကူျပဳတဲ့ တပ္ေတြအဲဒီဖက္မွာ ျဖစ္တာပါ။ တစ္ျခားေနရာက ျဖစ္ တာေတာ့ မဟုတ္ဘူးေပါ့။ အဲက တစ္ဝိုက္ေပါ့ စစ္တိုက္တာကသိတဲ့အတိုင္း ပတ္၀န္းက်င္မွာေတာ့ ကာကင္း ေတြ တပ္စခန္းေတြ အမ်ားႀကီးခ်ထားတာရွိပါတယ္။ အဲဒီကိုအားလံုး တစ္ခါတည္း တိုက္ပြဲေတြ ျဖစ္တဲ့ အေန အထားျဖစ္ပါတယ္။ တစ္ျခားေနရာမွာေတာ့ မဟုတ္ဘူး အဲဒီတစ္ဝိုက္ေလာက္ျဖစ္ပါတယ္” ဟု ေျပာသည္။

ယမန္ေန႔တိုက္ပြဲအတြင္း အေလာ့ဒ္ဘြမ္စခန္းကုန္းအပါအ၀င္ အနီးအနားရွိ တပ္စခန္းမ်ားကို KIA က သိမ္းပိုက္ ရယူထားသည္ဟု ဆိုသည့္ သတင္းကိုမူ ေမးျမန္းသည့္အခ်ိန္တြင္ အတည္ျပဳရရွိျခင္းမရွိေသးေၾကာင္း KIO သတင္းႏွင့္ ျပန္ၾကားေရး တာ၀န္ခံက ေျပာသည္။

အာဏာသိမ္းစစ္ေကာင္စီ လက္နက္ကိုင္တပ္ဖြဲ႔မ်ား၏ တပ္စခန္းမ်ားကို ၀င္ေရာက္တိုက္ခိုက္ရသည့္ အေၾကာင္း ႏွင့္ပတ္သက္၍ ဗိုလ္မႉးႀကီး ေနာ္ဘူက ယခုကဲ့သို႔ ေျပာသည္။

ဗိုလ္မႉးႀကီး ေနာ္ဘူက “အေၾကာင္းအရင္းက ဒီလိုရွိမွာပါ။ ဒီ မတ္လ ၂၁ ရက္ေန႔ကေန ႏွစ္ရက္ သံုးရက္ေလာက္ ေပါ့ တပ္မေတာ္က က်ေနာ္တို႔ တပ္စခန္းဆီမွာ လက္နက္ႀကီးနဲ႔ ပစ္တယ္ သူတို႔ ရန္စၿပီးမွ က်ေနာ္တို႔ကို အရင္ ပစ္တာေတြ ရွိတယ္။ က်ေနာ္တို႔ရဲ႕ ဖာလမ္ဘြမ္ ဆမား အဲဒီၾကားက က်ေနာ္တို႔ရဲ႕ တပ္စခန္း ပို႔စ္ဖက္မွာလည္း ၂၂ ရက္ေန႔ည တစ္ညလံုး ဆမားဖက္ကေန လက္နက္ႀကီး လက္နက္ငယ္နဲ႔ ပစ္ခဲ့တာရွိတယ္။ ေနာက္တစ္ခု က ေတာ့ ၂၃ ရက္ေန႔မွာလည္းပဲ က်ေနာ္တို႔ တပ္ရင္း ၃ ဌာနခ်ဳပ္ျဖစ္ေနတဲ့ ဒီဆဒံုးဖက္မွာေလ သူတို႔ လက္နက္ႀကီး နဲ႔ ပစ္တာ က်ေနာ္တို႔ရဲ႕ တပ္စခန္းေတြကို ပစ္တာရွိတယ္။ ေနာက္ျပည္သူလူထုရွိတဲ့ စစ္ေရွာင္စခန္းမွာလည္း သူ တို႔က လက္နက္ႀကီးနဲ႔ ပစ္တာ အဲဒါလက္နက္ႀကီး က်ည္ဆန္ကေတာ့ တ႐ုတ္ျပည္ဖက္ကမ္းမွာေတာင္ ၂ လံုး က်တာရွိတယ္။ ၂ လံုးေပါက္ကြဲသြားတာရွိတယ္။ ဆိုေတာ့ သူတို႔ ဖက္ကေန က်ေနာ္တို႕ကို အရင္ရန္စၿပီးမွ ပစ္ တာ ဒါေၾကာင့္ က်ေနာ္တို႔လည္း ဒီဖက္ျပန္ပစ္တဲ့ အေနအထား ျဖစ္ပါတယ္” ဟု ေျပာသည္။

လက္ရွိအခ်ိန္တြင္လည္း အာဏာသိမ္းစစ္ေကာင္စီ၏ လက္နက္ကိုင္တပ္မ်တားက အဆိုပါေဒသတြင္ စစ္ေရး လႈပ္ရွားမႈမ်ား ဆက္လက္ရွိေနၿပီး ႏွစ္ဖက္စစ္ေရး တင္းမာေနသည့္ အေနအထားတြင္ရွိသည္ဟု ဆိုသည္။

တပ္မေတာ္မွ အာဏာသိမ္းၿပီးေနာက္ ကခ်င္လြတ္လပ္ေရး တပ္မေတာ္ KIA ႏွင့္ အာဏာ သိမ္းစစ္ေကာင္စီ၏ လက္နက္ကိုင္တပ္မ်ားအၾကား ကခ်င္ျပည္နယ္တြင္သာမက ရွမ္းျပည္နယ္ ေျမာက္ပိုင္းတြင္လည္း တိုက္ပြဲမ်ား ျပင္းထန္စြာ ျပန္လည္ျဖစ္ပြားလာေနသည္မွာ ယေန႔အခ်ိန္အထိျဖစ္သည္။