မြစ်ကြီးနား လိုင်ဇာ လမ်းတွင် တိုက်ပွဲဖြစ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ မတ်လ ၂၅ ရက်။

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် ကန်တော်ယန်အနီး တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလျှက်ရှိရာ ရွာသား အချို့ စစ်ဘေးတိမ်းရှောင်နေရသည်ဟု သိရသည်။

မတ်လ ၂၅ ရက်နေ့ (ယနေ့) တွင် ကန်တော်ယန်ကျေးရွာအနီး ဝင်ရောက်လာသည့် အာဏာသိမ်းစစ်ကောင်စီ၏ စစ်ကြောင်းများကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

ကချင်လွတ်လပ်ရေးအဖွဲ့ KIO သတင်းနှင်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက “ဒီစစ်သားတွေရဲ့ မော် တော်ယာဉ်တွေကို တိုက်တယ်ဆိုတဲ့ သတင်းတော့ကြားတယ်။ ဘယ်မှာတိုက်တယ်၊ ဘယ်မချိန်တိုက်တယ် ဆိုတဲ့ တပ်ပိုင်းဆိုင်ရာ အချက်အလက်တွေတော့ ဘာမှ မရသေးဘူး။ မေးတော့မေးထားတယ်။ ကန်တော်ယန်ကအခု ဖြစ်တာ ဝိုင်းမော်-မြစ်ကြီးနားကနေ တက်လာတဲ့ စစ်ကားတွေကို တိုက်တယ်ဆိုတဲ့သတင်းလောက်ပဲ ကြား သေးတယ်။ ကန်တော်ယန် စခန်းကို သွားတိုက်တာတော့ မဟုတ်လောက်ဘူး။ စစ်ရုံးကလည်း အခုထိ ဘာမှ တော့ မပြောသေးပါဘူး” ဟု ပြောသည်။

စစ်ကောင်စီ၏ တပ်များက KIO/KIA ဌာနချုပ်အနီး စစ်ကြောင်းများ ထပ်တိုးဝင်ရောက်လာခြင်းများ ရှိနေသည် ဟုလည်း KIA တာဝန်ရှိသူ တစ်ဦးက ပြောသည်။

“ရာဘာခြံမှာ ၂၅၆ နဲ့ ကန်တော်ယန်ရှေ့က ရာဘာခြံမှာ အဲ့မှာရှိတဲ့ ဗမာစစ်တပ်တွေနဲ့ ဖြစ်တယ်ဆိုတာလောက်ပဲ သိသေးတယ်။ အသေးစိတ်တော့ ဘာမှ မသိသေးဘူး။ စစ်ကြောင်းလည်းဝင်တယ်။ မော်တော်ယာဉ်တန်းနဲ့ ဝင် လာတာကိုလည်း ဗုံးခွဲတိုက်ခိုက်တာမျိုးပေါ့။ ကျနော်တို့ ထင်တာတော့ လိုင်ဇာကို ဝင်လာတာမျိုးပါ။ လိုင်ဇာကို ဝင် လာလို့ cut out လုပ်တဲ့သဘောပေါ့။ ဖြတ်ချတာပေါ့။ ဂန်ဒေါင်ယန်မှာက ဗျူဟာမှူးထိုင်တဲ့နေရာပဲ။ စကခ ၂၁ ရှိတာပေါ့။”

ဝိုင်းမော်မြို့နယ် ကန်တော်ယန် ကျေးရွာအနီး တိုက်ပွဲများ ဖြစ်ပွားလာနေသည့်အတွက် ဒေသခံ ရွာသားများ စစ် ဘေးလွတ်ရာ ထွက်ပြေးနေကြရသည်ဟု သိရသည်။

ဒေသခံတစ်ဦး က လည်း “ဌာနချုပ်နဲ့ နီးစပ်တဲ့ရွာတွေက ရွာသားတချို့တော့ ထွက်ပြေးကြတယ်။ တချို့လည်း မပြေးဘူး။ ဂန်ဒေါင်ယန်နားမှာ ဂျာပူတို့ နမ်ဆန်ယန်ရွာတို့ရှိတယ်။ ဂျာပူမှာတော့ ခြံပြန်လုပ်တဲ့လူတွေရှိတယ် သူတို့တွေက အခု စစ်ဖြစ်လာလို့ ထွက်ပြေးကြတာပါ” ဟု ပြောသည်။

မတ်လ ၂၅ ရက်နေ့ (ယနေ့) အစောပိုင်းကလည်း ကချင်လွတ်လပ်ရေးတပ်မတော် KIA က အာဏာသိမ်း စစ်ကောင်စီ၏ အလောဒ့်တောင် (Alaw Bum) စခန်းကုန်းအပါအဝင် ပိုစ့်ကုန်း သုံးကုန်းကို သိမ်းနိုင်ခဲ့သည်။

အဆိုပါ တိုက်ပွဲတွင် အာဏာသိမ်းစစ်ကောင်စီ၏ စစ်တပ်ဘက် က တပ်ရင်းမှူးတစ်ဦး၊ တပ်ကြပ်ကြီး တစ်ဦးနှင့် တပ်သား ၃ ဦး စုစုပေါင်း ၅ ဦး လက်ရ ဖမ်းဆီးမိကြောင်း ကေအိုင်အေ အရာရှိက ပြောသည်။

Photo – Crd

*** ZAWGYI ***
ျမစ္ႀကီးနား လိုင္ဇာ လမ္းတြင္ တိုက္ပြဲျဖစ္

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ မတ္လ ၂၅ ရက္။

ကခ်င္ျပည္နယ္၊ ဝိုင္းေမာ္ၿမိဳ႕နယ္ ကန္ေတာ္ယန္အနီး တိုက္ပြဲမ်ား ျပန္လည္ျဖစ္ပြားလွ်က္ရွိရာ ႐ြာသား အခ်ိဳ႕ စစ္ေဘးတိမ္းေရွာင္ေနရသည္ဟု သိရသည္။

မတ္လ ၂၅ ရက္ေန႔ (ယေန႔) တြင္ ကန္ေတာ္ယန္ေက်း႐ြာအနီး ဝင္ေရာက္လာသည့္ အာဏာသိမ္းစစ္ေကာင္စီ၏ စစ္ေၾကာင္းမ်ားကို ကခ်င္လြတ္လပ္ေရးတပ္မေတာ္ KIA က ဝင္ေရာက္တိုက္ခိုက္ခဲ့သည္ဟု သိရသည္။

ကခ်င္လြတ္လပ္ေရးအဖြဲ႕ KIO သတင္းႏွင္ျပန္ၾကားေရးတာဝန္ခံ ဗိုလ္မႉးႀကီးေနာ္ဘူက “ဒီစစ္သားေတြရဲ႕ ေမာ္ ေတာ္ယာဥ္ေတြကို တိုက္တယ္ဆိုတဲ့ သတင္းေတာ့ၾကားတယ္။ ဘယ္မွာတိုက္တယ္၊ ဘယ္မခ်ိန္တိုက္တယ္ ဆိုတဲ့ တပ္ပိုင္းဆိုင္ရာ အခ်က္အလက္ေတြေတာ့ ဘာမွ မရေသးဘူး။ ေမးေတာ့ေမးထားတယ္။ ကန္ေတာ္ယန္ကအခု ျဖစ္တာ ဝိုင္းေမာ္-ျမစ္ႀကီးနားကေန တက္လာတဲ့ စစ္ကားေတြကို တိုက္တယ္ဆိုတဲ့သတင္းေလာက္ပဲ ၾကား ေသးတယ္။ ကန္ေတာ္ယန္ စခန္းကို သြားတိုက္တာေတာ့ မဟုတ္ေလာက္ဘူး။ စစ္႐ုံးကလည္း အခုထိ ဘာမွ ေတာ့ မေျပာေသးပါဘူး” ဟု ေျပာသည္။

စစ္ေကာင္စီ၏ တပ္မ်ားက KIO/KIA ဌာနခ်ဳပ္အနီး စစ္ေၾကာင္းမ်ား ထပ္တိုးဝင္ေရာက္လာျခင္းမ်ား ရွိေနသည္ ဟုလည္း KIA တာဝန္ရွိသူ တစ္ဦးက ေျပာသည္။

“ရာဘာၿခံမွာ ၂၅၆ နဲ႔ ကန္ေတာ္ယန္ေရွ႕က ရာဘာၿခံမွာ အဲ့မွာရွိတဲ့ ဗမာစစ္တပ္ေတြနဲ႔ ျဖစ္တယ္ဆိုတာေလာက္ပဲ သိေသးတယ္။ အေသးစိတ္ေတာ့ ဘာမွ မသိေသးဘူး။ စစ္ေၾကာင္းလည္းဝင္တယ္။ ေမာ္ေတာ္ယာဥ္တန္းနဲ႔ ဝင္ လာတာကိုလည္း ဗုံးခြဲတိုက္ခိုက္တာမ်ိဳးေပါ့။ က်ေနာ္တို႔ ထင္တာေတာ့ လိုင္ဇာကို ဝင္လာတာမ်ိဳးပါ။ လိုင္ဇာကို ဝင္ လာလို႔ cut out လုပ္တဲ့သေဘာေပါ့။ ျဖတ္ခ်တာေပါ့။ ဂန္ေဒါင္ယန္မွာက ဗ်ဴဟာမႉးထိုင္တဲ့ေနရာပဲ။ စကခ ၂၁ ရွိတာေပါ့။”

ဝိုင္းေမာ္ၿမိဳ႕နယ္ ကန္ေတာ္ယန္ ေက်း႐ြာအနီး တိုက္ပြဲမ်ား ျဖစ္ပြားလာေနသည့္အတြက္ ေဒသခံ ႐ြာသားမ်ား စစ္ ေဘးလြတ္ရာ ထြက္ေျပးေနၾကရသည္ဟု သိရသည္။

ေဒသခံတစ္ဦး က လည္း “ဌာနခ်ဳပ္နဲ႔ နီးစပ္တဲ့႐ြာေတြက ႐ြာသားတခ်ိဳ႕ေတာ့ ထြက္ေျပးၾကတယ္။ တခ်ိဳ႕လည္း မေျပးဘူး။ ဂန္ေဒါင္ယန္နားမွာ ဂ်ာပူတို႔ နမ္ဆန္ယန္႐ြာတို႔ရွိတယ္။ ဂ်ာပူမွာေတာ့ ၿခံျပန္လုပ္တဲ့လူေတြရွိတယ္ သူတို႔ေတြက အခု စစ္ျဖစ္လာလို႔ ထြက္ေျပးၾကတာပါ” ဟု ေျပာသည္။

မတ္လ ၂၅ ရက္ေန႔ (ယေန႔) အေစာပိုင္းကလည္း ကခ်င္လြတ္လပ္ေရးတပ္မေတာ္ KIA က အာဏာသိမ္း စစ္ေကာင္စီ၏ အေလာဒ့္ေတာင္ (Alaw Bum) စခန္းကုန္းအပါအဝင္ ပိုစ့္ကုန္း သုံးကုန္းကို သိမ္းႏိုင္ခဲ့သည္။

အဆိုပါ တိုက္ပြဲတြင္ အာဏာသိမ္းစစ္ေကာင္စီ၏ စစ္တပ္ဘက္ က တပ္ရင္းမႉးတစ္ဦး၊ တပ္ၾကပ္ႀကီး တစ္ဦးႏွင့္ တပ္သား ၃ ဦး စုစုေပါင္း ၅ ဦး လက္ရ ဖမ္းဆီးမိေၾကာင္း ေကအိုင္ေအ အရာရွိက ေျပာသည္။

Photo – Crd