မိုးညှင်းတွင် ပထမဆုံးအဖြစ် လူတစ်ဦး သေနတ်မှန်သေဆုံး 

သတင်းနှင့် မီဒီယာ ကွန်ရက်။ 
၂၀၂၁ ခုနှစ်၊ မတ်လ ၂၅ ရက်။

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်တွင် အာဏာသိမ်းစစ်ကောင်စီ၏ စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များ ပစ်ခတ်မှု ကြောင့် အရပ်သားပြည်သူတစ်ဦးသေဆုံးပြီး နှစ်ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများက ပြော သည်။

ယခု ဆန္ဒပြပွဲအတွင်း မိုးညှင်းမြို့တွင် ပထမဆုံး လူသေဆုံးခဲ့ခြင်းလည်းဖြစ်သည်။ 

မတ်လ ၂၅ ရက်နေ့ (ယနေ့) နံနက်ပိုင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ရန် စီစဉ်နေစဉ် ၁၇ ဦး ဖမ်း ဆီးခံခဲ့ရသည့်ကိစ္စနှင့်ပတ်သက်၍ ပြန်လွတ်ပေးရန် ရဲစခန်းရှေ့ သွားရောက်ဝန်းရံစဉ် ပစ်ခတ်ခံခဲ့ရခြင်း ဖြစ်သည် ဟု ဒေသခံများက ပြောသည်။

“ရဲစခန်းနားမှာဖြစ်တာ။ မြို့မရဲစခန်းနားမှာ ထိသွားတာပါ။ မနက်တုန်းက ဖမ်းခံရတဲ့ ၁၇ ယောက်ရှိတယ်။ မနက်တုန်းက သပိတ် ဆန္ဒပြမယ်ဆိုပြီးတော့ အဲ့ဒါ ဖမ်းခံရတဲ့လူတွေကို လွတ်ပေးဖို့ ပြန်သွားတောင်းမယ် ဆို ပြီးတော့လေ လူငယ်တစ်စုကနေပြီးမှ ရဲနဲ့သွားညှိနှိုင်းနေတုန်း စစ်တပ်က ရောက်လာပြီးမှ လှမ်းပစ်တာလို့ ပြောတယ်” ဟု မိုးညှင်းဒေသခံတစ်ဦး က ပြောသည်။

ယနေ့ ပစ်ခတ်မှုအတွင်း သေဆုံးသူအပြင် ထိခိုက်ဒဏ်ရာရရှိသူ နှစ်ဦးထက်မနည်း ရှိသည်ဟုလည်း ဒေသခံ များက ပြောသည်။

“ညှိနှိုင်းဖို့သွားတဲ့လူတွေထဲကထိတယ်။ လက်လည်းတစ်ယောက်ထိတယ်။ ပေါင်လည်း တစ်ယောက်ထိတယ် အဲ့ဒါ Confim ဖြစ်တယ်။ ဒဏ်ရာရတာ တခြားလည်း ရှိသေးတယ်လို့တော့ပြောတယ်။ ဒီမှာက မနက်ပိုင်း ၈ နာရီလောက်မှ သပိတ်စစ်ကြောင်းထွက်ဖို့လုပ်တာ ဖမ်းခံ လိုက် ရတာ။ ဆရာမတွေလည်းပါတယ်။ ဝန်ထမ်း တွေလည်းပါသွားတယ်။ လူငယ်တွေလည်းပါတယ်။ ဖမ်းခံရတာ တော့ ၁၇ ယောက်ရှိတယ်ဗျ” ဟု အမည် မဖော်လိုသူ တစ်ဦးက ပြောသည်။

မိုးညှင်းမြို့က သေဆုံးသူမှာ အသက်(၄၀)ရှိပြီဖြစ်ပြီး မိုးညှင်းမြို့၊ အောင်သပြေရပ်ကွက်တွင် နေထိုင်သူဖြစ်သည်။ ဝမ်းဗိုက်ကို ကျည်ထိမှန်ပြီး သေဆုံးသွားခြင်း ဖြစ်သည်ဟု မျက်မြင်သက်သေများက ပြော သည်။

ကချင်ပြည်နယ်အတွင်း စစ်အာဏာသိမ်းပြီးနောက် စစ်အာဏာဆန့်ကျင်ရေး သပိတ်စစ်ကြောင်းများကို အာဏာ သိမ်းစစ်ကောင်စီ၏ စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် သေဆုံးသူ ၄ ဦး ရှိပြီ ဖြစ်သည်။

မတ်လ ၈ ရက်နေ့က မြစ်ကြီးနားမြို့တွင် ၂ ဦး၊ ဖားကန့်မြို့တွင် မတ်လ ၁၄ ရက်နေ့က တစ်ဦးနှင့် ယနေ့ ပစ်ခတ်မှု အတွင်း မိုးညှင်းမြို့က တစ်ဦး သေဆုံးပြီ ဖြစ်သည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)၏ ကောက်ခံရရှိသည့် မှတ်တမ်းများအရ မတ် လ ၂၃ အထိ သေဆုံးသွားခဲ့သည့် အရပ်သားပြည်သူ (၂၈၆) ဦးရှိပြီဖြစ်သည်ဟု သိရသည်။ AAPP ၏ ထုတ်ပြန် ချက်အရ အမှန်တကယ် ကျဆုံးသူအရေအတွက်မှာ ယခုထုတ်ပြန်ထားသည့် စာရင်းထက်လည်း ပိုများနိုင်သည် ဟု ဆိုသည်။

Photo – Crd

*** ZAWGYI ***
မိုးညႇင္းတြင္ ပထမဆုံးအျဖစ္ လူတစ္ဦး ေသနတ္မွန္ေသဆုံး 

သတင္းႏွင့္ မီဒီယာ ကြန္ရက္။ 
၂၀၂၁ ခုႏွစ္၊ မတ္လ ၂၅ ရက္။

ကခ်င္ျပည္နယ္၊ မိုးညႇင္းၿမိဳ႕နယ္တြင္ အာဏာသိမ္းစစ္ေကာင္စီ၏ စစ္တပ္ႏွင့္ ရဲတပ္ဖြဲ႕ဝင္မ်ား ပစ္ခတ္မႈ ေၾကာင့္ အရပ္သားျပည္သူတစ္ဦးေသဆုံးၿပီး ႏွစ္ဦးထက္မနည္း ထိခိုက္ဒဏ္ရာရရွိခဲ့သည္ဟု ေဒသခံမ်ားက ေျပာ သည္။

ယခု ဆႏၵျပပြဲအတြင္း မိုးညႇင္းၿမိဳ႕တြင္ ပထမဆုံး လူေသဆုံးခဲ့ျခင္းလည္းျဖစ္သည္။ 

မတ္လ ၂၅ ရက္ေန႔ (ယေန႔) နံနက္ပိုင္းက စစ္အာဏာရွင္ဆန႔္က်င္ေရး ဆႏၵထုတ္ေဖာ္ရန္ စီစဥ္ေနစဥ္ ၁၇ ဦး ဖမ္း ဆီးခံခဲ့ရသည့္ကိစၥႏွင့္ပတ္သက္၍ ျပန္လြတ္ေပးရန္ ရဲစခန္းေရွ႕ သြားေရာက္ဝန္းရံစဥ္ ပစ္ခတ္ခံခဲ့ရျခင္း ျဖစ္သည္ ဟု ေဒသခံမ်ားက ေျပာသည္။

“ရဲစခန္းနားမွာျဖစ္တာ။ ၿမိဳ႕မရဲစခန္းနားမွာ ထိသြားတာပါ။ မနက္တုန္းက ဖမ္းခံရတဲ့ ၁၇ ေယာက္ရွိတယ္။ မနက္တုန္းက သပိတ္ ဆႏၵျပမယ္ဆိုၿပီးေတာ့ အဲ့ဒါ ဖမ္းခံရတဲ့လူေတြကို လြတ္ေပးဖို႔ ျပန္သြားေတာင္းမယ္ ဆို ၿပီးေတာ့ေလ လူငယ္တစ္စုကေနၿပီးမွ ရဲနဲ႔သြားညႇိႏႈိင္းေနတုန္း စစ္တပ္က ေရာက္လာၿပီးမွ လွမ္းပစ္တာလို႔ ေျပာတယ္” ဟု မိုးညႇင္းေဒသခံတစ္ဦး က ေျပာသည္။

ယေန႔ ပစ္ခတ္မႈအတြင္း ေသဆုံးသူအျပင္ ထိခိုက္ဒဏ္ရာရရွိသူ ႏွစ္ဦးထက္မနည္း ရွိသည္ဟုလည္း ေဒသခံ မ်ားက ေျပာသည္။

“ညႇိႏႈိင္းဖို႔သြားတဲ့လူေတြထဲကထိတယ္။ လက္လည္းတစ္ေယာက္ထိတယ္။ ေပါင္လည္း တစ္ေယာက္ထိတယ္ အဲ့ဒါ Confim ျဖစ္တယ္။ ဒဏ္ရာရတာ တျခားလည္း ရွိေသးတယ္လို႔ေတာ့ေျပာတယ္။ ဒီမွာက မနက္ပိုင္း ၈ နာရီေလာက္မွ သပိတ္စစ္ေၾကာင္းထြက္ဖို႔လုပ္တာ ဖမ္းခံ လိုက္ ရတာ။ ဆရာမေတြလည္းပါတယ္။ ဝန္ထမ္း ေတြလည္းပါသြားတယ္။ လူငယ္ေတြလည္းပါတယ္။ ဖမ္းခံရတာ ေတာ့ ၁၇ ေယာက္ရွိတယ္ဗ်” ဟု အမည္ မေဖာ္လိုသူ တစ္ဦးက ေျပာသည္။

မိုးညႇင္းၿမိဳ႕က ေသဆုံးသူမွာ အသက္(၄၀)ရွိၿပီျဖစ္ၿပီး မိုးညႇင္းၿမိဳ႕၊ ေအာင္သေျပရပ္ကြက္တြင္ ေနထိုင္သူျဖစ္သည္။ ဝမ္းဗိုက္ကို က်ည္ထိမွန္ၿပီး ေသဆုံးသြားျခင္း ျဖစ္သည္ဟု မ်က္ျမင္သက္ေသမ်ားက ေျပာ သည္။

ကခ်င္ျပည္နယ္အတြင္း စစ္အာဏာသိမ္းၿပီးေနာက္ စစ္အာဏာဆန႔္က်င္ေရး သပိတ္စစ္ေၾကာင္းမ်ားကို အာဏာ သိမ္းစစ္ေကာင္စီ၏ စစ္တပ္ႏွင့္ ရဲတပ္ဖြဲ႕ဝင္မ်ား၏ ပစ္ခတ္မႈေၾကာင့္ ေသဆုံးသူ ၄ ဦး ရွိၿပီ ျဖစ္သည္။

မတ္လ ၈ ရက္ေန႔က ျမစ္ႀကီးနားၿမိဳ႕တြင္ ၂ ဦး၊ ဖားကန႔္ၿမိဳ႕တြင္ မတ္လ ၁၄ ရက္ေန႔က တစ္ဦးႏွင့္ ယေန႔ ပစ္ခတ္မႈ အတြင္း မိုးညႇင္းၿမိဳ႕က တစ္ဦး ေသဆုံးၿပီ ျဖစ္သည္။

ႏိုင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအသင္း (AAPP)၏ ေကာက္ခံရရွိသည့္ မွတ္တမ္းမ်ားအရ မတ္ လ ၂၃ အထိ ေသဆုံးသြားခဲ့သည့္ အရပ္သားျပည္သူ (၂၈၆) ဦးရွိၿပီျဖစ္သည္ဟု သိရသည္။ AAPP ၏ ထုတ္ျပန္ ခ်က္အရ အမွန္တကယ္ က်ဆုံးသူအေရအတြက္မွာ ယခုထုတ္ျပန္ထားသည့္ စာရင္းထက္လည္း ပိုမ်ားႏိုင္သည္ ဟု ဆိုသည္။

Photo – Crd