စစ်ကောင်စီတွင် ပါဝင်၍ ပါတီဝင်များ မွန်ညီညွတ်ရေး ပါတီမှ နှုတ်ထွက်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ မတ်လ ၂၅ ရက်။ 

အာဏာသိမ်း စစ်ကောင်စီတွင် မွန်ညီညွတ်ရေးပါတီပါဝင်သည့် အပေါ် လက်မခံသည့် ပါတီ ဗဟိုအလုပ်အမှု ဆောင် ကော်မတီဝင်၊ ဗဟိုကော်မတီဝင်နှင့် မြို့နယ်အဆင့်ပါတီဝင် ၂၀ ဦးကျော်တို့က မတ်လ ၂၄ ရက်နေ့က ပါတီဗဟိုရုံးချုပ်ထံ စာတင်ပြီး နှုတ်ထွက်လိုက်ကြောင်း သိရသည်။

စစ်ကောင်စီတွင် မွန်ညီညွတ်ရေးပါတီ ပါဝင်ခြင်းသည် ပါတီအခြေခံစည်းမျဉ်းနှင့် သွေဖယ်နေသည့်အတွက် နှုတ်ထွက်ရခြင်းဖြစ်ကြောင်း ပါတီဗဟိုအလုပ်အမှုဆောင်ပါတီဝင်ဖြစ်သည့် မိကျဲကျဲညီ က သူ၏နှုတ်ထွက်စာ တွင် ရေသားထားသည်။

“ပါတီကနေ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဆင့်ဆင့်မှာ ပါဝင်ထမ်းဆောင်တာဟာ ပါတီမူဝါဒလမ်းစဉ် အရ သွေဖယ်နေလို့ လက်ခံနိုင်ခြင်းမရှိတာကြောင့် ပါတီဝင်အဖြစ်ကနေ နှုတ်ထွက်ခြင်းဖြစ်တယ်” ဟု မိကျဲကျဲ ညီ က ပြောထားသည်။

မွန်ညီညွတ်ရေးပါတီအနေဖြင့် စစ်ကောင်စီတွင် ပါဝင်သွားရန် ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်နှင့် ဗဟို ကော်တီဝင်အများစု၏ သဘောတူညီမှုဖြင့် ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်။

လက်ရှိတွင် မွန်ညီညွတ်ရေးပါတီအနေနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတွင် အဖွဲ့ဝင်တစ်နေရာနှင့် မွန်ပြည်  နယ် စီမံအုပ်ချုပ်ရေးကောင်စီတွင် အဖွဲ့ဝင်တစ်နေရာ ပါဝင်ထားသည်။

စစ်ကောင်စီတွင် မွန်ညီညွတ်ရေးပါတီပါဝင်သည့်အပေါ် လက်မခံသည့် ပါတီဝင်များ နှုတ်ထွက်ခဲ့ကြသည့်အထဲတွင် ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဒေါက်တာအောင်နိုင်ဦးလည်း တစ်ဦးအပါအဝင်ဖြစ်သည်။ 

ပါတီမှ နှုတ်ထွက်ထားသည့် ဒေါက်တာအောင်နိုင်ဦးက “ကျနော်တို့ကတော့ ဒီမိုကရေစီလမ်းကြောင်းပေါ်မှာ ခိုင် ခိုင်မာမာသွားတဲ့ စနစ်ကို လိုချင်တာကို ဆိုတော့ အဲဒီစနစ်မျိုးနဲ့ ကျွန်တော်တို့ ခိုင်မာအောင်သွားချင်တာ ဒီကြား မှာဖြစ်လာတဲ့ ပြဿနာရေးရာကိစ္စမျိုးကို ကျွန်တော်တို့က နိုင်ငံရေးပါတီနဲ့ကျတော့ ကိုယ်ခံယူထားတဲ့ ကိုယ့်ရဲ့ လမ်းကြောင်းနဲ့ပဲ သွားတာအကောင်းဆုံး” ဟု ပြောခဲ့သည်။

မွန်ညီညွတ်ရေးပါတီ၏ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီတွင် ပါဝင်သွားရန် ဆုံးဖြတ်ချက်သည်  ပြည်သူထု အကြား ဝေဖန်ပြောဆိုခံနေရသလို ပါတီအတွင်းတွင်လည်း လက်ခံသူနှင့် လက်မခံသူတို့အကြား သဘောထား ကွဲလွဲ နေသည်။

မွန်ညီညတ်ရေး ပါတီအနေဖြင့် ထိပ်တိုက်ရင်ဆိုင်ရမည့် လမ်းကြောင်းထက် တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်း ပေါ်ရောက်လိုသည့် ရည်ရွယ်ချက်နှင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီတွင် ပါဝင်သည့် ကမ်းလှမ်းချက်ကို လက်ခံရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်ဟု ပါတီတွဲဖက်အတွင်းရေးမှူး (၁) နိုင်လယိတမက ပြောဆိုထားသည်။

*** ZAWGYI ***
စစ္ေကာင္စီတြင္ ပါဝင္၍ ပါတီဝင္မ်ား မြန္ညီၫြတ္ေရး ပါတီမွ ႏႈတ္ထြက္

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ မတ္လ ၂၅ ရက္။ 

အာဏာသိမ္း စစ္ေကာင္စီတြင္ မြန္ညီၫြတ္ေရးပါတီပါဝင္သည့္ အေပၚ လက္မခံသည့္ ပါတီ ဗဟိုအလုပ္အမႈ ေဆာင္ ေကာ္မတီဝင္၊ ဗဟိုေကာ္မတီဝင္ႏွင့္ ၿမိဳ႕နယ္အဆင့္ပါတီဝင္ ၂၀ ဦးေက်ာ္တို႔က မတ္လ ၂၄ ရက္ေန႔က ပါတီဗဟို႐ုံးခ်ဳပ္ထံ စာတင္ၿပီး ႏႈတ္ထြက္လိုက္ေၾကာင္း သိရသည္။

စစ္ေကာင္စီတြင္ မြန္ညီၫြတ္ေရးပါတီ ပါဝင္ျခင္းသည္ ပါတီအေျခခံစည္းမ်ဥ္းႏွင့္ ေသြဖယ္ေနသည့္အတြက္ ႏႈတ္ထြက္ရျခင္းျဖစ္ေၾကာင္း ပါတီဗဟိုအလုပ္အမႈေဆာင္ပါတီဝင္ျဖစ္သည့္ မိက်ဲက်ဲညီ က သူ၏ႏႈတ္ထြက္စာ တြင္ ေရသားထားသည္။

“ပါတီကေန ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ အဆင့္ဆင့္မွာ ပါဝင္ထမ္းေဆာင္တာဟာ ပါတီမူဝါဒလမ္းစဥ္ အရ ေသြဖယ္ေနလို႔ လက္ခံႏိုင္ျခင္းမရွိတာေၾကာင့္ ပါတီဝင္အျဖစ္ကေန ႏႈတ္ထြက္ျခင္းျဖစ္တယ္” ဟု မိက်ဲက်ဲ ညီ က ေျပာထားသည္။

မြန္ညီၫြတ္ေရးပါတီအေနျဖင့္ စစ္ေကာင္စီတြင္ ပါဝင္သြားရန္ ပါတီ ဗဟိုအလုပ္အမႈေဆာင္ေကာ္မတီဝင္ႏွင့္ ဗဟို ေကာ္တီဝင္အမ်ားစု၏ သေဘာတူညီမႈျဖင့္ ဆုံးျဖတ္ခဲ့ၾကျခင္း ျဖစ္သည္။

လက္ရွိတြင္ မြန္ညီၫြတ္ေရးပါတီအေနႏွင့္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီတြင္ အဖြဲ႕ဝင္တစ္ေနရာႏွင့္ မြန္ျပည္  နယ္ စီမံအုပ္ခ်ဳပ္ေရးေကာင္စီတြင္ အဖြဲ႕ဝင္တစ္ေနရာ ပါဝင္ထားသည္။

စစ္ေကာင္စီတြင္ မြန္ညီၫြတ္ေရးပါတီပါဝင္သည့္အေပၚ လက္မခံသည့္ ပါတီဝင္မ်ား ႏႈတ္ထြက္ခဲ့ၾကသည့္အထဲတြင္ ပါတီ ဗဟိုအလုပ္အမႈေဆာင္ေကာ္မတီဝင္ ေဒါက္တာေအာင္ႏိုင္ဦးလည္း တစ္ဦးအပါအဝင္ျဖစ္သည္။ 

ပါတီမွ ႏႈတ္ထြက္ထားသည့္ ေဒါက္တာေအာင္ႏိုင္ဦးက “က်ေနာ္တို႔ကေတာ့ ဒီမိုကေရစီလမ္းေၾကာင္းေပၚမွာ ခိုင္ ခိုင္မာမာသြားတဲ့ စနစ္ကို လိုခ်င္တာကို ဆိုေတာ့ အဲဒီစနစ္မ်ိဳးနဲ႔ ကြၽန္ေတာ္တို႔ ခိုင္မာေအာင္သြားခ်င္တာ ဒီၾကား မွာျဖစ္လာတဲ့ ျပႆနာေရးရာကိစၥမ်ိဳးကို ကြၽန္ေတာ္တို႔က ႏိုင္ငံေရးပါတီနဲ႔က်ေတာ့ ကိုယ္ခံယူထားတဲ့ ကိုယ့္ရဲ႕ လမ္းေၾကာင္းနဲ႔ပဲ သြားတာအေကာင္းဆုံး” ဟု ေျပာခဲ့သည္။

မြန္ညီၫြတ္ေရးပါတီ၏ ႏိုင္ငံေတာ္ စီမံအုပ္ခ်ဳပ္ေရးေကာင္စီတြင္ ပါဝင္သြားရန္ ဆုံးျဖတ္ခ်က္သည္  ျပည္သူထု အၾကား ေဝဖန္ေျပာဆိုခံေနရသလို ပါတီအတြင္းတြင္လည္း လက္ခံသူႏွင့္ လက္မခံသူတို႔အၾကား သေဘာထား ကြဲလြဲ ေနသည္။

မြန္ညီညတ္ေရး ပါတီအေနျဖင့္ ထိပ္တိုက္ရင္ဆိုင္ရမည့္ လမ္းေၾကာင္းထက္ ေတြ႕ဆုံေဆြးေႏြးေရး လမ္းေၾကာင္း ေပၚေရာက္လိုသည့္ ရည္႐ြယ္ခ်က္ႏွင့္ ႏိုင္ငံေတာ္ စီမံအုပ္ခ်ဳပ္ေရးေကာင္စီတြင္ ပါဝင္သည့္ ကမ္းလွမ္းခ်က္ကို လက္ခံရန္ ဆုံးျဖတ္လိုက္ျခင္းျဖစ္သည္ဟု ပါတီတြဲဖက္အတြင္းေရးမႉး (၁) ႏိုင္လယိတမက ေျပာဆိုထားသည္။