KIA စခန်းနှစ်ခုကို လေယာဉ်ဖြင့် လာရောက်ပစ်ခတ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ မတ်လ ၂၉ ရက်။

ကချင်လွတ်လပ်ရေး တပ်မတော် KIA တပ်စခန်းများကို အာဏာသိမ်းကောင်စီက လေယာဉ်ဖြင့် လာရောက်ပစ်ခတ်သည့်အတွက် ပျက်စီးမှုများ ရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်အတွင်းနှင့် တနိုင်း-ဟူးကောင်းဒေသအတွင်းရှိ ကချင်လွတ်လပ်ရေး တပ်မတော် KIA ၏ တပ်ရင်း ၁၁ နှင့် တပ်ရင်း ၁၄ တပ်စခန်းများကို စစ်လေယာဉ်ဖြင့် လာရောက်ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု ပြောသည်။

တပ်ရင်း ၁၄ နယ်မြေအတွင်း စစ်လေယာဉ်ဗုံးကြဲခဲ့သည့် အခြေအနေနှင့် ပတ်သက်၍ ဟူးကောင်းဒေသက အမည်မဖော်လိုသူ ဒေသခံတစ်ဦးက “လေယာဉ်နဲ့ လာပစ်တာဟုတ်ပါတယ်။ လေယာဉ်နဲ့ ဗုံးလေးလုံးကျဲခဲ့ တယ်။ အိမ်က ငါးလုံးလောက် ပျက်သွားတယ်။ လူတွေထိခိုက်တာတော့ မရှိဘူး” ဟု ပြောသည်။

ထို့အပြင် အခြားဒေသခံတစ်ဦး ကလည်း “လေယာဉ်နှစ်စီးနဲ့လာပစ်သွားတာပါ။ လေယာဉ်နဲ့လာပစ်လို့ ဒီက KIA က တာဝန်ခံတွေက အဲ့နားကလူတွေကို ထွက်ခိုင်းတယ်။ ပြီးတော့ အဲ့ဒီနေရာနဲ့ အနီးအနားမှာ နေတဲ့လူတွေ တချို့ ရှိတယ်လေ သူတို့ကိုလည်း လုံခြုံတဲ့နေရာကို ခနပြောင်းခိုင်းထားတယ်တဲ့။ အခြေအနေကတော့ အရမ်း ကြီး မစိုးရိမ်ရပေမယ့် အားလုံးကတော့ မလုံခြုံကြတော့ဘူး။ ဒီနေ့ ညနေ ၄ နာရီ ၂၀ မိနစ်လောက်မှာပါ လာ ပစ်တာပါ။ အိမ်လေးငါးလုံး အကုန်ပျက်ဆီးသွားတယ်” ဟု ပြောသည်။

အလားတူ ယနေ့ညနေ ၅ နာရီ ကျော် အချိန်ခန့်က မိုးကောင်းမြို့နယ်အတွင်းရှိ KIA တပ်ရင်း ၁၁ နေရာသို့လည်း စစ်တပ်က လေယာဉ်နှစ်စီးဖြင့် လာရောက်ပစ်ခတ်ခဲ့သေးသည်ဟု ဒေသခံများက ပြောသည်။

“ဟုတ်ပါတယ်။ လေယာဉ်နှစ်စီးနဲ့ လာပစ်သွားတယ်။ ဗုံး နှစ်လုံးလာကြဲသွားတယ်။ ထိခိုက်တာတော့ မရှိဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။

လေကြောင်း တိုက်ခိုက်မှု လုပ်ရာ KIA တပ်စခန်းများ အနီးအနားရှိ ကျေးရွာများမှ ဒေသခံအချို့ ကတုတ်ကျင်းတွင် ဝင်ရောက်နေခဲ့ရသည်ဟု သိရသည်။

ထို့အပြင် ယနေ့ နေ့လည်ပိုင်းတွင် ဝိုင်းမော်မြို့နယ်၊ ဂါးရာယန်ကျေးရွာအနီးတွင်လည်း ကချင်လွတ်လပ်ရေး တပ် မတော် KIA နှင့် စစ်တပ်တို့အကြား တိုက်ပွဲများ ဖြစ်ပွားနေသည့်အတွက် ဂါးရာယန်ကျေးရွာအနီး ရောက်ရှိနေ ကြသည့် ပြည်သူများ ထွက်ပြေးခဲ့ကြရသည်ဟု သိရသည်။

မတ်လ ၂၈ ရက်နေ့ (ယမန်နေ့) နံနက်ပိုင်းက ဖြစ်ပွားခဲ့သည့် ကချင်ပြည်နယ် ဖားကန့်မြို့နယ်ထဲက တိုက်ပွဲများတွင် လည်း အာဏာသိမ်းစစ်ကောင်စီက လေယာဉ်ထိုးစစ်များဖြင့်ပါ တိုက်ခိုက်ခဲ့ပြီး နှစ်ဖက်ကြား တိုက်ပွဲပြင်းထန်စွာ ဖြစ် ပွားခဲ့သည်။

ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် စစ်တပ်တို့အကြား အာဏာသိမ်းပြီးနောက် မတ်လ ၁၁ ရက်နေ့က စတင်ပြီး ကချင်ပြည်နယ်အတွင်း တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားနေခြင်း ဖြစ်သည်။

*** ZAWGYI ***
KIA စခန္းႏွစ္ခုကို ေလယာဥ္ျဖင့္ လာေရာက္ပစ္ခတ္

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ မတ္လ ၂၉ ရက္။

ကခ်င္လြတ္လပ္ေရး တပ္မေတာ္ KIA တပ္စခန္းမ်ားကို အာဏာသိမ္းေကာင္စီက ေလယာဥ္ျဖင့္ လာေရာက္ပစ္ခတ္သည့္အတြက္ ပ်က္စီးမႈမ်ား ရွိခဲ့ေၾကာင္း ေဒသခံမ်ားက ေျပာသည္။

ကခ်င္ျပည္နယ္၊ မိုးေကာင္းၿမိဳ႕နယ္အတြင္းႏွင့္ တႏိုင္း-ဟူးေကာင္းေဒသအတြင္းရွိ ကခ်င္လြတ္လပ္ေရး တပ္မေတာ္ KIA ၏ တပ္ရင္း ၁၁ ႏွင့္ တပ္ရင္း ၁၄ တပ္စခန္းမ်ားကို စစ္ေလယာဥ္ျဖင့္ လာေရာက္ပစ္ခတ္ခဲ့ျခင္း ျဖစ္သည္ဟု ေျပာသည္။

တပ္ရင္း ၁၄ နယ္ေျမအတြင္း စစ္ေလယာဥ္ဗုံးႀကဲခဲ့သည့္ အေျခအေနႏွင့္ ပတ္သက္၍ ဟူးေကာင္းေဒသက အမည္မေဖာ္လိုသူ ေဒသခံတစ္ဦးက “ေလယာဥ္နဲ႔ လာပစ္တာဟုတ္ပါတယ္။ ေလယာဥ္နဲ႔ ဗုံးေလးလုံးက်ဲခဲ့ တယ္။ အိမ္က ငါးလုံးေလာက္ ပ်က္သြားတယ္။ လူေတြထိခိုက္တာေတာ့ မရွိဘူး” ဟု ေျပာသည္။

ထို႔အျပင္ အျခားေဒသခံတစ္ဦး ကလည္း “ေလယာဥ္ႏွစ္စီးနဲ႔လာပစ္သြားတာပါ။ ေလယာဥ္နဲ႔လာပစ္လို႔ ဒီက KIA က တာဝန္ခံေတြက အဲ့နားကလူေတြကို ထြက္ခိုင္းတယ္။ ၿပီးေတာ့ အဲ့ဒီေနရာနဲ႔ အနီးအနားမွာ ေနတဲ့လူေတြ တခ်ိဳ႕ ရွိတယ္ေလ သူတို႔ကိုလည္း လုံၿခဳံတဲ့ေနရာကို ခနေျပာင္းခိုင္းထားတယ္တဲ့။ အေျခအေနကေတာ့ အရမ္း ႀကီး မစိုးရိမ္ရေပမယ့္ အားလုံးကေတာ့ မလုံၿခဳံၾကေတာ့ဘူး။ ဒီေန႔ ညေန ၄ နာရီ ၂၀ မိနစ္ေလာက္မွာပါ လာ ပစ္တာပါ။ အိမ္ေလးငါးလုံး အကုန္ပ်က္ဆီးသြားတယ္” ဟု ေျပာသည္။

အလားတူ ယေန႔ညေန ၅ နာရီ ေက်ာ္ အခ်ိန္ခန႔္က မိုးေကာင္းၿမိဳ႕နယ္အတြင္းရွိ KIA တပ္ရင္း ၁၁ ေနရာသို႔လည္း စစ္တပ္က ေလယာဥ္ႏွစ္စီးျဖင့္ လာေရာက္ပစ္ခတ္ခဲ့ေသးသည္ဟု ေဒသခံမ်ားက ေျပာသည္။

“ဟုတ္ပါတယ္။ ေလယာဥ္ႏွစ္စီးနဲ႔ လာပစ္သြားတယ္။ ဗုံး ႏွစ္လုံးလာႀကဲသြားတယ္။ ထိခိုက္တာေတာ့ မရွိဘူး” ဟု ေဒသခံတစ္ဦးက ေျပာသည္။

ေလေၾကာင္း တိုက္ခိုက္မႈ လုပ္ရာ KIA တပ္စခန္းမ်ား အနီးအနားရွိ ေက်း႐ြာမ်ားမွ ေဒသခံအခ်ိဳ႕ ကတုတ္က်င္းတြင္ ဝင္ေရာက္ေနခဲ့ရသည္ဟု သိရသည္။

ထို႔အျပင္ ယေန႔ ေန႔လည္ပိုင္းတြင္ ဝိုင္းေမာ္ၿမိဳ႕နယ္၊ ဂါးရာယန္ေက်း႐ြာအနီးတြင္လည္း ကခ်င္လြတ္လပ္ေရး တပ္ မေတာ္ KIA ႏွင့္ စစ္တပ္တို႔အၾကား တိုက္ပြဲမ်ား ျဖစ္ပြားေနသည့္အတြက္ ဂါးရာယန္ေက်း႐ြာအနီး ေရာက္ရွိေန ၾကသည့္ ျပည္သူမ်ား ထြက္ေျပးခဲ့ၾကရသည္ဟု သိရသည္။

မတ္လ ၂၈ ရက္ေန႔ (ယမန္ေန႔) နံနက္ပိုင္းက ျဖစ္ပြားခဲ့သည့္ ကခ်င္ျပည္နယ္ ဖားကန႔္ၿမိဳ႕နယ္ထဲက တိုက္ပြဲမ်ားတြင္ လည္း အာဏာသိမ္းစစ္ေကာင္စီက ေလယာဥ္ထိုးစစ္မ်ားျဖင့္ပါ တိုက္ခိုက္ခဲ့ၿပီး ႏွစ္ဖက္ၾကား တိုက္ပြဲျပင္းထန္စြာ ျဖစ္ ပြားခဲ့သည္။

ကခ်င္လြတ္လပ္ေရးတပ္မေတာ္ KIA ႏွင့္ စစ္တပ္တို႔အၾကား အာဏာသိမ္းၿပီးေနာက္ မတ္လ ၁၁ ရက္ေန႔က စတင္ၿပီး ကခ်င္ျပည္နယ္အတြင္း တိုက္ပြဲမ်ား ဆက္တိုက္ ျဖစ္ပြားေနျခင္း ျဖစ္သည္။