ဖွဲ့စည်းပုံ ဖျက်သိမ်းကြောင်းကြေညာရန် CRPH ကို တောင်းဆို

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ မတ်လ ၃၀ ရက်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းကြောင်း ကြေညာရန် အာဏာရှင်ကိုတော်လှန်သော မွန်လူငယ်အင် အားစုက ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို တောင်းဆိုလိုက်သည်။
မတ်လ ၃၀ ရက်နေ့က ပြည်ထောင်စုလွှတ်တော် ကိုယ် စား ပြုကော်မတီ (CRPH) ထံ အိတ်ဖွင့်ပေးစာ ပေးပို့ တောင်းဆိုလိုက်ခြင်းဖြစ်သည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် ဒီမိုကရေစီနည်းလမ်းမကျသလို စံချိန်စံညွှန်းမီသည့် ဖွဲ့စည်းပုံလည်း မဟုတ် ဘူးဟု အာဏာရှင်ကိုတော်လှန်သော မွန်လူငယ်အင်အားစုက အိတ်ဖွင့်ပေးစားတွင် ရေးသားထားသည်။

“၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် လူတစ်စုကောင်းစားရေး ဦးတည်ရေးဆွဲထားသော ဖွဲ့စည်းပုံဖြစ်တဲ့အပြင် တိုင်းရင်းသားအားလုံးရဲ့ နိုင်ငံရေးရည်မှန်းချက်ဖြစ်သော ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်ကို တည်ဆောက်ရာမှာ လည်း ကြီးမားသော အနှောင့်အယှက်အဟန့်အတားကို ဖြစ်ပေါ်စေပါတယ်” ဟု အာဏာရှင်ကိုတော်လှန်သော မွန်လူငယ်အင်အားစုက ပြောဆိုထားသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရန် မဖြစ်နိုင်ဟု ယုံကြည်ယူဆ သည်နှင့်အညီ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှ အစိုးရဖွဲ့ခြင်းကိုလည်း အလိုမရှိဟု အာဏာရှင်ကို တော်လှန်သော မွန်လူငယ်အင်အားစုက ပြောဆိုထားသည်။

Federal Constitution Drafting and Coordinating Committee (FCDCC) မှ ဦးဆောင်ကာ ရေးဆွဲထားသော ဖွဲ့စည်းပုံမူကြမ်းကို အခြေခံ၍ ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ် အသစ်ပြန်လည်ရေးဆွဲရေးလုပ်ငန်း အား တိုင်းရင်းသားလူမျိုးစုအားလုံး သဘောတူညီချက်ဖြင့် ကြေညာရန်လည်း မွန်လူငယ်အင်အားစုက တိုက် တွန်းထားသည်။

၎င်းအပြင် စစ်ဖြစ်ပွားရာဒေသက စစ်ဘေးရှောင်ပြည်သူများနှင့် ကလေးသူငယ်များအတွက် CRPH မှ အရေး ပေါ်လိုအပ်ချက်များကို အမြန်ဆုံး တာဝန်ယူထောက်ပံ့မှုပေးရန်လည်း အာဏာရှင်ကိုတော်လှန်သော မွန်လူငယ် အင်အားစုက တိုက်တွန်းပြောဆိုထားသည်။

*** ZAWGYI ***
ဖြဲ႕စည္းပုံ ဖ်က္သိမ္းေၾကာင္းေၾကညာရန္ CRPH ကို ေတာင္းဆို

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ မတ္လ ၃၀ ရက္။

၂၀၀၈ ဖြဲ႕စည္းပုံအေျခခံဥပေဒကို ဖ်က္သိမ္းေၾကာင္း ေၾကညာရန္ အာဏာရွင္ကိုေတာ္လွန္ေသာ မြန္လူငယ္အင္ အားစုက ျပည္ေထာင္စုလႊတ္ေတာ္ကိုယ္စားျပဳေကာ္မတီ (CRPH) ကို ေတာင္းဆိုလိုက္သည္။
မတ္လ ၃၀ ရက္ေန႔က ျပည္ေထာင္စုလႊတ္ေတာ္ ကိုယ္ စား ျပဳေကာ္မတီ (CRPH) ထံ အိတ္ဖြင့္ေပးစာ ေပးပို႔ ေတာင္းဆိုလိုက္ျခင္းျဖစ္သည္။

၂၀၀၈ ဖြဲ႕စည္းပုံအေျခခံဥပေဒသည္ ဒီမိုကေရစီနည္းလမ္းမက်သလို စံခ်ိန္စံၫႊန္းမီသည့္ ဖြဲ႕စည္းပုံလည္း မဟုတ္ ဘူးဟု အာဏာရွင္ကိုေတာ္လွန္ေသာ မြန္လူငယ္အင္အားစုက အိတ္ဖြင့္ေပးစားတြင္ ေရးသားထားသည္။

“၂၀၀၈ ဖြဲ႕စည္းပုံအေျခခံဥပေဒသည္ လူတစ္စုေကာင္းစားေရး ဦးတည္ေရးဆြဲထားေသာ ဖြဲ႕စည္းပုံျဖစ္တဲ့အျပင္ တိုင္းရင္းသားအားလုံးရဲ႕ ႏိုင္ငံေရးရည္မွန္းခ်က္ျဖစ္ေသာ ဖက္ဒရယ္ဒီမိုကေရစီႏိုင္ငံေတာ္ကို တည္ေဆာက္ရာမွာ လည္း ႀကီးမားေသာ အေႏွာင့္အယွက္အဟန႔္အတားကို ျဖစ္ေပၚေစပါတယ္” ဟု အာဏာရွင္ကိုေတာ္လွန္ေသာ မြန္လူငယ္အင္အားစုက ေျပာဆိုထားသည္။

၂၀၀၈ ဖြဲ႕စည္းပုံအေျခခံဥပေဒျဖင့္ ဖက္ဒရယ္ဒီမိုကေရစီႏိုင္ငံေတာ္ တည္ေဆာက္ရန္ မျဖစ္ႏိုင္ဟု ယုံၾကည္ယူဆ သည္ႏွင့္အညီ ၂၀၀၈ ဖြဲ႕စည္းပုံအေျခခံဥပေဒေအာက္မွ အစိုးရဖြဲ႕ျခင္းကိုလည္း အလိုမရွိဟု အာဏာရွင္ကို ေတာ္လွန္ေသာ မြန္လူငယ္အင္အားစုက ေျပာဆိုထားသည္။

Federal Constitution Drafting and Coordinating Committee (FCDCC) မွ ဦးေဆာင္ကာ ေရးဆြဲထားေသာ ဖြဲ႕စည္းပုံမူၾကမ္းကို အေျခခံ၍ ဖက္ဒရယ္ဖြဲ႕စည္းပုံအေျခခံဥပေဒတစ္ရပ္ အသစ္ျပန္လည္ေရးဆြဲေရးလုပ္ငန္း အား တိုင္းရင္းသားလူမ်ိဳးစုအားလုံး သေဘာတူညီခ်က္ျဖင့္ ေၾကညာရန္လည္း မြန္လူငယ္အင္အားစုက တိုက္ တြန္းထားသည္။

၎အျပင္ စစ္ျဖစ္ပြားရာေဒသက စစ္ေဘးေရွာင္ျပည္သူမ်ားႏွင့္ ကေလးသူငယ္မ်ားအတြက္ CRPH မွ အေရး ေပၚလိုအပ္ခ်က္မ်ားကို အျမန္ဆုံး တာဝန္ယူေထာက္ပံ့မႈေပးရန္လည္း အာဏာရွင္ကိုေတာ္လွန္ေသာ မြန္လူငယ္ အင္အားစုက တိုက္တြန္းေျပာဆိုထားသည္။