ဗန်းမော် တစ်ဦး ထပ်မံ သေဆုံး၊ ကချင်ပြည်နယ် သေဆုံးသူ ၁၀ ဦး ရှိပြီ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဧပြီလ ၁ ရက်။

မတ်လ ၃၁ ရက်နေ့က ဗန်းမော်တွင် ဆန္ဒပြ လူငယ် တစ်ဦး ထပ်မံ သေဆုံးခဲ့သဖြင့် ကချင်ပြည်နယ်အတွင်း စစ်အာဏာသိမ်းပြီးနောက် သေဆုံးသူ ၁၀ ဦး၊ ထိခိုက်ဒဏ်ရာ ရရှိသူ ၁၀၀ ကျော်နှင့် ဖမ်း ဆီးခံထားရသူ ၂၀၀ ကျော်ရှိပြီဟု ဒေသခံများက ပြောသည်။

မတ်လ ၃၁ ရက်နေ့က သေဆုံးသူလူငယ်နှင့် ပတ်သက်၍ ဒေသခံ တစ်ဦးက ခုလိုပြောသည်။

“သူက ၂၇ ရက်နေ့က ဆန္ဒပြနေရင်း ဆီးခုံကိုကျည်ထိထားတာပါ။ မနေ့က ဆုံးသွားတာပါ။ ဗန်းမော်မှာတော့ အဲ့ ဒီ ၂၇ ရက်နေ့မှာပဲ မရွှေမြင့် လည်း ရင်ဘတ်ကို ကျည်ထိပြီး သေသွားတယ်။ မရွှေမြင့်ကတော့ ပွဲချင်းပြီးနော်။ ကိုမျိုးသန့်ကျော်ကတော့ မနေ့ကမှ ဆုံးသွားတာပါ” ဟု ဗန်းမော် ဒေသခံက ပြောသည်။

လက်ရှိ ကချင်ပြည်နယ် တစ်ပြည်နယ်လုံးအတိုင်းအတာအနေဖြင့် စစ်တပ်ကအာဏာသိမ်းပြီးနောက် ထိခိုက်ကျ ဆုံး ဖမ်းဆီးခံရတဲ့အခြေအနေနှင့် ပတ်သက်၍ မြစ်ကြီးနားဒေသခံတစ်ဦးက ယခုကဲ့သို့ ပြောသည်။

“ဖမ်းထားတာကတော့ ကချင်ပြည်နယ်လုံးဆိုရင်တော့ ၂၀၀ ကျော်လောက်ရှိပြီလို့ သိရတယ်။ ၂၅၀ ကျော်ပေါ့၊ ဒါ ပေမယ့် မနေ့ကနဲ့ဆိုရင် ၂၆၀ လောက်ရှိမယ်ထင်တယ်။ သေဆုံးတာက ၉ ဦးလောက်ပဲ ရှိသေးတယ်။ မြို့နယ် က ဖားကန့်ရယ်၊ ဗန်းမော်ရယ်၊ မြစ်ကြီးနားရယ်၊ ဟိုပင်ရယ်၊ မိုးညှင်းရယ်ပါတယ်။ ထိခိုက်ဒဏ်ရာရရတာက ၁၀၀ ကျော်လောက် ရှိမယ်ထင်တယ်။”

မတ်လ ၃၀ ရက်နေ့ကလည်း မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက်တွင် ဆန္ဒပြပြည်သူများကို အာဏာသိမ်းစစ်ကောင်စီ တပ်ဖွဲ့ဝင်များက အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းခဲ့ခြင်းကြောင့် တစ်ဦးသေဆုံးခဲ့ပါတယ်။

မြစ်ကြီးနားမြို့ ဒေသခံတစ်ဦးက “မနေ့က သူတို့က ခုခံတပ်နဲ့ ပြည်သူတွေက ဆန္ဒထုတ်ဖော်နေတာ၊ အဲ့မှာ အရပ် ဝတ်နဲ့ ဆိုင်ကယ်နဲ့လာတဲ့ နှစ် ယောက်က ခုခံတပ် ဆန္ဒပြနေတဲ့ ပြည်သူဘက်ကို သေနတ်နဲ့ ပစ်ပြီးမှ ပြန်ပြီး ထွက်သွားတယ်လို့ သိရတယ်။ အဲ့ မှာ အဆိုးဆုံးက နှစ်ယောက်ဒဏ်ရာရပြီး တစ်ယောက် သေဆုံးသွားတယ် လို့ သိရတယ်။ အဲ့မှာ တစ်ယောက်က တော့ လက်မောင်းဒဏ်ရာ ပြင်းပြင်းထန်ထန်ရထားတယ်လို့ သိရတယ်” ဟု ပြောသည်။

ရမ်ပူရပ်ကွက်မှ သေဆုံးသူ အသက် ၂၃ နှစ်အရွယ် အစ္စလာမ်ဘာသာဝင် ကိုမျိုးမင်းသူ ၏ ရုပ်အလောင်း ကို လည်း စစ်တပ်က အတင်းအကြပ်တောင်းယူခဲ့ပြီး ရပ်ကွက်အတွင်းတွင်လည်း နေအိမ်အချို့ကို မီးရှို့ဖျက်ဆီးခဲ့ သည်ဟု ဒေသခံများက ပြောသည်။

“အသုဘအခြေအနေကျတော့ မနေ့က စစ်တပ်က အလောင်းလာလုတယ်လို့ ပြောတယ်။ လာလုတဲ့အခါ မနေ့ ကတော့ မပေးလိုက်ဘူး။ ဒီမနက်ပိုင်းမှာ PCG နဲ့ ညှိပြီး ပြန်ပေးလိုက်တယ်လို့ ပြောတယ်။ PCG နဲ့ စစ်တပ်က ပြန်ညှိပြီးမှ သူတို့ကို အလောင်းပေးလိုက်တယ်။ ခွဲစိတ်ပြီး ၂ နာရီလောက်မှာပြန်ပေးမယ် အဲ့အချိန်မှ သဂြိုလ်ရ မယ်ပေါ့။ ညနေမှ အစ္စလာမ်ဘာသာထုံးစံအရ သဂြိုလ်တာပေါ့” ဟု ပြောသည်။

“နောက်ထပ်တစ်နာရီလောက်မှာ အဲ့ရမ်ပူရပ်ကွက်ထဲမှာ အရပ်ဝတ်နဲ့လို့ပဲ ပြောတယ် အိမ်တွေကို သေနတ်တွေနဲ့ ပစ်တယ်။ ပြီးတော့ ဘေးနားမှာရှိတဲ့ ဆိုင်ကယ်တစ်စီး ရှိတယ်။ အဲဆိုင်ကယ်ကနေ ဆီထုတ်ပြီးမှ ဆိုင်ကယ် ပြင် ဆိုင်တစ်ဆိုင်ရယ်၊ အောင်မြတ်သာဆိုတဲ့ ကုန်စုံဆိုင်တစ်ဆိုင်ရယ်ကို တခါတည်းနဲ့ မီးရှို့ပေးလိုက်တယ်။ အဲ့ဒါကို ပြည်သူတွေမီးရှို့တယ်ဆိုပြီးမှ အော်ပြီးမှ ပြန်သွားလိုက်တယ်တဲ့ အဲ့ဒါဖြစ်စဉ်ပေါ့နော်။”

မတ်လ ၂၄ ရက်နေ့ ညနေ က ဖားကန့်မြို့ ၊ လုံးခင်းကျေးရွာအုပ်စု၊ ငြိမ်းချမ်းသာယာကျေးရွာက အမျိုးသား ဒီမို ကရေ စီအဖွဲ့ ချုပ် NLD ပါတီဝင် အမျိုးသားနှစ်ဦးကို စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များ ဖမ်းဆီးသွားခဲ့ရာ ယနေ့အချိန်ထိ ပြန်လွတ် လာခြင်း မရှိသေးဘူးဟု သိရသည်။

ဖမ်းဆီးခံရသူ ကိုမျိုး ၏ ဇနီးဖြစ်သူ ဒေါ်ခင်စန်းတင့် က “သူတို့က ဇွတ်ကြီး လက်ထိပ်ခတ်ပြီး ခေါ် သွားတာ။ သူ တို့ ပြောတော့ ဖားကန့်ဗျူဟာကုန်းကို ခေါ်သွားတယ်လို့တော့ ကြားတယ်။ အဲ့လိုပဲ သိတာပေါ့နော်။ ဒီနေ့အထိ တော့ မလွတ်သေးပါဘူး။ ကျမတို့က တရားမျှတမှုရ အောင်တော့ ဆက်ပြီး တောင်းဆိုသွားပါ့မယ်ရှင့်။ ဒီအရေး တော်ပုံက အောင်မယ်လို့လည်း ယုံကြည်တယ်” ဟု ပြောသည်။

စစ်အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ မတ်လ ၃၁ ရက်နေ့အထိ စစ်အာဏာရှင် တော်လှန်ရေး (နွေဦးတော်လှန်ရေး) ကာလအတွင်း သေဆုံးခဲ့ရသူ စုစုပေါင်း (၅၃၆) ဦး ရှိပြီဖြစ်ပြီး ဖမ်းဆီးခံရသူ ၂၇၂၉ ကျော် ပြီဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ထုတ်ပြန်ထားသည်။
Photo – Crd

*** ZAWGYI ***
ဗန္းေမာ္ တစ္ဦး ထပ္မံ ေသဆုံး၊ ကခ်င္ျပည္နယ္ ေသဆုံးသူ ၁၀ ဦး ရွိၿပီ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဧၿပီလ ၁ ရက္။

မတ္လ ၃၁ ရက္ေန႔က ဗန္းေမာ္တြင္ ဆႏၵျပ လူငယ္ တစ္ဦး ထပ္မံ ေသဆုံးခဲ့သျဖင့္ ကခ်င္ျပည္နယ္အတြင္း စစ္အာဏာသိမ္းၿပီးေနာက္ ေသဆုံးသူ ၁၀ ဦး၊ ထိခိုက္ဒဏ္ရာ ရရွိသူ ၁၀၀ ေက်ာ္ႏွင့္ ဖမ္း ဆီးခံထားရသူ ၂၀၀ ေက်ာ္ရွိၿပီဟု ေဒသခံမ်ားက ေျပာသည္။

မတ္လ ၃၁ ရက္ေန႔က ေသဆုံးသူလူငယ္ႏွင့္ ပတ္သက္၍ ေဒသခံ တစ္ဦးက ခုလိုေျပာသည္။

“သူက ၂၇ ရက္ေန႔က ဆႏၵျပေနရင္း ဆီးခုံကိုက်ည္ထိထားတာပါ။ မေန႔က ဆုံးသြားတာပါ။ ဗန္းေမာ္မွာေတာ့ အဲ့ ဒီ ၂၇ ရက္ေန႔မွာပဲ မေ႐ႊျမင့္ လည္း ရင္ဘတ္ကို က်ည္ထိၿပီး ေသသြားတယ္။ မေ႐ႊျမင့္ကေတာ့ ပြဲခ်င္းၿပီးေနာ္။ ကိုမ်ိဳးသန႔္ေက်ာ္ကေတာ့ မေန႔ကမွ ဆုံးသြားတာပါ” ဟု ဗန္းေမာ္ ေဒသခံက ေျပာသည္။

လက္ရွိ ကခ်င္ျပည္နယ္ တစ္ျပည္နယ္လုံးအတိုင္းအတာအေနျဖင့္ စစ္တပ္ကအာဏာသိမ္းၿပီးေနာက္ ထိခိုက္က် ဆုံး ဖမ္းဆီးခံရတဲ့အေျခအေနႏွင့္ ပတ္သက္၍ ျမစ္ႀကီးနားေဒသခံတစ္ဦးက ယခုကဲ့သို႔ ေျပာသည္။

“ဖမ္းထားတာကေတာ့ ကခ်င္ျပည္နယ္လုံးဆိုရင္ေတာ့ ၂၀၀ ေက်ာ္ေလာက္ရွိၿပီလို႔ သိရတယ္။ ၂၅၀ ေက်ာ္ေပါ့၊ ဒါ ေပမယ့္ မေန႔ကနဲ႔ဆိုရင္ ၂၆၀ ေလာက္ရွိမယ္ထင္တယ္။ ေသဆုံးတာက ၉ ဦးေလာက္ပဲ ရွိေသးတယ္။ ၿမိဳ႕နယ္ က ဖားကန႔္ရယ္၊ ဗန္းေမာ္ရယ္၊ ျမစ္ႀကီးနားရယ္၊ ဟိုပင္ရယ္၊ မိုးညႇင္းရယ္ပါတယ္။ ထိခိုက္ဒဏ္ရာရရတာက ၁၀၀ ေက်ာ္ေလာက္ ရွိမယ္ထင္တယ္။”

မတ္လ ၃၀ ရက္ေန႔ကလည္း ျမစ္ႀကီးနားၿမိဳ႕ ရမ္ပူရပ္ကြက္တြင္ ဆႏၵျပျပည္သူမ်ားကို အာဏာသိမ္းစစ္ေကာင္စီ တပ္ဖြဲ႕ဝင္မ်ားက အၾကမ္းဖက္ပစ္ခတ္ၿဖိဳခြင္းခဲ့ျခင္းေၾကာင့္ တစ္ဦးေသဆုံးခဲ့ပါတယ္။

ျမစ္ႀကီးနားၿမိဳ႕ ေဒသခံတစ္ဦးက “မေန႔က သူတို႔က ခုခံတပ္နဲ႔ ျပည္သူေတြက ဆႏၵထုတ္ေဖာ္ေနတာ၊ အဲ့မွာ အရပ္ ဝတ္နဲ႔ ဆိုင္ကယ္နဲ႔လာတဲ့ ႏွစ္ ေယာက္က ခုခံတပ္ ဆႏၵျပေနတဲ့ ျပည္သူဘက္ကို ေသနတ္နဲ႔ ပစ္ၿပီးမွ ျပန္ၿပီး ထြက္သြားတယ္လို႔ သိရတယ္။ အဲ့ မွာ အဆိုးဆုံးက ႏွစ္ေယာက္ဒဏ္ရာရၿပီး တစ္ေယာက္ ေသဆုံးသြားတယ္ လို႔ သိရတယ္။ အဲ့မွာ တစ္ေယာက္က ေတာ့ လက္ေမာင္းဒဏ္ရာ ျပင္းျပင္းထန္ထန္ရထားတယ္လို႔ သိရတယ္” ဟု ေျပာသည္။

ရမ္ပူရပ္ကြက္မွ ေသဆုံးသူ အသက္ ၂၃ ႏွစ္အ႐ြယ္ အစၥလာမ္ဘာသာဝင္ ကိုမ်ိဳးမင္းသူ ၏ ႐ုပ္အေလာင္း ကို လည္း စစ္တပ္က အတင္းအၾကပ္ေတာင္းယူခဲ့ၿပီး ရပ္ကြက္အတြင္းတြင္လည္း ေနအိမ္အခ်ိဳ႕ကို မီးရႈိ႕ဖ်က္ဆီးခဲ့ သည္ဟု ေဒသခံမ်ားက ေျပာသည္။

“အသုဘအေျခအေနက်ေတာ့ မေန႔က စစ္တပ္က အေလာင္းလာလုတယ္လို႔ ေျပာတယ္။ လာလုတဲ့အခါ မေန႔ ကေတာ့ မေပးလိုက္ဘူး။ ဒီမနက္ပိုင္းမွာ PCG နဲ႔ ညႇိၿပီး ျပန္ေပးလိုက္တယ္လို႔ ေျပာတယ္။ PCG နဲ႔ စစ္တပ္က ျပန္ညႇိၿပီးမွ သူတို႔ကို အေလာင္းေပးလိုက္တယ္။ ခြဲစိတ္ၿပီး ၂ နာရီေလာက္မွာျပန္ေပးမယ္ အဲ့အခ်ိန္မွ သၿဂိဳလ္ရ မယ္ေပါ့။ ညေနမွ အစၥလာမ္ဘာသာထုံးစံအရ သၿဂိဳလ္တာေပါ့” ဟု ေျပာသည္။

“ေနာက္ထပ္တစ္နာရီေလာက္မွာ အဲ့ရမ္ပူရပ္ကြက္ထဲမွာ အရပ္ဝတ္နဲ႔လို႔ပဲ ေျပာတယ္ အိမ္ေတြကို ေသနတ္ေတြနဲ႔ ပစ္တယ္။ ၿပီးေတာ့ ေဘးနားမွာရွိတဲ့ ဆိုင္ကယ္တစ္စီး ရွိတယ္။ အဲဆိုင္ကယ္ကေန ဆီထုတ္ၿပီးမွ ဆိုင္ကယ္ ျပင္ ဆိုင္တစ္ဆိုင္ရယ္၊ ေအာင္ျမတ္သာဆိုတဲ့ ကုန္စုံဆိုင္တစ္ဆိုင္ရယ္ကို တခါတည္းနဲ႔ မီးရႈိ႕ေပးလိုက္တယ္။ အဲ့ဒါကို ျပည္သူေတြမီးရႈိ႕တယ္ဆိုၿပီးမွ ေအာ္ၿပီးမွ ျပန္သြားလိုက္တယ္တဲ့ အဲ့ဒါျဖစ္စဥ္ေပါ့ေနာ္။”

မတ္လ ၂၄ ရက္ေန႔ ညေန က ဖားကန႔္ၿမိဳ႕ ၊ လုံးခင္းေက်း႐ြာအုပ္စု၊ ၿငိမ္းခ်မ္းသာယာေက်း႐ြာက အမ်ိဳးသား ဒီမို ကေရ စီအဖြဲ႕ ခ်ဳပ္ NLD ပါတီဝင္ အမ်ိဳးသားႏွစ္ဦးကို စစ္တပ္ႏွင့္ ရဲတပ္ဖြဲ႕ဝင္မ်ား ဖမ္းဆီးသြားခဲ့ရာ ယေန႔အခ်ိန္ထိ ျပန္လြတ္ လာျခင္း မရွိေသးဘူးဟု သိရသည္။

ဖမ္းဆီးခံရသူ ကိုမ်ိဳး ၏ ဇနီးျဖစ္သူ ေဒၚခင္စန္းတင့္ က “သူတို႔က ဇြတ္ႀကီး လက္ထိပ္ခတ္ၿပီး ေခၚ သြားတာ။ သူ တို႔ ေျပာေတာ့ ဖားကန႔္ဗ်ဴဟာကုန္းကို ေခၚသြားတယ္လို႔ေတာ့ ၾကားတယ္။ အဲ့လိုပဲ သိတာေပါ့ေနာ္။ ဒီေန႔အထိ ေတာ့ မလြတ္ေသးပါဘူး။ က်မတို႔က တရားမွ်တမႈရ ေအာင္ေတာ့ ဆက္ၿပီး ေတာင္းဆိုသြားပါ့မယ္ရွင့္။ ဒီအေရး ေတာ္ပုံက ေအာင္မယ္လို႔လည္း ယုံၾကည္တယ္” ဟု ေျပာသည္။

စစ္အာဏာသိမ္းၿပီးေနာက္ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔မွ မတ္လ ၃၁ ရက္ေန႔အထိ စစ္အာဏာရွင္ ေတာ္လွန္ေရး (ေႏြဦးေတာ္လွန္ေရး) ကာလအတြင္း ေသဆုံးခဲ့ရသူ စုစုေပါင္း (၅၃၆) ဦး ရွိၿပီျဖစ္ၿပီး ဖမ္းဆီးခံရသူ ၂၇၂၉ ေက်ာ္ ၿပီဟု ႏိုင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအသင္း AAPP က ထုတ္ျပန္ထားသည္။
Photo – Crd