ဖွဲ့စည်းပုံ ဖျက်သိမ်းရန်ကြိုးပမ်းပြီး အနာဂါတ် ဖက်ဒရယ် ဒီမိုကရေစီအတွက် ပဋိဉာဉ်စာတမ်း ထုတ်ပြန်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဧပြီလ ၁ ရက်။

မတ်လ ၃၁ ရက်နေ့ညက ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြု ကော်မတီ CRPH က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ဖျက်သိမ်းလိုက်သည်ဟု ကြေညာသကဲ့သို့ တစ်ဖက်မှာလည်း အာဏာရှင်စနစ် ပပျောက်ရေး၊ ပြည်သူ့ အစိုးရပေါ်ထွန်းရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ်စာ တမ်း ကို ထုတ်ပြန်ခဲ့သည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အပြီးသတ် ဖျက်သိမ်းကြောင်း ကြေညာချက်ကို တော်တော်များများက ကြိုဆို ခဲ့ ကြပေမယ့် ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ကြေညာစာတမ်း အပေါ်မှာတော့ လိုအပ်ချက်များရှိနေသည်ဟု နိုင်ငံရေး လေ့လားသုံးသပ်သူများနှင့် ဥပဒေပညာရှင်အချို့က ဝေဖန်ထောက် ပြ ပြောဆိုနေကြသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖျက်သိမ်းလိုက်သည့်အတွက် ရှေ့ဆက်နိုင်ငံတော် တည်ဆောက်ရေးမှာ ဘယ်လို အကျိုး ဆက်တွေ ဖြစ်လာနိုင်သလဲ၊ CRPH က ထုတ်ပြန်လိုက်သည့် ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ် ဖက်ဒရယ်ဒီ မိုကရေစီ ပြည်ထောင်စု ကြေညာစာတမ်းမှာရော ဘာလိုအပ်ချက်တွေ ရှိနေပါသလဲ စသည့် အကြောင်း အရာ များကို ဖက်ဒရယ်ရေးရာနှင့် ပေါ်လစီစင်တာ၏ ဒါရိုက်တာ နိုင်ဗညားမွန်ကို ဆက်သွယ် မေးမြန်းထားရာမှာ သူက အခုလို သုံးသပ်သည်။

နိုင်ဗညားမွန် – မနေ့ကနေပြီးတော့ CRPH က နေပြီးတော့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဖျက်သိမ်းကြောင်း ကြေညာလိုက်တဲ့အပေါ်မှာကျတော့ ကျနော်ဖက်ဒရယ် အရေး လုပ်လှုပ်ရှားသူ တစ်ယောက်အနေနဲ့ပေါ့နော် ဒီနိုင်ငံရေး လေ့လာသုံးသပ်သူတစ်ယောက်အနေနဲ့ပဲ ပြောပြောပေါ့ ဒါကိုတော့ ကျနော်တို့ ကြိုဆိုရမယ့် ကိစ္စလို့ ကျနော်တို့ ကြိုဆိုရမှာပဲလေ ကျနော်တို့ အဲလိုပဲ ပြောချင်ပါတယ်။ ဒီ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေက ကျနော် တို့ တိုင်းရင်းသားတွေ လိုလားတဲ့ ဖက်ဒရယ်ပြည်ထောင်စု လမ်းကြောင်းက ဘယ်လိုမှ ရောက်ရှိနိုင်တဲ့ လမ်း ကြောင်းမဟုတ်ပါဘူး။ ဒါကြောင့် မရောက်ရှိအပြင် အဟန့်အတားလည်း ဖြစ်စေတဲ့ ဒီဖွဲ့စည်းပုံအခြေခံ ဥပဒေ ဖြစ်တယ်ပေါ့။ ဒါကြောင့် CRPH အနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဖျက်သိမ်းကြောင်း ကြောညာလိုက် တဲ့အပေါ်မှာကျတော့ ကျနော်တို့ အနေနဲ့ ကြိုဆိုပါတယ်။

မေး – နောက်တစ်ချက်က မနေ့က တစ်ရက်တည်းမှာပဲပေါ့နော် CRPH က ဖက်ဒရယ် ဒီမိုကရေစီနဲ့ ပတ်သက်ပြီး တော့ ကြေညာစာတမ်းတစ်စောင် ထုတ်ထားတာကိုတွေ့ရတယ်။ အဲဒီအပေါ်မှာကော ဆရာ တို့အနေနဲ့ ဘယ်လိုသဘောထားရှိသလဲ။

နိုင်ဗညားမွန် – မနေ့က ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ်ပေါ့နော။ ဖက်ဒရယ် ဒီမိုကရေစီ ကြေညာစာတမ်း ထုတ် တဲ့အပေါ်မှာကျတော့ ယေဘုယျအားဖြင့်တော့ ဒါက ကျနော်တို့ ကြိုဆိုရမယ်လို့ ပထမအချက်အနေနဲ့ ပြောချင် တယ်။ ဒီဖက်ဒရယ် ပဋိညာဉ် ကြေညာစာတမ်းမှာ သူက အပိုင်း ၂ ပိုင်းရှိတယ်။ ပထမအပိုင်းကတော့ ကျနော်တို့ ဒီ အနာဂတ် ဖက်ဒရယ် တည်ဆောက်ရေးနဲ့ သက်ဆိုင်တဲ့ အခြေခံမူနဲ့ ဒုတိယ အပိုင်းမှာကျတော့ ကြားကာလ ဆိုင်ရာ အကောင်အထည်ဖော်ရေး ကိစ္စပေါ့။ ဒီကြားကာလ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ အစီအမံများအပိုင်း ဖြစ်ပါတယ်။ ဒီအပိုင်းကိုကျတော့ ကျနော်တို့ တစ်အချက်အပေါ့လေ ယေဘုယျအနေနဲ့ ကျနော်တို့ ကြိုဆိုပါ တယ်။ အထူးသဖြင့် ဒီဖက်ဒရယ် ပထမအပိုင်းမှာ သူတို့ဦးတည်ချက် ရည်ရွယ်ချက်မှာပါတဲ့ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံသော ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆိုတဲ့ ရည်ရွယ် ချက်နဲ့ သူတို့အပေါ်မှာ ဖြစ်ပေါ်လာတဲ့ ဒီ ရည်ရွယ်ချက်အပေါ်မှာကျတော့ ကျနော်တို့ တိုင်းရင်းသားတွေရဲ့ လို လားချက်နဲ့ ထပ်တူထပ်မျှဖြစ်တယ်လို့ မြင်ပါတယ်။

မေး – နောက်တစ်ချက်ကရော ဆရာ…

နိုင်ဗညားမွန် – နောက်ပြီးတော့ နောက် ၂ ချက်က ဖက်ဒရယ် ပြည်ထောင်စုရဲ့ အခြေခံမူထဲမှာကျတော့ ဖက်ဒ ရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ လမ်းညွှန်အခြေခံမူထဲမှာ အဓိက အချက်ဖြစ်တဲ့ ဒီ ပြည်ထောင်စု အဖွဲ့ဝင်ပြည်နယ်များနဲ့ ပြည်နယ်များရှိ ပြည်သူတို့ရဲ့ အချုပ်အခြာအာဏာက မူလပိုင်ရှင် ဖြစ် တယ် ဆိုတာ အတိအကျဖော်ပြထားတဲ့အပေါ်မှာ ဒါက ဖက်ဒရယ်ပြည်ထောင်စု အချုပ်အခြာအာဏာက ပြည် နယ်သူပြည်နယ်သားမှာ လက်ထဲမှာ ရှိတယ်ဆိုတာ ဖော်ညွှန်းတာဖြစ်တယ်။ ဒါက ဒီဖက်ဒရယ် စစ်မှန်တဲ့ ဖက်ဒ ရယ် ပြည်ထောင်စုရဲ့ အခြေခံအချက်လို့ ကျနော်တို့ မြင်ပါတယ်။ နောက်တစ်ခုက အခြေခံမူထဲမှာပါတဲ့ သုံးထား တဲ့ ဖက်ဒရယ်ပြည်ထောင်စုရဲ့ အခြေခံ Principal ဖြစ်တယ်လို့ ကျနော်တို့ ယူဆတယ်။ ဒါကြောင့် ကျနော်တို့ ဝမ်းသာတယ်။ ကြိုဆိုတယ်လို့ ကျနော်တို့ ပြောရမှာ ဖြစ်ပါတယ်။

မေး – ဒီကြေညာစာတမ်းကနေ တိုင်းရင်းသားတွေ လိုလားတဲ့ ဖက်ဒရယ်နှင့် ဒီမိုကရေစီပြည်ထောင်စု၊ ကိုယ်ပိုင် ပြဌာန်းခွင့်၊ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်၊ တန်းတူအခွင့်အရေး၊ အဲဒါတွေက တကယ်ပဲ ရနိုင်သလား။ ဆရာတို့ အနေနဲ့ ဘယ်လိုမြင်သလဲ။

နိုင်ဗညားမွန် – အခုကြေညာစာတမ်းက ကျနော်နားလည်မှုအရ ပြောရရင်တော့ ကျနော်တို့ အားလုံးရဲ့ အခြေခံ သဘောတူညီချက်ပေါ့၊ အခြေခံမူလို့ ပြောလို့ရတယ်ပေါ့နော်။ ဒီအခြေခံမူအပေါ်မှာ မူတည်ပြီးတော့ ဒီအခြေခံ သဘောတူညီချက်မှာ အခြေခံပြီးတော့ ရှေ့ဆက်ပြီးတော့ လုပ်ဆောင်ရမယ့် လုပ်ငန်းတွေ အများကြီးရှိပါသေး တယ်။ ဆိုတော့ တစ်အချက်က ကြေညာလိုက်တဲ့ ပဋိညာဉ်စာတမ်းပေါ်မှာ အခြေခံပြီးတော့
၂၀၀၈ အခြေခံဥပ ဒေကို ဖျက်သိမ်းလိုက်တဲ့အခါမျာကျတော့ ဖက်ဒရယ်ပြည်ထောင်စု ဆိုင်ရာ အခြေခံဥပဒေကို ကျနော်တို့ ဆက် လက်ပြီးတော့ ရေးဆွဲပြဌာန်းရအုံးမှာ ဖြစ်ပါတယ်။ နောက်တစ်ချက်က ယနေ့ကာလမှာ ဒီဖက်ဒရယ် ပြည် ထောင်စုကို သွားနိုင်ဖို့အတွက်ပေါ့ ယနေ့ကာလမှာ ကျတော့ ဒီ ယနေ့သွားနေတဲ့ လူထု တိုက်ပွဲ လူထု တော်လှန် ရေးကိုလည်း အောင်မြင်အောင် ဘယ်လိုလုပ်ဆောင်ရမလဲ ဆိုတဲ့အပိုင်းတွေလည်း အများကြီး မူတည်လိမ့် မယ် ထင်ပါတယ်။ ဒါကြောင့် ဒီ ၂ ချက်ကို ကျနော်တို့က ဆက်လက်လုပ်ဆောင်ဖို့ လိုလိမ့်မယ်လို့ ကျနော်မြင်ပါ တယ်။

မေး – ဒီကြေညာစာတမ်းထွက်လာပြီးတဲ့နောက် ဝေဖန်သုံးသပ်မှုတွေ တစ်ချို့ဆိုရင် NLD အစိုးရပေါ့နော် ဒီ CRPH ကို အသေးစားအာဏာရှင်ဆန်သွားမယ့် ပုံစံမျိုး စိုးရိမ်မှု တွေရှိတယ်။ ဆရာတို့အနေနဲ့ အဲဒီအပေါ်မှာ ဘယ်လိုမြင် ပါ သလဲ။

နိုင်ဗညားမွန် – အထူးသဖြင့် သူတို့ရဲ့ ဖက်ဒရယ် ဒီမိုကရေစီ ကြေညာစာတမ်း အပိုင်း ၂ မှာ ဖြစ်တဲ့ ကြားကာလ ဖွဲ့စည်း ပုံဆိုင်ရာ အစီအမံထဲမှာကျတော့ အချို့ အချက်တွေက မရှင်းတဲ့ အချက်တွေ ရှိနေသလိုလိုလို့ ကျနော်တို့ အဲလိုပဲ ခံစားမိပါတယ်။ အဲတော့ အထူးသဖြင့် ဒီဝန်ကြီးဌာန ဖွဲ့စည်းပုံတို့ နောက်ပြီးတော့ အစိုးရဖွဲ့စည်းပုံက လက်ရှိဖြစ်ပေါ်နေတဲ့ ဒီ ၂၀၀၈ ရဲ့ ဒီ Concept အောက်မှာ ဖြစ်နေသလား ဆိုတဲ့ သုံးသပ်မှုတွေလည်း ကျနော်တို့ အဲသလိုပဲ ကျနော်တို့ မြင်မိပါတယ်။ အဲတော့ ကျနော်မြင်တာက ဒီ Time Pressure ကြောင့် အချို့ အချက်တွေ က မရှင်းတဲ့ အချက်တွေ ပါနိုင်တာ ဖြစ်သလို အချို့ မပြည်စုံတဲ့ အချက်ပါနိုင်တယ်လို့လည်း နားလည် ချင်ပါ တယ်။ ဒါပေမယ့် ကျနော်ဆိုလိုတာ ဘယ်လိုပဲ ပြောပြော ဒီကောင်က အခြေခံရဲ့ အခြေခံ Agreement လို့ ကျ နော်ယူဆတဲ့အပေါ်မှာကျတော့ အချို့အချက်တွေမှာ ကျတော့ CRPH အနေနဲ့ အပေးအယူ အလျှော့အတင်း လုပ် နိုင်လိမ့်လို့ ယူဆပါတယ်။ ဒါကိုကျတော့ အသေ ဆုပ်ကိုင်ထားတာ မဟုတ်ဘူးလို့ အဲသလိုပဲ ကျနော်နားလည် မိ ပါတယ်။

မေး – ဆရာအနေနဲ့ တခြားရော ဘာများ ဖြည်စွတ်ပြောစရာများရှိသေးလဲ၊

နိုင်ဗညားမွန် – တစ်အချက်ကတော့ ဒီလုပ်ငန်း သဘောအရ ၂၀၀၈ ဖျက်သိမ်းကိုကျတော့ ဒီမှန်ကန်တဲ့ လုပ်ရပ် လို့ ကျနော် ဆိုချင်ပါတယ်။ ကြိုဆိုရမယ့် လုပ်ရပ်လို့ ကျနော် ဆိုချင်ပါတယ်။ နှစ်အချက်က ဒီ ပဋိညာဉ် စာ တမ်းက ကြိုဆိုရတဲ့ လုပ်ငန်းဆိုပေမယ့်လည်း တကယ်တမ်းကျတော့ အချို့အချက်အလက် တွေကျတော့ ကျန် ကောင်း ကျန်နိုင်တဲ့ အနေအထားမျိုးဖြစ်တယ်ပေါ့။ အထူးသဖြင့် ကြားကာလ ဖွဲ့စည်းပုံ ဆိုင်ရာ အစီအမံထဲမှာ ကျတော့ အချို့ပြောစရာ အချက်တွေတော့ နည်းနည်းရှိနေပါသေးတယ်။ ဒီအပေါ်မှာ ကျတော့ CRPH အနေနဲ့ ဆိုင်ရာ အင်အားစုများနဲ့ တွေ့ဆုံဆွေးနွေးပြီးတော့ အားလုံးပါဝင်နိုင်တဲ့ အနေအထားကို အားလုံး စုပေါင်းလက် ခံနိုင်တဲ့ အနေအထားမျိုးဖြစ်အောင်တော့ တချို့ဟာကျတော့ ပြင်ဖို့လိုလိမ့်မယ်လို့ ကျနော်အဲသလိုပဲ ပြောချင် ပါတယ် ခင်ဗျာ။

*** ZAWGYI ***
ဖြဲ႕စည္းပုံ ဖ်က္သိမ္းရန္ႀကိဳးပမ္းၿပီး အနာဂါတ္ ဖက္ဒရယ္ ဒီမိုကေရစီအတြက္ ပဋိဉာဥ္စာတမ္း ထုတ္ျပန္

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဧၿပီလ ၁ ရက္။

မတ္လ ၃၁ ရက္ေန႔ညက ျပည္ေထာင္စု လႊတ္ေတာ္ကိုယ္စားျပဳ ေကာ္မတီ CRPH က ၂၀၀၈ ဖြဲ႕စည္းပုံ အေျခခံ ဥပေဒကို ဖ်က္သိမ္းလိုက္သည္ဟု ေၾကညာသကဲ့သို႔ တစ္ဖက္မွာလည္း အာဏာရွင္စနစ္ ပေပ်ာက္ေရး၊ ျပည္သူ႔ အစိုးရေပၚထြန္းေရးႏွင့္ ဖက္ဒရယ္ ဒီမိုကေရစီ တည္ေဆာက္ေရးအတြက္ ဖက္ဒရယ္ ဒီမိုကေရစီ ပဋိညာဥ္စာ တမ္း ကို ထုတ္ျပန္ခဲ့သည္။

၂၀၀၈ ဖြဲ႕စည္းပုံ အေျခခံ ဥပေဒ အၿပီးသတ္ ဖ်က္သိမ္းေၾကာင္း ေၾကညာခ်က္ကို ေတာ္ေတာ္မ်ားမ်ားက ႀကိဳဆို ခဲ့ ၾကေပမယ့္ ဖက္ဒရယ္ ဒီမိုကေရစီ ပဋိညာဥ္ ဖက္ဒရယ္ဒီမိုကေရစီ ျပည္ေထာင္စု ေၾကညာစာတမ္း အေပၚမွာေတာ့ လိုအပ္ခ်က္မ်ားရွိေနသည္ဟု ႏိုင္ငံေရး ေလ့လားသုံးသပ္သူမ်ားႏွင့္ ဥပေဒပညာရွင္အခ်ိဳ႕က ေဝဖန္ေထာက္ ျပ ေျပာဆိုေနၾကသည္။

၂၀၀၈ ဖြဲ႕စည္းပုံ အေျခခံဥပေဒ ဖ်က္သိမ္းလိုက္သည့္အတြက္ ေရွ႕ဆက္ႏိုင္ငံေတာ္ တည္ေဆာက္ေရးမွာ ဘယ္လို အက်ိဳး ဆက္ေတြ ျဖစ္လာႏိုင္သလဲ၊ CRPH က ထုတ္ျပန္လိုက္သည့္ ဖက္ဒရယ္ ဒီမိုကေရစီ ပဋိညာဥ္ ဖက္ဒရယ္ဒီ မိုကေရစီ ျပည္ေထာင္စု ေၾကညာစာတမ္းမွာေရာ ဘာလိုအပ္ခ်က္ေတြ ရွိေနပါသလဲ စသည့္ အေၾကာင္း အရာ မ်ားကို ဖက္ဒရယ္ေရးရာႏွင့္ ေပၚလစီစင္တာ၏ ဒါ႐ိုက္တာ ႏိုင္ဗညားမြန္ကို ဆက္သြယ္ ေမးျမန္းထားရာမွာ သူက အခုလို သုံးသပ္သည္။

ႏိုင္ဗညားမြန္ – မေန႔ကေနၿပီးေတာ့ CRPH က ေနၿပီးေတာ့ ၂၀၀၈ ဖြဲ႕စည္းပုံ အေျခခံဥပေဒကို ဖ်က္သိမ္းေၾကာင္း ေၾကညာလိုက္တဲ့အေပၚမွာက်ေတာ့ က်ေနာ္ဖက္ဒရယ္ အေရး လုပ္လႈပ္ရွားသူ တစ္ေယာက္အေနနဲ႔ေပါ့ေနာ္ ဒီႏိုင္ငံေရး ေလ့လာသုံးသပ္သူတစ္ေယာက္အေနနဲ႔ပဲ ေျပာေျပာေပါ့ ဒါကိုေတာ့ က်ေနာ္တို႔ ႀကိဳဆိုရမယ့္ ကိစၥလို႔ က်ေနာ္တို႔ ႀကိဳဆိုရမွာပဲေလ က်ေနာ္တို႔ အဲလိုပဲ ေျပာခ်င္ပါတယ္။ ဒီ ၂၀၀၈ ဖြဲ႕စည္းပုံ အေျခခံဥပေဒက က်ေနာ္ တို႔ တိုင္းရင္းသားေတြ လိုလားတဲ့ ဖက္ဒရယ္ျပည္ေထာင္စု လမ္းေၾကာင္းက ဘယ္လိုမွ ေရာက္ရွိႏိုင္တဲ့ လမ္း ေၾကာင္းမဟုတ္ပါဘူး။ ဒါေၾကာင့္ မေရာက္ရွိအျပင္ အဟန႔္အတားလည္း ျဖစ္ေစတဲ့ ဒီဖြဲ႕စည္းပုံအေျခခံ ဥပေဒ ျဖစ္တယ္ေပါ့။ ဒါေၾကာင့္ CRPH အေနနဲ႔ ၂၀၀၈ ဖြဲ႕စည္းပုံ အေျခခံဥပေဒကို ဖ်က္သိမ္းေၾကာင္း ေၾကာညာလိုက္ တဲ့အေပၚမွာက်ေတာ့ က်ေနာ္တို႔ အေနနဲ႔ ႀကိဳဆိုပါတယ္။

ေမး – ေနာက္တစ္ခ်က္က မေန႔က တစ္ရက္တည္းမွာပဲေပါ့ေနာ္ CRPH က ဖက္ဒရယ္ ဒီမိုကေရစီနဲ႔ ပတ္သက္ၿပီး ေတာ့ ေၾကညာစာတမ္းတစ္ေစာင္ ထုတ္ထားတာကိုေတြ႕ရတယ္။ အဲဒီအေပၚမွာေကာ ဆရာ တို႔အေနနဲ႔ ဘယ္လိုသေဘာထားရွိသလဲ။

ႏိုင္ဗညားမြန္ – မေန႔က ဖက္ဒရယ္ ဒီမိုကေရစီ ပဋိညာဥ္ေပါ့ေနာ။ ဖက္ဒရယ္ ဒီမိုကေရစီ ေၾကညာစာတမ္း ထုတ္ တဲ့အေပၚမွာက်ေတာ့ ေယဘုယ်အားျဖင့္ေတာ့ ဒါက က်ေနာ္တို႔ ႀကိဳဆိုရမယ္လို႔ ပထမအခ်က္အေနနဲ႔ ေျပာခ်င္ တယ္။ ဒီဖက္ဒရယ္ ပဋိညာဥ္ ေၾကညာစာတမ္းမွာ သူက အပိုင္း ၂ ပိုင္းရွိတယ္။ ပထမအပိုင္းကေတာ့ က်ေနာ္တို႔ ဒီ အနာဂတ္ ဖက္ဒရယ္ တည္ေဆာက္ေရးနဲ႔ သက္ဆိုင္တဲ့ အေျခခံမူနဲ႔ ဒုတိယ အပိုင္းမွာက်ေတာ့ ၾကားကာလ ဆိုင္ရာ အေကာင္အထည္ေဖာ္ေရး ကိစၥေပါ့။ ဒီၾကားကာလ ဖြဲ႕စည္းပုံ အေျခခံဥပေဒ ဆိုင္ရာ အစီအမံမ်ားအပိုင္း ျဖစ္ပါတယ္။ ဒီအပိုင္းကိုက်ေတာ့ က်ေနာ္တို႔ တစ္အခ်က္အေပါ့ေလ ေယဘုယ်အေနနဲ႔ က်ေနာ္တို႔ ႀကိဳဆိုပါ တယ္။ အထူးသျဖင့္ ဒီဖက္ဒရယ္ ပထမအပိုင္းမွာ သူတို႔ဦးတည္ခ်က္ ရည္႐ြယ္ခ်က္မွာပါတဲ့ တန္းတူေရးနဲ႔ ကိုယ္ပိုင္ျပဌာန္းခြင့္ကို အာမခံေသာ ဖက္ဒရယ္ ဒီမိုကေရစီ ျပည္ေထာင္စု တည္ေဆာက္ေရးဆိုတဲ့ ရည္႐ြယ္ ခ်က္နဲ႔ သူတို႔အေပၚမွာ ျဖစ္ေပၚလာတဲ့ ဒီ ရည္႐ြယ္ခ်က္အေပၚမွာက်ေတာ့ က်ေနာ္တို႔ တိုင္းရင္းသားေတြရဲ႕ လို လားခ်က္နဲ႔ ထပ္တူထပ္မွ်ျဖစ္တယ္လို႔ ျမင္ပါတယ္။

ေမး – ေနာက္တစ္ခ်က္ကေရာ ဆရာ…

ႏိုင္ဗညားမြန္ – ေနာက္ၿပီးေတာ့ ေနာက္ ၂ ခ်က္က ဖက္ဒရယ္ ျပည္ေထာင္စုရဲ႕ အေျခခံမူထဲမွာက်ေတာ့ ဖက္ဒ ရယ္ ဒီမိုကေရစီ ျပည္ေထာင္စု တည္ေဆာက္ေရးဆိုင္ရာ လမ္းၫႊန္အေျခခံမူထဲမွာ အဓိက အခ်က္ျဖစ္တဲ့ ဒီ ျပည္ေထာင္စု အဖြဲ႕ဝင္ျပည္နယ္မ်ားနဲ႔ ျပည္နယ္မ်ားရွိ ျပည္သူတို႔ရဲ႕ အခ်ဳပ္အျခာအာဏာက မူလပိုင္ရွင္ ျဖစ္ တယ္ ဆိုတာ အတိအက်ေဖာ္ျပထားတဲ့အေပၚမွာ ဒါက ဖက္ဒရယ္ျပည္ေထာင္စု အခ်ဳပ္အျခာအာဏာက ျပည္ နယ္သူျပည္နယ္သားမွာ လက္ထဲမွာ ရွိတယ္ဆိုတာ ေဖာ္ၫႊန္းတာျဖစ္တယ္။ ဒါက ဒီဖက္ဒရယ္ စစ္မွန္တဲ့ ဖက္ဒ ရယ္ ျပည္ေထာင္စုရဲ႕ အေျခခံအခ်က္လို႔ က်ေနာ္တို႔ ျမင္ပါတယ္။ ေနာက္တစ္ခုက အေျခခံမူထဲမွာပါတဲ့ သုံးထား တဲ့ ဖက္ဒရယ္ျပည္ေထာင္စုရဲ႕ အေျခခံ Principal ျဖစ္တယ္လို႔ က်ေနာ္တို႔ ယူဆတယ္။ ဒါေၾကာင့္ က်ေနာ္တို႔ ဝမ္းသာတယ္။ ႀကိဳဆိုတယ္လို႔ က်ေနာ္တို႔ ေျပာရမွာ ျဖစ္ပါတယ္။

ေမး – ဒီေၾကညာစာတမ္းကေန တိုင္းရင္းသားေတြ လိုလားတဲ့ ဖက္ဒရယ္ႏွင့္ ဒီမိုကေရစီျပည္ေထာင္စု၊ ကိုယ္ပိုင္ ျပဌာန္းခြင့္၊ ကိုယ့္ၾကမၼာကိုယ္ဖန္တီးခြင့္၊ တန္းတူအခြင့္အေရး၊ အဲဒါေတြက တကယ္ပဲ ရႏိုင္သလား။ ဆရာတို႔ အေနနဲ႔ ဘယ္လိုျမင္သလဲ။

ႏိုင္ဗညားမြန္ – အခုေၾကညာစာတမ္းက က်ေနာ္နားလည္မႈအရ ေျပာရရင္ေတာ့ က်ေနာ္တို႔ အားလုံးရဲ႕ အေျခခံ သေဘာတူညီခ်က္ေပါ့၊ အေျခခံမူလို႔ ေျပာလို႔ရတယ္ေပါ့ေနာ္။ ဒီအေျခခံမူအေပၚမွာ မူတည္ၿပီးေတာ့ ဒီအေျခခံ သေဘာတူညီခ်က္မွာ အေျခခံၿပီးေတာ့ ေရွ႕ဆက္ၿပီးေတာ့ လုပ္ေဆာင္ရမယ့္ လုပ္ငန္းေတြ အမ်ားႀကီးရွိပါေသး တယ္။ ဆိုေတာ့ တစ္အခ်က္က ေၾကညာလိုက္တဲ့ ပဋိညာဥ္စာတမ္းေပၚမွာ အေျခခံၿပီးေတာ့
၂၀၀၈ အေျခခံဥပ ေဒကို ဖ်က္သိမ္းလိုက္တဲ့အခါမ်ာက်ေတာ့ ဖက္ဒရယ္ျပည္ေထာင္စု ဆိုင္ရာ အေျခခံဥပေဒကို က်ေနာ္တို႔ ဆက္ လက္ၿပီးေတာ့ ေရးဆြဲျပဌာန္းရအုံးမွာ ျဖစ္ပါတယ္။ ေနာက္တစ္ခ်က္က ယေန႔ကာလမွာ ဒီဖက္ဒရယ္ ျပည္ ေထာင္စုကို သြားႏိုင္ဖို႔အတြက္ေပါ့ ယေန႔ကာလမွာ က်ေတာ့ ဒီ ယေန႔သြားေနတဲ့ လူထု တိုက္ပြဲ လူထု ေတာ္လွန္ ေရးကိုလည္း ေအာင္ျမင္ေအာင္ ဘယ္လိုလုပ္ေဆာင္ရမလဲ ဆိုတဲ့အပိုင္းေတြလည္း အမ်ားႀကီး မူတည္လိမ့္ မယ္ ထင္ပါတယ္။ ဒါေၾကာင့္ ဒီ ၂ ခ်က္ကို က်ေနာ္တို႔က ဆက္လက္လုပ္ေဆာင္ဖို႔ လိုလိမ့္မယ္လို႔ က်ေနာ္ျမင္ပါ တယ္။

ေမး – ဒီေၾကညာစာတမ္းထြက္လာၿပီးတဲ့ေနာက္ ေဝဖန္သုံးသပ္မႈေတြ တစ္ခ်ိဳ႕ဆိုရင္ NLD အစိုးရေပါ့ေနာ္ ဒီ CRPH ကို အေသးစားအာဏာရွင္ဆန္သြားမယ့္ ပုံစံမ်ိဳး စိုးရိမ္မႈ ေတြရွိတယ္။ ဆရာတို႔အေနနဲ႔ အဲဒီအေပၚမွာ ဘယ္လိုျမင္ ပါ သလဲ။

ႏိုင္ဗညားမြန္ – အထူးသျဖင့္ သူတို႔ရဲ႕ ဖက္ဒရယ္ ဒီမိုကေရစီ ေၾကညာစာတမ္း အပိုင္း ၂ မွာ ျဖစ္တဲ့ ၾကားကာလ ဖြဲ႕စည္း ပုံဆိုင္ရာ အစီအမံထဲမွာက်ေတာ့ အခ်ိဳ႕ အခ်က္ေတြက မရွင္းတဲ့ အခ်က္ေတြ ရွိေနသလိုလိုလို႔ က်ေနာ္တို႔ အဲလိုပဲ ခံစားမိပါတယ္။ အဲေတာ့ အထူးသျဖင့္ ဒီဝန္ႀကီးဌာန ဖြဲ႕စည္းပုံတို႔ ေနာက္ၿပီးေတာ့ အစိုးရဖြဲ႕စည္းပုံက လက္ရွိျဖစ္ေပၚေနတဲ့ ဒီ ၂၀၀၈ ရဲ႕ ဒီ Concept ေအာက္မွာ ျဖစ္ေနသလား ဆိုတဲ့ သုံးသပ္မႈေတြလည္း က်ေနာ္တို႔ အဲသလိုပဲ က်ေနာ္တို႔ ျမင္မိပါတယ္။ အဲေတာ့ က်ေနာ္ျမင္တာက ဒီ Time Pressure ေၾကာင့္ အခ်ိဳ႕ အခ်က္ေတြ က မရွင္းတဲ့ အခ်က္ေတြ ပါႏိုင္တာ ျဖစ္သလို အခ်ိဳ႕ မျပည္စုံတဲ့ အခ်က္ပါႏိုင္တယ္လို႔လည္း နားလည္ ခ်င္ပါ တယ္။ ဒါေပမယ့္ က်ေနာ္ဆိုလိုတာ ဘယ္လိုပဲ ေျပာေျပာ ဒီေကာင္က အေျခခံရဲ႕ အေျခခံ Agreement လို႔ က် ေနာ္ယူဆတဲ့အေပၚမွာက်ေတာ့ အခ်ိဳ႕အခ်က္ေတြမွာ က်ေတာ့ CRPH အေနနဲ႔ အေပးအယူ အေလွ်ာ့အတင္း လုပ္ ႏိုင္လိမ့္လို႔ ယူဆပါတယ္။ ဒါကိုက်ေတာ့ အေသ ဆုပ္ကိုင္ထားတာ မဟုတ္ဘူးလို႔ အဲသလိုပဲ က်ေနာ္နားလည္ မိ ပါတယ္။

ေမး – ဆရာအေနနဲ႔ တျခားေရာ ဘာမ်ား ျဖည္စြတ္ေျပာစရာမ်ားရွိေသးလဲ၊

ႏိုင္ဗညားမြန္ – တစ္အခ်က္ကေတာ့ ဒီလုပ္ငန္း သေဘာအရ ၂၀၀၈ ဖ်က္သိမ္းကိုက်ေတာ့ ဒီမွန္ကန္တဲ့ လုပ္ရပ္ လို႔ က်ေနာ္ ဆိုခ်င္ပါတယ္။ ႀကိဳဆိုရမယ့္ လုပ္ရပ္လို႔ က်ေနာ္ ဆိုခ်င္ပါတယ္။ ႏွစ္အခ်က္က ဒီ ပဋိညာဥ္ စာ တမ္းက ႀကိဳဆိုရတဲ့ လုပ္ငန္းဆိုေပမယ့္လည္း တကယ္တမ္းက်ေတာ့ အခ်ိဳ႕အခ်က္အလက္ ေတြက်ေတာ့ က်န္ ေကာင္း က်န္ႏိုင္တဲ့ အေနအထားမ်ိဳးျဖစ္တယ္ေပါ့။ အထူးသျဖင့္ ၾကားကာလ ဖြဲ႕စည္းပုံ ဆိုင္ရာ အစီအမံထဲမွာ က်ေတာ့ အခ်ိဳ႕ေျပာစရာ အခ်က္ေတြေတာ့ နည္းနည္းရွိေနပါေသးတယ္။ ဒီအေပၚမွာ က်ေတာ့ CRPH အေနနဲ႔ ဆိုင္ရာ အင္အားစုမ်ားနဲ႔ ေတြ႕ဆုံေဆြးေႏြးၿပီးေတာ့ အားလုံးပါဝင္ႏိုင္တဲ့ အေနအထားကို အားလုံး စုေပါင္းလက္ ခံႏိုင္တဲ့ အေနအထားမ်ိဳးျဖစ္ေအာင္ေတာ့ တခ်ိဳ႕ဟာက်ေတာ့ ျပင္ဖို႔လိုလိမ့္မယ္လို႔ က်ေနာ္အဲသလိုပဲ ေျပာခ်င္ ပါတယ္ ခင္ဗ်ာ။