တအာင်း(ပလောင်)ဒေသတွင် ပြည်သူ့အုပ်ချုပ်ရေးထူထောင်ပြီ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဧပြီလ ၂ ရက်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအောက်တွင် ဖြစ်တည်လာသည့် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကို တအာင်း ဒေသပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အဖြစ် ပြောင်းလဲဖွဲ့စည်း လိုက်သည်။

နမ့်ဆန်နှင့် မန်တုံ မြို့နယ်( ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ) ကို တအာင်းဒေသ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ အဖြစ်ပြောင်းလဲဖွဲ့စည်းလိုက်ကြောင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဧပြီလ ၁ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာလိုက်သည်။

“အဓိကက ဒီ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဖျက်သိမ်းပြီဆိုတော့ ဒီ ၂၀၀၈ ဥပဒေအရ ပေါ်ပေါက်လာတဲ့ ကျ နော်တို့ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသလည်း ရှိတော့မှာ မဟုတ်ဘူး။ အဲ့ဒါကြောင့် ကျနော်တို့ ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအစား တအာင်းဒေသကို အစားထိုးပြီးမှ ထုတ်ပြန်လိုက်တာပေါ့လေနော်” တအာင်း ဒေသ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ က အဖွဲ့ဝင်တစ်ဦး က ပြောသည်။

ယခုဖွဲ့စည်းလိုက်သည့် တအာင်းဒေသ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အနေဖြင့် တအာင်းပြည်သူများ၏ လုံခြုံရေး အတွက်လည်း ပြည်သူ့လုံခြုံရေးအဖွဲ့ကိုလည်း ဖွဲ့စည်းထားသည်ဟု ပြောသည်။

ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၅၆ (ဃ) အရ ရှမ်းပြည်နယ် မြောက်ပိုင်းက နမ့်ဆန်မြို့နယ်နှင့် မန်တုံမြို့နယ်တို့ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် သတ်မှတ်ပေးထားခြင်း ဖြစ်သည်။

အသစ် ပြောင်းလဲ ပြင်ဆင်ဖွဲ့စည်းလိုက်သည့် တအာင်းဒေသ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အနေဖြင့် (Civil Disobedience Movement – CDM) မလုပ် သည့် ဝန်ထမ်းများ၊ စစ်အာဏာရှင်၏ လက်ပါးစေများ၊ စစ်အာ ဏာရှင်နှင့် ပူးပေါင်း နေသူများကိုလည်း CRPH ၏ လမ်းညွန်ချက်များနှင့်အညီ ပြင်းထန်စွာ အရေးယူသွားမည် ဟု ဆိုသည်။

တအာင်းဒေသ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အနေဖြင့် ပြည်ထောင်စု လွှတ် တော်ကိုယ်စားပြု ကော်မတီ (CRPH) ၏ မတ်လ ၃၁ ရက်နေ့က ထုတ်ပြန်လိုက်သည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို အပြီးသတ်ဖျက်သိမ်းကြောင်း ကြေညာချက်ကိုလည်း အပြည့်ဝထောက်ခံ ကြိုဆိုသည်ဟု ဆက် ပြောသည်။

“အဓိကကတော့ CRPH ရဲ့ လမ်းညွန်ချက်တွေနဲ့ ကျနော်တို့က လုပ်ကြပေါ့လေနော်။ စစ်အာဏာရှင် ကျဆုံး ရေး အတွက် တတ်နိုင်တဲ့ဘက်ကနေ ပူးပေါင်းဆောင်ရွက်ကြတယ်။ ဒီထုတ်ပြန်ချက်ထဲမှာ အချက် ၆ ချက် ပါ တာပေါ့လေ။ တစ်ခုနဲ့တစ်ခုက တူမှာမဟုတ်ဘူး။ ပထမတစ်ခုက CRPH ကနေပြီးမှ ၃၁ ရက်နေ့မှာ ၂၀၀၈ ဖွဲ့ စည်းပုံ ပယ်ဖျက်အပြီးသတ် ဖျက်သိမ်းလိုက်ကြောင်းကြေညာတဲ့အချိန်မှာ ကျနော်တို့ ပြည်သူ့အုပ်ချုပ်ရေး အနေနဲ့လည်း ကြိုဆိုတယ်။ ဘာဖြစ်လို့လဲဆိုရင် လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံအရသွားနေမယ်ဆိုရင် ကျ နော်တို့ လိုချင်တဲ့ ဒီမိုကရေစီလည်း ရနိုင်မှာ မဟုတ်ဘူး။ အဓိက ကျနော်တို့ တိုင်းရင်းသားတွေ လိုအပ်နေတဲ့ ဖက်ဒရယ်ဆိုတဲ့ဟာ လည်း ရောက်နိုင်မှာမဟုတ်တဲ့အတွက် ဒီ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖျက်သိမ်းတာကို ကြိုဆိုထောက်ခံ တယ်ပေါ့လေနော်” ဟု ၎င်း က ဆက်ပြောသည်။

ဧပြီလ ၁ ရက်နေ့ ဖွဲ့စည်းလိုက်သည့် တအာင်းဒေသ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အနေဖြင့် စစ်အာဏာရှင်စနစ် ကျ ဆုံးရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ပေါက်လာရေးအတွက် တအာင်းပြည်သူများ၊ ရပ်မိ ရပ်ဖ များ၊ မိဘပြည်သူများနှင့်အတူ ပူးပေါင်းဆောင်ရွက်သွားမည်ဟု ပြောသည်။

“အဓိက က ကျနော်တို့ ဒေသမှာ ရှိနေတဲ့ မိဘပြည်သူတွေ နဲ့အတူ လိုချင်တဲ့ ဒီမိုကရေစီအခွင့်အရေးတွေ၊ သွား ချင် တဲ့ ဖက်ဒရယ်တွေ ကျနော်တို့ ဒေသမှာ ရှိနေတဲ့ ပြည်သူ လူထုတွေရော၊ CRPH က အကောင်အထည်ဖော် နေတဲ့ ကျနော်တို့ ဒီမိုကရေစီအင်အားစုတွေရော လက်တွဲသွား ပြီးတော့ စစ်အာဏာရှင်စနစ်ပြုတ်ကျရေးကို အတူတကွလုပ်ဆောင်ပြီးမှ ကျနော်တို့လိုချင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီကို ရောက်အောင်သွားမယ်ပေါ့လေ” ဟု တအာင်း ဒေသ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ က အဖွဲ့ဝင်တစ်ဦး က ဆက်ပြောသည်။

တအာင်း ဒေသ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွင် တအာင်းအမျိုးသားပါတီ TNP၊ တအာင်းလူငယ်များ၊ တအာင်း ဥပဒေပညာရှင်များ၊ တက်ကြွလှုပ်ရှားသူများ နှင့် ရပ်မိရပ်ဖများ ပါဝင်သည်ဟု သိရသည်။

*** ZAWGYI ***
တအာင္း(ပေလာင္)ေဒသတြင္ ျပည္သူ႔အုပ္ခ်ဳပ္ေရးထူေထာင္ၿပီ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဧၿပီလ ၂ ရက္။

၂၀၀၈ ဖြဲ႕စည္းပုံ အေျခခံဥပေဒေအာက္တြင္ ျဖစ္တည္လာသည့္ ပေလာင္ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ ကို တအာင္း ေဒသျပည္သူ႔အုပ္ခ်ဳပ္ေရးအဖြဲ႕အျဖစ္ ေျပာင္းလဲဖြဲ႕စည္း လိုက္သည္။

နမ့္ဆန္ႏွင့္ မန္တုံ ၿမိဳ႕နယ္( ပေလာင္ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ) ကို တအာင္းေဒသ ျပည္သူ႔အုပ္ခ်ဳပ္ေရးအဖြဲ႕ အျဖစ္ေျပာင္းလဲဖြဲ႕စည္းလိုက္ေၾကာင္း ျပည္သူ႔အုပ္ခ်ဳပ္ေရးအဖြဲ႕က ဧၿပီလ ၁ ရက္ေန႔ ရက္စြဲျဖင့္ ထုတ္ျပန္ေၾကညာလိုက္သည္။

“အဓိကက ဒီ ၂၀၀၈ ဖြဲ႕စည္းပုံ အေျခခံဥပေဒကို ဖ်က္သိမ္းၿပီဆိုေတာ့ ဒီ ၂၀၀၈ ဥပေဒအရ ေပၚေပါက္လာတဲ့ က် ေနာ္တို႔ ပေလာင္ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသလည္း ရွိေတာ့မွာ မဟုတ္ဘူး။ အဲ့ဒါေၾကာင့္ က်ေနာ္တို႔ ပေလာင္ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသအစား တအာင္းေဒသကို အစားထိုးၿပီးမွ ထုတ္ျပန္လိုက္တာေပါ့ေလေနာ္” တအာင္း ေဒသ ျပည္သူ႔အုပ္ခ်ဳပ္ေရးအဖြဲ႕ က အဖြဲ႕ဝင္တစ္ဦး က ေျပာသည္။

ယခုဖြဲ႕စည္းလိုက္သည့္ တအာင္းေဒသ ျပည္သူ႔အုပ္ခ်ဳပ္ေရးအဖြဲ႕အေနျဖင့္ တအာင္းျပည္သူမ်ား၏ လုံၿခဳံေရး အတြက္လည္း ျပည္သူ႔လုံၿခဳံေရးအဖြဲ႕ကိုလည္း ဖြဲ႕စည္းထားသည္ဟု ေျပာသည္။

ပေလာင္ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသမွာ ၂၀၀၈ ဖြဲ႕စည္းပုံအေျခခံ ဥပေဒ ပုဒ္မ ၅၆ (ဃ) အရ ရွမ္းျပည္နယ္ ေျမာက္ပိုင္းက နမ့္ဆန္ၿမိဳ႕နယ္ႏွင့္ မန္တုံၿမိဳ႕နယ္တို႔ကို ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသအျဖစ္ သတ္မွတ္ေပးထားျခင္း ျဖစ္သည္။

အသစ္ ေျပာင္းလဲ ျပင္ဆင္ဖြဲ႕စည္းလိုက္သည့္ တအာင္းေဒသ ျပည္သူ႔အုပ္ခ်ဳပ္ေရးအဖြဲ႕အေနျဖင့္ (Civil Disobedience Movement – CDM) မလုပ္ သည့္ ဝန္ထမ္းမ်ား၊ စစ္အာဏာရွင္၏ လက္ပါးေစမ်ား၊ စစ္အာ ဏာရွင္ႏွင့္ ပူးေပါင္း ေနသူမ်ားကိုလည္း CRPH ၏ လမ္းၫြန္ခ်က္မ်ားႏွင့္အညီ ျပင္းထန္စြာ အေရးယူသြားမည္ ဟု ဆိုသည္။

တအာင္းေဒသ ျပည္သူ႔အုပ္ခ်ဳပ္ေရးအဖြဲ႕အေနျဖင့္ ျပည္ေထာင္စု လႊတ္ ေတာ္ကိုယ္စားျပဳ ေကာ္မတီ (CRPH) ၏ မတ္လ ၃၁ ရက္ေန႔က ထုတ္ျပန္လိုက္သည့္ ၂၀၀၈ ဖြဲ႕စည္းပုံ အေျခခံ ဥပေဒကို အၿပီးသတ္ဖ်က္သိမ္းေၾကာင္း ေၾကညာခ်က္ကိုလည္း အျပည့္ဝေထာက္ခံ ႀကိဳဆိုသည္ဟု ဆက္ ေျပာသည္။

“အဓိကကေတာ့ CRPH ရဲ႕ လမ္းၫြန္ခ်က္ေတြနဲ႔ က်ေနာ္တို႔က လုပ္ၾကေပါ့ေလေနာ္။ စစ္အာဏာရွင္ က်ဆုံး ေရး အတြက္ တတ္ႏိုင္တဲ့ဘက္ကေန ပူးေပါင္းေဆာင္႐ြက္ၾကတယ္။ ဒီထုတ္ျပန္ခ်က္ထဲမွာ အခ်က္ ၆ ခ်က္ ပါ တာေပါ့ေလ။ တစ္ခုနဲ႔တစ္ခုက တူမွာမဟုတ္ဘူး။ ပထမတစ္ခုက CRPH ကေနၿပီးမွ ၃၁ ရက္ေန႔မွာ ၂၀၀၈ ဖြဲ႕ စည္းပုံ ပယ္ဖ်က္အၿပီးသတ္ ဖ်က္သိမ္းလိုက္ေၾကာင္းေၾကညာတဲ့အခ်ိန္မွာ က်ေနာ္တို႔ ျပည္သူ႔အုပ္ခ်ဳပ္ေရး အေနနဲ႔လည္း ႀကိဳဆိုတယ္။ ဘာျဖစ္လို႔လဲဆိုရင္ လက္ရွိ ၂၀၀၈ ဖြဲ႕စည္းပုံ အေျခခံအရသြားေနမယ္ဆိုရင္ က် ေနာ္တို႔ လိုခ်င္တဲ့ ဒီမိုကေရစီလည္း ရႏိုင္မွာ မဟုတ္ဘူး။ အဓိက က်ေနာ္တို႔ တိုင္းရင္းသားေတြ လိုအပ္ေနတဲ့ ဖက္ဒရယ္ဆိုတဲ့ဟာ လည္း ေရာက္ႏိုင္မွာမဟုတ္တဲ့အတြက္ ဒီ ၂၀၀၈ ဖြဲ႕စည္းပုံ အေျခခံဥပေဒ ဖ်က္သိမ္းတာကို ႀကိဳဆိုေထာက္ခံ တယ္ေပါ့ေလေနာ္” ဟု ၎ က ဆက္ေျပာသည္။

ဧၿပီလ ၁ ရက္ေန႔ ဖြဲ႕စည္းလိုက္သည့္ တအာင္းေဒသ ျပည္သူ႔အုပ္ခ်ဳပ္ေရးအဖြဲ႕အေနျဖင့္ စစ္အာဏာရွင္စနစ္ က် ဆုံးေရးႏွင့္ ဖက္ဒရယ္ ဒီမိုကေရစီ ျပည္ေထာင္စု ေပၚေပါက္လာေရးအတြက္ တအာင္းျပည္သူမ်ား၊ ရပ္မိ ရပ္ဖ မ်ား၊ မိဘျပည္သူမ်ားႏွင့္အတူ ပူးေပါင္းေဆာင္႐ြက္သြားမည္ဟု ေျပာသည္။

“အဓိက က က်ေနာ္တို႔ ေဒသမွာ ရွိေနတဲ့ မိဘျပည္သူေတြ နဲ႔အတူ လိုခ်င္တဲ့ ဒီမိုကေရစီအခြင့္အေရးေတြ၊ သြား ခ်င္ တဲ့ ဖက္ဒရယ္ေတြ က်ေနာ္တို႔ ေဒသမွာ ရွိေနတဲ့ ျပည္သူ လူထုေတြေရာ၊ CRPH က အေကာင္အထည္ေဖာ္ ေနတဲ့ က်ေနာ္တို႔ ဒီမိုကေရစီအင္အားစုေတြေရာ လက္တြဲသြား ၿပီးေတာ့ စစ္အာဏာရွင္စနစ္ျပဳတ္က်ေရးကို အတူတကြလုပ္ေဆာင္ၿပီးမွ က်ေနာ္တို႔လိုခ်င္တဲ့ ဖက္ဒရယ္ဒီမိုကေရစီကို ေရာက္ေအာင္သြားမယ္ေပါ့ေလ” ဟု တအာင္း ေဒသ ျပည္သူ႔အုပ္ခ်ဳပ္ေရးအဖြဲ႕ က အဖြဲ႕ဝင္တစ္ဦး က ဆက္ေျပာသည္။

တအာင္း ေဒသ ျပည္သူ႔အုပ္ခ်ဳပ္ေရးအဖြဲ႕တြင္ တအာင္းအမ်ိဳးသားပါတီ TNP၊ တအာင္းလူငယ္မ်ား၊ တအာင္း ဥပေဒပညာရွင္မ်ား၊ တက္ႂကြလႈပ္ရွားသူမ်ား ႏွင့္ ရပ္မိရပ္ဖမ်ား ပါဝင္သည္ဟု သိရသည္။