မော်လမြိုင်ဘဏ်များတွင် ငွေထုတ်သူများပြား
သတင်းနှင့်မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဧပြီလ ၆ ရက်။
မွန်ပြည်နယ် မော်လမြိုင်မြို့တွင် ဧပြီလဆန်းမှစတင်၍ ပုဂ္ဂလိက ဘဏ်အချို့ ပြန်လည်ဖွင့်လှစ်နေပြီး ယခုအခါ ငွေလာထုတ်သူ အများအပြားရှိနေသည်ဟု ဒေသခံများက ပြောသည်။
ပုဂ္ဂလိက ဘဏ်အချို့ဖြစ်ကြသည့် ကမ္ဘောဇ၊ ဧရာဝတီ၊ CB အစရှိသည့်ဘဏ်များက ဧပြီလဆန်းတွင် ပြန်လည် ဖွင့်လှစ်နေခြင်း ဖြစ်ပြီး အလှည့်ကျစနစ်ဖြင့် ငွေထုတ်ပေးနေသည်ဟု ငွေထုတ်သူများက ပြောသည်။
ဧပြီလ ၆ ရက်နေ့က ကမ္ဘောဇဘဏ်ခွဲတွင် ငွေထုတ်ခဲ့သူတစ်ဦးက ၎င်းကြုံတွေ့ခဲ့ရသည့် အခြေအနေနှင့် ပတ် သက်၍ “ဘဏ်ရှေ့မှာ တန်းစီပြီး စောင့်ရတယ်၊ လူတန်းက အရှည်ကြီးဆိုတော့ ကိုယ့်အလှည့်ရောက်ဖို့က အကြာကြီး စောင့်ရတယ်၊ ညီမဆို နှစ်နာရီလောက်စောင့်လိုက်ရတယ်၊ ဘဏ်တွေ အခုမှပြန်ဖွင့်ကြတာရယ် နောက်တစ်ခုက သင်္ကြန်ပိတ်ရက်လည်းနီးလာတော့ ငွေထုတ်သူတွေများတယ်ထင်တာပဲ” ဟု ပြောသည်။
ပုဂ္ဂလိကဘဏ်ဝန်ထမ်းအများစုက အာဏာသိမ်း စစ်ကောင်စီ ဆန့်ကျင်ရေး CDM လှုပ်ရှားမှုတွင် ပူးပေါင်းပါဝင် လာကြပြီး အလုပ်မဆင်းကြသည့်အတွက် မော်လမြိုင်မြို့ပေါ်က ပုဂ္ဂလိကဘဏ်အများစုသည် ဖေဖော်ဝါရီ ၁၅ ရက်နေ့မှစပြီး ပိတ်ထားခဲ့သည်။
ပုဂ္ဂလိဘဏ်အများစု ပိတ်ထားသည့်အတွက် ဘဏ်နှင့် ချိတ်ဆက်လုပ်ငန်းဆောင်ရွက်နေရသည့် လုပ်ငန်းများ အတွက် လုပ်ငန်းနှောင့်နှေးမှုရှိကာ အခက်အခဲနှင့် ရင်ဆိုင်နေရသည်ဟု လုပ်ငန်းရှင်တို့၏ ပြောပြချက်အရ သိရ သည်။
“နိုင်ငံရေး မတည်မငြိမ်ဖြစ်သွားတော့ ဘဏ်တွေလည်း ပိတ်ထားကြတယ်၊ ဘဏ်တွေ မဖွင့်တော့ အရောင်းအ ဝယ်လုပ်ဖို့ ငွေလွှဲ ငွေပို့ဖို့က အခက်အခဲဖြစ်တယ်၊ အရောင်းအဝယ်မှာ နှောင့်နှေးမှုရှိတာပေါ့” ဟု ဆားလုပ်ငန်း ရှင် တစ်ဦး က ပြောသည်။
မော်လမြိုင်တွင် ကမ္ဘောဇ၊ ဧရာဝတီ၊ ရိုးမ၊ မြန်မာ့ရှေ့ဆောင်၊ အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေး၊ သမဝါယမ၊ AGD ဘဏ်နှင့် CB ဘဏ် အစရှိသည့်ဘဏ်ခွဲများ ရှိသည်။
အဆိုပါဘဏ်များအနက် ကမ္ဘောဇ၊ ဧရာဝတီနှင့် CB ဘဏ်တို့သာ ယခုလဆန်းမှ စတင်၍ ဖွင့်လှစ်ထားသော် လည်း ကျန်ပုဂ္ဂလိက ဘဏ်များ ဖွင့်လှစ်ခြင်း မရှိပေ။
ပုဂ္ဂလိကဘဏ်အများစုမှ ဘဏ်ဝန်ဆောင်မှုများ ပိတ်ထားသော်လည်း ပြည်သူများ ငွေကြေး ထုတ်ယူနိုင်ရေး အတွက် ATM service များကို ပေးထားသည်ဟု ပြည်သူများက ပြောသည်။
သို့သော် ငွေထုတ်ယူသူများပြားလွန်းသည့်အတွက် ATM စက်များတွင် ငွေပြတ်လပ်မှုများ မကြာခဏဖြစ်နေ သည်ဟုလည်း ပြည်သူများက ဆိုသည်။
အစိုးရဘဏ် နှစ်ခု ဖြစ်သည့် မြန်မာ့စီးပွားရေးဘဏ်နှင့် တပ်မတော်ပိုင် မြဝတီဘဏ်တို့လည်း ယနေ့အချိန်ထိ ပိတ်ထားခြင်းမရှိပဲ လုံခြုံရေး အပြည့်ဖြင့် ဖွင့်လှစ်ထားသည်ကို တွေ့ရသည်။
*** ZAWGYI ***
ေမာ္လၿမိဳင္ဘဏ္မ်ားတြင္ ေငြထုတ္သူမ်ားျပား
သတင္းႏွင့္မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဧၿပီလ ၆ ရက္။
မြန္ျပည္နယ္ ေမာ္လၿမိဳင္ၿမိဳ႕တြင္ ဧၿပီလဆန္းမွစတင္၍ ပုဂၢလိက ဘဏ္အခ်ိဳ႕ ျပန္လည္ဖြင့္လွစ္ေနၿပီး ယခုအခါ ေငြလာထုတ္သူ အမ်ားအျပားရွိေနသည္ဟု ေဒသခံမ်ားက ေျပာသည္။
ပုဂၢလိက ဘဏ္အခ်ိဳ႕ျဖစ္ၾကသည့္ ကေမာၻဇ၊ ဧရာဝတီ၊ CB အစရွိသည့္ဘဏ္မ်ားက ဧၿပီလဆန္းတြင္ ျပန္လည္ ဖြင့္လွစ္ေနျခင္း ျဖစ္ၿပီး အလွည့္က်စနစ္ျဖင့္ ေငြထုတ္ေပးေနသည္ဟု ေငြထုတ္သူမ်ားက ေျပာသည္။
ဧၿပီလ ၆ ရက္ေန႔က ကေမာၻဇဘဏ္ခြဲတြင္ ေငြထုတ္ခဲ့သူတစ္ဦးက ၎ႀကဳံေတြ႕ခဲ့ရသည့္ အေျခအေနႏွင့္ ပတ္ သက္၍ “ဘဏ္ေရွ႕မွာ တန္းစီၿပီး ေစာင့္ရတယ္၊ လူတန္းက အရွည္ႀကီးဆိုေတာ့ ကိုယ့္အလွည့္ေရာက္ဖို႔က အၾကာႀကီး ေစာင့္ရတယ္၊ ညီမဆို ႏွစ္နာရီေလာက္ေစာင့္လိုက္ရတယ္၊ ဘဏ္ေတြ အခုမွျပန္ဖြင့္ၾကတာရယ္ ေနာက္တစ္ခုက သၾကၤန္ပိတ္ရက္လည္းနီးလာေတာ့ ေငြထုတ္သူေတြမ်ားတယ္ထင္တာပဲ” ဟု ေျပာသည္။
ပုဂၢလိကဘဏ္ဝန္ထမ္းအမ်ားစုက အာဏာသိမ္း စစ္ေကာင္စီ ဆန႔္က်င္ေရး CDM လႈပ္ရွားမႈတြင္ ပူးေပါင္းပါဝင္ လာၾကၿပီး အလုပ္မဆင္းၾကသည့္အတြက္ ေမာ္လၿမိဳင္ၿမိဳ႕ေပၚက ပုဂၢလိကဘဏ္အမ်ားစုသည္ ေဖေဖာ္ဝါရီ ၁၅ ရက္ေန႔မွစၿပီး ပိတ္ထားခဲ့သည္။
ပုဂၢလိဘဏ္အမ်ားစု ပိတ္ထားသည့္အတြက္ ဘဏ္ႏွင့္ ခ်ိတ္ဆက္လုပ္ငန္းေဆာင္႐ြက္ေနရသည့္ လုပ္ငန္းမ်ား အတြက္ လုပ္ငန္းေႏွာင့္ေႏွးမႈရွိကာ အခက္အခဲႏွင့္ ရင္ဆိုင္ေနရသည္ဟု လုပ္ငန္းရွင္တို႔၏ ေျပာျပခ်က္အရ သိရ သည္။
“ႏိုင္ငံေရး မတည္မၿငိမ္ျဖစ္သြားေတာ့ ဘဏ္ေတြလည္း ပိတ္ထားၾကတယ္၊ ဘဏ္ေတြ မဖြင့္ေတာ့ အေရာင္းအ ဝယ္လုပ္ဖို႔ ေငြလႊဲ ေငြပို႔ဖို႔က အခက္အခဲျဖစ္တယ္၊ အေရာင္းအဝယ္မွာ ေႏွာင့္ေႏွးမႈရွိတာေပါ့” ဟု ဆားလုပ္ငန္း ရွင္ တစ္ဦး က ေျပာသည္။
ေမာ္လၿမိဳင္တြင္ ကေမာၻဇ၊ ဧရာဝတီ၊ ႐ိုးမ၊ ျမန္မာ့ေရွ႕ေဆာင္၊ အာရွစိမ္းလန္းမႈဖြံ႕ၿဖိဳးေရး၊ သမဝါယမ၊ AGD ဘဏ္ႏွင့္ CB ဘဏ္ အစရွိသည့္ဘဏ္ခြဲမ်ား ရွိသည္။
အဆိုပါဘဏ္မ်ားအနက္ ကေမာၻဇ၊ ဧရာဝတီႏွင့္ CB ဘဏ္တို႔သာ ယခုလဆန္းမွ စတင္၍ ဖြင့္လွစ္ထားေသာ္ လည္း က်န္ပုဂၢလိက ဘဏ္မ်ား ဖြင့္လွစ္ျခင္း မရွိေပ။
ပုဂၢလိကဘဏ္အမ်ားစုမွ ဘဏ္ဝန္ေဆာင္မႈမ်ား ပိတ္ထားေသာ္လည္း ျပည္သူမ်ား ေငြေၾကး ထုတ္ယူႏိုင္ေရး အတြက္ ATM service မ်ားကို ေပးထားသည္ဟု ျပည္သူမ်ားက ေျပာသည္။
သို႔ေသာ္ ေငြထုတ္ယူသူမ်ားျပားလြန္းသည့္အတြက္ ATM စက္မ်ားတြင္ ေငြျပတ္လပ္မႈမ်ား မၾကာခဏျဖစ္ေန သည္ဟုလည္း ျပည္သူမ်ားက ဆိုသည္။
အစိုးရဘဏ္ ႏွစ္ခု ျဖစ္သည့္ ျမန္မာ့စီးပြားေရးဘဏ္ႏွင့္ တပ္မေတာ္ပိုင္ ျမဝတီဘဏ္တို႔လည္း ယေန႔အခ်ိန္ထိ ပိတ္ထားျခင္းမရွိပဲ လုံၿခဳံေရး အျပည့္ျဖင့္ ဖြင့္လွစ္ထားသည္ကို ေတြ႕ရသည္။