တိုင်းရင်းသား ဘာသာ သတင်းအစီအစဉ် ( ၆ – ၄ – ၂၀၂၁ )

ကချင်လွတ်လပ်ရေးတပ်မတော်-KIA နဲ့ အာဏာသိမ်းကောင်စီရဲ့ တပ်တွေ ကချင်ပြည်နယ်မှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး ရွာသားတချို့ စစ်ဘေးရှောင်နေရပါတယ်။

ကရင်ပြည်နယ်၊ မူတြော်(ဖာပွန်)ခရိုင်မှာရှိတဲ့ တပ်မဟာ ၅ ဌာနချုပ်ကို အာဏာသိမ်းစစ်အုပ်စုက မတ်လ ၂၇ ရက်နေ့မှာ လေယာဉ် ၂ စင်းနဲ့ ဝင်ရောက်ပစ်ခတ်ခဲ့ပါတယ်။

သောင်းဂဏန်းကျော်ရှိတဲ့ ကရင်စစ်ရှောင်တွေအတွက် အစားအသောက်နဲ့ တခြားအသုံးအဆောင်တွေ အရေးအပေါ် လိုအပ်နေတယ်လို့ အကူအညီပေးနေသူတွေက ပြောပါတယ်။

*** ZAWGYI ***


