တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ရှမ်းမြောက်တွင် တိုက်ပွဲများ ဆက်ဖြစ်နေ၊
ရွာသား ၁၅၀၀ ကျော်ထွက်ပြေးနေရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဧပြီလ ၇ ရက်။

ရှမ်းပြည်နယ် မြောက်ပိုင်းက နမ္မတူမြို့နယ်အတွင်း တိုင်းရင်းသား လက်ကိုင်အဖွဲ့များအချင်းချင်းကြား ဧပြီလ ဆန်း အထိ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေပြီး ဒေသခံရွာသား ၁၅၀၀ ကျော်ခန့် စစ်ဘေးတိမ်းရှောင် နေကြရသည်။

နမ္မတူမြို့နယ်အတွင်းရှိ ပန်လုံနှင့် မန်လီကျေးရွာတို့အတွင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA နှင့် တအန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA၊ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA ပူးပေါင်း တပ်တို့ အကြား တိုက်ပွဲများ ဖြစ်ပွားနေခြင်း ဖြစ်သည်ဟု ဒေသခံများနှင့် အကူအညီပေးနေသူများကပြောသည်။

နမ္မတူ ဒေသခံတစ်ဦး က “အခုလောလောဆယ်က ဒီနေ့က မန်လီမှာ ဆက်ဖြစ်တယ်ပေါ့။ အထူးသဖြင့် ဖြစ်နေ တာက TNLA ရယ်၊ SSPP ပူးပေါင်းတပ်ဖွဲ့နဲ့ RCSS တို့ဖြစ်နေတာ။ ဒါကတော့ ဒီနေ့ မန်လီမှာ ဖြစ်ပျက်နေတဲ့ ဟာပေါ့။ ဒီနေ့ ဖြစ်တယ် နေ့ လယ် ၁၂ နာရီလောက် စဖြစ်တယ်။ ရွာသားတွေက သီပေါကို ထွက်ပြေးတယ်။ ဘာလို့ သီပေါဘက်ကို ထွက် ပြေးရလဲဆိုရင် RCSS က ရွာထဲဝင်လာပြီးတော့မှ သူတို့က သေနတ်တွေနဲ့ ပစ် တော့ ရွာသားတွေက မနေရဲတော့ ဘူး။ မနေရဲတော့ သီပေါထွက်ပြေးသွားတာ။ ရွာသားတွေ သီပေါထွက် ပြေး သွားတာနဲ့ တိုက်ပွဲက စတော့တာ” ဟု ပြောသည်။

နမ္မတူမြို့နယ် မန်လီကျေးရွာအတွင်း ဧပြီလ ၆ ရက်နေ့ (ယနေ့) ညနေပိုင်းအချိန်ထိ တိုက်ပွဲများ ဖြစ်ပွားနေပြီး ကျေးရွာထဲရှိ နေအိမ်အချို့လည်း မီးလောင်သွားသည်ဟု ဆက် ပြော သည်။

“ဒီနေ့က မန်လီမှာက မီးလောင်တဲ့အိမ် အတိအကျ ဘယ်သူမှ မသိရသေးဘူး။ လောင်တာကတော့ လောင်တယ် နော်။ တိုက်ပွဲက အခုချိန်ထိ သေနတ်သံ ထွက်နေတုန်းပဲဆိုတော့။ ဘယ်သူမှလည်း သွားသွားလာလာမလုပ်ရဲ ဘူး။ ဘယ်သူမှလည်း ရွာထဲမှာ ဝင်ပြီးတော့ မှ မကြည့်ရဲသေးဘူး။”

နမ္မတူမြို့နယ်၊ မန်လီကျေးရွာမှ ဒေသခံ ၅၀၀ ကျော်သည် ယခု သီပေါမြို့သို့ စစ်ဘေးတိမ်းရှောင်နေကြရသည်။

“သီပေါရောက်တော့ စားသုံးသူရေးရာဂိုဒေါင်မှာရယ်၊ နောက်ရေဟော်ကျောင်းမှာရယ်ပေါ့နော်။ နှစ်နေရာ သူ တို့ စီစဉ် ပေးကြတာပေါ့။ ရေဟော်မှာတော့ လူဦးရေ ၃၀၇ ဦးတဲ့။ ကျားက ၁၆၅၊ မ က ၁၄၀ ကျော်ပေါ့နော်။ အိမ် ထောင်စု ၉၁ စုပေါ့၊ အကြမ်းဖျင်းပေါ့။ ဟိုဘက်မှာက ၂၄၂ လားမသိဘူး လူဦးရေက။ အဲ့ဘက်ကျတော့ စာ ရင်းတော့ မရသေးဘူး။ အခုလာတဲ့ရွာက မန်လီရွာပေါ့နော်။ ပန်လုံကတော့ ပန်လုံ မှာပဲရှိနေတယ်။ ဒီနေ့သီပေါ ကို ရှောင်လာတာက မန်လီရွာကပေါ့။ အားလုံးပေါင်းဆိုရင် ၅၀၀ ကျော်ကျော်လေး ရှိပြီပေါ့” ဟု စစ်ရှောင်များ အား သွားရောက်ကူညီနေသည့် လူမှုကူညီရေးအသင်းအဖွဲ့တစ်ခုမှ တာဝန်ရှိသူ တစ်ဦး က ပြောသည်။

ယခုခါ သီပေါမြို့ရှိ ရေဟော်ဘုန်းတော်ကြီးသင် စာသင်ကျောင်းနှင့် စားသုံးသူရေးရာဂိုဒေါင်တွင် စစ်ရှောင်များ ခေတ္တခိုလှုံ နေထိုင်နိုင်ရေးအတွက် သီပေါဒေသခံများ၊ ရပ်မိရပ်ဖများနှင့် အကူအညီပေးနေသူများက စီစဉ်ပေး ထားရသည် ဟု ပြောသည်။

“သူတို့အတွက် အဓိကက စားသောက်ကုန်ပေါ့၊ ကျနော်တို့ ဒီနေ့တော့ အတတ်နိုင်ဆုံး ဆန်၊ ဆီ၊ ဆား ဟင်းချက်စရာလေးပေါ့၊ စားသောက်ကုန်တော့ လောလောဆယ် စီစဉ်ပေးထားတာပေါ့” အကူအညီပေးနေသူက ပြော သည်။

မန်လီကျေးရွာအပြင် ပန်လုံကျေးရွာအတွင်း တိုင်းရင်းသား လက်နက်ကိုင်အချင်းချင်းကြား ဖြစ်ပွားခဲ့သည့် တိုက် ပွဲများ၊ ပစ်ခတ်မှုများကြောင့် ဒေသခံတစ်ထောင်ကျော် နေရပ်စွန့်ခွာနေရပြီး ပန်လုံကျေးရွာမှ နေအိမ် ၂၈ လုံး လည်း မီးလောင်ပျက်စီးခဲ့ရသည်ဟု ဒေသခံများ က ပြောသည်။

“ဒါပေမယ့် ပန်လုံမှာကတော့ တိုက်ပွဲစဖြစ်တာက ဒီ ၂၈ ရက်နေ့ ၃ လ ၂၀၂၁ ကနေ စပြီးတော့မှ တမြန်နေ့အထိ ပေါ့ တိုက်ပွဲကတော့ ဖြစ်နေတယ်။ မနေ့ကစပြီးမှ ဒီနေ့အထိ ပန်လုံဘက်ကမှာက တိုက်ပွဲက ရပ်နေသေးတယ်။ ဒါပေမယ့် အခြေအနေက တင်းမာနေတဲ့အခြေအနေရှိတယ်။ ဘာဖြစ်လို့လဲဆိုရင် တဖက်မှာက RCSS ရှိနေ တယ်။ ရွာထဲမှာကိုက တပ်ရှိနေတယ်။ ပြီးတော့ ရွာပြင်ရဲ့ နောက်တစ်ဖက်မှာလည်း SSPP တို့ရှိနေတယ်။ မနေ့ တုန်းက ၂၃ အိမ်လောင်တယ်။ မနေ့တုန်းက အများကြီးလောင်သွားတာပေါ့။ နောက် ဒီ ၂၉ ရက်နေ့လောက် ဖြစ်မယ်ထင်တယ်။ အဲ့နေ့ကတော့ ၅ အိမ်လောင်ထားတယ်” ဟု အမည်မဖော်လိုသူ နမ္မတူ ဒေသခံတစ်ဦးက ပြောသည်။

ပန်လုံကျေးရွာမှ စစ်ရှောင်များမှာ ယခုခါ ရေအိုးကျေးရွာ၊ ပန်သပြေကျေးရွာနှင့် မန်စံကျေးရွာများတွင် စစ်ဘေး တိန်းရှောင်နေရပြီး ၎င်းတို့အတွက်လည်း စားနပ်ရိက္ခာများ အဓိကလိုအပ်နေသည်ဟု အဆိုပါ ဒေသခံက ဆက် ပြောသည်။

“ရွာသားတွေ စထွက်ပြေးတဲ့နေ့ကတော့ ၂၈ ရက်နေ့ ၃ လကတည်းက စပြီးထွက်ပြေးသွားတာ ဖြစ်တယ်။ ထွက်ပြေးတဲ့ရွာက ရေအိုးရွာဘက်တစ်ဖွဲ့ ထွက်ပြေးတယ်။ နောက်ထပ် ပန်သပြေရွာဘက် တစ်ဖွဲ့ထွက်ပြေး သွားတယ်။ ပြီးနောက်တစ်ဖွဲ့ မန်စံရွာဘက်တစ်ဖွဲ့ပြေးသွားတယ်။ လူဦးရေက ၁၀၀၀ အထက်လောက်ရှိတယ်။ အဓိက လို အပ်နေတာက စားသောက်ပိုင်းပေါ့နော်၊ နောက်တစ်ခုက ကျန်းမာရေးပိုင်းပေါ့။ ပြီးရင် အမျိုးသမီး တွေ သုံးနေတဲ့ ပစ္စည်းတွေ အဲ့ဟာတွေလည်း လိုအပ်နေသေးတယ်။”

တိုက်ပွဲအခြေအနေနှင့် ပတ်သက်၍ နှစ်ဖက်တပ်များအား ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဆက်သွယ် ၍ မရခဲ့ပေ။

သီပေါမြို့နယ်ရှိ ကုန်းဆာကျေးရွာအုပ်စုအတွင်းက ကျေးရွာများအနီး မတ်လ ၂၂ ရက်နေ့က ဖြစ်ပွားခဲ့သည့် SSPP/SSA နှင့် RCSS/SSA တို့အကြား တိုက်ပွဲများကြောင့် ဒေသခံ ပြည်သူ ၃၀၀ ကျော် စစ်ဘေးတိန်းရှောင်နေရ သည်ခဲ့ကြရသည်။

ထို့အပြင် ဖေဖော်ဝါရီလ ဒုတိယအပတ်က SSPP၊ TNLA ပူးပေါင်းတပ်ဖွဲ့ နှင့် RCSS တပ်တို့အကြား ကျောက်မဲ မြို့နယ် တော့ဆန်၊ လွယ်အံကျေးရွာအုပ်စုနှင့် နမ္မတူမြို့နယ် မန်ဝါကျေးရွာအနီး တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ သည့် အတွက် ဒေသခံရွာသား တစ်ထောင်ကျော် ထွက်ပြေးတိမ်ရှောင်ခဲ့ကြရသည်မှာ ယနေ့အထိ အချိန်ထိ နေရပ်မပြန်ပဲ စစ်ဘေးတိမ်းရှောင်နေကြရဆဲ ဖြစ်သည်။

*** ZAWGYI ***
တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕မ်ား ရွမ္းေျမာက္တြင္ တိုက္ပြဲမ်ား ဆက္ျဖစ္ေန၊
႐ြာသား ၁၅၀၀ ေက်ာ္ထြက္ေျပးေနရ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဧၿပီလ ၇ ရက္။

ရွမ္းျပည္နယ္ ေျမာက္ပိုင္းက နမၼတူၿမိဳ႕နယ္အတြင္း တိုင္းရင္းသား လက္ကိုင္အဖြဲ႕မ်ားအခ်င္းခ်င္းၾကား ဧၿပီလ ဆန္း အထိ တိုက္ပြဲမ်ား ဆက္တိုက္ျဖစ္ပြားေနၿပီး ေဒသခံ႐ြာသား ၁၅၀၀ ေက်ာ္ခန႔္ စစ္ေဘးတိမ္းေရွာင္ ေနၾကရသည္။

နမၼတူၿမိဳ႕နယ္အတြင္းရွိ ပန္လုံႏွင့္ မန္လီေက်း႐ြာတို႔အတြင္ ရွမ္းျပည္ျပန္လည္ထူေထာင္ေရးေကာင္စီ RCSS/SSA ႏွင့္ တအန္းအမ်ိဳးသားလြတ္ေျမာက္ေရးတပ္မေတာ္ TNLA၊ ရွမ္းျပည္တိုးတက္ေရးပါတီ SSPP/SSA ပူးေပါင္း တပ္တို႔ အၾကား တိုက္ပြဲမ်ား ျဖစ္ပြားေနျခင္း ျဖစ္သည္ဟု ေဒသခံမ်ားႏွင့္ အကူအညီေပးေနသူမ်ားကေျပာသည္။

နမၼတူ ေဒသခံတစ္ဦး က “အခုေလာေလာဆယ္က ဒီေန႔က မန္လီမွာ ဆက္ျဖစ္တယ္ေပါ့။ အထူးသျဖင့္ ျဖစ္ေန တာက TNLA ရယ္၊ SSPP ပူးေပါင္းတပ္ဖြဲ႕နဲ႔ RCSS တို႔ျဖစ္ေနတာ။ ဒါကေတာ့ ဒီေန႔ မန္လီမွာ ျဖစ္ပ်က္ေနတဲ့ ဟာေပါ့။ ဒီေန႔ ျဖစ္တယ္ ေန႔ လယ္ ၁၂ နာရီေလာက္ စျဖစ္တယ္။ ႐ြာသားေတြက သီေပါကို ထြက္ေျပးတယ္။ ဘာလို႔ သီေပါဘက္ကို ထြက္ ေျပးရလဲဆိုရင္ RCSS က ႐ြာထဲဝင္လာၿပီးေတာ့မွ သူတို႔က ေသနတ္ေတြနဲ႔ ပစ္ ေတာ့ ႐ြာသားေတြက မေနရဲေတာ့ ဘူး။ မေနရဲေတာ့ သီေပါထြက္ေျပးသြားတာ။ ႐ြာသားေတြ သီေပါထြက္ ေျပး သြားတာနဲ႔ တိုက္ပြဲက စေတာ့တာ” ဟု ေျပာသည္။

နမၼတူၿမိဳ႕နယ္ မန္လီေက်း႐ြာအတြင္း ဧၿပီလ ၆ ရက္ေန႔ (ယေန႔) ညေနပိုင္းအခ်ိန္ထိ တိုက္ပြဲမ်ား ျဖစ္ပြားေနၿပီး ေက်း႐ြာထဲရွိ ေနအိမ္အခ်ိဳ႕လည္း မီးေလာင္သြားသည္ဟု ဆက္ ေျပာ သည္။

“ဒီေန႔က မန္လီမွာက မီးေလာင္တဲ့အိမ္ အတိအက် ဘယ္သူမွ မသိရေသးဘူး။ ေလာင္တာကေတာ့ ေလာင္တယ္ ေနာ္။ တိုက္ပြဲက အခုခ်ိန္ထိ ေသနတ္သံ ထြက္ေနတုန္းပဲဆိုေတာ့။ ဘယ္သူမွလည္း သြားသြားလာလာမလုပ္ရဲ ဘူး။ ဘယ္သူမွလည္း ႐ြာထဲမွာ ဝင္ၿပီးေတာ့ မွ မၾကည့္ရဲေသးဘူး။”

နမၼတူၿမိဳ႕နယ္၊ မန္လီေက်း႐ြာမွ ေဒသခံ ၅၀၀ ေက်ာ္သည္ ယခု သီေပါၿမိဳ႕သို႔ စစ္ေဘးတိမ္းေရွာင္ေနၾကရသည္။

“သီေပါေရာက္ေတာ့ စားသုံးသူေရးရာဂိုေဒါင္မွာရယ္၊ ေနာက္ေရေဟာ္ေက်ာင္းမွာရယ္ေပါ့ေနာ္။ ႏွစ္ေနရာ သူ တို႔ စီစဥ္ ေပးၾကတာေပါ့။ ေရေဟာ္မွာေတာ့ လူဦးေရ ၃၀၇ ဦးတဲ့။ က်ားက ၁၆၅၊ မ က ၁၄၀ ေက်ာ္ေပါ့ေနာ္။ အိမ္ ေထာင္စု ၉၁ စုေပါ့၊ အၾကမ္းဖ်င္းေပါ့။ ဟိုဘက္မွာက ၂၄၂ လားမသိဘူး လူဦးေရက။ အဲ့ဘက္က်ေတာ့ စာ ရင္းေတာ့ မရေသးဘူး။ အခုလာတဲ့႐ြာက မန္လီ႐ြာေပါ့ေနာ္။ ပန္လုံကေတာ့ ပန္လုံ မွာပဲရွိေနတယ္။ ဒီေန႔သီေပါ ကို ေရွာင္လာတာက မန္လီ႐ြာကေပါ့။ အားလုံးေပါင္းဆိုရင္ ၅၀၀ ေက်ာ္ေက်ာ္ေလး ရွိၿပီေပါ့” ဟု စစ္ေရွာင္မ်ား အား သြားေရာက္ကူညီေနသည့္ လူမႈကူညီေရးအသင္းအဖြဲ႕တစ္ခုမွ တာဝန္ရွိသူ တစ္ဦး က ေျပာသည္။

ယခုခါ သီေပါၿမိဳ႕ရွိ ေရေဟာ္ဘုန္းေတာ္ႀကီးသင္ စာသင္ေက်ာင္းႏွင့္ စားသုံးသူေရးရာဂိုေဒါင္တြင္ စစ္ေရွာင္မ်ား ေခတၱခိုလႈံ ေနထိုင္ႏိုင္ေရးအတြက္ သီေပါေဒသခံမ်ား၊ ရပ္မိရပ္ဖမ်ားႏွင့္ အကူအညီေပးေနသူမ်ားက စီစဥ္ေပး ထားရသည္ ဟု ေျပာသည္။

“သူတို႔အတြက္ အဓိကက စားေသာက္ကုန္ေပါ့၊ က်ေနာ္တို႔ ဒီေန႔ေတာ့ အတတ္ႏိုင္ဆုံး ဆန္၊ ဆီ၊ ဆား ဟင္းခ်က္စရာေလးေပါ့၊ စားေသာက္ကုန္ေတာ့ ေလာေလာဆယ္ စီစဥ္ေပးထားတာေပါ့” အကူအညီေပးေနသူက ေျပာ သည္။

မန္လီေက်း႐ြာအျပင္ ပန္လုံေက်း႐ြာအတြင္း တိုင္းရင္းသား လက္နက္ကိုင္အခ်င္းခ်င္းၾကား ျဖစ္ပြားခဲ့သည့္ တိုက္ ပြဲမ်ား၊ ပစ္ခတ္မႈမ်ားေၾကာင့္ ေဒသခံတစ္ေထာင္ေက်ာ္ ေနရပ္စြန႔္ခြာေနရၿပီး ပန္လုံေက်း႐ြာမွ ေနအိမ္ ၂၈ လုံး လည္း မီးေလာင္ပ်က္စီးခဲ့ရသည္ဟု ေဒသခံမ်ား က ေျပာသည္။

“ဒါေပမယ့္ ပန္လုံမွာကေတာ့ တိုက္ပြဲစျဖစ္တာက ဒီ ၂၈ ရက္ေန႔ ၃ လ ၂၀၂၁ ကေန စၿပီးေတာ့မွ တျမန္ေန႔အထိ ေပါ့ တိုက္ပြဲကေတာ့ ျဖစ္ေနတယ္။ မေန႔ကစၿပီးမွ ဒီေန႔အထိ ပန္လုံဘက္ကမွာက တိုက္ပြဲက ရပ္ေနေသးတယ္။ ဒါေပမယ့္ အေျခအေနက တင္းမာေနတဲ့အေျခအေနရွိတယ္။ ဘာျဖစ္လို႔လဲဆိုရင္ တဖက္မွာက RCSS ရွိေန တယ္။ ႐ြာထဲမွာကိုက တပ္ရွိေနတယ္။ ၿပီးေတာ့ ႐ြာျပင္ရဲ႕ ေနာက္တစ္ဖက္မွာလည္း SSPP တို႔ရွိေနတယ္။ မေန႔ တုန္းက ၂၃ အိမ္ေလာင္တယ္။ မေန႔တုန္းက အမ်ားႀကီးေလာင္သြားတာေပါ့။ ေနာက္ ဒီ ၂၉ ရက္ေန႔ေလာက္ ျဖစ္မယ္ထင္တယ္။ အဲ့ေန႔ကေတာ့ ၅ အိမ္ေလာင္ထားတယ္” ဟု အမည္မေဖာ္လိုသူ နမၼတူ ေဒသခံတစ္ဦးက ေျပာသည္။

ပန္လုံေက်း႐ြာမွ စစ္ေရွာင္မ်ားမွာ ယခုခါ ေရအိုးေက်း႐ြာ၊ ပန္သေျပေက်း႐ြာႏွင့္ မန္စံေက်း႐ြာမ်ားတြင္ စစ္ေဘး တိန္းေရွာင္ေနရၿပီး ၎တို႔အတြက္လည္း စားနပ္ရိကၡာမ်ား အဓိကလိုအပ္ေနသည္ဟု အဆိုပါ ေဒသခံက ဆက္ ေျပာသည္။

“႐ြာသားေတြ စထြက္ေျပးတဲ့ေန႔ကေတာ့ ၂၈ ရက္ေန႔ ၃ လကတည္းက စၿပီးထြက္ေျပးသြားတာ ျဖစ္တယ္။ ထြက္ေျပးတဲ့႐ြာက ေရအိုး႐ြာဘက္တစ္ဖြဲ႕ ထြက္ေျပးတယ္။ ေနာက္ထပ္ ပန္သေျပ႐ြာဘက္ တစ္ဖြဲ႕ထြက္ေျပး သြားတယ္။ ၿပီးေနာက္တစ္ဖြဲ႕ မန္စံ႐ြာဘက္တစ္ဖြဲ႕ေျပးသြားတယ္။ လူဦးေရက ၁၀၀၀ အထက္ေလာက္ရွိတယ္။ အဓိက လို အပ္ေနတာက စားေသာက္ပိုင္းေပါ့ေနာ္၊ ေနာက္တစ္ခုက က်န္းမာေရးပိုင္းေပါ့။ ၿပီးရင္ အမ်ိဳးသမီး ေတြ သုံးေနတဲ့ ပစၥည္းေတြ အဲ့ဟာေတြလည္း လိုအပ္ေနေသးတယ္။”

တိုက္ပြဲအေျခအေနႏွင့္ ပတ္သက္၍ ႏွစ္ဖက္တပ္မ်ားအား ဖုန္းျဖင့္ ဆက္သြယ္ေမးျမန္းခဲ့ေသာ္လည္း ဆက္သြယ္ ၍ မရခဲ့ေပ။

သီေပါၿမိဳ႕နယ္ရွိ ကုန္းဆာေက်း႐ြာအုပ္စုအတြင္းက ေက်း႐ြာမ်ားအနီး မတ္လ ၂၂ ရက္ေန႔က ျဖစ္ပြားခဲ့သည့္ SSPP/SSA ႏွင့္ RCSS/SSA တို႔အၾကား တိုက္ပြဲမ်ားေၾကာင့္ ေဒသခံ ျပည္သူ ၃၀၀ ေက်ာ္ စစ္ေဘးတိန္းေရွာင္ေနရ သည္ခဲ့ၾကရသည္။

ထို႔အျပင္ ေဖေဖာ္ဝါရီလ ဒုတိယအပတ္က SSPP၊ TNLA ပူးေပါင္းတပ္ဖြဲ႕ ႏွင့္ RCSS တပ္တို႔အၾကား ေက်ာက္မဲ ၿမိဳ႕နယ္ ေတာ့ဆန္၊ လြယ္အံေက်း႐ြာအုပ္စုႏွင့္ နမၼတူၿမိဳ႕နယ္ မန္ဝါေက်း႐ြာအနီး တိုက္ပြဲျပင္းထန္စြာ ျဖစ္ပြားခဲ့ သည့္ အတြက္ ေဒသခံ႐ြာသား တစ္ေထာင္ေက်ာ္ ထြက္ေျပးတိမ္ေရွာင္ခဲ့ၾကရသည္မွာ ယေန႔အထိ အခ်ိန္ထိ ေနရပ္မျပန္ပဲ စစ္ေဘးတိမ္းေရွာင္ေနၾကရဆဲ ျဖစ္သည္။