ကရင်ပြည်နယ်မှ ဒုက္ခသည်များ လက်ခံပေးရန် ရွေ့ပြောင်းအလုပ်သမားများက ထိုင်းကို တောင်းဆို

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဧပြီလ ၉ ရက်။

ကရင်ပြည်နယ်ဘက်မှ ထိုင်းနိုင်ငံသို့ ထွက်ပြေးလာကြသည့် စစ်ရှောင်များကို ထိုင်း အစိုးရ အနေဖြင့် လူသားချင်စာနာထောက်ထားမှု အကူအညီများ ပေးဖို့ ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်း အလုပ် သမားများက မေတ္တာရပ်ခံတောင်းဆိုလိုက်သည်။

ဧပြီလ ပထမအပတ်က ပြုလုပ်ခဲ့သည့် ချင်းမိုင်မြို့က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ပွဲတွင် ပါဝင် ခဲ့ကြသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများက တောင်းဆိုခဲ့ကြခြင်း ဖြစ်သည်။

ချင်းမိုင်မြို့ ရွှေ့ပြောင်းအလုပ်သမား မေခူးငယ် က “ကျမအနေနဲ့ ထိုင်းအစိုးရကို ကရင်ဒုက္ခသည်တွေအတွက် နေရာတစ်နေရာစာပေ့ါနော်၊ ဒီဘက်မှာပေါ့၊ သူတို့ အရမ်းဒုက္ခရောက်တဲ့အချိန်မှာ ပြေးလာတာဖြစ်တဲ့အတွက် နေဖို့ တစ်ရာစာပဲဖြစ်ဖြစ် ပေးစေချင်ပါတယ်။ ပေး ဖို့လည်းမျှော်လင့်ပါတယ်ပေ့ါ။ သူတို့အရမ်းဒုက္ခရောက် ကြပါတယ်။ လူသားချင်းကိုယ်ချင်းစာတဲ့အနေနဲ့ပေါ့၊ မိခင်တွေလည်းပါတယ်။ ကလေးတွေလည်းပါတယ်။ အသက်ကြီးရွယ်အိုတွေလည်းပါတယ်။ လူမျိုးပေါင်းစုံ ပေါ့နော်။ အမျိုးမျိုးခံစားနေရတယ်။ ကျမတို့က အခု ချိန်မှာ အဆင်ပြေနေတယ်။ သူတို့က အရမ်းဒုက္ခရောက် နေတယ်လို့ ထိုင်းအစိုးရကို နေရာစရာပေးပါလို့ တောင်းဆိုချင်ပါတယ်” ဟု ပြောသည်။

ကရင်ပြည်နယ်ဘက်မှ ထွက်ပြေးလာကြသူများထဲတွင် ကိုရိုနာဗိုင်းရပ်စ် COVID-19 ကူး စက်ခံထားရသူများ ပါလာမည်ကို စိုးရိမ်သည့်အတွက် ကရင်ဒုက္ခသည်များကို ခိုလှုံနေထိုင်ခွင့်ပြုမှာ မဟုတ်ကြောင်း ထိုင်းကျန်းမာရေးဝန်ကြီး က သတင်းမီဒီယာများတွင် ပြောဆိုထားသည်။

ဧပြီလ ပထမအပတ်ထဲမှာတွင် ဒုက္ခသည် အများအပြားဝင်ရောက်လာနေသည့် Sop Moei (ဆွတ်မွိုင်) ခရိုင်၊ မယ့်စရီးယန်း အတွင်းရှိ ကျန်းမာရေးဝန်ထမ်းများကို ထိုင်းအာဏာပိုင်များက ကိုဗစ်ကာကွယ်ဆေး ထိုးပေးနေ သည့်အစီအစဉ်ကို သွားရောက် ကြည့်ရှုချိန် ထိုင်းကျန်းမာရေးဝန်ကြီး Anutin Charnvirakul (အနုထင်ချန်ဗီရာ ကူ) က ပြောဆို လိုက်ခြင်း ဖြစ်သည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ဘန်ကောက်က မြန်မာရွှေ့ပြောင်းအလုပ်သမားတစ်ဦးက “ကရင်စစ်ဘေးရှောင် ဒုက္ခသည်တွေ အတွက်ဆိုရင် လူသားချင်းစာနာပြီးတော့မှ ဒီဒုက္ခသည်တွေကို လက်ခံပေးဖို့ သင့်ပါတယ်။ အကယ်၍ ကိုဗစ်ရောဂါတွေပါလာမှာ စိုးရိမ်လို့ ပေးမဝင်ဘူးဆိုတဲ့ အကြောင်းပြချက်မျိုး ရှိခဲ့ရင် သူတို့ စစ် ဘေးရှောင်တွေဟာ တောထဲကတစ်နေရာမှာ စခန်းနဲ့ လုံလုံခြုံခြုံနေရတယ်ဆိုရင် တောထဲမှာ စခန်း တစ်ခုထား ပြီး စစ်ဘေးရှောင်တွေကို ထားမယ်ဆိုရင်လည်း လူ့အခွင့်အရေးရှိစွာနဲ့ လူသားချင်းစာနာစွာနဲ့ စဉ်း စားပေးဖို့ လိုပါတယ်လို့ ထိုင်းအစိုးရကို ပြောချင်ပါတယ်” ဟု ပြောသည်။

စစ်ရှောင်များ ဘေးကင်းလုံခြုံစွာနေထိုင်နိုင်ရေး နေစရာ နေရာက အဓိက လိုအပ်နေသည့်အတွက် ယခုကဲ့သို့ တောင်းဆိုရခြင်း ဖြစ်သည်ဟု မြန်မာရွှေ့ပြောင်းအလုပ်သမားများက ပြောသည်။

ကရင်စစ်ရှောင်များသည် အာဏာသိမ်းစစ်ကောင်စီတပ်များက လေယာဉ်များဖြင့် လာရောက်ပစ်ခတ်ခဲ့ကြသည့် အတွက် ၎င်းတို့၏ ကျေးရွာများထဲတွင် လုံခြုံမှု မရှိတော့သည့်အတွက် စစ်ဘေးလွှတ်ရာများသို့ ထွက်ပြေးလာ ကြခြင်းဖြစ်သည်။

ရွှေ့ပြောင်းအလုပ်သမားတစ်ဦး က “ကျမအနေနဲ့ ကရင်ပြည်နယ်မှာ ဖြစ်ပျက်နေတဲ့ စစ်ဘေးရှောင်တွေအတွက် ထိုင်းအစိုးရအနေနဲ့ လူသားချင်း စာနာစိတ်ထောက်ထားတဲ့အနေနဲ့ သူတို့အတွက် Camp တစ်ခုခုပဲဖြစ်ဖြစ် နေစရာ နေရာတစ်ခုခုပဲ ဖြစ်ဖြစ် ပြင်ဆင်ပေးဖို့ တောင်းဆိုလိုပါတယ်” ဟု ပြောသည်။

ကရင်စစ်ရှောင်များကို ထိုင်းနိုင်ငံဘက်ခြမ်းက ယနေ့အချိန်ထိ လက်မခံသည့်အတွက် ယခုခါ မြန်မာဘက်ခြမ်း သံလွင်မြစ်ဘေးတစ်လျှောက်နှင့် တောတောင်များထဲတွင် စစ်ဘေးတိမ်းရှောင်နေကြရသည်။

ထိုင်းအာဏာပိုင်များက ကရင်စစ်ရှောင်များအတွက် ထိုင်း-မြန်မာနယ်စပ်တွင် နေစရာ စခန်းများ ပြင်ဆင်ပေး ထားပြီး စစ်ရှောင်များကို လက်ခံသွားရန်ရှိသည်ဟု အစပိုင်းမှာ သတင်းမီဒီယာများတွင် ပြောဆိုထားသော်လည်း လက်တွေ့ ဖြစ်ပေါ်နေသည့် အခြေအနေများနှင့် ကွဲလွဲနေသည်။

ကရင်စစ်ရှောင်များသည် လုံခြုံတဲ့နေရာတစ်ခုရရှိဖို့အတွက် အရေးပေါ်လိုအပ်နေသလို ဆန်နှင့် အခြား စား သောက် ကုန်ပစ္စည်းများ၊ မိုးများရွာနေသည့်အတွက် မိုးကာများ၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် အရေးပေါ် အသုံးဆောင်များလိုအပ်နေကြောင်း၊ ဝိုင်းဝန်းကူညီပေးကြရန် စစ်ရှောင်များ၊ ကရင်အရပ်ဘက်အဖွဲ့အစည်း များနှင့် ထိုင်းရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများက တောင်းဆိုထားကြသည်။

*** ZAWGYI ***
ကရင္ျပည္နယ္မွ ဒုကၡသည္မ်ား လက္ခံေပးရန္ ေ႐ြ႕ေျပာင္းအလုပ္သမားမ်ားက ထိုင္းကို ေတာင္းဆို

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဧၿပီလ ၉ ရက္။

ကရင္ျပည္နယ္ဘက္မွ ထိုင္းႏိုင္ငံသို႔ ထြက္ေျပးလာၾကသည့္ စစ္ေရွာင္မ်ားကို ထိုင္း အစိုးရ အေနျဖင့္ လူသားခ်င္စာနာေထာက္ထားမႈ အကူအညီမ်ား ေပးဖို႔ ထိုင္းႏိုင္ငံေရာက္ ေ႐ႊ႕ေျပာင္း အလုပ္ သမားမ်ားက ေမတၱာရပ္ခံေတာင္းဆိုလိုက္သည္။

ဧၿပီလ ပထမအပတ္က ျပဳလုပ္ခဲ့သည့္ ခ်င္းမိုင္ၿမိဳ႕က စစ္အာဏာရွင္ဆန႔္က်င္ေရး ဆႏၵထုတ္ေဖာ္ပြဲတြင္ ပါဝင္ ခဲ့ၾကသည့္ ျမန္မာေ႐ႊ႕ေျပာင္းအလုပ္သမားမ်ားက ေတာင္းဆိုခဲ့ၾကျခင္း ျဖစ္သည္။

ခ်င္းမိုင္ၿမိဳ႕ ေ႐ႊ႕ေျပာင္းအလုပ္သမား ေမခူးငယ္ က “က်မအေနနဲ႔ ထိုင္းအစိုးရကို ကရင္ဒုကၡသည္ေတြအတြက္ ေနရာတစ္ေနရာစာေပ့ါေနာ္၊ ဒီဘက္မွာေပါ့၊ သူတို႔ အရမ္းဒုကၡေရာက္တဲ့အခ်ိန္မွာ ေျပးလာတာျဖစ္တဲ့အတြက္ ေနဖို႔ တစ္ရာစာပဲျဖစ္ျဖစ္ ေပးေစခ်င္ပါတယ္။ ေပး ဖို႔လည္းေမွ်ာ္လင့္ပါတယ္ေပ့ါ။ သူတို႔အရမ္းဒုကၡေရာက္ ၾကပါတယ္။ လူသားခ်င္းကိုယ္ခ်င္းစာတဲ့အေနနဲ႔ေပါ့၊ မိခင္ေတြလည္းပါတယ္။ ကေလးေတြလည္းပါတယ္။ အသက္ႀကီး႐ြယ္အိုေတြလည္းပါတယ္။ လူမ်ိဳးေပါင္းစုံ ေပါ့ေနာ္။ အမ်ိဳးမ်ိဳးခံစားေနရတယ္။ က်မတို႔က အခု ခ်ိန္မွာ အဆင္ေျပေနတယ္။ သူတို႔က အရမ္းဒုကၡေရာက္ ေနတယ္လို႔ ထိုင္းအစိုးရကို ေနရာစရာေပးပါလို႔ ေတာင္းဆိုခ်င္ပါတယ္” ဟု ေျပာသည္။

ကရင္ျပည္နယ္ဘက္မွ ထြက္ေျပးလာၾကသူမ်ားထဲတြင္ ကို႐ိုနာဗိုင္းရပ္စ္ COVID-19 ကူး စက္ခံထားရသူမ်ား ပါလာမည္ကို စိုးရိမ္သည့္အတြက္ ကရင္ဒုကၡသည္မ်ားကို ခိုလႈံေနထိုင္ခြင့္ျပဳမွာ မဟုတ္ေၾကာင္း ထိုင္းက်န္းမာေရးဝန္ႀကီး က သတင္းမီဒီယာမ်ားတြင္ ေျပာဆိုထားသည္။

ဧၿပီလ ပထမအပတ္ထဲမွာတြင္ ဒုကၡသည္ အမ်ားအျပားဝင္ေရာက္လာေနသည့္ Sop Moei (ဆြတ္မြိဳင္) ခ႐ိုင္၊ မယ့္စရီးယန္း အတြင္းရွိ က်န္းမာေရးဝန္ထမ္းမ်ားကို ထိုင္းအာဏာပိုင္မ်ားက ကိုဗစ္ကာကြယ္ေဆး ထိုးေပးေန သည့္အစီအစဥ္ကို သြားေရာက္ ၾကည့္ရႈခ်ိန္ ထိုင္းက်န္းမာေရးဝန္ႀကီး Anutin Charnvirakul (အႏုထင္ခ်န္ဗီရာ ကူ) က ေျပာဆို လိုက္ျခင္း ျဖစ္သည္။

အဆိုပါကိစၥႏွင့္ ပတ္သက္၍ ဘန္ေကာက္က ျမန္မာေ႐ႊ႕ေျပာင္းအလုပ္သမားတစ္ဦးက “ကရင္စစ္ေဘးေရွာင္ ဒုကၡသည္ေတြ အတြက္ဆိုရင္ လူသားခ်င္းစာနာၿပီးေတာ့မွ ဒီဒုကၡသည္ေတြကို လက္ခံေပးဖို႔ သင့္ပါတယ္။ အကယ္၍ ကိုဗစ္ေရာဂါေတြပါလာမွာ စိုးရိမ္လို႔ ေပးမဝင္ဘူးဆိုတဲ့ အေၾကာင္းျပခ်က္မ်ိဳး ရွိခဲ့ရင္ သူတို႔ စစ္ ေဘးေရွာင္ေတြဟာ ေတာထဲကတစ္ေနရာမွာ စခန္းနဲ႔ လုံလုံၿခဳံၿခဳံေနရတယ္ဆိုရင္ ေတာထဲမွာ စခန္း တစ္ခုထား ၿပီး စစ္ေဘးေရွာင္ေတြကို ထားမယ္ဆိုရင္လည္း လူ႔အခြင့္အေရးရွိစြာနဲ႔ လူသားခ်င္းစာနာစြာနဲ႔ စဥ္း စားေပးဖို႔ လိုပါတယ္လို႔ ထိုင္းအစိုးရကို ေျပာခ်င္ပါတယ္” ဟု ေျပာသည္။

စစ္ေရွာင္မ်ား ေဘးကင္းလုံၿခဳံစြာေနထိုင္ႏိုင္ေရး ေနစရာ ေနရာက အဓိက လိုအပ္ေနသည့္အတြက္ ယခုကဲ့သို႔ ေတာင္းဆိုရျခင္း ျဖစ္သည္ဟု ျမန္မာေ႐ႊ႕ေျပာင္းအလုပ္သမားမ်ားက ေျပာသည္။

ကရင္စစ္ေရွာင္မ်ားသည္ အာဏာသိမ္းစစ္ေကာင္စီတပ္မ်ားက ေလယာဥ္မ်ားျဖင့္ လာေရာက္ပစ္ခတ္ခဲ့ၾကသည့္ အတြက္ ၎တို႔၏ ေက်း႐ြာမ်ားထဲတြင္ လုံၿခဳံမႈ မရွိေတာ့သည့္အတြက္ စစ္ေဘးလႊတ္ရာမ်ားသို႔ ထြက္ေျပးလာ ၾကျခင္းျဖစ္သည္။

ေ႐ႊ႕ေျပာင္းအလုပ္သမားတစ္ဦး က “က်မအေနနဲ႔ ကရင္ျပည္နယ္မွာ ျဖစ္ပ်က္ေနတဲ့ စစ္ေဘးေရွာင္ေတြအတြက္ ထိုင္းအစိုးရအေနနဲ႔ လူသားခ်င္း စာနာစိတ္ေထာက္ထားတဲ့အေနနဲ႔ သူတို႔အတြက္ Camp တစ္ခုခုပဲျဖစ္ျဖစ္ ေနစရာ ေနရာတစ္ခုခုပဲ ျဖစ္ျဖစ္ ျပင္ဆင္ေပးဖို႔ ေတာင္းဆိုလိုပါတယ္” ဟု ေျပာသည္။

ကရင္စစ္ေရွာင္မ်ားကို ထိုင္းႏိုင္ငံဘက္ျခမ္းက ယေန႔အခ်ိန္ထိ လက္မခံသည့္အတြက္ ယခုခါ ျမန္မာဘက္ျခမ္း သံလြင္ျမစ္ေဘးတစ္ေလွ်ာက္ႏွင့္ ေတာေတာင္မ်ားထဲတြင္ စစ္ေဘးတိမ္းေရွာင္ေနၾကရသည္။

ထိုင္းအာဏာပိုင္မ်ားက ကရင္စစ္ေရွာင္မ်ားအတြက္ ထိုင္း-ျမန္မာနယ္စပ္တြင္ ေနစရာ စခန္းမ်ား ျပင္ဆင္ေပး ထားၿပီး စစ္ေရွာင္မ်ားကို လက္ခံသြားရန္ရွိသည္ဟု အစပိုင္းမွာ သတင္းမီဒီယာမ်ားတြင္ ေျပာဆိုထားေသာ္လည္း လက္ေတြ႕ ျဖစ္ေပၚေနသည့္ အေျခအေနမ်ားႏွင့္ ကြဲလြဲေနသည္။

ကရင္စစ္ေရွာင္မ်ားသည္ လုံၿခဳံတဲ့ေနရာတစ္ခုရရွိဖို႔အတြက္ အေရးေပၚလိုအပ္ေနသလို ဆန္ႏွင့္ အျခား စား ေသာက္ ကုန္ပစၥည္းမ်ား၊ မိုးမ်ား႐ြာေနသည့္အတြက္ မိုးကာမ်ား၊ က်န္းမာေရးေစာင့္ေရွာက္မႈႏွင့္ အေရးေပၚ အသုံးေဆာင္မ်ားလိုအပ္ေနေၾကာင္း၊ ဝိုင္းဝန္းကူညီေပးၾကရန္ စစ္ေရွာင္မ်ား၊ ကရင္အရပ္ဘက္အဖြဲ႕အစည္း မ်ားႏွင့္ ထိုင္းေရာက္ ျမန္မာေ႐ႊ႕ေျပာင္းအလုပ္သမားမ်ားက ေတာင္းဆိုထားၾကသည္။