ကသာမြို့ လူမဲ့ ပိတောက်သပိတ်ကို သေနတ်ပစ်ဖောက် ဖမ်းဆီး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဧပြီလ ၂၀ ရက်။

စစ်ကိုင်းဒေသကြီး၊ ကသာမြို့ တွင် လူမဲ့ ပိတောက်သပိတ်ပြုလုပ်ရန် ပြင်ဆင်နေချိန် သေနတ်ဖြင့် ပစ်ဖောက် ဖမ်းဆီးမှုများရှိသည်ဟု သိရသည်။

ကသာမြို့၊ ၃ ရပ်ကွက်အနီး ကမ်းနားလမ်း၌ ဧပြီလ ၂၀ရက်နေ့ (ယနေ့) နံနက်၁၁နာရီခွဲခန့်တွင် လူမဲ့ ပိတောက် သပိတ်ပြုလုပ်ရန် ပြင်ဆင်နေကြစဉ် သေနတ်ပစ်ဖောက်ဖမ်းဆီးမှု တချို့ရှိခဲ့ခြင်း ဖြစ်သည်။

ထိုပစ်ဖောက် ဖမ်းဆီးမှုအတွင်း CDM ဝင်ထားသူ အလယ်တန်းပြဆရာမ ဒေါ်မေသူသိန်း ၄၈နှစ် နှင့် ရွှေမြစ်မခ သတင်းဌာနမှ သတင်းထောက် မကြည်သာလှ ၃၇ နှစ်တို့ ဖမ်းဆီးခံလိုက်ရကြောင်း သိရသည်။

“လူမဲ့သပိတ်အတွက် စာတွေချိတ်၊ ပန်းတွေချည်နေတုန်းမှာ ရဲကားတစ်စီးရောက်လာပြီး သေနတ်သုံးချက် လောက်ဖောက်ပြီး ဝင်ဖမ်းတာ“ ဟု ဒေသခံတစ်ဦးက ပြောသည်။

ကမ်းနားလမ်း အနီးရှိ အုန်းပင်များ၊ ထန်းပင်များ၊ သစ်ပင်များတွင် ပိတောက်ပန်းများချိတ်ဆွဲပြီး အမျိုးသား ညီညွတ်ရေးအစိုး NUG ကို ထောက်ခံကြောင်း စာရွက်များနှင့် ပိတောက်ပန်းများ ချိတ်ဆွဲနေစဉ် ဝင်ရောက် ဖမ်းဆီးခြင်းကြောင်း သိရသည်။

ယခု ဖမ်းဆီးခံမှုသည် ကသာမြို့တွင် ပထမဆုံး ဖမ်းဆီးခံရမှုဖြစ်ကြောင်း သိရသည်။

ကသာမြို့၊ ဧရာဝတီမြစ်ကမ်းဘေးတွင် ယခုက ၁၈ ရက်နေ့က ကသာဒေသထွက် ငါးချဉ်ထုပ်များဖြင့် စစ်အာဏာ ရှင်ကျဆုံးရေး ဆန္ဒထုတ်ဖော်မှုများ လုပ်ဆောင်ခဲ့သည်။

ကသာမြို့မှ ဒေသခံပြည်သူများသည့် မြန်မာနိုင်ငံအနှံ့က အခြားသော ပြည်သူများနည်းတူ စစ်အာဏာရှင်ကျဆုံး ရေး၊ အာဏာရှင်စနစ် အလိုမရှိကြောင်း ဖေဖော်ဝါရီလလယ်ကစတင်ပြီး ယနေ့အချိန်ထိ နည်းမျိုးစုံဖြင့် ဆန္ဒ ထုတ်ဖော်လျှက်ရှိသည်။

*** ZAWGYI ***
ကသာၿမိဳ႕ လူမဲ့ ပိေတာက္သပိတ္ကို ေသနတ္ပစ္ေဖာက္ ဖမ္းဆီး

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဧၿပီလ ၂၀ ရက္။

စစ္ကိုင္းေဒသႀကီး၊ ကသာၿမိဳ႕ တြင္ လူမဲ့ ပိေတာက္သပိတ္ျပဳလုပ္ရန္ ျပင္ဆင္ေနခ်ိန္ ေသနတ္ျဖင့္ ပစ္ေဖာက္ ဖမ္းဆီးမႈမ်ားရွိသည္ဟု သိရသည္။

ကသာၿမိဳ႕၊ ၃ ရပ္ကြက္အနီး ကမ္းနားလမ္း၌ ဧၿပီလ ၂၀ရက္ေန႔ (ယေန႔) နံနက္၁၁နာရီခြဲခန႔္တြင္ လူမဲ့ ပိေတာက္ သပိတ္ျပဳလုပ္ရန္ ျပင္ဆင္ေနၾကစဥ္ ေသနတ္ပစ္ေဖာက္ဖမ္းဆီးမႈ တခ်ိဳ႕ရွိခဲ့ျခင္း ျဖစ္သည္။

ထိုပစ္ေဖာက္ ဖမ္းဆီးမႈအတြင္း CDM ဝင္ထားသူ အလယ္တန္းျပဆရာမ ေဒၚေမသူသိန္း ၄၈ႏွစ္ ႏွင့္ ေ႐ႊျမစ္မခ သတင္းဌာနမွ သတင္းေထာက္ မၾကည္သာလွ ၃၇ ႏွစ္တို႔ ဖမ္းဆီးခံလိုက္ရေၾကာင္း သိရသည္။

“လူမဲ့သပိတ္အတြက္ စာေတြခ်ိတ္၊ ပန္းေတြခ်ည္ေနတုန္းမွာ ရဲကားတစ္စီးေရာက္လာၿပီး ေသနတ္သုံးခ်က္ ေလာက္ေဖာက္ၿပီး ဝင္ဖမ္းတာ“ ဟု ေဒသခံတစ္ဦးက ေျပာသည္။

ကမ္းနားလမ္း အနီးရွိ အုန္းပင္မ်ား၊ ထန္းပင္မ်ား၊ သစ္ပင္မ်ားတြင္ ပိေတာက္ပန္းမ်ားခ်ိတ္ဆြဲၿပီး အမ်ိဳးသား ညီၫြတ္ေရးအစိုး NUG ကို ေထာက္ခံေၾကာင္း စာ႐ြက္မ်ားႏွင့္ ပိေတာက္ပန္းမ်ား ခ်ိတ္ဆြဲေနစဥ္ ဝင္ေရာက္ ဖမ္းဆီးျခင္းေၾကာင္း သိရသည္။

ယခု ဖမ္းဆီးခံမႈသည္ ကသာၿမိဳ႕တြင္ ပထမဆုံး ဖမ္းဆီးခံရမႈျဖစ္ေၾကာင္း သိရသည္။

ကသာၿမိဳ႕၊ ဧရာဝတီျမစ္ကမ္းေဘးတြင္ ယခုက ၁၈ ရက္ေန႔က ကသာေဒသထြက္ ငါးခ်ဥ္ထုပ္မ်ားျဖင့္ စစ္အာဏာ ရွင္က်ဆုံးေရး ဆႏၵထုတ္ေဖာ္မႈမ်ား လုပ္ေဆာင္ခဲ့သည္။

ကသာၿမိဳ႕မွ ေဒသခံျပည္သူမ်ားသည့္ ျမန္မာႏိုင္ငံအႏွံ႔က အျခားေသာ ျပည္သူမ်ားနည္းတူ စစ္အာဏာရွင္က်ဆုံး ေရး၊ အာဏာရွင္စနစ္ အလိုမရွိေၾကာင္း ေဖေဖာ္ဝါရီလလယ္ကစတင္ၿပီး ယေန႔အခ်ိန္ထိ နည္းမ်ိဳးစုံျဖင့္ ဆႏၵ ထုတ္ေဖာ္လွ်က္ရွိသည္။