မော်လမြိုင် CDM ကျန်းမာရေး လုပ်သားများအား ဖိအားပေး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဧပြီလ ၂၆ ရက်။ 

မွန်ပြည်နယ်၊ မော်လမြိုင် အမျိုးသမီးနှင့် ကလေးဆေးရုံမှ အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM တွင် ပါဝင်နေ သည့် ဝန်ထမ်းများ အပါအဝင် CDM ကျန်းမာရေးဝန်ထမ်းများအား ရုံးပြန်တက်ရန် ဖိအားပေးခံနေရသည် ဟု သိရသည်။

မော်လမြိုင် အမျိုးသမီးနှင့် ကလေးဆေးရုံအုပ် ဒေါက်တာနိုင်ဦး မှ လူထု အာဏာဖီဆန်ရေး လှုပ်ရှားမှု (Civil Disobedience Movement-CDM) ဝန်ထမ်းများထံ လုပ်ငန်းခွင်သို့ အမြန် ဆုံး ဝင်ရောက်ရန် အကြောင်းကြား စာပေးပို့လာပြီး ခြိမ်းခြောက်မှုများလည်း ရှိနေသည်ဟု ကျန်းမာရေးဝန်ထမ်း များ က ပြောသည်။

“ရုံးပြန်မတက်ရင် ဖမ်းမယ်ဆီးမယ် တရားစွဲမယ်ဆိုပြီးတော့ အမျိုးမျိုးပါပဲ။ ဖိအားပေး ခြိမ်းခြောက်တယ်၊ CDM တွေကိုလည်း တကယ်ပဲ လိုက်ဖမ်းနေတယ်။ အခုဆိုရင် တိမ်းရှောင်ပြီး နေနေကြရတယ်” ဟု CDM တွင် ပါဝင်နေသည့် ကျန်းမာရေးဝန်ထမ်းတစ်ဦး က ပြောသည်။

ဆေးရုံအုပ် ဒေါက်တာနိုင်ဦး ၏ အကြောင်းကြားသည့် စာတွင် မော်လမြိုင် အမျိုးသမီးနှင့် ကလေးဆေးရုံကြီး တွင် တာဝန်ထမ်းဆောင်နေသော လူကြီးမင်းများသည် ဖေဖော်ဝါရီ ၁၉ ရက်နေ့မှစပြီး လုပ်ငန်းခွင်မှ ခွင့်မဲ့ ပျက် ကွက်နေပါသဖြင့် လုပ်ငန်းခွင်သို့ အမြန်ဆုံး ပြန်လည်ဝင်ရောက်ပါရန် (ပထမအကြိမ်) အကြောင်းကြား အပ်ပါ သည်ဆိုပြီး ရေးသားထားသည်ဟု ကျန်းမာရေးဝန်ထမ်းများက ပြောသည်။

အာဏာသိမ်းစစ်ကောင်စီမှ CDM တွင် ပါဝင်သည့် ဝန်ထမ်းများကို လုပ်ငန်းတာဝန်များမှ ရပ်ဆိုင်းပစ်ခြင်း၊ နေ အိမ်လိုင်းခန်းများမှ အဓမ္မပြောင်းရွှေ့ခိုင်းခြင်းများဖြင့် လုပ်ငန်းခွင်ထဲပြန်ဝင်ရန်လည်း နည်းမျိုးစုံဖြင့် ဖိအားပေး  လုပ်ဆောင်လျှက် ရှိသည်။

ထို့အပြင် CDM တွင် ပါဝင်နေသည့် ဝန်ထမ်းများ ရုံးပြန်တက်နိုင်ရန် ဖိအားပေးနေသလို တစ်ဘက်တွင်လည်း CDM ဝန်ထမ်းများအား ဖမ်းဆီးမှုများ ဆက်တိုက်လုပ်ဆောင်လာနေပြီး CDM အများစုသည်လည်း ထွက်ပြေး တိမ်းရှောင်နေရသည့် အနေအထားရှိသည်ဟု CDM ဝန်ထမ်းအချို့၏ ပြောပြချက်များအရ သိရသည်။

စစ်တပ်မှ အာဏာသိမ်းပြီးနောက် မော်လမြိုင် အမျိုးသမီးနှင့် ကလေးဆေးရုံ အပါအဝင် မော်လမြိုင်ဆေးရုံကြီး မှ ဝန်ထမ်းအများစုသည် အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM တွင် ပါဝင်ကြသည့်အတွက် ဆေးရုံလည်ပတ်မှု ကို ပိတ်ထားခဲ့ရသည်။

ယခုအခါ အာဏာသိမ်းစစ်ကောင်စီမှ ဆေးရုံကြီးများ ပြန်လည်ဖွင့်လှစ်နိုင်ရန် စီစဉ်နေသည့်အတွက် CDM တွင် ပါဝင်နေသည့် ကျန်းမာရေးဝန်ထမ်းများကို အလုပ်ပြန်ဆင်းကြရန် နည်းမျိုးစုံဖြင့် ဖိအားပေးနေခြင်းဖြစ်သည်။

ထို့အပြင် ဧပြီလ ပထမအပတ်က စတင်ပြီး အာဏာသိမ်းစစ်ကောင်စီက လူထု အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) တွင် ပါဝင်သော ဝန်ထမ်းများ အား NLD အစိုးရက ထုတ်ချေးပေးခဲ့သည့် COVID-19 ကပ်ရောဂါချေးငွေ နှစ်လစာကို ဖိအားပေး ပြန်ဆပ်ခိုင်းနေသည် အကြောင်းကြားစာများလည်း အချို့သော ဝန်ထမ်းများထံ ပေးပို့ကာ ဖိအားပေးလျှက် ရှိသည်။ 

*** ZAWGYI ***
ေမာ္လၿမိဳင္ CDM က်န္းမာေရး လုပ္သားမ်ားအား ဖိအားေပး

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဧၿပီလ ၂၆ ရက္။ 

မြန္ျပည္နယ္၊ ေမာ္လၿမိဳင္ အမ်ိဳးသမီးႏွင့္ ကေလးေဆး႐ုံမွ အာဏာဖီဆန္ေရးလႈပ္ရွားမႈ CDM တြင္ ပါဝင္ေန သည့္ ဝန္ထမ္းမ်ား အပါအဝင္ CDM က်န္းမာေရးဝန္ထမ္းမ်ားအား ႐ုံးျပန္တက္ရန္ ဖိအားေပးခံေနရသည္ ဟု သိရသည္။

ေမာ္လၿမိဳင္ အမ်ိဳးသမီးႏွင့္ ကေလးေဆး႐ုံအုပ္ ေဒါက္တာႏိုင္ဦး မွ လူထု အာဏာဖီဆန္ေရး လႈပ္ရွားမႈ (Civil Disobedience Movement-CDM) ဝန္ထမ္းမ်ားထံ လုပ္ငန္းခြင္သို႔ အျမန္ ဆုံး ဝင္ေရာက္ရန္ အေၾကာင္းၾကား စာေပးပို႔လာၿပီး ၿခိမ္းေျခာက္မႈမ်ားလည္း ရွိေနသည္ဟု က်န္းမာေရးဝန္ထမ္း မ်ား က ေျပာသည္။

“႐ုံးျပန္မတက္ရင္ ဖမ္းမယ္ဆီးမယ္ တရားစြဲမယ္ဆိုၿပီးေတာ့ အမ်ိဳးမ်ိဳးပါပဲ။ ဖိအားေပး ၿခိမ္းေျခာက္တယ္၊ CDM ေတြကိုလည္း တကယ္ပဲ လိုက္ဖမ္းေနတယ္။ အခုဆိုရင္ တိမ္းေရွာင္ၿပီး ေနေနၾကရတယ္” ဟု CDM တြင္ ပါဝင္ေနသည့္ က်န္းမာေရးဝန္ထမ္းတစ္ဦး က ေျပာသည္။

ေဆး႐ုံအုပ္ ေဒါက္တာႏိုင္ဦး ၏ အေၾကာင္းၾကားသည့္ စာတြင္ ေမာ္လၿမိဳင္ အမ်ိဳးသမီးႏွင့္ ကေလးေဆး႐ုံႀကီး တြင္ တာဝန္ထမ္းေဆာင္ေနေသာ လူႀကီးမင္းမ်ားသည္ ေဖေဖာ္ဝါရီ ၁၉ ရက္ေန႔မွစၿပီး လုပ္ငန္းခြင္မွ ခြင့္မဲ့ ပ်က္ ကြက္ေနပါသျဖင့္ လုပ္ငန္းခြင္သို႔ အျမန္ဆုံး ျပန္လည္ဝင္ေရာက္ပါရန္ (ပထမအႀကိမ္) အေၾကာင္းၾကား အပ္ပါ သည္ဆိုၿပီး ေရးသားထားသည္ဟု က်န္းမာေရးဝန္ထမ္းမ်ားက ေျပာသည္။

အာဏာသိမ္းစစ္ေကာင္စီမွ CDM တြင္ ပါဝင္သည့္ ဝန္ထမ္းမ်ားကို လုပ္ငန္းတာဝန္မ်ားမွ ရပ္ဆိုင္းပစ္ျခင္း၊ ေန အိမ္လိုင္းခန္းမ်ားမွ အဓမၼေျပာင္းေ႐ႊ႕ခိုင္းျခင္းမ်ားျဖင့္ လုပ္ငန္းခြင္ထဲျပန္ဝင္ရန္လည္း နည္းမ်ိဳးစုံျဖင့္ ဖိအားေပး  လုပ္ေဆာင္လွ်က္ ရွိသည္။

ထို႔အျပင္ CDM တြင္ ပါဝင္ေနသည့္ ဝန္ထမ္းမ်ား ႐ုံးျပန္တက္ႏိုင္ရန္ ဖိအားေပးေနသလို တစ္ဘက္တြင္လည္း CDM ဝန္ထမ္းမ်ားအား ဖမ္းဆီးမႈမ်ား ဆက္တိုက္လုပ္ေဆာင္လာေနၿပီး CDM အမ်ားစုသည္လည္း ထြက္ေျပး တိမ္းေရွာင္ေနရသည့္ အေနအထားရွိသည္ဟု CDM ဝန္ထမ္းအခ်ိဳ႕၏ ေျပာျပခ်က္မ်ားအရ သိရသည္။

စစ္တပ္မွ အာဏာသိမ္းၿပီးေနာက္ ေမာ္လၿမိဳင္ အမ်ိဳးသမီးႏွင့္ ကေလးေဆး႐ုံ အပါအဝင္ ေမာ္လၿမိဳင္ေဆး႐ုံႀကီး မွ ဝန္ထမ္းအမ်ားစုသည္ အာဏာဖီဆန္ေရးလႈပ္ရွားမႈ CDM တြင္ ပါဝင္ၾကသည့္အတြက္ ေဆး႐ုံလည္ပတ္မႈ ကို ပိတ္ထားခဲ့ရသည္။

ယခုအခါ အာဏာသိမ္းစစ္ေကာင္စီမွ ေဆး႐ုံႀကီးမ်ား ျပန္လည္ဖြင့္လွစ္ႏိုင္ရန္ စီစဥ္ေနသည့္အတြက္ CDM တြင္ ပါဝင္ေနသည့္ က်န္းမာေရးဝန္ထမ္းမ်ားကို အလုပ္ျပန္ဆင္းၾကရန္ နည္းမ်ိဳးစုံျဖင့္ ဖိအားေပးေနျခင္းျဖစ္သည္။

ထို႔အျပင္ ဧၿပီလ ပထမအပတ္က စတင္ၿပီး အာဏာသိမ္းစစ္ေကာင္စီက လူထု အာဏာဖီဆန္ေရး လႈပ္ရွားမႈ (CDM) တြင္ ပါဝင္ေသာ ဝန္ထမ္းမ်ား အား NLD အစိုးရက ထုတ္ေခ်းေပးခဲ့သည့္ COVID-19 ကပ္ေရာဂါေခ်းေငြ ႏွစ္လစာကို ဖိအားေပး ျပန္ဆပ္ခိုင္းေနသည္ အေၾကာင္းၾကားစာမ်ားလည္း အခ်ိဳ႕ေသာ ဝန္ထမ္းမ်ားထံ ေပးပို႔ကာ ဖိအားေပးလွ်က္ ရွိသည္။