သံလွင်မြစ်ဘေး အရေးပါသော စခန်း အချို့ KNU ပြန်လည် သိမ်းပိုက်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဧပြီလ ၂၇ ရက်။

ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA က စစ်ကောင်စီ လက်နက်ကိုင်အဖွဲ့များ တပ်စွဲထားသည့် သော်လဲထာ စခန်းကုန်း အပါအဝင် စခန်း ၃ ခုကို ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး လက်ရှိအချိန်အထိ စခန်း ၂ ခုကို သိမ်းပိုက်ရရှိထားသည်ဟု ဒေသခံများ က ပြောသည်။

သော်လဲထာ စခန်းကုန်းမှာ ထိုင်းနိုင်ငံ မယ်စရီးယန်း မြို့အနီး မယ့်စမ်လက်ဘ်နှင့် မျက်နှာချင်း ဆိုင် သံလွင်မြစ် တစ်ဖက်ကမ်းရှိ စခန်းဖြစ်သည်။ မယ့်စမ်လက်ဘ်မှာ ထိုင်းဘက်မှ အဓိက ရိက္ခာတင်သွင်းရာ လမ်းကြောင်းဖြစ် သည်။

ဧပြီလ ၂၇ ရက်နေ့ (ယနေ့) နံနက်ပိုင်းတွင် KNLA က စစ်ကောင်စီ လက်နက်ကိုင် အဖွဲ့၏ စခန်း ၃ ခုကို တစ်ပြိုင် နက်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး သော်လဲထာစခန်းနှင့် အီသူးထာ စခန်းတို့ကို KNLA က သိမ်းပိုက်ရရှိခဲ့ သည် ဟု ကြားသိရကြောင်း ထိုင်းဖက်ခြမ်းမှ ဒေသခံတစ်ဦး က ပြောသည်။

“အခုက ကျနော်ကြားတာကတော့ အပေါ်မှာလည်း စခန်း ၃ ခုလေ သူတို့တောက်လျှောက်ပစ်တယ်။ အပေါ် မှာ က စခန်း ၂ ခုရှိသေးတယ်လေ။ မယ်ကထာနဲ့ အီသူးထာ ပေါ့။ သတင်းတော့ တိတိကျကျ မရဘူး အီသူးထာ တော့ သူတို့ရပြီ။ ဟိုးအပေါ် မယ်ကထာကတော့ သတင်းတော့ တိတိကျကျ မရသေးဘူး။ ပစ်တုန်းပဲ မိုးလင်းလဲ အခု လောက်ဆို ရပြီလား မရပြီးလာဆိုတာ ပြောမရသေးဘူး။ သတင်းတော့ မရသေးဘူး။ အပေါ်က အီသူးထာ က ကြားတာ အစောကြီးသိမ်းလိုက်တယ်။ အီသူးထာဖက်က အင်အားနည်းတယ်လေ။ မယ်အိုဒေ ရှေ့တည့် တည့် ဖက်ကျတော့ မယ်ကထာကျတော့ လူအင်အားများတယ်။”

စစ်ကောင်စီ လက်နက်ကိုင် အဖွဲ့များ တပ်စွဲထားသည့် သော်လဲထာ၊ မယ်ကထာ၊ အီသူးထာ စခန်းကုန်း ၃ ခုကို KNLA က တစ်ပြိုင်နက်တည်း ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး သော်လဲထာ စခန်းသိမ်း တိုက်ပွဲ အခြေအနေနှင့် ပတ် သက်၍ တိုက်ပွဲဖြစ်ပွားရာ နေရာကို ရောက်ရှိခဲ့သူ တစ်ဦး က ယခုကဲ့သို့ ပြောသည်။

“မနက် ၄ နာရီ ၄၅ မိနစ်မှာ စဖြစ်တယ်။ ဘယ်လိုလဲဆို တော့ အောက်ဖက်က တစ်ဖွဲ့ အပေါ်ဖက်က တစ်ဖွဲ့နဲ့ ဝိုင်းပစ်ကြတယ်။ ၆ နာရီ ဝန်းကျင်မှာပဲ ပြီးသွားတယ်။”

အဆိုပါ သော်လဲထာ တိုက်ပွဲအတွင်း စစ်ကောင်စီ လက်နက်ကိုင်အဖွဲ့မှ သေဆုံးမှုများရှိသည်ဟု တိုက်ပွဲဖြစ်ပွား ရာ ဒေသသို့ ရောက်ရှိခဲ့သည့် ၎င်း က ဆက်ပြောသည်။

“ဗမာစစ်သားတွေ ထွက်ပြေးသွားကြပြီ သေတာကတော့ ၁၁ ယောက်လောက်ရှိတယ်။ ထိခိုက်ဒဏ်ရာ ရတာ ကတော့ အတိအကျ မသိရသေးဘူး။ ဒါပေမယ့် သော်လဲထာဖက်က ရွာသား အမျိုးသမီးတစ်ယောက် တော့ ထိတာရှိတယ်။”

သော်လဲထာတိုက်ပွဲအတွင်း တပ်မတော်ဖက်မှ ၁၁ ယောက်ခန့် သေဆုံးခဲ့သည်ဟု ဒေသခံများက ပြောဆိုနေေ သော်လည်း သတင်းနှင့်မီဒီယာကွန်ရက် အနေဖြင့် သီးခြား အတည်ပြု၍ မရသေးပေ။

ထို့အပြင် သော်လဲထာ စခန်းကုန်းကို KNLA က သိမ်းပိုက်ရရှိထားသည်ဟု KNU သတင်းနှင့် ပြန်ကြားရေးက ထုတ်ပြန်ထားသော်လည်း အီသူးထာစခန်းနှင့် မယ်ကထာ စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့သည့် အခြေအနေနှင့် ပတ်သက်၍ တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုထားခြင်း မရှိသေးပေ၊

သို့သော် စစ်ကောင်စီ၏ သော်လဲထာ စခန်းကုန်းကဲ့သို့ မိဘပြည်သူများအတွက် အနှောက်အယှက်ဖြစ်စေသော၊ မိဘပြည်သူများကိုခြောက်လှန့်ပစ်ခတ်နေသော တပ်စခန်းများကိုလည်း KNLA အနေဖြင့် ထပ်မံ တိုက်ခိုက်သိမ်း ယူသွားမည်ဟု KNU က ဆိုသည်။

ကရင်အမျိုးသား အစည်းအရုံး KNU/KNLA သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး NCA စာချုပ် လက် မှတ်ရေးထိုးထားသော်လည်း စစ်တပ်မှ NLD အစိုးရထံမှ အာဏာသိမ်းယူပြီးနောက် KNU/KNLA တပ်မဟာများ တွင် စစ်ရေးတင်းမာမှုများရှိလာပြီး တိုက်ပွဲများ ပြင်းထန်စွာ ပြန်လည် ဖြစ်ပွားနေသည်မှာ ယနေ့အချိန်အထိ ဖြစ် သည်။

*** ZAWGYI ***
သံလြင္ျမစ္ေဘး အေရးပါေသာ စခန္း အခ်ိဳ႕ KNU ျပန္လည္ သိမ္းပိုက္

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဧၿပီလ ၂၇ ရက္။

ကရင္အမ်ိဳးသား လြတ္ေျမာက္ေရး တပ္မေတာ္ KNLA က စစ္ေကာင္စီ လက္နက္ကိုင္အဖြဲ႕မ်ား တပ္စြဲထားသည့္ ေသာ္လဲထာ စခန္းကုန္း အပါအဝင္ စခန္း ၃ ခုကို ဝင္ေရာက္ တိုက္ခိုက္ခဲ့ၿပီး လက္ရွိအခ်ိန္အထိ စခန္း ၂ ခုကို သိမ္းပိုက္ရရွိထားသည္ဟု ေဒသခံမ်ား က ေျပာသည္။

ေသာ္လဲထာ စခန္းကုန္းမွာ ထိုင္းႏိုင္ငံ မယ္စရီးယန္း ၿမိဳ႕အနီး မယ့္စမ္လက္ဘ္ႏွင့္ မ်က္ႏွာခ်င္းဆိုင္ သံလြင္ျမစ္ တစ္ဖက္ကမ္းရွိ စခန္းျဖစ္သည္။ မယ့္စမ္လက္ဘ္မွာ ထိုင္းဘက္မွ အဓိက ရိကၡာတင္သြင္းရာ လမ္းေၾကာင္းျဖစ္ သည္။

ဧၿပီလ ၂၇ ရက္ေန႔ (ယေန႔) နံနက္ပိုင္းတြင္ KNLA က စစ္ေကာင္စီ လက္နက္ကိုင္ အဖြဲ႕၏ စခန္း ၃ ခုကို တစ္ၿပိဳင္ နက္တည္း ဝင္ေရာက္တိုက္ခိုက္ခဲ့ၿပီး ေသာ္လဲထာစခန္းႏွင့္ အီသူးထာ စခန္းတို႔ကို KNLA က သိမ္းပိုက္ရရွိခဲ့ သည္ ဟု ၾကားသိရေၾကာင္း ထိုင္းဖက္ျခမ္းမွ ေဒသခံတစ္ဦး က ေျပာသည္။

“အခုက က်ေနာ္ၾကားတာကေတာ့ အေပၚမွာလည္း စခန္း ၃ ခုေလ သူတို႔ေတာက္ေလွ်ာက္ပစ္တယ္။ အေပၚ မွာ က စခန္း ၂ ခုရွိေသးတယ္ေလ။ မယ္ကထာနဲ႔ အီသူးထာ ေပါ့။ သတင္းေတာ့ တိတိက်က် မရဘူး အီသူးထာ ေတာ့ သူတို႔ရၿပီ။ ဟိုးအေပၚ မယ္ကထာကေတာ့ သတင္းေတာ့ တိတိက်က် မရေသးဘူး။ ပစ္တုန္းပဲ မိုးလင္းလဲ အခု ေလာက္ဆို ရၿပီလား မရၿပီးလာဆိုတာ ေျပာမရေသးဘူး။ သတင္းေတာ့ မရေသးဘူး။ အေပၚက အီသူးထာ က ၾကားတာ အေစာႀကီးသိမ္းလိုက္တယ္။ အီသူးထာဖက္က အင္အားနည္းတယ္ေလ။ မယ္အိုေဒ ေရွ႕တည့္ တည့္ ဖက္က်ေတာ့ မယ္ကထာက်ေတာ့ လူအင္အားမ်ားတယ္။”

စစ္ေကာင္စီ လက္နက္ကိုင္ အဖြဲ႕မ်ား တပ္စြဲထားသည့္ ေသာ္လဲထာ၊ မယ္ကထာ၊ အီသူးထာ စခန္းကုန္း ၃ ခုကို KNLA က တစ္ၿပိဳင္နက္တည္း ဝင္ေရာက္ တိုက္ခိုက္ခဲ့ၿပီး ေသာ္လဲထာ စခန္းသိမ္း တိုက္ပြဲ အေျခအေနႏွင့္ ပတ္ သက္၍ တိုက္ပြဲျဖစ္ပြားရာ ေနရာကို ေရာက္ရွိခဲ့သူ တစ္ဦး က ယခုကဲ့သို႔ ေျပာသည္။

“မနက္ ၄ နာရီ ၄၅ မိနစ္မွာ စျဖစ္တယ္။ ဘယ္လိုလဲဆို ေတာ့ ေအာက္ဖက္က တစ္ဖြဲ႕ အေပၚဖက္က တစ္ဖြဲ႕နဲ႔ ဝိုင္းပစ္ၾကတယ္။ ၆ နာရီ ဝန္းက်င္မွာပဲ ၿပီးသြားတယ္။”

အဆိုပါ ေသာ္လဲထာ တိုက္ပြဲအတြင္း စစ္ေကာင္စီ လက္နက္ကိုင္အဖြဲ႕မွ ေသဆုံးမႈမ်ားရွိသည္ဟု တိုက္ပြဲျဖစ္ပြား ရာ ေဒသသို႔ ေရာက္ရွိခဲ့သည့္ ၎ က ဆက္ေျပာသည္။

“ဗမာစစ္သားေတြ ထြက္ေျပးသြားၾကၿပီ ေသတာကေတာ့ ၁၁ ေယာက္ေလာက္ရွိတယ္။ ထိခိုက္ဒဏ္ရာ ရတာ ကေတာ့ အတိအက် မသိရေသးဘူး။ ဒါေပမယ့္ ေသာ္လဲထာဖက္က ႐ြာသား အမ်ိဳးသမီးတစ္ေယာက္ ေတာ့ ထိတာရွိတယ္။”

ေသာ္လဲထာတိုက္ပြဲအတြင္း တပ္မေတာ္ဖက္မွ ၁၁ ေယာက္ခန႔္ ေသဆုံးခဲ့သည္ဟု ေဒသခံမ်ားက ေျပာဆိုေနေ ေသာ္လည္း သတင္းႏွင့္မီဒီယာကြန္ရက္ အေနျဖင့္ သီးျခား အတည္ျပဳ၍ မရေသးေပ။

ထို႔အျပင္ ေသာ္လဲထာ စခန္းကုန္းကို KNLA က သိမ္းပိုက္ရရွိထားသည္ဟု KNU သတင္းႏွင့္ ျပန္ၾကားေရးက ထုတ္ျပန္ထားေသာ္လည္း အီသူးထာစခန္းႏွင့္ မယ္ကထာ စခန္းကို ဝင္ေရာက္တိုက္ခိုက္ခဲ့သည့္ အေျခအေနႏွင့္ ပတ္သက္၍ တစ္စုံတစ္ရာ ထုတ္ျပန္ေျပာဆိုထားျခင္း မရွိေသးေပ၊

သို႔ေသာ္ စစ္ေကာင္စီ၏ ေသာ္လဲထာ စခန္းကုန္းကဲ့သို႔ မိဘျပည္သူမ်ားအတြက္ အေႏွာက္အယွက္ျဖစ္ေစေသာ၊ မိဘျပည္သူမ်ားကိုေျခာက္လွန႔္ပစ္ခတ္ေနေသာ တပ္စခန္းမ်ားကိုလည္း KNLA အေနျဖင့္ ထပ္မံ တိုက္ခိုက္သိမ္း ယူသြားမည္ဟု KNU က ဆိုသည္။

ကရင္အမ်ိဳးသား အစည္းအ႐ုံး KNU/KNLA သည္ တစ္ႏိုင္ငံလုံး ပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရး NCA စာခ်ဳပ္ လက္ မွတ္ေရးထိုးထားေသာ္လည္း စစ္တပ္မွ NLD အစိုးရထံမွ အာဏာသိမ္းယူၿပီးေနာက္ KNU/KNLA တပ္မဟာမ်ား တြင္ စစ္ေရးတင္းမာမႈမ်ားရွိလာၿပီး တိုက္ပြဲမ်ား ျပင္းထန္စြာ ျပန္လည္ ျဖစ္ပြားေနသည္မွာ ယေန႔အခ်ိန္အထိ ျဖစ္ သည္။