လေကြောင်းတိုက်ခိုက်မှုကြောင့် ကရင်ရွာသား ၂၀၀၀ ကျော် ထိုင်းနိုင်ငံဘက် ထွက်ပြေး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဧပြီလ ၃၀ ရက်။

မြန်မာစစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ကရင်အမျိုးသား အစည်းအရုံး KNU/KNLA တပ်မဟာ ၅ မူတြော်(ဖာပွန်) ခရိုင်အတွင်းက ဒေသခံ နှစ်ထောင် ကျော် ထိုင်းနိုင်ငံဖက်သို့ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ကရင်ငြိမ်းချမ်းရေး အထောက်အကူပြု ကွန်ရက် KPSN က ပြောသည်။

ဧပြီလ ၂၇ ရက်နေ့မှ စတင်ကာ စစ်ကောင်စီတပ်များမှ KNU/KNLA တပ်မဟာ ၅ မူတြော် (ဖာပွန်) ဒေသ အတွင်း သို့ လေယာဉ်ဖြင့် နေ့တိုင်း လာရောက် ပစ်ခတ်နေသည့်အတွက် ဒေသခံများမှာ ကြောက်ရွံ့ကာ ထိုင်းနိုင်ငံ ဘက် ခြမ်းသို့ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု KPSN ပြောရေးဆိုခွင့်ရှိသူ နော်ဝါးခူရှီး က ပြောသည်။

၎င်းက “အခုအခြေအနေက လူတွေပြေးနေရတဲ့ အခြေအနေဖြစ်တယ်။ မနက်ကလည်း တစ်ခါ နှစ်ခါ လာပစ် သေးတယ်။ ပြီးတော့ မနေ့ကလည်း နေ့ရောညရောဆိုရင် လာပစ်တာ သုံးခါရှိတယ်။ ဒါပေမယ့် သူတို့က တော ထဲမှာ လိုက်ပစ်တာ ဒါးဂွင်ဖက်မှာပေါ့။ အီသူးထာ စစ်ဘေးရှောင်တွေကတော့ ထိုင်းဖက်ခြမ်းကို ပြေးလာပြီ။ မနေ့က ပြေးလာတာ လူဦးရေ ၂၀၀၉ ယောက်ရှိတယ်။ ဒီမနက်တော့ လူဦးရေ အတိအကျ ကျမတို့ မသိရသေး ဘူး” ဟု ပြောသည်။

“ထိုင်းအစိုးရက သူတို့ကို ပြန်မောင်းထုတ်မှာ စိုးရိမ်နေကြတာ အခုက တိုက်ပွဲ ဖြစ်နေတာ ပြီးတော့ လေယာဉ် ပျံတွေလည်း လာပစ်တာတွေရှိတော့ သူတို့က ကြောက်နေကြတာ အကယ်လို့ သူတို့ပြန်ရရင်တောင် မပြန်ရဲ ဘူး။ ပြန်လို့မရဘူး” ဟု ဆက်ပြောသည်။

ဧပြီလ ၃၀ ရက်နေ့ (ယနေ့)တွင်လည်း စစ်ကောင်စီတပ်မှ ဒါးဂွင်ဒေသသို့ လေယာဉ်ဖြင့်လာ ရောက်ပစ်ခတ် နေ သည့် အတွက် အဆိုပါ ဒေသ အနီးရှိ ဒေသခံများမှာ ထိုင်းဖက်နိုင်ငံဖက်သို့ ထပ်မံထွက်ပြေးလာ နေသည်ဟု ကရင်ဒုက္ခသည်ကော်မတီ KRC တာဝန်ရှိသူ တစ်ဦးဖြစ်သူ စောဘွေးဒို က ပြောသည်။

စောဘွေးဒိုက “အခုတခါ ထပ်ပြီးတော့ ထိုင်းဖက်ကမ်းကို ကူးလာတာရှိတယ်။ မနေ့က သူတို့ ပြန်သွားပြီးတော့ အခုက လေ ယာဉ်ပျံလာလို့ ထိုင်းဖက်ကို ပြန်ပြီးကူးလာတယ်ကြားတယ်။ လူဦးရေ အရေအတွက်တော့ မသိ ဘူး။ အီသူးထာမှာ လူဦးရေ အားလုံး နှစ်ထောင်ကျော်ရှိတယ်။ အီသူးထဖက်က အကုန်လုံးကုန်ရင် လူဦးရေ နှစ် ထောင်ကျော်လောက်ရှိမယ်။ အ ထက်ဖက်မှာလည်း တစ်နေရာရှိသေးတယ်။ မယ်နူထာဖက်မှာ။ ပြည်တွင်းမှာ က အခြေအနေမကောင်းဘူးလေ။ အထူးသဖြင့် နယ်စပ်ပေါ့ ဒီနေ့တောင် လေယာဉ်ပျံလာ တာရှိတယ်။ ခုနက ကျနော်တို့ကို ဖုန်းဆက်အကြောင်းကြားထားတာရှိတယ်” ဟု ပြောသည်။

ထွက်ပြေးတိမ်းရှောင်လာကြသည့် ကရင်စစ်ဘေးဒုက္ခသည်များမှာ ဒါးဂွင်တစ်ဖက်ကမ်း ထိုင်းနိုင်ငံဖက်ခြမ်း ကရင်အခေါ် ကလိုဖ (Klo Pa) ဆိုသည့် နေရာတွင် နေထိုင်နေကြပြီး နေထိုင်စားသောက်ရေးအပြင် အဖက်ဖက်မှ အကူအညီများ လိုအပ်နေသည်ဟု KPSN ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

နော်ဝါးခူရှီးက “သူတို့ ပြေးလာတော့ စားဖို့သောက်ဖို့ ဝတ်ဖို့ ဘာမှ မပါလာဘူး။ ပြီးတော့ မိုးရွာတော့ မနေ့ညက ရေကြီးတော့ သူတို့ရဲ့ ပစ္စည်းတွေ ရေထဲပါသွားတာတို့ ရွံ့ထဲမြုပ်သွားတာတို့ အဲမှာ အခက်အခဲဖြစ်တာက သက် ကြီး ရွယ်အိုဆို သူတို့ကိုထမ်းရတာလေ၊ မွေးကင်းစ ကလေးတွေလည်းရှိတယ်။ နာမကျန်းဖြစ်တဲ့လူလည်းရှိ တယ်။ အဲဒါနဲ့သူတို့က သွားတာလာတာဆိုတော့ အခက်အခဲအများကြီးရှိတယ်” ဟု ပြောသည်။

ဧပြီလ ၂၇ ရက်နေ့က KNU/KNLA တပ်မဟာ ၅ က စစ်ကောင်စီမှ တပ်စွဲထားသည့် သော်လဲထာ တပ်စခန်း ကုန်း အား ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်များက KNU/KNLA တပ်မဟာ ၅ မူတြော် (ဖာပွန်) ခရိုင်အတွင်းသို့ လေယာဉ်ဖြင့် လာရောက်ပစ်ခတ်မှုများ ပြုလုပ်လာခြင်းဖြစ်သည်။

စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ပစ်ခတ်မှုများကြောင့် ဗုံးသီးများမှာ ကျေးရွာအတွင်းသိုကျရောက်ပေါက်ကွဲ သည့်အတွက် ဒေသခံများက ကြောက်လန့်ကာ နီးစပ်ရာ တောတောင်များနှင့် ထိုင်းနိုင်ငံဖက်သို့ ထွက်ပြေး တိမ်း ရှောင် နေရသည်ဟု ဆိုသည်။

ထွက်ပြေးတိမ်းရှောင်လာကြသည့် စစ်ဘေးဒုက္ခသည်များအား အကူအညီပေးရေးနှင့် ပတ်သက်၍ နော်ဝါးခူရှီး က “ကမ္ဘာ့ ကုလသမဂ္ဂကို တောင်းဆိုချင်တာက ပြည်သူတွေရှိတဲ့နေရာတွေမှာ လေယာဉ်နဲ့ လာပစ်တာတွေမရှိ အောင် No Fly Zone ချပေးစေချင်တယ်။ UN အနေနဲ့ No Fly Zone ကို လုပ်ပေးဖို့တောင်းဆိုတယ်။ နောက်တစ် ခုက တိုက်ပွဲကြောင့် ထွက်ပြေးလာတဲ့သူတွေကို ထိုင်းနိုင်ငံက တတ်နိုင်တဲ့ဖက်က ကူညီ လုပ်ဆောင်ပေး လက်ခံ ပေးနေတာရှိတယ် အဲလိုပဲ ကူညီမှုတွေကို ဆက်လက်လုပ်ပေးစေချင်တယ်။ စစ်ဘေးကြောင့် ဒုက္ခရောက်နေသူ တွေကို သူနိုင်ငံမှာ ခေတ္တခန လာရောက် ခိုလှုံဖို့ ခွင့်ပြုပေးစေချင်တယ်။ အကူအညီပေးမှုတွေကိုလည်း ခွင့်ပြု ပေးစေချင်တယ်။ ပြီးတော့ နိုင်ငံတကာကလည်း လူသားချင်းစာနာ ထောက်ထားမှု အကူအညီပေါ့နော စားဝတ် နေရေးအတွက်ပဲဖြစ်ဖြစ် အစရှိတဲ့ လိုအပ်ချက်တွေကို ကူညီပေးစေချင်တယ်” ဟု တောင်းဆိုသည်။

ပြီးခဲ့သည့် မတ်လ ၂၇ ရက်နေ့ကလည်း ကရင်အမျိုးသား အစည်းအရုံး KNU တပ်မဟာ ၅ က အာဏာသိမ်း စစ် ကောင်စီ၏ အရေးပါသည့် သီးမူထာ တပ်စခန်းကုန်းအား ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့သေးသည်။

ထိုသို့ တိုက်ခိုက်သိမ်းပိုက်လိုက်သည့်အတွက် စစ်ကောင်စီ တပ်များက KNU တပ်မဟာ ၅ ဧရိယာအတွင်းသို့ လေယာဉ်ဖြင့် လာရောက် ဗုံးကြဲတိုက်ခိုက်မှုများကြောင့် မယ်နူထာရွာ၊ သီးကော်ထာရွာ၊ အီးသူထာရွာ၊ အူးဝေး ကလိုးရွာ စသည့် ကျေးရွာများမှ ဒေသခံများမှာ ထိုင်းဖက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြသော်လည်း ထိုင်းအ စိုးရက လက်မခံပဲ ပြန်လည်မောင်းထုတ်ခဲ့သည်ဟု ကရင်အရပ် ဖက်အဖွဲ့အစည်းများ က ပြောသည်။

*** ZAWGYI ***
ေလေၾကာင္းတိုက္ခိုက္မႈေၾကာင့္ ကရင္႐ြာသား ၂၀၀၀ ေက်ာ္ ထိုင္းႏိုင္ငံဘက္ ထြက္ေျပး

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဧၿပီလ ၃၀ ရက္။

ျမန္မာစစ္ေကာင္စီတပ္၏ ေလေၾကာင္းတိုက္ခိုက္မႈမ်ားေၾကာင့္ ကရင္အမ်ိဳးသား အစည္းအ႐ုံး KNU/KNLA တပ္မဟာ ၅ မူေၾတာ္(ဖာပြန္) ခ႐ိုင္အတြင္းက ေဒသခံ ႏွစ္ေထာင္ ေက်ာ္ ထိုင္းႏိုင္ငံဖက္သို႔ ထြက္ေျပးတိမ္းေရွာင္ေနရသည္ဟု ကရင္ၿငိမ္းခ်မ္းေရး အေထာက္အကူျပဳ ကြန္ရက္ KPSN က ေျပာသည္။

ဧၿပီလ ၂၇ ရက္ေန႔မွ စတင္ကာ စစ္ေကာင္စီတပ္မ်ားမွ KNU/KNLA တပ္မဟာ ၅ မူေၾတာ္ (ဖာပြန္) ေဒသ အတြင္း သို႔ ေလယာဥ္ျဖင့္ ေန႔တိုင္း လာေရာက္ ပစ္ခတ္ေနသည့္အတြက္ ေဒသခံမ်ားမွာ ေၾကာက္႐ြံ႕ကာ ထိုင္းႏိုင္ငံ ဘက္ ျခမ္းသို႔ ထြက္ေျပးတိမ္းေရွာင္ေနရသည္ဟု KPSN ေျပာေရးဆိုခြင့္ရွိသူ ေနာ္ဝါးခူရွီး က ေျပာသည္။

၎က “အခုအေျခအေနက လူေတြေျပးေနရတဲ့ အေျခအေနျဖစ္တယ္။ မနက္ကလည္း တစ္ခါ ႏွစ္ခါ လာပစ္ ေသးတယ္။ ၿပီးေတာ့ မေန႔ကလည္း ေန႔ေရာညေရာဆိုရင္ လာပစ္တာ သုံးခါရွိတယ္။ ဒါေပမယ့္ သူတို႔က ေတာ ထဲမွာ လိုက္ပစ္တာ ဒါးဂြင္ဖက္မွာေပါ့။ အီသူးထာ စစ္ေဘးေရွာင္ေတြကေတာ့ ထိုင္းဖက္ျခမ္းကို ေျပးလာၿပီ။ မေန႔က ေျပးလာတာ လူဦးေရ ၂၀၀၉ ေယာက္ရွိတယ္။ ဒီမနက္ေတာ့ လူဦးေရ အတိအက် က်မတို႔ မသိရေသး ဘူး” ဟု ေျပာသည္။

“ထိုင္းအစိုးရက သူတို႔ကို ျပန္ေမာင္းထုတ္မွာ စိုးရိမ္ေနၾကတာ အခုက တိုက္ပြဲ ျဖစ္ေနတာ ၿပီးေတာ့ ေလယာဥ္ ပ်ံေတြလည္း လာပစ္တာေတြရွိေတာ့ သူတို႔က ေၾကာက္ေနၾကတာ အကယ္လို႔ သူတို႔ျပန္ရရင္ေတာင္ မျပန္ရဲ ဘူး။ ျပန္လို႔မရဘူး” ဟု ဆက္ေျပာသည္။

ဧၿပီလ ၃၀ ရက္ေန႔ (ယေန႔)တြင္လည္း စစ္ေကာင္စီတပ္မွ ဒါးဂြင္ေဒသသို႔ ေလယာဥ္ျဖင့္လာ ေရာက္ပစ္ခတ္ ေန သည့္ အတြက္ အဆိုပါ ေဒသ အနီးရွိ ေဒသခံမ်ားမွာ ထိုင္းဖက္ႏိုင္ငံဖက္သို႔ ထပ္မံထြက္ေျပးလာ ေနသည္ဟု ကရင္ဒုကၡသည္ေကာ္မတီ KRC တာဝန္ရွိသူ တစ္ဦးျဖစ္သူ ေစာေဘြးဒို က ေျပာသည္။

ေစာေဘြးဒိုက “အခုတခါ ထပ္ၿပီးေတာ့ ထိုင္းဖက္ကမ္းကို ကူးလာတာရွိတယ္။ မေန႔က သူတို႔ ျပန္သြားၿပီးေတာ့ အခုက ေလ ယာဥ္ပ်ံလာလို႔ ထိုင္းဖက္ကို ျပန္ၿပီးကူးလာတယ္ၾကားတယ္။ လူဦးေရ အေရအတြက္ေတာ့ မသိ ဘူး။ အီသူးထာမွာ လူဦးေရ အားလုံး ႏွစ္ေထာင္ေက်ာ္ရွိတယ္။ အီသူးထဖက္က အကုန္လုံးကုန္ရင္ လူဦးေရ ႏွစ္ ေထာင္ေက်ာ္ေလာက္ရွိမယ္။ အ ထက္ဖက္မွာလည္း တစ္ေနရာရွိေသးတယ္။ မယ္ႏူထာဖက္မွာ။ ျပည္တြင္းမွာ က အေျခအေနမေကာင္းဘူးေလ။ အထူးသျဖင့္ နယ္စပ္ေပါ့ ဒီေန႔ေတာင္ ေလယာဥ္ပ်ံလာ တာရွိတယ္။ ခုနက က်ေနာ္တို႔ကို ဖုန္းဆက္အေၾကာင္းၾကားထားတာရွိတယ္” ဟု ေျပာသည္။

ထြက္ေျပးတိမ္းေရွာင္လာၾကသည့္ ကရင္စစ္ေဘးဒုကၡသည္မ်ားမွာ ဒါးဂြင္တစ္ဖက္ကမ္း ထိုင္းႏိုင္ငံဖက္ျခမ္း ကရင္အေခၚ ကလိုဖ (Klo Pa) ဆိုသည့္ ေနရာတြင္ ေနထိုင္ေနၾကၿပီး ေနထိုင္စားေသာက္ေရးအျပင္ အဖက္ဖက္မွ အကူအညီမ်ား လိုအပ္ေနသည္ဟု KPSN ေျပာေရးဆိုခြင့္ရွိသူက ဆိုသည္။

ေနာ္ဝါးခူရွီးက “သူတို႔ ေျပးလာေတာ့ စားဖို႔ေသာက္ဖို႔ ဝတ္ဖို႔ ဘာမွ မပါလာဘူး။ ၿပီးေတာ့ မိုး႐ြာေတာ့ မေန႔ညက ေရႀကီးေတာ့ သူတို႔ရဲ႕ ပစၥည္းေတြ ေရထဲပါသြားတာတို႔ ႐ြံ႕ထဲျမဳပ္သြားတာတို႔ အဲမွာ အခက္အခဲျဖစ္တာက သက္ ႀကီး ႐ြယ္အိုဆို သူတို႔ကိုထမ္းရတာေလ၊ ေမြးကင္းစ ကေလးေတြလည္းရွိတယ္။ နာမက်န္းျဖစ္တဲ့လူလည္းရွိ တယ္။ အဲဒါနဲ႔သူတို႔က သြားတာလာတာဆိုေတာ့ အခက္အခဲအမ်ားႀကီးရွိတယ္” ဟု ေျပာသည္။

ဧၿပီလ ၂၇ ရက္ေန႔က KNU/KNLA တပ္မဟာ ၅ က စစ္ေကာင္စီမွ တပ္စြဲထားသည့္ ေသာ္လဲထာ တပ္စခန္း ကုန္း အား ဝင္ေရာက္တိုက္ခိုက္ သိမ္းပိုက္ခဲ့ၿပီးေနာက္ စစ္ေကာင္စီတပ္မ်ားက KNU/KNLA တပ္မဟာ ၅ မူေၾတာ္ (ဖာပြန္) ခ႐ိုင္အတြင္းသို႔ ေလယာဥ္ျဖင့္ လာေရာက္ပစ္ခတ္မႈမ်ား ျပဳလုပ္လာျခင္းျဖစ္သည္။

စစ္ေကာင္စီတပ္က ေလယာဥ္ျဖင့္ ပစ္ခတ္မႈမ်ားေၾကာင့္ ဗုံးသီးမ်ားမွာ ေက်း႐ြာအတြင္းသိုက်ေရာက္ေပါက္ကြဲ သည့္အတြက္ ေဒသခံမ်ားက ေၾကာက္လန႔္ကာ နီးစပ္ရာ ေတာေတာင္မ်ားႏွင့္ ထိုင္းႏိုင္ငံဖက္သို႔ ထြက္ေျပး တိမ္း ေရွာင္ ေနရသည္ဟု ဆိုသည္။

ထြက္ေျပးတိမ္းေရွာင္လာၾကသည့္ စစ္ေဘးဒုကၡသည္မ်ားအား အကူအညီေပးေရးႏွင့္ ပတ္သက္၍ ေနာ္ဝါးခူရွီး က “ကမာၻ႔ ကုလသမဂၢကို ေတာင္းဆိုခ်င္တာက ျပည္သူေတြရွိတဲ့ေနရာေတြမွာ ေလယာဥ္နဲ႔ လာပစ္တာေတြမရွိ ေအာင္ No Fly Zone ခ်ေပးေစခ်င္တယ္။ UN အေနနဲ႔ No Fly Zone ကို လုပ္ေပးဖို႔ေတာင္းဆိုတယ္။ ေနာက္တစ္ ခုက တိုက္ပြဲေၾကာင့္ ထြက္ေျပးလာတဲ့သူေတြကို ထိုင္းႏိုင္ငံက တတ္ႏိုင္တဲ့ဖက္က ကူညီ လုပ္ေဆာင္ေပး လက္ခံ ေပးေနတာရွိတယ္ အဲလိုပဲ ကူညီမႈေတြကို ဆက္လက္လုပ္ေပးေစခ်င္တယ္။ စစ္ေဘးေၾကာင့္ ဒုကၡေရာက္ေနသူ ေတြကို သူႏိုင္ငံမွာ ေခတၱခန လာေရာက္ ခိုလႈံဖို႔ ခြင့္ျပဳေပးေစခ်င္တယ္။ အကူအညီေပးမႈေတြကိုလည္း ခြင့္ျပဳ ေပးေစခ်င္တယ္။ ၿပီးေတာ့ ႏိုင္ငံတကာကလည္း လူသားခ်င္းစာနာ ေထာက္ထားမႈ အကူအညီေပါ့ေနာ စားဝတ္ ေနေရးအတြက္ပဲျဖစ္ျဖစ္ အစရွိတဲ့ လိုအပ္ခ်က္ေတြကို ကူညီေပးေစခ်င္တယ္” ဟု ေတာင္းဆိုသည္။

ၿပီးခဲ့သည့္ မတ္လ ၂၇ ရက္ေန႔ကလည္း ကရင္အမ်ိဳးသား အစည္းအ႐ုံး KNU တပ္မဟာ ၅ က အာဏာသိမ္း စစ္ ေကာင္စီ၏ အေရးပါသည့္ သီးမူထာ တပ္စခန္းကုန္းအား ဝင္ေရာက္တိုက္ခိုက္သိမ္းပိုက္ခဲ့ေသးသည္။

ထိုသို႔ တိုက္ခိုက္သိမ္းပိုက္လိုက္သည့္အတြက္ စစ္ေကာင္စီ တပ္မ်ားက KNU တပ္မဟာ ၅ ဧရိယာအတြင္းသို႔ ေလယာဥ္ျဖင့္ လာေရာက္ ဗုံးႀကဲတိုက္ခိုက္မႈမ်ားေၾကာင့္ မယ္ႏူထာ႐ြာ၊ သီးေကာ္ထာ႐ြာ၊ အီးသူထာ႐ြာ၊ အူးေဝး ကလိုး႐ြာ စသည့္ ေက်း႐ြာမ်ားမွ ေဒသခံမ်ားမွာ ထိုင္းဖက္သို႔ ထြက္ေျပးတိမ္းေရွာင္ခဲ့ၾကေသာ္လည္း ထိုင္းအ စိုးရက လက္မခံပဲ ျပန္လည္ေမာင္းထုတ္ခဲ့သည္ဟု ကရင္အရပ္ ဖက္အဖြဲ႕အစည္းမ်ား က ေျပာသည္။