ငြိမ်းချမ်းစွာ ဆန္ဒပြသူတစ်ချို့ ကျည်ဆံထိမှန်သေဆုံး

သတင်းနှင့် မီဒီယာကွန်ရက်
၂၀၂၁ ခုနှစ်၊ မေလ ၃ ရက်။

ရှမ်းမြောက်နှင့် ကချင်ပြည်နယ်အပါအဝင် မေလ ၂ ရက်နေ့ ကမ္ဘာလုံးဆိုင်ရာ နွေဦးတော်လှန်ရေးနေ့ တွင် သေ ဆုံးသူများရှိခဲ့ပြီး ယခုခါ စစ်အာဏာသိမ်းပြီးနောက် သေဆုံးသူ ၇၆၅ ဦး ရှိသွားပြီဟု နိုင်ငံရေးအကျဉ်းသားများ ကူ ညီစောင့်ရှောက်ရေးအသင်း AAPP က ပြောသည်။

မေလ ၂ ရက်နေ့တွင် ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် သေဆုံးမှုများရှိခဲ့ရာ ရှမ်း ပြည်နယ် မြောက်ပိုင်း နောင်ချိုနှင့် သီပေါမြို့တို့တွင် ပထမဆုံးအကြိမ် သွေးမြေခခဲ့ရပြီဟု ဒေသခံများ က ပြော သည်။

အမည်မဖော်လိုသူ နောင်ချိုဒေသခံတစ်ဦးက “ကျနော်တို့ ကိုယ်တိုင်သွားကြည့်တာပါ။ သေနတ်မှန်တာက နှစ် ယောက်၊ ပွဲချင်းပြီးသေတာက တစ်ယောက်၊ အခု လက်ရှိ ဆေးရုံမှာ သေနတ်မှန်တဲ့ နောက်တစ်ယောက်က ဆေးကုနေပါတယ်။ နောင်ချိုဆေးရုံမှာပါ။ လူတွေက နှစ်ယောက်မှန်တယ်၊ နှစ်ယောက်သေတယ်ပဲ ပြောကြ တာပါ။ တကယ်တော့ တစ်ယောက်ပဲ ဆုံးတာပါ။ နှစ်ယောက်မှန်တယ်၊ တစ်ယောက်ဆုံးတယ်။ တစ်ယောက်က အခု လက်ရှိထိ ဆေးကုတုန်း။ သက်သာပါတယ်။ တခြား ထိခိုက်ဒဏ်ရာရတာ အသေးအမွှားက ၅ ယောက် လောက်ရှိတယ်။ ရပ်ကွက်ထဲမှာ သူတို့နည်း သူတို့ဟန်နဲ့ ဆေးကုနေပါတယ်” ဟု ပြောသည်။

“သေသွားတဲ့ တစ်ယောက်က ဆီးစပ်၊ ဆီးပုန်းကို မှန်တာလေ။ လက်ရှိ ကုနေတဲ့တစ်ယောက်က တင်ပဆုံကို မှန် တာ။ အခုလောလေဆယ်တော့ သွေး ၃ ပုလင်းသွင်းထားတယ်။ အခုဆေးကုနေတဲ့လူက ၅၀-၅၀ ပြောရမလား၊ ၃၀-၇၀ ပြောရမလား သူ့အခြေအနေကလေ။ ဆေးရုံကလည်း ပစ္စည်းကိရိယာတော့ မဆုံးဘူး။ ဆရာ/ဆရာမ တွေက ကြိုးစားပြီး ကုပေးနေတယ်။ ဖမ်းဆီးခံရတာက ကျား ၁၅၊ မ ၄ ယောက် အကုန်လုံး ၁၉ ယောက်။ အကုန်လုံး ၁၉ ယောက်လုံး ပြန်လွှတ်ပေးပါပြီ။ မြို့မိမြို့ဖတွေကပဲ လိုက်ပြီး လုပ်ပေးတာပါ။”

နောင်ချိုမြို့ စစ်အာဏာရှင်ဆန့်ကျင် ဆန္ဒထုတ်ဖော်ပွဲတွင် အသက် ၄၀ အရွယ် ရှိသူ ဦးဝင်းနိုင် သေဆုံးပြီး၊ တစ်ဦး မှာ စိုးရိမ်ဒဏ်ရာနှင့် အခြားဒဏ်ရာရ(မစိုးရိမ်ရ) ရှိသူ ၅ ဦးခန့်ရှိသည် ဟု သိရသည်။

ထို့အပြင် ဖမ်းဆီးခံရသူ အမျိုးသား ၁၅ ဦး၊ အမျိုးသမီး ၄ ဦး စုစုပေါင်း ၁၉ ရှိရာ၊ ၎င်းတို့အား ဒေသခံ ရပ်မိရပ် ဖများက ကူညီလိုက်လံညှိနှိုင်းပေးမှုကြောင့် မေလ ၂ ရက်နေ့ ညနေ ၆ နာရီခွဲ ခန့်တွင် ပြန်လွှတ်လာသည်ဟု ဒေသခံများ က ပြောသည်။

သီပေါမြို့ ဖြစ်စဉ်နှင့် ပတ်သက်၍လည်း ဒေသခံတစ်ဦးက “ဟုတ်ပါတယ်။ တစ်ဦးသေပါ။ သီပေါလည်း သွေး မြေကျရပြီဗျ။ ကျဆုံးတဲ့လူက ဖိုးလုံးပါ။ ခေါင်းကိုထိသွားပါ။ တခြားဒဏ်ရာရတဲ့ လူတွေလည်း ရှိပါတယ်။ ခြေထောက်ကို ထိတဲ့တစ်ယောက် စိုးရိမ်ရတယ်” ဟု ပြောသည်။

ကချင်ပြည်နယ် ဖားကန့်မြို့၊ လုံခင်း က သပိတ်စစ်ကြောင်းကိုလည်း အာဏာသိမ်းစစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့ ဝင်များက ဝင်ရောက်ပစ်ခတ်ဖြိုခွင်းခဲ့သည့်အတွက် အမျိုးသား တစ်ဦးသေဆုံးခဲ့ရသည်ဟု ဒေသခံများ က ပြော သည်။

“ကျနော်တို့ သပိတ်စစ်ကြောင်းက မထွက်ရေးသေးဘူး၊ စထွက်ဖို့လုပ်တုန်းမှာပဲ စစ်သားတွေ ရဲတွေရောက်လာ ပြီး ပစ်တာပါ။ ကျည်အစစ်တွေသုံးပြီးကို ပစ်တာ။ သေနတ်မှန်တာက နှစ်ယောက်နော်၊ အဲ့မှာ တစ်ယောက်က သေတယ်၊ တစ်ယောက် ရင်ဘတ်ဒဏ်ရာရတယ်။ သူလည်းစိုးရိမ်ရတယ်။ လုံးခင်းသပိတ်စစ်ကြောင်း၊ မှော်ဝမ်း သပိတ်စစ်ကြောင်း အဲ့ဒါတွေ ဖြိုခွင်းခံရတာပါ။ စတာနဲ့ ဖြိုခွင်းခံရတာဗျ” ဟု ပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီး ဝက်လက်မြို့တွင်လည်း သေဆုံးသူ နှစ်ဦးထက် မနည်းရှိခဲ့သည်ဟု ဒေသခံများက ပြော သည်။

စစ်အာဏာရှင် တော်လှန်ရေး (နွေဦးတော်လှန်ရေး) ကာလအတွင်း ကျဆုံးသူအရေအတွက်မှာ နေ့စဉ် တိုးလာ နေဆဲဖြစ်ပြီး ယနေ့အထိ ကျဆုံးခဲ့ရသူစုစုပေါင်း (၇၆၅) ဦး ရှိခဲ့ပြီ ဖြစ်သည်ဟု AAPP က ထုတ်ပြန်ထားသည်။

မေလ ၂ ရက်နေ့ ကမ္ဘာလုံးဆိုင်ရာ နွေဦးတော်လှန်ရေးနေ့ (စစ်အာဏာရှင်ဆန့်ကျင်ရေး) ဆန္ဒထုတ်ရာတွင် မြန်မာ နိုင်ငံရှိ တိုင်းနှင့်ပြည်နယ်အသီးသီးက စစ်အာဏာရှင် မလိုလားသည့် လူငယ်များနှင့် ဒေသခံပြည်သူများ ပါဝင်ခဲ့ ကြသလို အခြားနိုင်ငံများသို့ ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများကလည်း စစ်အာဏာရှင်ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

Photo – CJ

*** ZAWGYI ***
ၿငိမ္းခ်မ္းစြာ ဆႏၵျပသူတစ္ခ်ိဳ႕ က်ည္ဆံထိမွန္ေသဆုံး

သတင္းႏွင့္ မီဒီယာကြန္ရက္
၂၀၂၁ ခုႏွစ္၊ ေမလ ၃ ရက္။

ရွမ္းေျမာက္ႏွင့္ ကခ်င္ျပည္နယ္အပါအဝင္ ေမလ ၂ ရက္ေန႔ ကမာၻလုံးဆိုင္ရာ ေႏြဦးေတာ္လွန္ေရးေန႔ တြင္ ေသ ဆုံးသူမ်ားရွိခဲ့ၿပီး ယခုခါ စစ္အာဏာသိမ္းၿပီးေနာက္ ေသဆုံးသူ ၇၆၅ ဦး ရွိသြားၿပီဟု ႏိုင္ငံေရးအက်ဥ္းသားမ်ား ကူ ညီေစာင့္ေရွာက္ေရးအသင္း AAPP က ေျပာသည္။

ေမလ ၂ ရက္ေန႔တြင္ ရွမ္းျပည္နယ္၊ ကခ်င္ျပည္နယ္ႏွင့္ စစ္ကိုင္းတိုင္းေဒသႀကီးတို႔တြင္ ေသဆုံးမႈမ်ားရွိခဲ့ရာ ရွမ္း ျပည္နယ္ ေျမာက္ပိုင္း ေနာင္ခ်ိဳႏွင့္ သီေပါၿမိဳ႕တို႔တြင္ ပထမဆုံးအႀကိမ္ ေသြးေျမခခဲ့ရၿပီဟု ေဒသခံမ်ား က ေျပာ သည္။

အမည္မေဖာ္လိုသူ ေနာင္ခ်ိဳေဒသခံတစ္ဦးက “က်ေနာ္တို႔ ကိုယ္တိုင္သြားၾကည့္တာပါ။ ေသနတ္မွန္တာက ႏွစ္ ေယာက္၊ ပြဲခ်င္းၿပီးေသတာက တစ္ေယာက္၊ အခု လက္ရွိ ေဆး႐ုံမွာ ေသနတ္မွန္တဲ့ ေနာက္တစ္ေယာက္က ေဆးကုေနပါတယ္။ ေနာင္ခ်ိဳေဆး႐ုံမွာပါ။ လူေတြက ႏွစ္ေယာက္မွန္တယ္၊ ႏွစ္ေယာက္ေသတယ္ပဲ ေျပာၾက တာပါ။ တကယ္ေတာ့ တစ္ေယာက္ပဲ ဆုံးတာပါ။ ႏွစ္ေယာက္မွန္တယ္၊ တစ္ေယာက္ဆုံးတယ္။ တစ္ေယာက္က အခု လက္ရွိထိ ေဆးကုတုန္း။ သက္သာပါတယ္။ တျခား ထိခိုက္ဒဏ္ရာရတာ အေသးအမႊားက ၅ ေယာက္ ေလာက္ရွိတယ္။ ရပ္ကြက္ထဲမွာ သူတို႔နည္း သူတို႔ဟန္နဲ႔ ေဆးကုေနပါတယ္” ဟု ေျပာသည္။

“ေသသြားတဲ့ တစ္ေယာက္က ဆီးစပ္၊ ဆီးပုန္းကို မွန္တာေလ။ လက္ရွိ ကုေနတဲ့တစ္ေယာက္က တင္ပဆုံကို မွန္ တာ။ အခုေလာေလဆယ္ေတာ့ ေသြး ၃ ပုလင္းသြင္းထားတယ္။ အခုေဆးကုေနတဲ့လူက ၅၀-၅၀ ေျပာရမလား၊ ၃၀-၇၀ ေျပာရမလား သူ႔အေျခအေနကေလ။ ေဆး႐ုံကလည္း ပစၥည္းကိရိယာေတာ့ မဆုံးဘူး။ ဆရာ/ဆရာမ ေတြက ႀကိဳးစားၿပီး ကုေပးေနတယ္။ ဖမ္းဆီးခံရတာက က်ား ၁၅၊ မ ၄ ေယာက္ အကုန္လုံး ၁၉ ေယာက္။ အကုန္လုံး ၁၉ ေယာက္လုံး ျပန္လႊတ္ေပးပါၿပီ။ ၿမိဳ႕မိၿမိဳ႕ဖေတြကပဲ လိုက္ၿပီး လုပ္ေပးတာပါ။”

ေနာင္ခ်ိဳၿမိဳ႕ စစ္အာဏာရွင္ဆန႔္က်င္ ဆႏၵထုတ္ေဖာ္ပြဲတြင္ အသက္ ၄၀ အ႐ြယ္ ရွိသူ ဦးဝင္းႏိုင္ ေသဆုံးၿပီး၊ တစ္ဦး မွာ စိုးရိမ္ဒဏ္ရာႏွင့္ အျခားဒဏ္ရာရ(မစိုးရိမ္ရ) ရွိသူ ၅ ဦးခန႔္ရွိသည္ ဟု သိရသည္။

ထို႔အျပင္ ဖမ္းဆီးခံရသူ အမ်ိဳးသား ၁၅ ဦး၊ အမ်ိဳးသမီး ၄ ဦး စုစုေပါင္း ၁၉ ရွိရာ၊ ၎တို႔အား ေဒသခံ ရပ္မိရပ္ ဖမ်ားက ကူညီလိုက္လံညႇိႏႈိင္းေပးမႈေၾကာင့္ ေမလ ၂ ရက္ေန႔ ညေန ၆ နာရီခြဲ ခန႔္တြင္ ျပန္လႊတ္လာသည္ဟု ေဒသခံမ်ား က ေျပာသည္။

သီေပါၿမိဳ႕ ျဖစ္စဥ္ႏွင့္ ပတ္သက္၍လည္း ေဒသခံတစ္ဦးက “ဟုတ္ပါတယ္။ တစ္ဦးေသပါ။ သီေပါလည္း ေသြး ေျမက်ရၿပီဗ်။ က်ဆုံးတဲ့လူက ဖိုးလုံးပါ။ ေခါင္းကိုထိသြားပါ။ တျခားဒဏ္ရာရတဲ့ လူေတြလည္း ရွိပါတယ္။ ေျခေထာက္ကို ထိတဲ့တစ္ေယာက္ စိုးရိမ္ရတယ္” ဟု ေျပာသည္။

ကခ်င္ျပည္နယ္ ဖားကန႔္ၿမိဳ႕၊ လုံခင္း က သပိတ္စစ္ေၾကာင္းကိုလည္း အာဏာသိမ္းစစ္ေကာင္စီတပ္ႏွင့္ ရဲတပ္ဖြဲ႕ ဝင္မ်ားက ဝင္ေရာက္ပစ္ခတ္ၿဖိဳခြင္းခဲ့သည့္အတြက္ အမ်ိဳးသား တစ္ဦးေသဆုံးခဲ့ရသည္ဟု ေဒသခံမ်ား က ေျပာ သည္။

“က်ေနာ္တို႔ သပိတ္စစ္ေၾကာင္းက မထြက္ေရးေသးဘူး၊ စထြက္ဖို႔လုပ္တုန္းမွာပဲ စစ္သားေတြ ရဲေတြေရာက္လာ ၿပီး ပစ္တာပါ။ က်ည္အစစ္ေတြသုံးၿပီးကို ပစ္တာ။ ေသနတ္မွန္တာက ႏွစ္ေယာက္ေနာ္၊ အဲ့မွာ တစ္ေယာက္က ေသတယ္၊ တစ္ေယာက္ ရင္ဘတ္ဒဏ္ရာရတယ္။ သူလည္းစိုးရိမ္ရတယ္။ လုံးခင္းသပိတ္စစ္ေၾကာင္း၊ ေမွာ္ဝမ္း သပိတ္စစ္ေၾကာင္း အဲ့ဒါေတြ ၿဖိဳခြင္းခံရတာပါ။ စတာနဲ႔ ၿဖိဳခြင္းခံရတာဗ်” ဟု ေျပာသည္။

စစ္ကိုင္းတိုင္းေဒသႀကီး ဝက္လက္ၿမိဳ႕တြင္လည္း ေသဆုံးသူ ႏွစ္ဦးထက္ မနည္းရွိခဲ့သည္ဟု ေဒသခံမ်ားက ေျပာ သည္။

စစ္အာဏာရွင္ ေတာ္လွန္ေရး (ေႏြဦးေတာ္လွန္ေရး) ကာလအတြင္း က်ဆုံးသူအေရအတြက္မွာ ေန႔စဥ္ တိုးလာ ေနဆဲျဖစ္ၿပီး ယေန႔အထိ က်ဆုံးခဲ့ရသူစုစုေပါင္း (၇၆၅) ဦး ရွိခဲ့ၿပီ ျဖစ္သည္ဟု AAPP က ထုတ္ျပန္ထားသည္။

ေမလ ၂ ရက္ေန႔ ကမာၻလုံးဆိုင္ရာ ေႏြဦးေတာ္လွန္ေရးေန႔ (စစ္အာဏာရွင္ဆန႔္က်င္ေရး) ဆႏၵထုတ္ရာတြင္ ျမန္မာ ႏိုင္ငံရွိ တိုင္းႏွင့္ျပည္နယ္အသီးသီးက စစ္အာဏာရွင္ မလိုလားသည့္ လူငယ္မ်ားႏွင့္ ေဒသခံျပည္သူမ်ား ပါဝင္ခဲ့ ၾကသလို အျခားႏိုင္ငံမ်ားသို႔ ေရာက္ရွိေနသည့္ ျမန္မာႏိုင္ငံသားမ်ားကလည္း စစ္အာဏာရွင္ဆန႔္က်င္ေၾကာင္း ဆႏၵထုတ္ေဖာ္ခဲ့ၾကသည္။

Photo – CJ