ကချင်တိုက်ပွဲအတွင်း အရပ်သား ၄ ဦးသေ၊ ၉ ဦး ဒဏ်ရာရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ မေလ ၃ ရက်။

စစ်ကောင်စီတပ်နှင့် ကချင် လွတ်လပ်ရေးတပ်မတော် KIA တို့အကြား ဖြစ်ပွားနေသည့် တိုက်ပွဲများအတွင်း ယနေ့ (မေလ ၃ ရက်နေ့တွင်) ဘုန်းကြီး တစ်ပါး၊ ကလေး ငယ်တစ်ဦးနှင့် အမျိုးသမီး တစ်ဦး အပါအဝင် ဒေသခံပြည်သူ ၄ ဦး သေဆုံး ပြီး၊ ထိခိုက်ဒဏ်ရာ ရရှိသူများလည်း ရှိသည်ဟု ဒေသခံ များက ပြောသည်။

မေလ ၃ ရက်နေ့ (ယနေ့) နံနက် ၈ နာရီ ကျော်တွင် ကချင်ပြည်နယ် မိုးမောက်မြို့နယ်၊ မြို့သစ် ကုန်းလောကျေးရွာ အနီးတစ်ဝှိုက်တွင် စစ်ကောင်စီနှင့် KIA တို့ ကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး အဆိုပါ တိုက်ပွဲများ အတွင်း ဒေသခံများ ထိခိုက်ဒဏ်ရာရ သေဆုံးခဲ့သည်ဟု ဒေသခံများက ပြောသည်။

မိုးမောက် ဒေသခံတစ်ဦး က “ဟုတ်တယ်၊ ဒီမနက် ၁၀ နာရီကျော်လောက်မှာ ကုန်းလောရွာထဲကို လက်နက် ကြီးကျတာပါ။ မနက်ကတည်း က တိုက်ပွဲတွေ ဖြစ်နေတာပါ။ ကုန်းလောရွာ ဘုန်းကြီးကျောင်းထဲကို လက်နက်ကြီးကျတာ၊ အဲ့ဒါ ထိထားတာ ၉ ယောက်ထိထားတယ်။ အဲ့ဒါက ရွာထဲမှာ ဘုန်းကြီးကျောင်းထဲမှာ ခိုလှုံနေတဲ့ ဘုန်းကြီးကျောင်း အောက်ထပ် မှာ ခိုလှုံနေတဲ့ ရွာသား ၉ ယောက်၊ ဘုန်းကြီးတစ်ပါး ထိခိုက်သွားတယ်။ အခုလောလောဆယ် ဘုန်းကြီးတစ်ပါး နဲ့ အမျိုးသမီးတစ်ယောက်၊ အဘိုးကြီးတစ်ယောက်၊ ကလေးတစ်ယောက် ဆုံးသွားတယ်ပေါ့နော်” ဟု ကပြောသည်။

ကုန်းလောကျေးရွာအတွင်း လက်နက်ကြီးကျခဲ့သည့် ဖြစ်စဉ်နှင့် ပတ်သက်၍လည်း “ဘာနဲ့ပစ်မှန်းတော့မသိဘူး လေယာဉ်ကပစ်တာလာ ဘာလားမသိဘူး။ အားလုံးက တိုက်ပွဲဖြစ်နေတော့ ပုန်းနေကြတာ။ အဲ့ဒီလက်နက်ကြီး က ဘုန်းကြီးကျောင်း အဝမှ အရှေ့မှာ ဝန်းထဲမှာ ကျတာပေါ့၊ အဲ့တော့ ဘုန်းကြီး အောက်ထပ်မှာ ခိုလှုံနေကြတဲ့ လူတွေပေါ့ ဘုန်းကြီးတစ်ပါးအပါအဝင်ပေါ့ အဲ့ဒါထိသွားတာ။ ဘုန်းကြီးက ပျံလွန်တော်မူသွားပြီ” ဟု အမည်မ ဖော်လိုသူ ဒေသခံတစ်ဦး က ပြောသည်။

ယနေ့ နံနက်ပိုင်းတွင် ကုန်းလောကျေးရွာထဲအထိ ပစ်ခတ်မှုများ၊ လက်နက်ကြီးကျည်၊ လက်နက်ငယ်များ ကျရောက်ပေါက်ကွဲခဲ့သည့် အတွက် ဒေသခံရွာသားများမှာ ကတုတ်ကျင်းများနှင့် ဘုန်းတော်ကြီးကျောင်းတို့တွင် ပုန်းနေကြရာ လက်နက်ကြီးတစ်လုံး ကုန်းလောကျေးရွာ ဘုန်းကြီးရှေ့တွင် ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီ (မိုးမောက်) တာဝန်ရှိသူ တစ်ဦးက “ကျနော်တို့ လော လောဆယ် တပ်ဆေးရုံကနေ အလောင်းနှစ်လောင်းနဲ့ ဘုန်းကြီးရဲ့ အလောင်းကိုတော့ ထုတ်ခဲ့ပြီ။ အခု သုဿန် ကို သွားနေပြီ။ တပ်ဆေးရုံမှာလာဆုံးတာ။ သယ်လာတုန်းကတော့ မဆုံးသေးဘူး။ လောလောဆယ် ဆုံးသွားတဲ့ လူတွေရဲ့ အလောင်းတွေကိုတော့ ထုတ်နေပြီ။ ဒဏ်ရာရတဲ့လူနာတွေကိုတော့ ဗန်းမော်တပ်ဆေးရုံမှာ ဆေး ကုပေးနေတယ်” ဟု ပြောသည်။

ကုန်းလောကျေးရွာထဲတွင် ပစ်ခတ်မှုများရှိနေသည်ကြားက ထိခိုက်ဒဏ်ရာ ရရှိသူများကို ခေါ်ထုတ်ခဲ့ရခြင်း ဖြစ်သည်ဟု ၎င်း က ဆက်ပြောသည်။

“မိုးမောက်ကနေ ဗန်းမော်ကို ဆေးကုဖို့ ဘုန်းကြီးကျောင်းက ကားနဲ့ပဲ ပစ်ခတ်နေတဲ့ကြားကနေ ခေါ်ထုတ်ခဲ့ ရတာ လေ။ ရွာထဲကလူတွေကလည်း လက်နက်ကြီးတွေရော လက်နက်ငယ်တွေရော အဆက်မပြတ် ရွာထဲကို ဆက် တိုက်ပစ်နေတော့ ဘယ်သူမှ အပြင်ထွက်လို့ မရဘူး။ အဲ့ကြားနေပဲလူနာက အရမ်းစိုးရိမ်ရတော့ ဘုန်းကြီး ကျောင်းက လူတွေနဲ့ပဲ ခေါ်ထုတ်ခဲ့ရတာ။ ခေါ်ထုတ်ခဲ့ပြီးမှ ကျနော်တို့ ဒီဘက်က နာရေးကားတွေနဲ့ပဲ ဆက်သွား လို့လည်းမရဘူး။ နောင်လိုက်ကနေပဲ စောင့်ကြိုပြီးမှ သယ်ခဲ့ရတာလေ။”

ယနေ့ နံနက်ပိုင်း လေယာဉ်ပျက်ကျသည့် နေရာနှင့်လည်း မဝေးသလို ကုန်းလောကျေးရွာအတွင်းတွင်လည်း ပစ်ခတ်မှုများ ဆက်တိုက်ဖြစ်နေသေးသည့်အတွက် ရွာသားများမှာ ပုန်းနေကြရဆဲဖြစ်သည်ဟု ဒေသခံများ က ပြောသည်။

မိုးမောက်မြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့အကြား ဧပြီလကတည်း က တိုက်ပွဲများပြင်းထန်စွားဖြစ်ပွားလျှက်ရှိရာ ဧပြီလ လလယ်ခန့်ကစတင်၍ ဗန်းမော်၊ မိုးမောက်မြို့နယ်အတွင်း တပ်မတော်ဘက်က လူအင်အား၊ လက်နက်အင်အားနှင့် ရိက္ခာများ ဆက်တိုက်တိုးထားသည်ဟု KIO/KIA သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူး ကြီးနော်ဘူ က ပြောသည်။

*** ZAWGYI ***
ကခ်င္တိုက္ပြဲအတြင္း အရပ္သား ၄ ဦးေသ၊ ၉ ဦး ဒဏ္ရာရ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေမလ ၃ ရက္။

စစ္ေကာင္စီတပ္ႏွင့္ ကခ်င္ လြတ္လပ္ေရးတပ္မေတာ္ KIA တို႔အၾကား ျဖစ္ပြားေနသည့္ တိုက္ပြဲမ်ားအတြင္း ယေန႔ (ေမလ ၃ ရက္ေန႔တြင္) ဘုန္းႀကီး တစ္ပါး၊ ကေလး ငယ္တစ္ဦးႏွင့္ အမ်ိဳးသမီး တစ္ဦး အပါအဝင္ ေဒသခံျပည္သူ ၄ ဦး ေသဆုံး ၿပီး၊ ထိခိုက္ဒဏ္ရာ ရရွိသူမ်ားလည္း ရွိသည္ဟု ေဒသခံ မ်ားက ေျပာသည္။

ေမလ ၃ ရက္ေန႔ (ယေန႔) နံနက္ ၈ နာရီ ေက်ာ္တြင္ ကခ်င္ျပည္နယ္ မိုးေမာက္ၿမိဳ႕နယ္၊ ၿမိဳ႕သစ္ ကုန္းေလာေက်း႐ြာ အနီးတစ္ဝႈိက္တြင္ စစ္ေကာင္စီႏွင့္ KIA တို႔ ၾကား တိုက္ပြဲမ်ား ျပင္းထန္စြာ ျဖစ္ပြားခဲ့ၿပီး အဆိုပါ တိုက္ပြဲမ်ား အတြင္း ေဒသခံမ်ား ထိခိုက္ဒဏ္ရာရ ေသဆုံးခဲ့သည္ဟု ေဒသခံမ်ားက ေျပာသည္။

မိုးေမာက္ ေဒသခံတစ္ဦး က “ဟုတ္တယ္၊ ဒီမနက္ ၁၀ နာရီေက်ာ္ေလာက္မွာ ကုန္းေလာ႐ြာထဲကို လက္နက္ ႀကီးက်တာပါ။ မနက္ကတည္း က တိုက္ပြဲေတြ ျဖစ္ေနတာပါ။ ကုန္းေလာ႐ြာ ဘုန္းႀကီးေက်ာင္းထဲကို လက္နက္ႀကီးက်တာ၊ အဲ့ဒါ ထိထားတာ ၉ ေယာက္ထိထားတယ္။ အဲ့ဒါက ႐ြာထဲမွာ ဘုန္းႀကီးေက်ာင္းထဲမွာ ခိုလႈံေနတဲ့ ဘုန္းႀကီးေက်ာင္း ေအာက္ထပ္ မွာ ခိုလႈံေနတဲ့ ႐ြာသား ၉ ေယာက္၊ ဘုန္းႀကီးတစ္ပါး ထိခိုက္သြားတယ္။ အခုေလာေလာဆယ္ ဘုန္းႀကီးတစ္ပါး နဲ႔ အမ်ိဳးသမီးတစ္ေယာက္၊ အဘိုးႀကီးတစ္ေယာက္၊ ကေလးတစ္ေယာက္ ဆုံးသြားတယ္ေပါ့ေနာ္” ဟု ကေျပာသည္။

ကုန္းေလာေက်း႐ြာအတြင္း လက္နက္ႀကီးက်ခဲ့သည့္ ျဖစ္စဥ္ႏွင့္ ပတ္သက္၍လည္း “ဘာနဲ႔ပစ္မွန္းေတာ့မသိဘူး ေလယာဥ္ကပစ္တာလာ ဘာလားမသိဘူး။ အားလုံးက တိုက္ပြဲျဖစ္ေနေတာ့ ပုန္းေနၾကတာ။ အဲ့ဒီလက္နက္ႀကီး က ဘုန္းႀကီးေက်ာင္း အဝမွ အေရွ႕မွာ ဝန္းထဲမွာ က်တာေပါ့၊ အဲ့ေတာ့ ဘုန္းႀကီး ေအာက္ထပ္မွာ ခိုလႈံေနၾကတဲ့ လူေတြေပါ့ ဘုန္းႀကီးတစ္ပါးအပါအဝင္ေပါ့ အဲ့ဒါထိသြားတာ။ ဘုန္းႀကီးက ပ်ံလြန္ေတာ္မူသြားၿပီ” ဟု အမည္မ ေဖာ္လိုသူ ေဒသခံတစ္ဦး က ေျပာသည္။

ယေန႔ နံနက္ပိုင္းတြင္ ကုန္းေလာေက်း႐ြာထဲအထိ ပစ္ခတ္မႈမ်ား၊ လက္နက္ႀကီးက်ည္၊ လက္နက္ငယ္မ်ား က်ေရာက္ေပါက္ကြဲခဲ့သည့္ အတြက္ ေဒသခံ႐ြာသားမ်ားမွာ ကတုတ္က်င္းမ်ားႏွင့္ ဘုန္းေတာ္ႀကီးေက်ာင္းတို႔တြင္ ပုန္းေနၾကရာ လက္နက္ႀကီးတစ္လုံး ကုန္းေလာေက်း႐ြာ ဘုန္းႀကီးေရွ႕တြင္ ေပါက္ကြဲခဲ့ျခင္း ျဖစ္သည္ဟု ေဒသခံမ်ားက ေျပာသည္။

ရွမ္းတိုင္းရင္းသားမ်ား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (SNLD) ပါတီ (မိုးေမာက္) တာဝန္ရွိသူ တစ္ဦးက “က်ေနာ္တို႔ ေလာ ေလာဆယ္ တပ္ေဆး႐ုံကေန အေလာင္းႏွစ္ေလာင္းနဲ႔ ဘုန္းႀကီးရဲ႕ အေလာင္းကိုေတာ့ ထုတ္ခဲ့ၿပီ။ အခု သုႆန္ ကို သြားေနၿပီ။ တပ္ေဆး႐ုံမွာလာဆုံးတာ။ သယ္လာတုန္းကေတာ့ မဆုံးေသးဘူး။ ေလာေလာဆယ္ ဆုံးသြားတဲ့ လူေတြရဲ႕ အေလာင္းေတြကိုေတာ့ ထုတ္ေနၿပီ။ ဒဏ္ရာရတဲ့လူနာေတြကိုေတာ့ ဗန္းေမာ္တပ္ေဆး႐ုံမွာ ေဆး ကုေပးေနတယ္” ဟု ေျပာသည္။

ကုန္းေလာေက်း႐ြာထဲတြင္ ပစ္ခတ္မႈမ်ားရွိေနသည္ၾကားက ထိခိုက္ဒဏ္ရာ ရရွိသူမ်ားကို ေခၚထုတ္ခဲ့ရျခင္း ျဖစ္သည္ဟု ၎ က ဆက္ေျပာသည္။

“မိုးေမာက္ကေန ဗန္းေမာ္ကို ေဆးကုဖို႔ ဘုန္းႀကီးေက်ာင္းက ကားနဲ႔ပဲ ပစ္ခတ္ေနတဲ့ၾကားကေန ေခၚထုတ္ခဲ့ ရတာ ေလ။ ႐ြာထဲကလူေတြကလည္း လက္နက္ႀကီးေတြေရာ လက္နက္ငယ္ေတြေရာ အဆက္မျပတ္ ႐ြာထဲကို ဆက္ တိုက္ပစ္ေနေတာ့ ဘယ္သူမွ အျပင္ထြက္လို႔ မရဘူး။ အဲ့ၾကားေနပဲလူနာက အရမ္းစိုးရိမ္ရေတာ့ ဘုန္းႀကီး ေက်ာင္းက လူေတြနဲ႔ပဲ ေခၚထုတ္ခဲ့ရတာ။ ေခၚထုတ္ခဲ့ၿပီးမွ က်ေနာ္တို႔ ဒီဘက္က နာေရးကားေတြနဲ႔ပဲ ဆက္သြား လို႔လည္းမရဘူး။ ေနာင္လိုက္ကေနပဲ ေစာင့္ႀကိဳၿပီးမွ သယ္ခဲ့ရတာေလ။”

ယေန႔ နံနက္ပိုင္း ေလယာဥ္ပ်က္က်သည့္ ေနရာႏွင့္လည္း မေဝးသလို ကုန္းေလာေက်း႐ြာအတြင္းတြင္လည္း ပစ္ခတ္မႈမ်ား ဆက္တိုက္ျဖစ္ေနေသးသည့္အတြက္ ႐ြာသားမ်ားမွာ ပုန္းေနၾကရဆဲျဖစ္သည္ဟု ေဒသခံမ်ား က ေျပာသည္။

မိုးေမာက္ၿမိဳ႕နယ္အတြင္း စစ္ေကာင္စီတပ္ႏွင့္ ကခ်င္လြတ္လပ္ေရးတပ္မေတာ္ KIA တို႔အၾကား ဧၿပီလကတည္း က တိုက္ပြဲမ်ားျပင္းထန္စြားျဖစ္ပြားလွ်က္ရွိရာ ဧၿပီလ လလယ္ခန႔္ကစတင္၍ ဗန္းေမာ္၊ မိုးေမာက္ၿမိဳ႕နယ္အတြင္း တပ္မေတာ္ဘက္က လူအင္အား၊ လက္နက္အင္အားႏွင့္ ရိကၡာမ်ား ဆက္တိုက္တိုးထားသည္ဟု KIO/KIA သတင္းႏွင့္ ျပန္ၾကားေရးတာဝန္ခံ ဗိုလ္မႉး ႀကီးေနာ္ဘူ က ေျပာသည္။