ဖက်ဒရယ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ လိုအပ်ကြောင်း ပညာရှင်အချို့ ပြော

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ မေလ ၄ ရက်။

ဖက်ဒရယ် ပြည်ထောင်စုနှင့် ဖက်ဒရယ် တပ်မတော်ကို ဖွဲ့စည်း တည်ဆောက်ရန် ဖက်ဒရယ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေရှိရမည် ဟု တိုင်းရင်းသားခေါင်းဆောင်အချို့နှင့် ပညာရှင်အချို့ က ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ကရင်အမျိုးသားအစည်းအရုံး KNU/KNLA တပ်မဟာ ၅ ပြောရေးဆိုခွင့်ရှိသူ ပဒိုမန်း မန်းက ယခုကဲ့သို့ ပြောသည်။

“ဖက်ဒရယ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပေါ်လာပြီးဆိုရင် ကျနော်တို့ အဲဒီမှာတော့ ပြီးပြည့်စုံတဲ့ ဖက်ဒရယ် ပြည် ထောင်စုကြီးကိုတော့ ကျနော်တို့ သွားလို့ရပြီထင်ပါတယ်။ ဖက်ဒရယ် တပ်မတော်နဲ့ ပတ်သက်ရင်တော့လည်း စောစောက ကျနော် ပြောတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အပေါ်မှာပဲ မူတည်တယ်။ ဖက်ဒရယ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပေါ်လာပြီဆို ဖက်ဒရယ် တပ်မတော် Institution က အဲဒီ ဖက်ဒရယ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ အညီ ဖွဲ့စည်းတည်ဆောက် သွားရမှာ ဖြစ်တယ်။”

ထို့အပြင် လူ့အခွင့်အရေးရှေ့နေ ဦးအောင်ထူး က လည်း “အားလုံးသိတဲ့အတိုင်းပဲ CDM လှုပ်ရှားမှုကြီးက မြန် မာစစ်တပ်ရဲ့ စစ်ကောင်စီရဲ့ အကြမ်းဖက် ဖြိုခွင်းမှုကို တောက်လျှောက်ခံလာရပြီ ဥပမာ ဆိုကြပါစို့ စစ်ကိုင်း တိုင်း ကလေး ဂန့်ဂေါ အဲဒီ ပင်လယ်ဘူးမြို့ ဖက်မှာဆိုရင် လက်နက်ကိုင် ခုခံတော်လှန်တဲ့ အဆင့်ကို ရောက်နေ ကြပြီ အဲလိုဖြစ်တဲ့အခါကျတော့ ဒါတွေ အားလုံးကို လွှမ်း ခြုံနိုင်ဖို့ရန်အတွက်က လူထုကလည်း တောင်းဆို ထားတာရှိတယ်။ ခုခံစစ်ဆင်နွှဲနေကြတဲ့ အဖွဲ့တွေကလည်း အရင်က မျှော်မှန်းထားတာရှိတယ်။ ဖက်ဒရယ် ပြည် ထောင်စု တပ်မတော်တစ်ရပ် ပေါ်လာရေးက အဓိက လမ်းကြောင်းဖြစ်တယ်” ဟု ပြောသည်။

လက်ရှိ မြန်မာနိုင်ငံ၏ အနေအထားများအရ ဖက်ဒရယ် ဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်းနှင့် ကြားကာလ ဖွဲ့စည်း ပုံ အခြေခံ မူကြမ်းရှိဖို့ အရေးတကြီးလိုအပ်နေပြီး အမြန်ဆုံးအတည်ပြုကြေညာဖို့လည်း ဦးအောင်ထူးက တိုက် တွန်းထားသည်။

“သို့သော် အဲလိုပေါ်လာနိုင်ဖို့ကျတော့ နောက်ခံက ဖွဲ့စည်းပုံ အခြေခံဥပဒေရှိဖို့လိုတယ်။ အဲ တော့ ဖက်ဒရယ် ဖွဲ့ စည်းပုံ အခြေခံ ဥပဒေမူကြမ်းကို ယာယီအတည်ပြုနိုင်ဖို့ လိုတယ်။ နောက်ပြီးတော့ ကြားကာလ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို လက်တလောမှာ အတည်ပြုဖို့ ဒီနောက်ခံကနေပြီးတော့မှ ဖက်ဒရယ် ပြည်ထောင်စု တပ်မ တော်ကို ဖွဲ့စည်းနိုင်မှာဖြစ်ပါတယ်။”

ဖက်ဒရယ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို အခြေခံ၍ ဖက်ဒရယ် ပြည်ထောင်စုနှင့် ဖက်ဒရယ် တပ်မတော်ကို ဖွဲ့စည်း တည်ဆောက်ရမည်ဖြစ်သည့်အတွက် ဖက်ဒရယ် ဖွဲ့စည်းပုံ အခြေခံဥပဒေ အရင်ပေါ်ပေါက်အောင် လုပ်ဆောင်ရ မည် ဟု ပဒိုမန်းမန်းက ပြောသည်။

ထို့ကြောင့် လက်ရှိ ဖွဲ့စည်းထားသည့် ကြားကာလ အမျိုးသား ညီညွှတ်ရေး အစိုးရ အနေဖြင့် ဖက်ဒရယ် ဖွဲ့စည်း ပုံ အခြေခံ ဥပဒေကို ရေးဆွဲနိုင်အောင် ဦးစွာလုပ်ဆောင်ရ မည်ဟု KNU/KNLA တပ်မဟာ ၅ ပြောရေးဆို ခွင့်ရှိ သူက ဆိုသည်။

ပဒိုမန်းမန်းက “လိုချင်တာက အမျိုးသားညီညွှတ်ရေး အစိုးရရော နောက်ကျနော်တို့ NUCC ကရောပေါ့နော်။ ဖက်ဒရယ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပေါ်လာဖို့အတွက်က ပထမဦးဆုံး လုပ်ရမှာဖြစ်တယ်။ ဒီဖက်ဒရယ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ မပေါ်ခင် ကာလမှာကတော့ အမျိုးသားညီညွှတ်ရေး အစိုးရ NUG အနေနဲ့ကတော့ ကြားကာလ အစိုးရ အနေနဲ့ပဲ ပြောရမှာ ဖြစ်ပါတယ်။ အုပ်ချုပ်ရေးကို အဲလိုမျိုး ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။ အဓိက ကတော့ ဒီဖက်ဒရယ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပေါ်ပေါက်လာဖို့ပဲ ဖြစ်ပါတယ်” ဟု ပြောသည်။

ရွေးကောက်ပွဲတွင် အနိုင်ရထားသည့် NLD ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသော ပြည်ထောင်စု လွှတ် တော် ကိုယ်စားပြု ကော်မတီ CRPH က စစ်တပ်က ရေးဆွဲထားသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ဖျက်သိမ်း ကြောင်း ပြီးခဲ့သည့် မတ်လ ၃၁ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့သည်။

ထို့အတူ ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ် ကြောညာစာတမ်းတစ်စောင်ကိုလည်း ထိုနေ့တွင်ပင် ထုတ်ပြန် ကြေ ညာခဲ့သည်။

ထိုကြေညာချက်များ ထုတ်ပြန်ပြီးနောက် CRPH မှ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည် ဆောက်မည့် ရည် ရွယ်ချက်ဖြင့် ကြားကာလ အမျိုးသား ညီညွှတ်ရေး အစိုးရ ဖွဲ့စည်းကြောင်း ဧပြီ ၁၆ ရက်နေ့တွင် ထပ်မံ ထုတ်ပြန် ကြေညာခဲ့သည်။ ထို အစိုးရအဖွဲ့ထဲတွင် တိုင်းရင်းသား လူမျိုး အတော်များများ ပါဝင်လာသည်ကို တွေ့ရသည်။

ထို့ကြောင့် ဖက်ဒရယ် ပြည်ထောင်စုနှင့် ဖက်ဒရယ် တပ်မတော် ဖွဲ့စည်းတည်ဆောက်ရန်အတွက် လက်ရှိတွင် ဖက်ဒရယ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ရေးဆွဲရန် လိုအပ်နေပြီး သက်ဆိုင်ရာ အစုအဖွဲ့ အားလုံးနှင့် ကြားကာလ အမျိုးသား ညီညွှတ်ရေး အစိုးရ NUG တို့ ပူးပေါင်းလုပ် ဆောင်မည်ဆိုပါက အောင်မြင် နိုင်သည်ဟု ပဒိုမန်း မန်းက ပြောသည်။

“ဖက်ဒရယ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပေါ်ပေါက်လာနိုင်ဖို့အတွက်က စောစောက ကျနော်ပြောတဲ့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းတွေရော နောက် ကျနော်တို့ ဒီတိုင်းရင်းသား နိုင်ငံရေး ပါတီတွေရော လက်ရှိ ဦးဆောင်နေတဲ့ NUG လို့ခေါ်တဲ့ အမျိုးသား ညီညွှတ်ရေး အစိုးရတွေရော နောက် ကျနော်တို့ အဲဒါ အပြင်မှာ ကျနော်တို့ NUCC လို့ခေါ်တဲ့ အစုအဖွဲ့တွေကနေပြီးတော့မှ ကျနော်တို့ ဝိုင်းပြီးတော့မှ ဖော်ဆောင် သွား မယ် ဆိုရင်တော့ ကျနော်တို့ ရောက်သွားနိုင်မှာ ဖြစ်ပါတယ်။ အောင်မြင်မှာဖြစ်ပါတယ်” ဟု ပဒိုမန်းမန်းက ပြော သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁ ရက်နေ့က စစ်တပ်မှ မတရား အာဏာသိမ်းယူပြီးနောက် စစ်အာဏာရှင် အလိုမရှိ ကြောင်း ဆန္ဒထုတ်ဖော်ပွဲများမှာ နိုင်ငံတဝန်းတွင် ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွားလာခဲ့သည့်နည်းတူ တိုင်းရင်းသား ဒေသများတွင်လည်း စစ်ရေးတင်းမာမှုများနှင့် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလာခဲ့သည်။

လက်ရှိဖြစ်ပေါ်နေသည့် နိုင်ငံ၏ နိုင်ငံရေး အခြေအနေများအောက်တွင် ကြားကာလ အမျိုးသား ညီညွှတ်ရေး အစိုးရအနေဖြင့် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများ၊ တိုင်းရင်းသား ပါတီများ၊ တက်ကြွ လှုပ်ရှားသူများ၊ လူ့အခွင့်အရေး လှုပ်ရှားသူများ၊ သက်ဆိုင်ရာ နယ်ပယ် အသီးသီးမှ တတ်သိပညာရှင်များနှင့် ပူး ပေါင်းကာ စစ်အာဏာရှင်စနစ် အမြစ်ပြတ်အောင်နှင့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်နိုင် သည်အထိ ကြိုးစား လုပ်ဆောင်သွားမည် ဟု ပြောဆိုထားသည်။

*** ZAWGYI ***
ဖက္ဒရယ္ ဖြဲ႕စည္းပုံ အေျခခံ ဥပေဒ လိုအပ္ေၾကာင္း ပညာရွင္အခ်ိဳ႕ ေျပာ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေမလ ၄ ရက္။

ဖက္ဒရယ္ ျပည္ေထာင္စုႏွင့္ ဖက္ဒရယ္ တပ္မေတာ္ကို ဖြဲ႕စည္း တည္ေဆာက္ရန္ ဖက္ဒရယ္ ဖြဲ႕စည္းပုံ အေျခခံ ဥပေဒရွိရမည္ ဟု တိုင္းရင္းသားေခါင္းေဆာင္အခ်ိဳ႕ႏွင့္ ပညာရွင္အခ်ိဳ႕ က ေျပာသည္။

အဆိုပါကိစၥႏွင့္ ပတ္သက္၍ ကရင္အမ်ိဳးသားအစည္းအ႐ုံး KNU/KNLA တပ္မဟာ ၅ ေျပာေရးဆိုခြင့္ရွိသူ ပဒိုမန္း မန္းက ယခုကဲ့သို႔ ေျပာသည္။

“ဖက္ဒရယ္ ဖြဲ႕စည္းပုံ အေျခခံ ဥပေဒေပၚလာၿပီးဆိုရင္ က်ေနာ္တို႔ အဲဒီမွာေတာ့ ၿပီးျပည့္စုံတဲ့ ဖက္ဒရယ္ ျပည္ ေထာင္စုႀကီးကိုေတာ့ က်ေနာ္တို႔ သြားလို႔ရၿပီထင္ပါတယ္။ ဖက္ဒရယ္ တပ္မေတာ္နဲ႔ ပတ္သက္ရင္ေတာ့လည္း ေစာေစာက က်ေနာ္ ေျပာတဲ့ ဖြဲ႕စည္းပုံ အေျခခံ ဥပေဒ အေပၚမွာပဲ မူတည္တယ္။ ဖက္ဒရယ္ ဖြဲ႕စည္းပုံ အေျခခံ ဥပေဒေပၚလာၿပီဆို ဖက္ဒရယ္ တပ္မေတာ္ Institution က အဲဒီ ဖက္ဒရယ္ ဖြဲ႕စည္းပုံ အေျခခံ ဥပေဒနဲ႔ အညီ ဖြဲ႕စည္းတည္ေဆာက္ သြားရမွာ ျဖစ္တယ္။”

ထို႔အျပင္ လူ႔အခြင့္အေရးေရွ႕ေန ဦးေအာင္ထူး က လည္း “အားလုံးသိတဲ့အတိုင္းပဲ CDM လႈပ္ရွားမႈႀကီးက ျမန္ မာစစ္တပ္ရဲ႕ စစ္ေကာင္စီရဲ႕ အၾကမ္းဖက္ ၿဖိဳခြင္းမႈကို ေတာက္ေလွ်ာက္ခံလာရၿပီ ဥပမာ ဆိုၾကပါစို႔ စစ္ကိုင္း တိုင္း ကေလး ဂန႔္ေဂါ အဲဒီ ပင္လယ္ဘူးၿမိဳ႕ ဖက္မွာဆိုရင္ လက္နက္ကိုင္ ခုခံေတာ္လွန္တဲ့ အဆင့္ကို ေရာက္ေန ၾကၿပီ အဲလိုျဖစ္တဲ့အခါက်ေတာ့ ဒါေတြ အားလုံးကို လႊမ္း ၿခဳံႏိုင္ဖို႔ရန္အတြက္က လူထုကလည္း ေတာင္းဆို ထားတာရွိတယ္။ ခုခံစစ္ဆင္ႏႊဲေနၾကတဲ့ အဖြဲ႕ေတြကလည္း အရင္က ေမွ်ာ္မွန္းထားတာရွိတယ္။ ဖက္ဒရယ္ ျပည္ ေထာင္စု တပ္မေတာ္တစ္ရပ္ ေပၚလာေရးက အဓိက လမ္းေၾကာင္းျဖစ္တယ္” ဟု ေျပာသည္။

လက္ရွိ ျမန္မာႏိုင္ငံ၏ အေနအထားမ်ားအရ ဖက္ဒရယ္ ဖြဲ႕စည္းပုံ အေျခခံဥပေဒ မူၾကမ္းႏွင့္ ၾကားကာလ ဖြဲ႕စည္း ပုံ အေျခခံ မူၾကမ္းရွိဖို႔ အေရးတႀကီးလိုအပ္ေနၿပီး အျမန္ဆုံးအတည္ျပဳေၾကညာဖို႔လည္း ဦးေအာင္ထူးက တိုက္ တြန္းထားသည္။

“သို႔ေသာ္ အဲလိုေပၚလာႏိုင္ဖို႔က်ေတာ့ ေနာက္ခံက ဖြဲ႕စည္းပုံ အေျခခံဥပေဒရွိဖို႔လိုတယ္။ အဲ ေတာ့ ဖက္ဒရယ္ ဖြဲ႕ စည္းပုံ အေျခခံ ဥပေဒမူၾကမ္းကို ယာယီအတည္ျပဳႏိုင္ဖို႔ လိုတယ္။ ေနာက္ၿပီးေတာ့ ၾကားကာလ ဖြဲ႕စည္းပုံ အေျခခံ ဥပေဒကို လက္တေလာမွာ အတည္ျပဳဖို႔ ဒီေနာက္ခံကေနၿပီးေတာ့မွ ဖက္ဒရယ္ ျပည္ေထာင္စု တပ္မ ေတာ္ကို ဖြဲ႕စည္းႏိုင္မွာျဖစ္ပါတယ္။”

ဖက္ဒရယ္ ဖြဲ႕စည္းပုံ အေျခခံ ဥပေဒကို အေျခခံ၍ ဖက္ဒရယ္ ျပည္ေထာင္စုႏွင့္ ဖက္ဒရယ္ တပ္မေတာ္ကို ဖြဲ႕စည္း တည္ေဆာက္ရမည္ျဖစ္သည့္အတြက္ ဖက္ဒရယ္ ဖြဲ႕စည္းပုံ အေျခခံဥပေဒ အရင္ေပၚေပါက္ေအာင္ လုပ္ေဆာင္ရ မည္ ဟု ပဒိုမန္းမန္းက ေျပာသည္။

ထို႔ေၾကာင့္ လက္ရွိ ဖြဲ႕စည္းထားသည့္ ၾကားကာလ အမ်ိဳးသား ညီၫႊတ္ေရး အစိုးရ အေနျဖင့္ ဖက္ဒရယ္ ဖြဲ႕စည္း ပုံ အေျခခံ ဥပေဒကို ေရးဆြဲႏိုင္ေအာင္ ဦးစြာလုပ္ေဆာင္ရ မည္ဟု KNU/KNLA တပ္မဟာ ၅ ေျပာေရးဆို ခြင့္ရွိ သူက ဆိုသည္။

ပဒိုမန္းမန္းက “လိုခ်င္တာက အမ်ိဳးသားညီၫႊတ္ေရး အစိုးရေရာ ေနာက္က်ေနာ္တို႔ NUCC ကေရာေပါ့ေနာ္။ ဖက္ဒရယ္ ဖြဲ႕စည္းပုံ အေျခခံ ဥပေဒေပၚလာဖို႔အတြက္က ပထမဦးဆုံး လုပ္ရမွာျဖစ္တယ္။ ဒီဖက္ဒရယ္ ဖြဲ႕စည္းပုံ အေျခခံ ဥပေဒ မေပၚခင္ ကာလမွာကေတာ့ အမ်ိဳးသားညီၫႊတ္ေရး အစိုးရ NUG အေနနဲ႔ကေတာ့ ၾကားကာလ အစိုးရ အေနနဲ႔ပဲ ေျပာရမွာ ျဖစ္ပါတယ္။ အုပ္ခ်ဳပ္ေရးကို အဲလိုမ်ိဳး ေဆာင္႐ြက္သြားရမွာ ျဖစ္ပါတယ္။ အဓိက ကေတာ့ ဒီဖက္ဒရယ္ ဖြဲ႕စည္းပုံ အေျခခံ ဥပေဒ ေပၚေပါက္လာဖို႔ပဲ ျဖစ္ပါတယ္” ဟု ေျပာသည္။

ေ႐ြးေကာက္ပြဲတြင္ အႏိုင္ရထားသည့္ NLD ကိုယ္စားလွယ္မ်ားျဖင့္ ဖြဲ႕စည္းထားေသာ ျပည္ေထာင္စု လႊတ္ ေတာ္ ကိုယ္စားျပဳ ေကာ္မတီ CRPH က စစ္တပ္က ေရးဆြဲထားသည့္ ၂၀၀၈ ဖြဲ႕စည္းပုံ အေျခခံ ဥပေဒကို ဖ်က္သိမ္း ေၾကာင္း ၿပီးခဲ့သည့္ မတ္လ ၃၁ ရက္ေန႔က ထုတ္ျပန္ေၾကညာခဲ့သည္။

ထို႔အတူ ဖက္ဒရယ္ ဒီမိုကေရစီ ပဋိညာဥ္ ေၾကာညာစာတမ္းတစ္ေစာင္ကိုလည္း ထိုေန႔တြင္ပင္ ထုတ္ျပန္ ေၾက ညာခဲ့သည္။

ထိုေၾကညာခ်က္မ်ား ထုတ္ျပန္ၿပီးေနာက္ CRPH မွ ဖက္ဒရယ္ ဒီမိုကေရစီ ျပည္ေထာင္စု တည္ ေဆာက္မည့္ ရည္ ႐ြယ္ခ်က္ျဖင့္ ၾကားကာလ အမ်ိဳးသား ညီၫႊတ္ေရး အစိုးရ ဖြဲ႕စည္းေၾကာင္း ဧၿပီ ၁၆ ရက္ေန႔တြင္ ထပ္မံ ထုတ္ျပန္ ေၾကညာခဲ့သည္။ ထို အစိုးရအဖြဲ႕ထဲတြင္ တိုင္းရင္းသား လူမ်ိဳး အေတာ္မ်ားမ်ား ပါဝင္လာသည္ကို ေတြ႕ရသည္။

ထို႔ေၾကာင့္ ဖက္ဒရယ္ ျပည္ေထာင္စုႏွင့္ ဖက္ဒရယ္ တပ္မေတာ္ ဖြဲ႕စည္းတည္ေဆာက္ရန္အတြက္ လက္ရွိတြင္ ဖက္ဒရယ္ ဖြဲ႕စည္းပုံ အေျခခံ ဥပေဒကို ေရးဆြဲရန္ လိုအပ္ေနၿပီး သက္ဆိုင္ရာ အစုအဖြဲ႕ အားလုံးႏွင့္ ၾကားကာလ အမ်ိဳးသား ညီၫႊတ္ေရး အစိုးရ NUG တို႔ ပူးေပါင္းလုပ္ ေဆာင္မည္ဆိုပါက ေအာင္ျမင္ ႏိုင္သည္ဟု ပဒိုမန္း မန္းက ေျပာသည္။

“ဖက္ဒရယ္ ဖြဲ႕စည္းပုံ အေျခခံ ဥပေဒ ေပၚေပါက္လာႏိုင္ဖို႔အတြက္က ေစာေစာက က်ေနာ္ေျပာတဲ့ တိုင္းရင္းသား လက္နက္ကိုင္ ေတာ္လွန္ေရး အဖြဲ႕အစည္းေတြေရာ ေနာက္ က်ေနာ္တို႔ ဒီတိုင္းရင္းသား ႏိုင္ငံေရး ပါတီေတြေရာ လက္ရွိ ဦးေဆာင္ေနတဲ့ NUG လို႔ေခၚတဲ့ အမ်ိဳးသား ညီၫႊတ္ေရး အစိုးရေတြေရာ ေနာက္ က်ေနာ္တို႔ အဲဒါ အျပင္မွာ က်ေနာ္တို႔ NUCC လို႔ေခၚတဲ့ အစုအဖြဲ႕ေတြကေနၿပီးေတာ့မွ က်ေနာ္တို႔ ဝိုင္းၿပီးေတာ့မွ ေဖာ္ေဆာင္ သြား မယ္ ဆိုရင္ေတာ့ က်ေနာ္တို႔ ေရာက္သြားႏိုင္မွာ ျဖစ္ပါတယ္။ ေအာင္ျမင္မွာျဖစ္ပါတယ္” ဟု ပဒိုမန္းမန္းက ေျပာ သည္။

ၿပီးခဲ့သည့္ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔က စစ္တပ္မွ မတရား အာဏာသိမ္းယူၿပီးေနာက္ စစ္အာဏာရွင္ အလိုမရွိ ေၾကာင္း ဆႏၵထုတ္ေဖာ္ပြဲမ်ားမွာ ႏိုင္ငံတဝန္းတြင္ က်ယ္က်ယ္ျပန႔္ျပန႔္ျဖစ္ပြားလာခဲ့သည့္နည္းတူ တိုင္းရင္းသား ေဒသမ်ားတြင္လည္း စစ္ေရးတင္းမာမႈမ်ားႏွင့္ တိုက္ပြဲမ်ား ျပင္းထန္စြာ ျဖစ္ပြားလာခဲ့သည္။

လက္ရွိျဖစ္ေပၚေနသည့္ ႏိုင္ငံ၏ ႏိုင္ငံေရး အေျခအေနမ်ားေအာက္တြင္ ၾကားကာလ အမ်ိဳးသား ညီၫႊတ္ေရး အစိုးရအေနျဖင့္ တိုင္းရင္းသား လက္နက္ကိုင္ေတာ္လွန္ေရး အဖြဲ႕အစည္းမ်ား၊ တိုင္းရင္းသား ပါတီမ်ား၊ တက္ႂကြ လႈပ္ရွားသူမ်ား၊ လူ႔အခြင့္အေရး လႈပ္ရွားသူမ်ား၊ သက္ဆိုင္ရာ နယ္ပယ္ အသီးသီးမွ တတ္သိပညာရွင္မ်ားႏွင့္ ပူး ေပါင္းကာ စစ္အာဏာရွင္စနစ္ အျမစ္ျပတ္ေအာင္ႏွင့္ ဖက္ဒရယ္ ဒီမိုကေရစီ ျပည္ေထာင္စု တည္ေဆာက္ႏိုင္ သည္အထိ ႀကိဳးစား လုပ္ေဆာင္သြားမည္ ဟု ေျပာဆိုထားသည္။