ကချင်တွင် စစ်ကောင်စီတပ်များက လူနေအိမ်များကို လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများရှိ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ မေလ ၁၇ ရက်။

ကချင်ပြည်နယ် ဗန်းမော်၊ မိုးမောက်၊ မံစီမြို့နယ်များအတွင်းရှိ ကျေးရွာများဘက်သို့ စစ်ကောင်စီတပ်များ လက် နက်ကြီးများ ဖြစ်ဖြင့် ပစ်ခတ်နေသည့်အတွက် လူနေအိမ်များ ပျက်စီးကုန်သည်ဟု ဒေသခံများက ပြောသည်။

မံစီမြို့နယ်အတွင်းက မဒန်ကျေးရွာအနီးတဝိုက်တွင် မေလ ၁၁ ရက်နေ့က စတင်ပြီး စစ်ကောင်စီတပ်နှင့် ကချင် လွတ်လပ်ရေးတပ်မတော် KIA တို့အကြား တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားလာပြီးနောက် စစ်တပ်ဘက်က ကျေး ရွာများထဲသို့ လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်နေသည်မှာ ယနေ့အချိန်ထိ ဖြစ်သည်ဟု မိုးမောက် ဒေသခံတစ်ဦး က ပြောသည်။

“တိုက်နေကြတယ်။ မနေ့ကတစ်နေ့က နောင်ကွန်မှာလည်း တော်တော်ပြင်းပြင်းထန်ထန်ပစ်ကြတယ်။ ပစ် တော့ နောင်ကွန်ရွာထဲက ခေါင်မိုးတွေ တော်တော်များများပေါက်သွားတာပေါ့နော်။ အိမ်တိုင်းလိုလို ခေါင်မိုး ပေါက်သွားတယ်လို့ ပြောတယ်။ ဗန်းမော်ဘက်ကနေတော့ လက်နက်ကြီးတွေ လက်နက်ကြီးတွေနဲ့ ထုနေတာ ပေါ့နော်။ ကုန်းလောဘက်ရော၊ မြို့သစ်ဘက်ရော နောက်ပြီး မံစီဘက်ကိုလည်း လှမ်းထုတာတွေလည်း ရှိ တယ်။ အစောပိုင်းကတော့ ဒီဘက် အလော့ဒ်ဘွမ် တိုက်ပြီးတော့မှာ ကုန်းလော အနောက်ဘက် တာဝါတိုင် ကုန်း ဘက်မှာ အထူးသဖြင့် အဲ့မှာပဲ ပြင်းထန်တိုက်ပွဲဖြစ်ပြီးတော့ အခုကျတော့ ပိုပြီးတော့ ကျယ်ပြန်လာတာပေါ့ နော်။ မံစီဘက်တွေလည်း အပြင်းအထန်ဖြစ်လာတယ်။”

မေလ ၁၁ ရက်နေ့က စတင်ဖြစ်ပွားလာသည့် မံစီမြို့နယ်၊ မဒန်ယန်ကျေးရွာအနီးတဝိုက်ကို ပစ်ခတ်မှုများ၊ တိုက် ပွဲများကြောင့် အနီးအနားက ဒေသခံများလည်း ဗုံးခိုကျင်းများ တူးကာ ပုန်းခိုနေကြရသည်ဟု မံစီဒေသခံ တစ်ဦး က ပြောသည်။

“လောလောဆယ် အဓိက ဖြစ်နေတာက ဒီ မဒန်ယန်လို့ ခေါ်တဲ့ နေရာမှာ ပစ်ကြတာလို့ ပြောတယ်။ အဲ့ဒီဘက် က ကချင်ရွာလေးဖြစ်တဲ့အတွက် စစ်ရှောင်တွေက ရှောင်လာကြပြီလို့ ပြောတယ်။ မဒန်ရွာနဲ့တော့ တိုက်ရိုက် အဆက်အသွယ်မရသေးဘူး။ ဒါပေမယ့် သူနဲ့အနီးဆုံးဖြစ်တဲ့ မံဆရွာမှာတော့ လက်နက်ကြီးတွေ ကျည်တွေ လာ ကျတော့ မရှိသေးဘူး။ ဒါပေမယ့် လေယာဉ်တွေကတော့ အပေါ်မှာ နေ့တိုင်းဝဲနေတဲ့အတွက် ဗုံးခိုကျင်းတွေ လုပ်ပြီး ဝပ်နေရာတာတွေတော့ ရှိတယ်။ ဒီမဒန်ယန်၊ မံဆ၊ မံစီ ဆိုတာလည်း ဘာမှ သိပ်မဝေးဘူးပေါ့နော်။ နှစ် မိုင် လောက်ပဲဝေးတော့ သူတို့တွေလည်း တိုက်ပွဲတွေ ကျယ်ပြန့်လာရင်တော့ စစ်ရှောင်တွေက ထပ်တိုးလာဖို့ပဲ ရှိတယ်။”

ထို့ကြောင့် အဆိုပါဒေသများရှိ ဒေသခံများအတွက် ယခုခါ လုံခြုံမှု လုံးဝမရှိတော့ဘူးဟု ဆက်ပြောသည်။

“တိုက်ပွဲတွေဖြစ်လာပြီဆိုရင် စစ်ကောင်စီတပ်တွေက လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်တာတွေ လျှောက်ပစ် တာတွေတော်တော်များတော့ ကျေးရွာတွေကိုတော့ မလွှဲမသွေလာထိကြတာပဲ။ စစ်တပ်နဲ့နီးတဲ့ နေရာတွေ တိုက်ပွဲဖြစ်နေတဲ့ ရွာတွေက ပြည်သူတွေက လုံးဝမလုံခြုံဘူးပေါ့နော်။”

မံစီမြို့နယ်၊ မဒန်ကျေးရွာဘက်က အခြေအနေနှင့် ပတ်သက်၍ ကချင်လွတ်လပ်ရေးအဖွဲ့ KIO သတင်းနှင့် ပြန် ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ က “တိုက်ပွဲအရမ်းဖြစ်တယ်ဆိုတာမျိုးတော့ ကျနော်တို့ မကြားဘူး။ မဒန် ရွာဘက်မှာ လက်နက်ကြီးတွေနဲ့ပစ်တယ်။ လက်နက်ကြီးပစ်ခတ်မှုပေါ့နော် လှမ်းပစ်တယ်ဆိုတာမျိုး အဲ့ဒါပဲ ရှိ တယ်။ တခြားတော့ ဘာသတင်းမှ မတက်လာသေးဘူး” ဟု ပြောသည်။

မံစီမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော်တို့အကြား မေလ ၁၁ ရက်နေ့ကစတင် ပြီး နှစ်ဖက်ကြား တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားလာရာ မေလ ၁၅ ရက်နေ့အထိ ဝေဟင်ရော မြေပြင်ထိုးစစ် များဖြင့် ဆက်တိုက် တိုက်ပွဲဖြစ်ပွားလျှက်ရှိသည်။

မဒန်ယန်ကျေးရွာအနီး KIA တပ်မဟာ ၃ လက်အောက်ခံ တပ်ရင်း ၂၇ တပ်ရင်းကို စစ်ကောင်စီက မေလ ၁၅ ရက်နေ့တွင် လေယာဉ် ၅စီးဖြင့် လာရောက်ပစ်ခတ်ခဲ့သည်ဟု မံစီဒေသခံများ က ပြောသည်။

ထို့အပြင် အဆိုပါဒေသအတွင်း စစ်ကောင်စီတပ်က စစ်အင်အားများလည်း တိုးထားသည်ဟု သိရသည်။

*** ZAWGYI ***
ကခ်င္တြင္ စစ္ေကာင္စီတပ္မ်ားက လူေနအိမ္မ်ားကို လက္နက္ႀကီးမ်ားျဖင့္ ပစ္ခတ္မႈမ်ားရွိ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေမလ ၁၇ ရက္။

ကခ်င္ျပည္နယ္ ဗန္းေမာ္၊ မိုးေမာက္၊ မံစီၿမိဳ႕နယ္မ်ားအတြင္းရွိ ေက်း႐ြာမ်ားဘက္သို႔ စစ္ေကာင္စီတပ္မ်ား လက္ နက္ႀကီးမ်ား ျဖစ္ျဖင့္ ပစ္ခတ္ေနသည့္အတြက္ လူေနအိမ္မ်ား ပ်က္စီးကုန္သည္ဟု ေဒသခံမ်ားက ေျပာသည္။

မံစီၿမိဳ႕နယ္အတြင္းက မဒန္ေက်း႐ြာအနီးတဝိုက္တြင္ ေမလ ၁၁ ရက္ေန႔က စတင္ၿပီး စစ္ေကာင္စီတပ္ႏွင့္ ကခ်င္ လြတ္လပ္ေရးတပ္မေတာ္ KIA တို႔အၾကား တိုက္ပြဲမ်ား ျပင္းထန္စြာျဖစ္ပြားလာၿပီးေနာက္ စစ္တပ္ဘက္က ေက်း ႐ြာမ်ားထဲသို႔ လက္နက္ႀကီးမ်ားျဖင့္ ဆက္တိုက္ပစ္ခတ္ေနသည္မွာ ယေန႔အခ်ိန္ထိ ျဖစ္သည္ဟု မိုးေမာက္ ေဒသ ခံတစ္ဦး က ေျပာသည္။

“တိုက္ေနၾကတယ္။ မေန႔ကတစ္ေန႔က ေနာင္ကြန္မွာလည္း ေတာ္ေတာ္ျပင္းျပင္းထန္ထန္ပစ္ၾကတယ္။ ပစ္ ေတာ့ ေနာင္ကြန္႐ြာထဲက ေခါင္မိုးေတြ ေတာ္ေတာ္မ်ားမ်ားေပါက္သြားတာေပါ့ေနာ္။ အိမ္တိုင္းလိုလို ေခါင္မိုး ေပါက္သြားတယ္လို႔ ေျပာတယ္။ ဗန္းေမာ္ဘက္ကေနေတာ့ လက္နက္ႀကီးေတြ လက္နက္ႀကီးေတြနဲ႔ ထုေနတာ ေပါ့ေနာ္။ ကုန္းေလာဘက္ေရာ၊ ၿမိဳ႕သစ္ဘက္ေရာ ေနာက္ၿပီး မံစီဘက္ကိုလည္း လွမ္းထုတာေတြလည္း ရွိ တယ္။ အေစာပိုင္းကေတာ့ ဒီဘက္ အေလာ့ဒ္ဘြမ္ တိုက္ၿပီးေတာ့မွာ ကုန္းေလာ အေနာက္ဘက္ တာဝါတိုင္ ကုန္း ဘက္မွာ အထူးသျဖင့္ အဲ့မွာပဲ ျပင္းထန္တိုက္ပြဲျဖစ္ၿပီးေတာ့ အခုက်ေတာ့ ပိုၿပီးေတာ့ က်ယ္ျပန္လာတာေပါ့ ေနာ္။ မံစီဘက္ေတြလည္း အျပင္းအထန္ျဖစ္လာတယ္။”

ေမလ ၁၁ ရက္ေန႔က စတင္ျဖစ္ပြားလာသည့္ မံစီၿမိဳ႕နယ္၊ မဒန္ယန္ေက်း႐ြာအနီးတဝိုက္ကို ပစ္ခတ္မႈမ်ား၊ တိုက္ ပြဲမ်ားေၾကာင့္ အနီးအနားက ေဒသခံမ်ားလည္း ဗုံးခိုက်င္းမ်ား တူးကာ ပုန္းခိုေနၾကရသည္ဟု မံစီေဒသခံ တစ္ဦး က ေျပာသည္။

“ေလာေလာဆယ္ အဓိက ျဖစ္ေနတာက ဒီ မဒန္ယန္လို႔ ေခၚတဲ့ ေနရာမွာ ပစ္ၾကတာလို႔ ေျပာတယ္။ အဲ့ဒီဘက္ က ကခ်င္႐ြာေလးျဖစ္တဲ့အတြက္ စစ္ေရွာင္ေတြက ေရွာင္လာၾကၿပီလို႔ ေျပာတယ္။ မဒန္႐ြာနဲ႔ေတာ့ တိုက္႐ိုက္ အဆက္အသြယ္မရေသးဘူး။ ဒါေပမယ့္ သူနဲ႔အနီးဆုံးျဖစ္တဲ့ မံဆ႐ြာမွာေတာ့ လက္နက္ႀကီးေတြ က်ည္ေတြ လာ က်ေတာ့ မရွိေသးဘူး။ ဒါေပမယ့္ ေလယာဥ္ေတြကေတာ့ အေပၚမွာ ေန႔တိုင္းဝဲေနတဲ့အတြက္ ဗုံးခိုက်င္းေတြ လုပ္ၿပီး ဝပ္ေနရာတာေတြေတာ့ ရွိတယ္။ ဒီမဒန္ယန္၊ မံဆ၊ မံစီ ဆိုတာလည္း ဘာမွ သိပ္မေဝးဘူးေပါ့ေနာ္။ ႏွစ္ မိုင္ ေလာက္ပဲေဝးေတာ့ သူတို႔ေတြလည္း တိုက္ပြဲေတြ က်ယ္ျပန႔္လာရင္ေတာ့ စစ္ေရွာင္ေတြက ထပ္တိုးလာဖို႔ပဲ ရွိတယ္။”

ထို႔ေၾကာင့္ အဆိုပါေဒသမ်ားရွိ ေဒသခံမ်ားအတြက္ ယခုခါ လုံၿခဳံမႈ လုံးဝမရွိေတာ့ဘူးဟု ဆက္ေျပာသည္။

“တိုက္ပြဲေတြျဖစ္လာၿပီဆိုရင္ စစ္ေကာင္စီတပ္ေတြက လက္နက္ႀကီးေတြနဲ႔ ရမ္းသမ္းပစ္တာေတြ ေလွ်ာက္ပစ္ တာေတြေတာ္ေတာ္မ်ားေတာ့ ေက်း႐ြာေတြကိုေတာ့ မလႊဲမေသြလာထိၾကတာပဲ။ စစ္တပ္နဲ႔နီးတဲ့ ေနရာေတြ တိုက္ပြဲျဖစ္ေနတဲ့ ႐ြာေတြက ျပည္သူေတြက လုံးဝမလုံၿခဳံဘူးေပါ့ေနာ္။”

မံစီၿမိဳ႕နယ္၊ မဒန္ေက်း႐ြာဘက္က အေျခအေနႏွင့္ ပတ္သက္၍ ကခ်င္လြတ္လပ္ေရးအဖြဲ႕ KIO သတင္းႏွင့္ ျပန္ ၾကားေရးတာဝန္ခံ ဗိုလ္မႉးႀကီးေနာ္ဘူ က “တိုက္ပြဲအရမ္းျဖစ္တယ္ဆိုတာမ်ိဳးေတာ့ က်ေနာ္တို႔ မၾကားဘူး။ မဒန္ ႐ြာဘက္မွာ လက္နက္ႀကီးေတြနဲ႔ပစ္တယ္။ လက္နက္ႀကီးပစ္ခတ္မႈေပါ့ေနာ္ လွမ္းပစ္တယ္ဆိုတာမ်ိဳး အဲ့ဒါပဲ ရွိ တယ္။ တျခားေတာ့ ဘာသတင္းမွ မတက္လာေသးဘူး” ဟု ေျပာသည္။

မံစီၿမိဳ႕နယ္အတြင္း စစ္ေကာင္စီတပ္ႏွင့္ ကခ်င္လြတ္လပ္ေရးတပ္မေတာ္တို႔အၾကား ေမလ ၁၁ ရက္ေန႔ကစတင္ ၿပီး ႏွစ္ဖက္ၾကား တိုက္ပြဲမ်ား ျပင္းထန္စြာျဖစ္ပြားလာရာ ေမလ ၁၅ ရက္ေန႔အထိ ေဝဟင္ေရာ ေျမျပင္ထိုးစစ္ မ်ားျဖင့္ ဆက္တိုက္ တိုက္ပြဲျဖစ္ပြားလွ်က္ရွိသည္။

မဒန္ယန္ေက်း႐ြာအနီး KIA တပ္မဟာ ၃ လက္ေအာက္ခံ တပ္ရင္း ၂၇ တပ္ရင္းကို စစ္ေကာင္စီက ေမလ ၁၅ ရက္ေန႔တြင္ ေလယာဥ္ ၅စီးျဖင့္ လာေရာက္ပစ္ခတ္ခဲ့သည္ဟု မံစီေဒသခံမ်ား က ေျပာသည္။

ထို႔အျပင္ အဆိုပါေဒသအတြင္း စစ္ေကာင္စီတပ္က စစ္အင္အားမ်ားလည္း တိုးထားသည္ဟု သိရသည္။