စစ်တပ်ဆီတင်ကားများ KIA ပစ်ခတ် ဖျက်စီး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ မေလ ၁၈ ရက်။

ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်အတွင်း အာဏာသိမ်းစစ်ကောင်စီတပ်၏ ဆီတင်ကားအချို့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က လမ်းတွင် ပစ်ခတ်ဖောက်ခွဲခဲ့သည်ဟု KIO/KIA က ပြောသည်။

ယမန်နေ့ ညနေပိုင်းနှင့် ယနေ့နံနက်ပိုင်းတွင် မူဆယ်-ကွတ်ခိုင်-သိန္နီလမ်းမကြီးပေါ်တွင် ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုပြောသည်။

“ပစ်ခတ်ခံရတဲ့နေရာက မတူဘူး။ မူဆယ်ဘက်ကနေ နောက်ပြီး ကွတ်ခိုင်မရောက်ခင်မှာရော ဖြစ်တယ်လို့ ကြားထားတယ်။ နောက်ပြီး ကွတ်ခိုင်နဲ့ သိန္နီဘက်မှာလည်း ဖြစ်တယ်ကြားတယ်။ အတိအကျတော့ မသိဘူး ၆ စီး ၇ စီး လို့တော့ ကြားတယ်။ မနေ့က ဒီဆီဘောက်ဆာကားတွေ ပစ်ခတ်ခံရတယ်ဆိုတာက တိုက်ပွဲဖြစ်တာ တော့ မဟုတ်ဘူးလေနော်။ လမ်းမှာ ပစ်ခတ်ခံရတာမျိုးပဲ ဟုတ်တယ်။”

အဆိုပါနေရာနှင့် အနီးတဝိုက်တွင် နှစ်ဖက်ကြား တိုက်ပွဲများပြင်းထန်နေသည်ဟု ဒေသခံများက ပြောဆိုနေကြ သော်လည်း တိုက်ပွဲဖြစ်သည့် သတင်းနှင့် ပတ်သက်၍ အတိအကျမသိရသေးကြောင်း၊ သို့သော်လည်း ဆီတင် ကားများကို ပစ်ခတ်မီးရှို့ခံရသည့် ကိစ္စရပ်မှာ မှန်ကန်ကြောင်း ဗိုလ်မှူးကြီးနော်ဘူ က ဆက်ပြောသည်။

“အဲ့ဒီတိုက်ပွဲဖြစ်တယ်ဆိုတာတော့ မကြားဘူး။ မဖြစ်ဘူးလို့တော့ မပြောဘူးနော်။ ကျနော်ဆီကိုတော့ တိုက်ပွဲ ဖြစ်တယ်ဆိုတဲ့သတင်းတော့ မရသေးဘူး။ ဒါပေမယ့် ကားတွေ ပစ်ခတ်ခံရတယ်ဆိုတာတော့ ကြားတယ်။ ဒီ မနက် ပေါက်ကွဲတဲ့ကားကတော့ မီးလောင်သွားတယ်ပြောတယ်။ မနေ့ဖြစ် ပေါက်ကွဲတဲ့ကားတွေကတော့ ဆီမ ပါဘူးလို့ပြောတယ်။ ဘာပဲပြောပြော စစ်တပ်ရဲ့ ဆီတင်ကားတွေကို ပစ်ခတ်တယ် ဖေါက်ခွဲခဲ့တယ်ဆိုတဲ့ သတင်း တွေတော့ ကြားနေရတယ်။ အတိအကျတော့ မသိဘူး ၆ စီးလို့တော့ ကြားတယ်။ မနေ့က ဒီဆီဘောက်ဆာကား တွေ ပစ်ခတ်ခံရတယ်ဆိုတာက တိုက်ပွဲဖြစ်တာတော့ မဟုတ်ဘူးလေနော်။ လမ်းမှာ ပစ်ခတ်ခံရတာမျိုးပဲ ဟုတ်တယ်။”

KIA က သွားရောက်ပစ်ခတ်ခဲ့သည့် ဆီတင်ကားအချို့မှာ ဆီမပါသည့် ကားများရှိသလို ဆီတင်ထားသည့် ကား လည်း ပါဝင်သည်ဟု KIO/KIA က ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နှင့် ၁ မိုင်ကျော် အကွာခန့်က နမ့်ပါချီးကျေးရွာအနီးတွင် ယခုအချိန်ထိ ပစ် ခတ်သံများ ကြားနေရဆဲဖြစ်ပြီး အနီးအနားက ဒေသခံရွာသားများက စိုးရိမ်နေကြရသည်ဟု ကွတ်ခိုင်ဒေသခံ များက ပြောသည်။

ယနေ့ နံနက်ပိုင်း ၇ နာရီအချိန်ခန့်ကစတင်ပြီး အဆိုပါကျေးရွာအနီးတဝိုက် သေနတ်သံများ ဆက်တိုက်ထွက်ပေါ် လာပြီးနောက် ဆီဘောင်ဆာကားတစ်စီးမှာလည်း ၎င်းကျေးရွာနှင့် မလှမ်းမကမ်းတွင် မီးလောင်နေသည်ကို ဒေသခံများက လှမ်းတွေ့နေရသည်ဟု ဆိုသည်။

ကွတ်ခိုင်မြို့နှင့် အနီးတဝိုက်တွင် မေလအတွင်း စစ်ကောင်စီတပ်များနှင့် တအန်း(TNLA)၊ ကိုးကန့် (MNDAA) မြောက်ပိုင်းမဟာ မိတ် တပ်ဖွဲ့ကြားက တိုက်ပွဲများဖြစ်ပွားခဲ့သည့်အတွက် ဒေသခံပြည်သူ ၂၀၀ ကျော် စစ်ဘေး လွတ်ရာ ထွက်ပြေးခဲ့ကြရသေးသည်။

Photo – CJ

*** ZAWGYI ***
စစ္တပ္ဆီတင္ကားမ်ား KIA ပစ္ခတ္ ဖ်က္စီး

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေမလ ၁၈ ရက္။

ရွမ္းျပည္နယ္ ေျမာက္ပိုင္း၊ ကြတ္ခိုင္ၿမိဳ႕နယ္အတြင္း အာဏာသိမ္းစစ္ေကာင္စီတပ္၏ ဆီတင္ကားအခ်ိဳ႕ကို ကခ်င္လြတ္လပ္ေရးတပ္မေတာ္ KIA က လမ္းတြင္ ပစ္ခတ္ေဖာက္ခြဲခဲ့သည္ဟု KIO/KIA က ေျပာသည္။

ယမန္ေန႔ ညေနပိုင္းႏွင့္ ယေန႔နံနက္ပိုင္းတြင္ မူဆယ္-ကြတ္ခိုင္-သိႏၷီလမ္းမႀကီးေပၚတြင္ ပစ္ခတ္ခဲ့ျခင္း ျဖစ္သည္ဟု ကခ်င္လြတ္လပ္ေရးအဖြဲ႕ KIO/KIA သတင္းႏွင့္ ျပန္ၾကားေရးတာဝန္ခံ ဗိုလ္မႉးႀကီးေနာ္ဘူက အတည္ျပဳေျပာသည္။

“ပစ္ခတ္ခံရတဲ့ေနရာက မတူဘူး။ မူဆယ္ဘက္ကေန ေနာက္ၿပီး ကြတ္ခိုင္မေရာက္ခင္မွာေရာ ျဖစ္တယ္လို႔ ၾကားထားတယ္။ ေနာက္ၿပီး ကြတ္ခိုင္နဲ႔ သိႏၷီဘက္မွာလည္း ျဖစ္တယ္ၾကားတယ္။ အတိအက်ေတာ့ မသိဘူး ၆ စီး ၇ စီး လို႔ေတာ့ ၾကားတယ္။ မေန႔က ဒီဆီေဘာက္ဆာကားေတြ ပစ္ခတ္ခံရတယ္ဆိုတာက တိုက္ပြဲျဖစ္တာ ေတာ့ မဟုတ္ဘူးေလေနာ္။ လမ္းမွာ ပစ္ခတ္ခံရတာမ်ိဳးပဲ ဟုတ္တယ္။”

အဆိုပါေနရာႏွင့္ အနီးတဝိုက္တြင္ ႏွစ္ဖက္ၾကား တိုက္ပြဲမ်ားျပင္းထန္ေနသည္ဟု ေဒသခံမ်ားက ေျပာဆိုေနၾက ေသာ္လည္း တိုက္ပြဲျဖစ္သည့္ သတင္းႏွင့္ ပတ္သက္၍ အတိအက်မသိရေသးေၾကာင္း၊ သို႔ေသာ္လည္း ဆီတင္ ကားမ်ားကို ပစ္ခတ္မီးရႈိ႕ခံရသည့္ ကိစၥရပ္မွာ မွန္ကန္ေၾကာင္း ဗိုလ္မႉးႀကီးေနာ္ဘူ က ဆက္ေျပာသည္။

“အဲ့ဒီတိုက္ပြဲျဖစ္တယ္ဆိုတာေတာ့ မၾကားဘူး။ မျဖစ္ဘူးလို႔ေတာ့ မေျပာဘူးေနာ္။ က်ေနာ္ဆီကိုေတာ့ တိုက္ပြဲ ျဖစ္တယ္ဆိုတဲ့သတင္းေတာ့ မရေသးဘူး။ ဒါေပမယ့္ ကားေတြ ပစ္ခတ္ခံရတယ္ဆိုတာေတာ့ ၾကားတယ္။ ဒီ မနက္ ေပါက္ကြဲတဲ့ကားကေတာ့ မီးေလာင္သြားတယ္ေျပာတယ္။ မေန႔ျဖစ္ ေပါက္ကြဲတဲ့ကားေတြကေတာ့ ဆီမ ပါဘူးလို႔ေျပာတယ္။ ဘာပဲေျပာေျပာ စစ္တပ္ရဲ႕ ဆီတင္ကားေတြကို ပစ္ခတ္တယ္ ေဖါက္ခြဲခဲ့တယ္ဆိုတဲ့ သတင္း ေတြေတာ့ ၾကားေနရတယ္။ အတိအက်ေတာ့ မသိဘူး ၆ စီးလို႔ေတာ့ ၾကားတယ္။ မေန႔က ဒီဆီေဘာက္ဆာကား ေတြ ပစ္ခတ္ခံရတယ္ဆိုတာက တိုက္ပြဲျဖစ္တာေတာ့ မဟုတ္ဘူးေလေနာ္။ လမ္းမွာ ပစ္ခတ္ခံရတာမ်ိဳးပဲ ဟုတ္ တယ္။”

KIA က သြားေရာက္ပစ္ခတ္ခဲ့သည့္ ဆီတင္ကားအခ်ိဳ႕မွာ ဆီမပါသည့္ ကားမ်ားရွိသလို ဆီတင္ထားသည့္ ကား လည္း ပါဝင္သည္ဟု KIO/KIA က ေျပာသည္။

ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ ကြတ္ခိုင္ၿမိဳ႕ႏွင့္ ၁ မိုင္ေက်ာ္ အကြာခန႔္က နမ့္ပါခ်ီးေက်း႐ြာအနီးတြင္ ယခုအခ်ိန္ထိ ပစ္ ခတ္သံမ်ား ၾကားေနရဆဲျဖစ္ၿပီး အနီးအနားက ေဒသခံ႐ြာသားမ်ားက စိုးရိမ္ေနၾကရသည္ဟု ကြတ္ခိုင္ေဒသခံ မ်ားက ေျပာသည္။

ယေန႔ နံနက္ပိုင္း ၇ နာရီအခ်ိန္ခန႔္ကစတင္ၿပီး အဆိုပါေက်း႐ြာအနီးတဝိုက္ ေသနတ္သံမ်ား ဆက္တိုက္ထြက္ေပၚ လာၿပီးေနာက္ ဆီေဘာင္ဆာကားတစ္စီးမွာလည္း ၎ေက်း႐ြာႏွင့္ မလွမ္းမကမ္းတြင္ မီးေလာင္ေနသည္ကို ေဒသခံမ်ားက လွမ္းေတြ႕ေနရသည္ဟု ဆိုသည္။

ကြတ္ခိုင္ၿမိဳ႕ႏွင့္ အနီးတဝိုက္တြင္ ေမလအတြင္း စစ္ေကာင္စီတပ္မ်ားႏွင့္ တအန္း(TNLA)၊ ကိုးကန႔္ (MNDAA) ေျမာက္ပိုင္းမဟာ မိတ္ တပ္ဖြဲ႕ၾကားက တိုက္ပြဲမ်ားျဖစ္ပြားခဲ့သည့္အတြက္ ေဒသခံျပည္သူ ၂၀၀ ေက်ာ္ စစ္ေဘး လြတ္ရာ ထြက္ေျပးခဲ့ၾကရေသးသည္။

Photo – CJ