တနိုင်းမှ NLD ကိုယ်စားလှယ် တစ်ဦးကို စစ်ကောင်စီ တပ်များက ဖမ်းဆီးခေါ်ဆောင်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ မေလ ၂၀ ရက်။

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်ရှိ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တစ်ဦး ကို စစ်ကောင်စီတပ်များက ၎င်း၏ နေအိမ်မှ ဖမ်းဆီးခေါ်ဆောင်သွားသည်။

ဖမ်းဆီးခံရသူမှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလင်းလင်းဦး ဖြစ်ပြီး မေလ ၂၀ ရက်နေ့ (ယနေ့) နေ့လည် ၁၂ နာရီအချိန်ခန့် ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု မိသားစုနှင့် နီးစပ်သူ တစ်ဦးက ပြောသည်။

“အိမ်မှာနေနေတာကို ဖမ်းသွားတာပါ။ ရဲတွေလည်းပါတယ်။ စစ်သားတွေလည်းပါတယ်။ စစ်ကားက နှစ်စီး၊ ရဲကားက တစ်စီးနဲ့ လာဖမ်းသွားတာလို့ ပြောတယ်။ ဒီနေ့ နေ့လည် ၁၂ နာရီလောက်က ဒီ စစ်သားတွေ၊ ရဲတွေက အိမ်အထိလာပြီး ဖမ်းသွားတာပါ။ ဘာလို့ ဖမ်းသွားတယ်ဆိုတာတော့ မသိရသေးဘူး” ဟု မိသားစုနှင့် နီးစပ်သူ တစ်ဦးက ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် တနိုင်းမြို့နယ်ထဲက အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၂ ဦး၊ တနိုင်းမြို့ နယ် NLD ဥက္ကဋ္ဌတို့ကိုလည်း ဖမ်းဆီးထားသည်မှာ လနှင့် ချီရှိပြီဖြစ်သည်။

“တနိုင်းက ဒီ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၂ ဦးနဲ့ တနိုင်းမြို့နယ် NLD ဥက္ကဌ ကိုလည်းဖမ်းတယ်။ သူတို့ ကို လနဲ့ချီပြီးဖမ်းထားတာဟုတ်တယ်။ သူတို့ကိုတော့ အခုက လွှတ်လိုက်ပြီလေနော်။ သူတို့တုန်းကတော့ စစ် တပ်မှာ လနဲ့ချီပြီး ထိန်းသိမ်းခဲ့တာဟုတ်တယ်။ အခု ဦးလင်းလင်းဦး ကတော့ သူတို့လွှတ်ပြီးတော့ နောက်ထပ် ပြန်ဖမ်းခံရတာပေါ့။”

ဦးလင်းလင်းဦးသည် တနိုင်းမြို့နယ် ပြည်သူ့လွှတ်တော်နေရာအတွက် ၂၀၁၀ ရွေးကောက်ပွဲတွင် တစ်သီးပုဂ္ဂလ အဖြစ်ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း အနိုင်မရရှိခဲ့ပေ။ သို့သော် ၂၀၁၅ ခုနှစ်တွင် အမျိုးသားဒီမိုက ရေစီအဖွဲ့ ချုပ် NLD ပါတီမှ အဆို ပါနေရာအတွက် ထပ်မံယှဉ်ပြိုင်ခဲ့ရာ အနိုင်ရရှိခဲ့ပြီး ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် တစ်ဦး ဖြစ်လာခဲ့ သည်။

၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပခဲ့သည့် အထွေထွေရွေးကောက်ပွဲတွင်လည်း ဦးလင်းလင်းဦး သည် တနိုင်းမြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာတွင် ထပ်မံဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာတွင်လည်း အနိုင်ရရှိ ခဲ့သည့် ကိုယ်စားလှယ်တစ်ဦး ဖြစ်သည်။

*** ZAWGYI ***
တႏိုင္းမွ NLD ကိုယ္စားလွယ္ တစ္ဦးကို စစ္ေကာင္စီ တပ္မ်ားက ဖမ္းဆီးေခၚေဆာင္

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေမလ ၂၀ ရက္။

ကခ်င္ျပည္နယ္၊ တႏိုင္းၿမိဳ႕နယ္ရွိ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ တစ္ဦး ကို စစ္ေကာင္စီတပ္မ်ားက ၎၏ ေနအိမ္မွ ဖမ္းဆီးေခၚေဆာင္သြားသည္။

ဖမ္းဆီးခံရသူမွာ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးလင္းလင္းဦး ျဖစ္ၿပီး ေမလ ၂၀ ရက္ေန႔ (ယေန႔) ေန႔လည္ ၁၂ နာရီအခ်ိန္ခန႔္ ဖမ္းဆီးသြားျခင္းျဖစ္သည္ဟု မိသားစုႏွင့္ နီးစပ္သူ တစ္ဦးက ေျပာသည္။

“အိမ္မွာေနေနတာကို ဖမ္းသြားတာပါ။ ရဲေတြလည္းပါတယ္။ စစ္သားေတြလည္းပါတယ္။ စစ္ကားက ႏွစ္စီး၊ ရဲကားက တစ္စီးနဲ႔ လာဖမ္းသြားတာလို႔ ေျပာတယ္။ ဒီေန႔ ေန႔လည္ ၁၂ နာရီေလာက္က ဒီ စစ္သားေတြ၊ ရဲေတြက အိမ္အထိလာၿပီး ဖမ္းသြားတာပါ။ ဘာလို႔ ဖမ္းသြားတယ္ဆိုတာေတာ့ မသိရေသးဘူး” ဟု မိသားစုႏွင့္ နီးစပ္သူ တစ္ဦးက ေျပာသည္။

စစ္တပ္က အာဏာသိမ္းၿပီးေနာက္ တႏိုင္းၿမိဳ႕နယ္ထဲက အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ၂ ဦး၊ တႏိုင္းၿမိဳ႕ နယ္ NLD ဥကၠ႒တို႔ကိုလည္း ဖမ္းဆီးထားသည္မွာ လႏွင့္ ခ်ီရွိၿပီျဖစ္သည္။

“တႏိုင္းက ဒီ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ၂ ဦးနဲ႔ တႏိုင္းၿမိဳ႕နယ္ NLD ဥကၠဌ ကိုလည္းဖမ္းတယ္။ သူတို႔ ကို လနဲ႔ခ်ီၿပီးဖမ္းထားတာဟုတ္တယ္။ သူတို႔ကိုေတာ့ အခုက လႊတ္လိုက္ၿပီေလေနာ္။ သူတို႔တုန္းကေတာ့ စစ္ တပ္မွာ လနဲ႔ခ်ီၿပီး ထိန္းသိမ္းခဲ့တာဟုတ္တယ္။ အခု ဦးလင္းလင္းဦး ကေတာ့ သူတို႔လႊတ္ၿပီးေတာ့ ေနာက္ထပ္ ျပန္ဖမ္းခံရတာေပါ့။”

ဦးလင္းလင္းဦးသည္ တႏိုင္းၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ေနရာအတြက္ ၂၀၁၀ ေ႐ြးေကာက္ပြဲတြင္ တစ္သီးပုဂၢလ အျဖစ္ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ေသာ္လည္း အႏိုင္မရရွိခဲ့ေပ။ သို႔ေသာ္ ၂၀၁၅ ခုႏွစ္တြင္ အမ်ိဳးသားဒီမိုက ေရစီအဖြဲ႕ ခ်ဳပ္ NLD ပါတီမွ အဆို ပါေနရာအတြက္ ထပ္မံယွဥ္ၿပိဳင္ခဲ့ရာ အႏိုင္ရရွိခဲ့ၿပီး ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ တစ္ဦး ျဖစ္လာခဲ့ သည္။

၂၀၂၀ ခုႏွစ္၊ ႏိုဝင္ဘာလ ၈ ရက္ေန႔က က်င္းပခဲ့သည့္ အေထြေထြေ႐ြးေကာက္ပြဲတြင္လည္း ဦးလင္းလင္းဦး သည္ တႏိုင္းၿမိဳ႕နယ္မွ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ေနရာတြင္ ထပ္မံဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ရာတြင္လည္း အႏိုင္ရရွိ ခဲ့သည့္ ကိုယ္စားလွယ္တစ္ဦး ျဖစ္သည္။