ကယားတွင် လူ ၇ သောင်းခန့် စစ်ရှောင်နေရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ မေလ ၂၅ ရက်။

ကယား(ကရင်နီ)ပြည်နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ကရင်နီပြည် ပြည်သူ့ကာကွယ်ရေးတပ် KPDF တို့အကြား တိုက်ပွဲများ ပြင်းထန်နေပြီး ဒေသခံပြည်သူ ၇၀,၀၀၀ နီးပါး စစ်ဘေးတိမ်းရှောင်နေကြရသည်ဟု ဒုက္ခ သည် ကြီးကြပ်ရေးကော်မတီ တာဝန်ရှိသူများက ပြောသည်။

မေလ ၂၂ ရက်နေ့မှ စတင်ဖြစ်ပွားလာသည့် ကယားပြည်နယ်ထဲက တိုက်ပွဲများကြောင့် နှစ်ဖက်ထိခိုက်ဒေသဆုံးမှု၊ ပျက်စီးဆုံးရှုံးမှုအများပြားရှိနေပြီး ဒီးမော့ဆို၊ လွိုင်ကော်၊ ဖရူဆို နှင့် ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်တို့က ပြည်သူများ တောတောင်များထဲ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဒေသခံများနှင့် ဒုက္ခသည် ကော်တီ တာဝန်ရှိ သူများက ပြောသည်။

ပီကင်းကောခူ ဒုက္ခသည်စခန်း ကြီးကြပ်ရေး ကော်မတီ တာဝန်ရှိသူတစ်ဦး “အခုကျနော်တို့ ပီကင်းကောခူ ဒုက္ခ သည် စခန်းမှာတော့ တစ်ထောင်ကျော်တော့ ရှိလာပြီပေါ့နော။ တစ်ခြား ကျနော်တို့ ဒုက္ခသည် စခန်းမှာ မရောက်လာပဲနဲ့ တောတောင်တွေ ကြားထဲမှာ ကိုယ့်နည်းသူ့ဟန်နဲ့ ကိုယ့်ရွာနဲ့ နီးစပ်တဲ့နေရာတွေမှာ ထွက်ပြေး တိမ်းရှောင် တဲ့ သူတွေက အများကြီးပဲ” ဟု ပြောသည်။

စစ်ကောင်စီ တပ်များက လက်နက်ကြီးများကို ဦးတည်ချက် တစ်စုံတစ်ရာမရှိပဲ အရပ်သား ရပ်ရွာများအတွင်း ပစ်ခတ်နေသောကြောင့် ပြည်သူအများစုမှာ ကျေးရွာများတွင် မနေရဲကြပဲ တောတောင်များအတွင်း ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု သူက ဆက်ပြောသည်။

“မရှိဘူးဆိုရင် လွိုင်ကော်မြို့နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဖရူဆိုမြို့နယ်နဲ့ ရှမ်းပြည်တောင်ပိုင်းက ဖယ်ခုံမြို့ နယ် အ ပါအဝင်ဆိုရင် ခုနှစ်သောင်း ရှစ်သောင်းဝန်းကျင်လောက်ရှိပြီ အကုန်လုံးက အိုးအိမ်တွေစွန့်ခွာကြတာ။ ရွာတိုင်း လိုလိုက အိမ်မှာ မနေကြတော့ဘူး။ မြို့ပေါ်မှာရှိနေတဲ့ လူထုတွေကလည်း အိမ်မှာမနေကြပဲ ဘုန်းကြီးကျောင်း တွေ နောက်ပြီးတော့ ဘိုးဘွားရိပ်သာ အဆောင်တွေမှာတွေ ပြီးတော့ သူတို့ တောတောင်တွေမှာ ထွက်ပြေး တိမ်းရှောင်ကြတာ အကုန်လုံး အဲလိုဖြစ်ကုန်ကြတာပေါ့။ ခုနှစ်သောင်းဝန်းကျင်လောက်ရှိပြီ ထွက်ပြေး တိမ်း ရှောင်နေကြတာက။”

ပီကင်းကောခူ ဒုက္ခသည်စခန်းတွင် ကျည်ဆံထိမှန်ထားသည့် ပြည်သူတစ်ဦးရှိနေပြီး ယခုချိန်ထိ ကျည်ဆံ မထုတ် ရသေးကြောင်း၊ သက်ကြီးရွယ်အို ဘိုးဘွားများ၊ ကလေးသူငယ်များနှင့် ကိုယ်ဝန်ဆောင် အမျိုးသမီးများလည်း ရှိ နေသည့်အတွက် အရေးပေါ်အကူအညီများ လိုအပ်နေသည်ဟု ဆက်ပြောသည်။

“ကျည်ထိတာ လောလောဆယ်မှာ ကျနော်တို့ဆီမှာ တစ်ယောက်ရှိတယ်။ နောက်ပြီး ကိုယ်ဝန်သည် မိခင်တွေ လည်းရှိတယ်။ အယောက် ၂၀ လောက်တော့ရှိတယ်။ ၂၀ ကျော်တယ်။ အဓိကက မိုးလည်း ကျလာပြီ လူလည်း တစ်ဖြည်းဖြည်းနဲ့ တိုးလာတဲ့အတွက် နေရာတွေ မလုံလောက်တော့ဘူး အဲဒါ နေရာထပ်ချဲ့ဖို့အတွက် အမိုးအ ကာ တွေလိုတယ်။ နောက်ပြီးတော့ အစားအသောက်တွေလိုတယ်။ အထူးသဖြင့် ဆေးဝါး ဒီမှာထိထားတဲ့လူတွေ အခု ကျည်ကိုလည်း မထုတ်နိုင်သေးတော့ ပေါင်ထဲမှာခံနေတာ အဲလိုအခက်အခဲတွေလည်း ရှိတယ်ပေါ့နော။ နောက် ပြီး သက်ကြီးတွေအတွက် သက်ကြီးတွေနဲ့ ကလေးတွေအတွက်လိုအပ်တဲ့ အာဟာမုန့်တွေ အသုံးအ ဆောင် ပစ္စည်းလည်း လိုအပ်တယ်ပေါ့။”

နေ့စဉ်နှင့်အမျှ တိုးလာနေသည့် ကယားပြည်နယ်က စစ်ရှောင်များအတွက် ဆေးဝါးနှင့် စားနပ်ရိက္ခာများ အဓိလို အပ်နေပြီး ဒေသအတွင်းမိုးရွာသွန်းမှုများ ရှိနေသည့်အတွက် မိုးကာ၊ နေထိုင်ရန် တဲများ၊ စောင်များနှင့် အဝတ် အထည်များလည်း လိုအပ်နေသည်ဟု သိရသည်။

တိုက်ပွဲများ ဆက်တိုက်ဖြစ်နေသည့်အတွက် စစ်ရှောင်ဒုက္ခသည်များအား လိုအပ်သည်များ သွားရောက် ကူညီရန် လည်း အခက်အခဲရှိသည်ဟု စစ်ရှောင်များအား အကူအညီပေးနေသူများက ပြောသည်။

မေလ ၂၅ ရက်နေ့ ယနေ့ မွန်းလွဲပိုင်းအချိန်ထိ ကယားပြည်နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများနှင့် ပတ် သက်၍ ဒေသခံတစ်ဦး က “ဒီမနက်ပိုင်းမှာတော့ ဒီမောဆိုမှာ မနက် ၄ နာရီခွဲကနေ စဖြစ်တယ်။ မနက် ၁၀ နာရီ အထိပေါ့နော လက်နက်ကြီးတွေရော လက်နက်ငယ်တွေရော။ ပြီးတော့ နေ့လည် ၁၂ နာရီ နောက်ပိုင်းမှာတော့ လွိုင်ကော်မြို့နယ်မှာ ပစ်ကြတယ်။ လက်နက်ကြီး ၁၂ ကနေ တစ်နာရီခွဲအ ထိပေါ့နော။ နာနတ်တောဖက်ထက် ပန်ကန်ဟိုဖက်ပြန်ဖြစ်တယ်။ ဒီ နေ့လည်ပိုင်းမှာတော့ မနေ့က ညမှာတော့ နာနတ်တောဖက်မှာ” ဟု ပြောသည်။

ကယားပြည်နယ်အတွင်း နေရာအနှံတွင် စစ်ရှောင်စခန်း ၂၀ ကျော်ခန့်ရှိနိုင်ပြီး သတ်မှတ်ထားသည့် စစ်ရှောင် စခန်းများသို့ မရောက်လာသေးပဲ သာသနာ့ အဆောက်အဦများ၊ စစ်ဘေးလွတ်သည့် ကျေးရွာအချို့နှင့် တော တောင်များထဲတွင် စစ်ဘေးရှောင် ပုန်းအောင်းနေရသူများလည်းရှိသည်ဟု ကယားဒုက္ခသည်များအား ကူညီပေး နေသူများက ပြောသည်။

“ကျနော်တို့နဲ့ လောလောဆယ် အချိတ်အဆက် ရှိတဲ့ Camp တွေကတော့ ၁၅ ခုကနေ အခု ၂၀ ကြားလောက် ရှိ တယ်။ အထူးသဖြင့်ကတော့ ကလေးတွေနဲ့ သက်ကြီးရွယ်အိုအတွက်ရယ်၊ နောက်ပြီးတော့ အခုရွာတွေမှာ စစ် တပ်တွေ ရမ်းသမ်းပစ်လို့ ဒဏ်ရာ ထိသွားတဲ့လူတွေ အများကြီးရှိတယ်။ ကျနော်တို့ Camp နဲ့သိပ်မဝေးပဲ လေး ငါးခြောက်မိုင်မှာရှိတယ်။ အဲဒီ Camp တွေမှာလည်း ဒဏ်ရာရတဲ့သူတွေ အကြီးအကျယ် ဆယ်ယောက်ထက် မနည်းရှိတယ်ပေါ့နော။ အဲဒီလူအတွက် အများကြီးရှိတယ်ပေါ့ အဲဒါ နိုင်ငံတကာက ဝင်လာပေးနိုင်မယ်ဆိုရင် ကျနော်တို့ကတော့ အရမ်းဝမ်းသာမိမှာပဲ။”

ထိုသို့ စစ်ရှောင်စခန်းများတွင် ကလေးငယ်များ၊ သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ဒဏ်ရာရရှိ ထားသူများ ရှိနေသည့်အတွက် စခန်းနှင့် အနီးအနားတွင် ပစ်ခတ်ခြင်းများမပြုရန်နှင့် တိုက်ပွဲများ မဖြစ်အောင် နှစ်ဖက်စလုံးက ရှောင်ရှားပေးရန် တောင်းဆိုနေကြသည်။

စစ်ရှောင်ပြည်သူများအား နိုင်ငံတကာ အဖွဲ့အစည်းများကလည်း အကူအညီပေးရန်နှင့် နှစ်ဖက်လက်နက်ကိုင် များအနေဖြင့်လည်း လိုအပ်သည်များကို လာရောက်ထောက်ပံ့ပေးကြမည့် သူများကိုလည်း အန္တရယ်မပြုပဲ သွားလာခွင့်ပေးစေချင်သည်ဟု ဒုက္ခသည်များအား ကူညီနေသူများနှင့် ကယားဒုက္ခသည်များက ပြောသည်။

Photo – Crd

*** ZAWGYI ***
ကယားတြင္ လူ ၇ ေသာင္းခန္႔ စစ္ေရွာင္ေနရ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေမလ ၂၅ ရက္။

ကယား(ကရင္နီ)ျပည္နယ္တြင္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားႏွင့္ ကရင္နီျပည္ ျပည္သူ႔ကာကြယ္ေရးတပ္ KPDF တို႔အၾကား တိုက္ပြဲမ်ား ျပင္းထန္ေနၿပီး ေဒသခံျပည္သူ ၇၀,၀၀၀ နီးပါး စစ္ေဘးတိမ္းေရွာင္ေနၾကရသည္ဟု ဒုကၡ သည္ ႀကီးၾကပ္ေရးေကာ္မတီ တာဝန္ရွိသူမ်ားက ေျပာသည္။

ေမလ ၂၂ ရက္ေန႔မွ စတင္ျဖစ္ပြားလာသည့္ ကယားျပည္နယ္ထဲက တိုက္ပြဲမ်ားေၾကာင့္ ႏွစ္ဖက္ထိခိုက္ေဒသဆုံးမႈ၊ ပ်က္စီးဆုံးရႈံးမႈအမ်ားျပားရွိေနၿပီး ဒီးေမာ့ဆို၊ လြိဳင္ေကာ္၊ ဖ႐ူဆို ႏွင့္ ရွမ္းျပည္နယ္ေတာင္ပိုင္း ဖယ္ခုံၿမိဳ႕နယ္တို႔က ျပည္သူမ်ား ေတာေတာင္မ်ားထဲ ထြက္ေျပးတိမ္းေရွာင္ေနရသည္ဟု ေဒသခံမ်ားႏွင့္ ဒုကၡသည္ ေကာ္တီ တာဝန္ရွိ သူမ်ားက ေျပာသည္။

ပီကင္းေကာခူ ဒုကၡသည္စခန္း ႀကီးၾကပ္ေရး ေကာ္မတီ တာဝန္ရွိသူတစ္ဦး “အခုက်ေနာ္တို႔ ပီကင္းေကာခူ ဒုကၡ သည္ စခန္းမွာေတာ့ တစ္ေထာင္ေက်ာ္ေတာ့ ရွိလာၿပီေပါ့ေနာ။ တစ္ျခား က်ေနာ္တို႔ ဒုကၡသည္ စခန္းမွာ မေရာက္လာပဲနဲ႔ ေတာေတာင္ေတြ ၾကားထဲမွာ ကိုယ့္နည္းသူ႔ဟန္နဲ႔ ကိုယ့္႐ြာနဲ႔ နီးစပ္တဲ့ေနရာေတြမွာ ထြက္ေျပး တိမ္းေရွာင္ တဲ့ သူေတြက အမ်ားႀကီးပဲ” ဟု ေျပာသည္။

စစ္ေကာင္စီ တပ္မ်ားက လက္နက္ႀကီးမ်ားကို ဦးတည္ခ်က္ တစ္စုံတစ္ရာမရွိပဲ အရပ္သား ရပ္႐ြာမ်ားအတြင္း ပစ္ခတ္ေနေသာေၾကာင့္ ျပည္သူအမ်ားစုမွာ ေက်း႐ြာမ်ားတြင္ မေနရဲၾကပဲ ေတာေတာင္မ်ားအတြင္း ထြက္ေျပးတိမ္းေရွာင္ေနၾကရသည္ဟု သူက ဆက္ေျပာသည္။

“မရွိဘူးဆိုရင္ လြိဳင္ေကာ္ၿမိဳ႕နယ္၊ ဒီးေမာ့ဆိုၿမိဳ႕နယ္၊ ဖ႐ူဆိုၿမိဳ႕နယ္နဲ႔ ရွမ္းျပည္ေတာင္ပိုင္းက ဖယ္ခုံၿမိဳ႕ နယ္ အ ပါအဝင္ဆိုရင္ ခုႏွစ္ေသာင္း ရွစ္ေသာင္းဝန္းက်င္ေလာက္ရွိၿပီ အကုန္လုံးက အိုးအိမ္ေတြစြန႔္ခြာၾကတာ။ ႐ြာတိုင္း လိုလိုက အိမ္မွာ မေနၾကေတာ့ဘူး။ ၿမိဳ႕ေပၚမွာရွိေနတဲ့ လူထုေတြကလည္း အိမ္မွာမေနၾကပဲ ဘုန္းႀကီးေက်ာင္း ေတြ ေနာက္ၿပီးေတာ့ ဘိုးဘြားရိပ္သာ အေဆာင္ေတြမွာေတြ ၿပီးေတာ့ သူတို႔ ေတာေတာင္ေတြမွာ ထြက္ေျပး တိမ္းေရွာင္ၾကတာ အကုန္လုံး အဲလိုျဖစ္ကုန္ၾကတာေပါ့။ ခုႏွစ္ေသာင္းဝန္းက်င္ေလာက္ရွိၿပီ ထြက္ေျပး တိမ္း ေရွာင္ေနၾကတာက။”

ပီကင္းေကာခူ ဒုကၡသည္စခန္းတြင္ က်ည္ဆံထိမွန္ထားသည့္ ျပည္သူတစ္ဦးရွိေနၿပီး ယခုခ်ိန္ထိ က်ည္ဆံ မထုတ္ ရေသးေၾကာင္း၊ သက္ႀကီး႐ြယ္အို ဘိုးဘြားမ်ား၊ ကေလးသူငယ္မ်ားႏွင့္ ကိုယ္ဝန္ေဆာင္ အမ်ိဳးသမီးမ်ားလည္း ရွိ ေနသည့္အတြက္ အေရးေပၚအကူအညီမ်ား လိုအပ္ေနသည္ဟု ဆက္ေျပာသည္။

“က်ည္ထိတာ ေလာေလာဆယ္မွာ က်ေနာ္တို႔ဆီမွာ တစ္ေယာက္ရွိတယ္။ ေနာက္ၿပီး ကိုယ္ဝန္သည္ မိခင္ေတြ လည္းရွိတယ္။ အေယာက္ ၂၀ ေလာက္ေတာ့ရွိတယ္။ ၂၀ ေက်ာ္တယ္။ အဓိကက မိုးလည္း က်လာၿပီ လူလည္း တစ္ျဖည္းျဖည္းနဲ႔ တိုးလာတဲ့အတြက္ ေနရာေတြ မလုံေလာက္ေတာ့ဘူး အဲဒါ ေနရာထပ္ခ်ဲ႕ဖို႔အတြက္ အမိုးအ ကာ ေတြလိုတယ္။ ေနာက္ၿပီးေတာ့ အစားအေသာက္ေတြလိုတယ္။ အထူးသျဖင့္ ေဆးဝါး ဒီမွာထိထားတဲ့လူေတြ အခု က်ည္ကိုလည္း မထုတ္ႏိုင္ေသးေတာ့ ေပါင္ထဲမွာခံေနတာ အဲလိုအခက္အခဲေတြလည္း ရွိတယ္ေပါ့ေနာ။ ေနာက္ ၿပီး သက္ႀကီးေတြအတြက္ သက္ႀကီးေတြနဲ႔ ကေလးေတြအတြက္လိုအပ္တဲ့ အာဟာမုန႔္ေတြ အသုံးအ ေဆာင္ ပစၥည္းလည္း လိုအပ္တယ္ေပါ့။”

ေန႔စဥ္ႏွင့္အမွ် တိုးလာေနသည့္ ကယားျပည္နယ္က စစ္ေရွာင္မ်ားအတြက္ ေဆးဝါးႏွင့္ စားနပ္ရိကၡာမ်ား အဓိလို အပ္ေနၿပီး ေဒသအတြင္းမိုး႐ြာသြန္းမႈမ်ား ရွိေနသည့္အတြက္ မိုးကာ၊ ေနထိုင္ရန္ တဲမ်ား၊ ေစာင္မ်ားႏွင့္ အဝတ္ အထည္မ်ားလည္း လိုအပ္ေနသည္ဟု သိရသည္။

တိုက္ပြဲမ်ား ဆက္တိုက္ျဖစ္ေနသည့္အတြက္ စစ္ေရွာင္ဒုကၡသည္မ်ားအား လိုအပ္သည္မ်ား သြားေရာက္ ကူညီရန္ လည္း အခက္အခဲရွိသည္ဟု စစ္ေရွာင္မ်ားအား အကူအညီေပးေနသူမ်ားက ေျပာသည္။

ေမလ ၂၅ ရက္ေန႔ ယေန႔ မြန္းလြဲပိုင္းအခ်ိန္ထိ ကယားျပည္နယ္အတြင္း ျဖစ္ပြားေနသည့္ တိုက္ပြဲမ်ားႏွင့္ ပတ္ သက္၍ ေဒသခံတစ္ဦး က “ဒီမနက္ပိုင္းမွာေတာ့ ဒီေမာဆိုမွာ မနက္ ၄ နာရီခြဲကေန စျဖစ္တယ္။ မနက္ ၁၀ နာရီ အထိေပါ့ေနာ လက္နက္ႀကီးေတြေရာ လက္နက္ငယ္ေတြေရာ။ ၿပီးေတာ့ ေန႔လည္ ၁၂ နာရီ ေနာက္ပိုင္းမွာေတာ့ လြိဳင္ေကာ္ၿမိဳ႕နယ္မွာ ပစ္ၾကတယ္။ လက္နက္ႀကီး ၁၂ ကေန တစ္နာရီခြဲအ ထိေပါ့ေနာ။ နာနတ္ေတာဖက္ထက္ ပန္ကန္ဟိုဖက္ျပန္ျဖစ္တယ္။ ဒီ ေန႔လည္ပိုင္းမွာေတာ့ မေန႔က ညမွာေတာ့ နာနတ္ေတာဖက္မွာ” ဟု ေျပာသည္။

ကယားျပည္နယ္အတြင္း ေနရာအႏွံတြင္ စစ္ေရွာင္စခန္း ၂၀ ေက်ာ္ခန႔္ရွိႏိုင္ၿပီး သတ္မွတ္ထားသည့္ စစ္ေရွာင္ စခန္းမ်ားသို႔ မေရာက္လာေသးပဲ သာသနာ့ အေဆာက္အဦမ်ား၊ စစ္ေဘးလြတ္သည့္ ေက်း႐ြာအခ်ိဳ႕ႏွင့္ ေတာ ေတာင္မ်ားထဲတြင္ စစ္ေဘးေရွာင္ ပုန္းေအာင္းေနရသူမ်ားလည္းရွိသည္ဟု ကယားဒုကၡသည္မ်ားအား ကူညီေပး ေနသူမ်ားက ေျပာသည္။

“က်ေနာ္တို႔နဲ႔ ေလာေလာဆယ္ အခ်ိတ္အဆက္ ရွိတဲ့ Camp ေတြကေတာ့ ၁၅ ခုကေန အခု ၂၀ ၾကားေလာက္ ရွိ တယ္။ အထူးသျဖင့္ကေတာ့ ကေလးေတြနဲ႔ သက္ႀကီး႐ြယ္အိုအတြက္ရယ္၊ ေနာက္ၿပီးေတာ့ အခု႐ြာေတြမွာ စစ္ တပ္ေတြ ရမ္းသမ္းပစ္လို႔ ဒဏ္ရာ ထိသြားတဲ့လူေတြ အမ်ားႀကီးရွိတယ္။ က်ေနာ္တို႔ Camp နဲ႔သိပ္မေဝးပဲ ေလး ငါးေျခာက္မိုင္မွာရွိတယ္။ အဲဒီ Camp ေတြမွာလည္း ဒဏ္ရာရတဲ့သူေတြ အႀကီးအက်ယ္ ဆယ္ေယာက္ထက္ မနည္းရွိတယ္ေပါ့ေနာ။ အဲဒီလူအတြက္ အမ်ားႀကီးရွိတယ္ေပါ့ အဲဒါ ႏိုင္ငံတကာက ဝင္လာေပးႏိုင္မယ္ဆိုရင္ က်ေနာ္တို႔ကေတာ့ အရမ္းဝမ္းသာမိမွာပဲ။”

ထိုသို႔ စစ္ေရွာင္စခန္းမ်ားတြင္ ကေလးငယ္မ်ား၊ သက္ႀကီး႐ြယ္အိုမ်ား၊ ကိုယ္ဝန္ေဆာင္မိခင္မ်ားႏွင့္ ဒဏ္ရာရရွိ ထားသူမ်ား ရွိေနသည့္အတြက္ စခန္းႏွင့္ အနီးအနားတြင္ ပစ္ခတ္ျခင္းမ်ားမျပဳရန္ႏွင့္ တိုက္ပြဲမ်ား မျဖစ္ေအာင္ ႏွစ္ဖက္စလုံးက ေရွာင္ရွားေပးရန္ ေတာင္းဆိုေနၾကသည္။

စစ္ေရွာင္ျပည္သူမ်ားအား ႏိုင္ငံတကာ အဖြဲ႕အစည္းမ်ားကလည္း အကူအညီေပးရန္ႏွင့္ ႏွစ္ဖက္လက္နက္ကိုင္ မ်ားအေနျဖင့္လည္း လိုအပ္သည္မ်ားကို လာေရာက္ေထာက္ပံ့ေပးၾကမည့္ သူမ်ားကိုလည္း အႏၲရယ္မျပဳပဲ သြားလာခြင့္ေပးေစခ်င္သည္ဟု ဒုကၡသည္မ်ားအား ကူညီေနသူမ်ားႏွင့္ ကယားဒုကၡသည္မ်ားက ေျပာသည္။

Photo – Crd