KNPP နှင့် စစ်ကောင်စီ တပ်ဖွဲ့များ တိုက်ပွဲ နှစ်ကြိမ်ဖြစ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ မေလ ၂၈ ရက်။

ကယားပြည်နယ်(ကရင်နီ)၊ ဖားဆောင်းမြို့နယ်ထဲတွင် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP နှင့် စစ် ကောင်စီတပ်တို့ အကြား တိုက်ပွဲဖြစ်ပွားခဲ့သည် ဟု KNPP က ပြောသည်။

ဖားဆောင်းမြို့နယ်၊ ခဲမဖြူ-မော်ချီးလမ်းမကြီးပေါ်တွင် မေလ ၂၇ ရက်က အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွား ခဲ့ သည်ဟု KNPP ဗဟိုကော်မတီဝင် တစ်ဦး က ပြောသည်။

“စဖြစ်တာက ဖာဆောင်းမှာ။ ပြီးတော့ နောက်ပိုင်းတွေက PDF နဲ့ ဖြစ်တာများတယ်။ အဲ့ဒီမှာ ကြားတာက တော့ မိုင်းထိတယ်။ မိုင်းထိပြီးမှ သွားရှင်းတာကို အဲ့မှာတိုးပြီး ဖြစ်တယ်လို့ ကြားတယ်။ စစ်ကောင်စီက သူတက် လာတယ်။ တက်လာလို့ပဲ ဖြစ်တာပေါ့။ ဖာဆောင်းနဲ့ မော်ချီးကြားမှာ ၆ မိုင်၊ ၇ မိုင်ပေါ့ သူတို့ အခေါ်အဝေါ် ပေါ့။ ကျနော်တို့ဘက်ကတော့ အကျအဆုံးမရှိဘူး။ သူတို့ဘက်ကတော့ ရှိတယ်လို့ပြောတယ်။ အတိအကျတော့ မသိ သေးဘူး။”

စစ်တပ်က အာဏာသိမ်းပြီးနောက် KNPP နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲ နှစ်ကြိမ်ဖြစ်ပွားခဲ့သည်ဟု ဆက်ပြောသည်။ အဆိုပါတိုက်ပွဲများမှာ မေလ ၂၀ ရက်နေ့ က တစ်ကြိမ် နှင့် မေလ ၂၇ ရက်နေ့က တစ်ကြိမ်၊ ဖားဆောင်းမြို့နယ်ထဲတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

“ကျနော်တို့ ဒီ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်တပ်နဲ့ တိုက်ပွဲဖြစ်တာလောက်က နှစ်ကြိမ်လောက်ပဲ ရှိ တယ်။ ပထမတစ်ကြိမ်ကတော့ ကျနော်တို့ တချို့ လူငယ်သင်တန်းလုပ်တယ်လေ။ လူငယ်သင်တန်းလုပ်တဲ့ နေ ရာမှာ သူတို့သွားရှင်းတော့ အဲ့နားမှာ တစ်ခါဖြစ်တယ်။ နောက် မနေ့က တစ်ခါဖြစ်တယ်။ အဲ့ဒါပါပဲ။ ဖား ဆောင်းမြို့နယ် ထဲမှာပဲ အဲ့ဒီနှစ်ခုစလုံး” ဟု KNPP ဗဟိုကော်မတီဝင် က ဆက် ပြောသည်။

ထို့အပြင် ဒီမော့ဆိုမြို့နယ်ထဲတွင် စစ်ကောင်စီတပ်က မေလ ၂၈ ရက်နေ့ နံနက်အစောပိုင်း ၁ နာရီအချိန်ခန့် က စတင်၍ တစ်ရက်လုံး အကြောင်းမဲ့ လက်နက်ကြီးများဖြင့် ပစ်ခတ်နေသည်ဟု ကရင်နီ ပြည်သူ့ကာကွယ်ရေး တပ်နှင့် ဒေသခံများ က အတည်ပြုပြောသည်။

ကရင်နီ ပြည်သူ့ကာကွယ်ရေးတပ်က တာဝန်ရှိသူတစ်ဦးက “အခုက ကျနော်တို့က ပစ်နေတာ မဟုတ်ပဲနဲ့ အနီး ကပ်စောင့်ကြည့်နေရတဲ့ အနေအထားဗျ။ သူတို့ဘက်က ဆက်တိုက်ထုနေလို့လေ။ ည တစ်နာရီကနေ အခုထိထု နေတာကော။ ခနနား ခနနားနဲ့ တနေ့လုံးထုနေတာပေါ့နော်။ ကျနော်တို့က ခံပစ်နေရတဲ့ အနေနဲ့ပဲ နေနေပါ တယ်။ ဒီမှာ ဖုန်းလိုင်းလည်း အဆင်မပြေလို့လေ။ ခန့်မှန်းတာတော့ လွိုင်ကော်ဘက် မြကလပ်တောင်ဘက်ကနေ လို့ ခန့်မှန်း တယ်။ အခုက ထွက်လို့လည်းမရဘူး။ Sniper သမားတွေလည်း ရှိနေလို့လေ။ အခုက ဘယ်သူမှလည်း မထွက်ရဲ ကြဘူး။ အခုပြောနေရင်းတောင် ထုနေတယ်” ဟု ပြောသည်။

ယခုရက်ပိုင်း ဖြစ်ပွားနေသည့် ကရင်နီ ပြည်သူ့ကာကွယ်ရေးတပ်နှင့် စစ်ကောင်စီတပ်တို့အကြား ပစ်ခတ်မှု များအတွင်း ဒီမော့ဆို PDF ဘက်က သေဆုံးသူနှင့် သေနတ်ထိမှန် ဒဏ်ရာရရှိထားသူများရှိပြီး အချို့သေဆုံးသူ များ၏ အလောင်းများပင် ပြန်မရသေးဘူးဟု ပြောသည်။

သေနတ်ထိမှန် ဒဏ်ရာရရှိထားသူများအတွက်လည်း ဆေးဝါးများ အရေးပေါ်လိုအပ်နေသည်ဟု ဒီးမော့ဆို ပြည် သူ့ကာကွယ်ရေးတပ်က တာဝန်ရှိသူ က ဆက်ပြောသည်။

“ကျနော်တို့ဘက်က ကျတဲ့လူလည်း ရှိတယ်။ ဒဏ်ရာရတဲ့လူလည်းရှိတယ်။ ဒါပေမယ့် ရသလောက် အလောင်း ဆယ်တယ်၊ ဆေးကုတယ်။ ဒါပေမယ့် တချို့က အလောင်းသွားမဆယ်နိုင်တာလည်း ရှိတယ်။ ဆေးဝါးတွေ လည်း အခက်အခဲရှိနေတယ်။ ရတဲ့ ဆေးနဲ့ ကုနေတာ။ အခက်အခဲက တော်တော်ရှိပါတယ်။ အခုလည်း ပြန်ပစ် နေတယ်။ ပစ်လိုက်နားလိုက်ပဲ။ ကျနော်တို့လည်း အရှေ့ကို လုံးဝမတက်ရဲဘူး။ အခုက ဟိုဘက် ဒီဘက်သွားဖို့ တောင်မရဘူး။”

မေလ ၂၇ ရက်နေ့ (ယမန်နေ့) က စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် ဒီမော့ဆိုမြို့တွင် စစ်ဘေးရှောင်ပြည်သူ များကို ကယ်ထုတ်ရန်သွားသည့် Free Burma Ranger (Karenni) အဖွဲ့ဝင်တစ်ဦးကျဆုံးခဲ့ရပြီး ကရင်နီပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၃ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ကရင်နီ ပြည်သူ့ကာကွယ်ရေးတပ်က ပြောသည်။

ထို့အပြင် ယမန်နေ့က ဒီးမော့ဆို မြို့နယ်စစ်ရှောင်ပြည်သူများအတွက် ရိက္ခာပြန်ယူသည့် ကရင်နီလူငယ်နှစ်ဦး ကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပစ်သတ်ခဲ့သည်။

*** ZAWGYI ***
KNPP ႏွင့္ စစ္ေကာင္စီ တပ္ဖြဲ႕မ်ား တိုက္ပြဲ ႏွစ္ႀကိမ္ျဖစ္

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေမလ ၂၈ ရက္။

ကယားျပည္နယ္(ကရင္နီ)၊ ဖားေဆာင္းၿမိဳ႕နယ္ထဲတြင္ ကရင္နီအမ်ိဳးသားတိုးတက္ေရးပါတီ KNPP ႏွင့္ စစ္ ေကာင္စီတပ္တို႔ အၾကား တိုက္ပြဲျဖစ္ပြားခဲ့သည္ ဟု KNPP က ေျပာသည္။

ဖားေဆာင္းၿမိဳ႕နယ္၊ ခဲမျဖဴ-ေမာ္ခ်ီးလမ္းမႀကီးေပၚတြင္ ေမလ ၂၇ ရက္က အျပန္အလွန္ပစ္ခတ္မႈမ်ား ျဖစ္ပြား ခဲ့ သည္ဟု KNPP ဗဟိုေကာ္မတီဝင္ တစ္ဦး က ေျပာသည္။

“စျဖစ္တာက ဖာေဆာင္းမွာ။ ၿပီးေတာ့ ေနာက္ပိုင္းေတြက PDF နဲ႔ ျဖစ္တာမ်ားတယ္။ အဲ့ဒီမွာ ၾကားတာက ေတာ့ မိုင္းထိတယ္။ မိုင္းထိၿပီးမွ သြားရွင္းတာကို အဲ့မွာတိုးၿပီး ျဖစ္တယ္လို႔ ၾကားတယ္။ စစ္ေကာင္စီက သူတက္ လာတယ္။ တက္လာလို႔ပဲ ျဖစ္တာေပါ့။ ဖာေဆာင္းနဲ႔ ေမာ္ခ်ီးၾကားမွာ ၆ မိုင္၊ ၇ မိုင္ေပါ့ သူတို႔ အေခၚအေဝၚ ေပါ့။ က်ေနာ္တို႔ဘက္ကေတာ့ အက်အဆုံးမရွိဘူး။ သူတို႔ဘက္ကေတာ့ ရွိတယ္လို႔ေျပာတယ္။ အတိအက်ေတာ့ မသိ ေသးဘူး။”

စစ္တပ္က အာဏာသိမ္းၿပီးေနာက္ KNPP ႏွင့္ စစ္ေကာင္စီတပ္တို႔အၾကား တိုက္ပြဲ ႏွစ္ႀကိမ္ျဖစ္ပြားခဲ့သည္ဟု ဆက္ေျပာသည္။ အဆိုပါတိုက္ပြဲမ်ားမွာ ေမလ ၂၀ ရက္ေန႔ က တစ္ႀကိမ္ ႏွင့္ ေမလ ၂၇ ရက္ေန႔က တစ္ႀကိမ္၊ ဖားေဆာင္းၿမိဳ႕နယ္ထဲတြင္ ျဖစ္ပြားခဲ့ျခင္း ျဖစ္သည္။

“က်ေနာ္တို႔ ဒီ စစ္အာဏာသိမ္းၿပီးေနာက္ပိုင္းမွာ စစ္တပ္နဲ႔ တိုက္ပြဲျဖစ္တာေလာက္က ႏွစ္ႀကိမ္ေလာက္ပဲ ရွိ တယ္။ ပထမတစ္ႀကိမ္ကေတာ့ က်ေနာ္တို႔ တခ်ိဳ႕ လူငယ္သင္တန္းလုပ္တယ္ေလ။ လူငယ္သင္တန္းလုပ္တဲ့ ေန ရာမွာ သူတို႔သြားရွင္းေတာ့ အဲ့နားမွာ တစ္ခါျဖစ္တယ္။ ေနာက္ မေန႔က တစ္ခါျဖစ္တယ္။ အဲ့ဒါပါပဲ။ ဖား ေဆာင္းၿမိဳ႕နယ္ ထဲမွာပဲ အဲ့ဒီႏွစ္ခုစလုံး” ဟု KNPP ဗဟိုေကာ္မတီဝင္ က ဆက္ ေျပာသည္။

ထို႔အျပင္ ဒီေမာ့ဆိုၿမိဳ႕နယ္ထဲတြင္ စစ္ေကာင္စီတပ္က ေမလ ၂၈ ရက္ေန႔ နံနက္အေစာပိုင္း ၁ နာရီအခ်ိန္ခန႔္ က စတင္၍ တစ္ရက္လုံး အေၾကာင္းမဲ့ လက္နက္ႀကီးမ်ားျဖင့္ ပစ္ခတ္ေနသည္ဟု ကရင္နီ ျပည္သူ႔ကာကြယ္ေရး တပ္ႏွင့္ ေဒသခံမ်ား က အတည္ျပဳေျပာသည္။

ကရင္နီ ျပည္သူ႔ကာကြယ္ေရးတပ္က တာဝန္ရွိသူတစ္ဦးက “အခုက က်ေနာ္တို႔က ပစ္ေနတာ မဟုတ္ပဲနဲ႔ အနီး ကပ္ေစာင့္ၾကည့္ေနရတဲ့ အေနအထားဗ်။ သူတို႔ဘက္က ဆက္တိုက္ထုေနလို႔ေလ။ ည တစ္နာရီကေန အခုထိထု ေနတာေကာ။ ခနနား ခနနားနဲ႔ တေန႔လုံးထုေနတာေပါ့ေနာ္။ က်ေနာ္တို႔က ခံပစ္ေနရတဲ့ အေနနဲ႔ပဲ ေနေနပါ တယ္။ ဒီမွာ ဖုန္းလိုင္းလည္း အဆင္မေျပလို႔ေလ။ ခန႔္မွန္းတာေတာ့ လြိဳင္ေကာ္ဘက္ ျမကလပ္ေတာင္ဘက္ကေန လို႔ ခန႔္မွန္း တယ္။ အခုက ထြက္လို႔လည္းမရဘူး။ Sniper သမားေတြလည္း ရွိေနလို႔ေလ။ အခုက ဘယ္သူမွလည္း မထြက္ရဲ ၾကဘူး။ အခုေျပာေနရင္းေတာင္ ထုေနတယ္” ဟု ေျပာသည္။

ယခုရက္ပိုင္း ျဖစ္ပြားေနသည့္ ကရင္နီ ျပည္သူ႔ကာကြယ္ေရးတပ္ႏွင့္ စစ္ေကာင္စီတပ္တို႔အၾကား ပစ္ခတ္မႈ မ်ားအတြင္း ဒီေမာ့ဆို PDF ဘက္က ေသဆုံးသူႏွင့္ ေသနတ္ထိမွန္ ဒဏ္ရာရရွိထားသူမ်ားရွိၿပီး အခ်ိဳ႕ေသဆုံးသူ မ်ား၏ အေလာင္းမ်ားပင္ ျပန္မရေသးဘူးဟု ေျပာသည္။

ေသနတ္ထိမွန္ ဒဏ္ရာရရွိထားသူမ်ားအတြက္လည္း ေဆးဝါးမ်ား အေရးေပၚလိုအပ္ေနသည္ဟု ဒီးေမာ့ဆို ျပည္ သူ႔ကာကြယ္ေရးတပ္က တာဝန္ရွိသူ က ဆက္ေျပာသည္။

“က်ေနာ္တို႔ဘက္က က်တဲ့လူလည္း ရွိတယ္။ ဒဏ္ရာရတဲ့လူလည္းရွိတယ္။ ဒါေပမယ့္ ရသေလာက္ အေလာင္း ဆယ္တယ္၊ ေဆးကုတယ္။ ဒါေပမယ့္ တခ်ိဳ႕က အေလာင္းသြားမဆယ္ႏိုင္တာလည္း ရွိတယ္။ ေဆးဝါးေတြ လည္း အခက္အခဲရွိေနတယ္။ ရတဲ့ ေဆးနဲ႔ ကုေနတာ။ အခက္အခဲက ေတာ္ေတာ္ရွိပါတယ္။ အခုလည္း ျပန္ပစ္ ေနတယ္။ ပစ္လိုက္နားလိုက္ပဲ။ က်ေနာ္တို႔လည္း အေရွ႕ကို လုံးဝမတက္ရဲဘူး။ အခုက ဟိုဘက္ ဒီဘက္သြားဖို႔ ေတာင္မရဘူး။”

ေမလ ၂၇ ရက္ေန႔ (ယမန္ေန႔) က စစ္ေကာင္စီတပ္၏ ပစ္ခတ္မႈေၾကာင့္ ဒီေမာ့ဆိုၿမိဳ႕တြင္ စစ္ေဘးေရွာင္ျပည္သူ မ်ားကို ကယ္ထုတ္ရန္သြားသည့္ Free Burma Ranger (Karenni) အဖြဲ႕ဝင္တစ္ဦးက်ဆုံးခဲ့ရၿပီး ကရင္နီျပည္သူ႔ ကာကြယ္ေရးတပ္ဖြဲ႕ဝင္ ၃ ဦး ဒဏ္ရာရရွိခဲ့သည္ဟု ကရင္နီ ျပည္သူ႔ကာကြယ္ေရးတပ္က ေျပာသည္။

ထို႔အျပင္ ယမန္ေန႔က ဒီးေမာ့ဆို ၿမိဳ႕နယ္စစ္ေရွာင္ျပည္သူမ်ားအတြက္ ရိကၡာျပန္ယူသည့္ ကရင္နီလူငယ္ႏွစ္ဦး ကိုလည္း စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားက ပစ္သတ္ခဲ့သည္။