မြို့နှစ်မြို့ကို စစ်ကောင်စီက လေယာဉ်နှင့် ဗုံးကြဲ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ မေလ ၃၁ ရက်။

စစ်ကိုင်းတိုင်းဒေသကြီးရှိ ကသာမြို့နှင့် ကချင်ပြည်နယ်အတွင်းက ရွှေကူမြို့များထဲသို့ စစ်ကောင်စီ တပ်က လေ ယာဉ်ဖြင့် ဗုံးကြဲခဲ့သည်ဟု ဒေသခံများနှင့် ပြည်သူ့ကာကွယ်ရေးတပ် တာဝန်ရှိသူများက ပြောသည်။

မေလ ၃၁ ရက်နေ့ (ယနေ့) တွင်း အဆိုပါမြို့နှစ်မြို့ထဲသို့ ပထမဆုံးအကြိမ် လေယာဉ်ဖြင့် ဗုံးကြဲခဲ့ခြင်း ဖြစ်သည် ဟု ပြောသည်။

ကသာမြို့က လုံခြုံရေးအရ အမည်မဖော်လိုသူ ဒေသခံတစ်ဦးက “ဒီနေ့ကတော့ တိုက်ပွဲက မဖြစ်ဘူး။ လေယာဉ် နဲ့ သူတို့ကလာပစ်သွားတာ။ ဒီနေ့ လေယာဉ်လာပစ်တဲ့အချိန်က ကျနော်တို့ ၄ နာရီလောက်နော်၊ ၄ နာရီခွဲအချိန် လောက်ကို ပစ်သွားတာ။ နှစ်လုံးတည်းတခါတည်းပစ်ပြီး ဝဲပြီး ပြန်သွားလိုက်တာ။ ဘုန်းကြီးကျောင်း နောက်ပေါ့ လာ ပစ် သွားတာ။ မြေနုတောရကျောင်း၊ ဒေဝါရာမနီကျောင်း ဘက်မှာ လာပစ်သွားတာပါ။ လူတွေတော့ မထိခိုက် သွားဘူး။ လောလောဆယ် အနေအထားက ဘယ်သူမှ မထိခိုက်ဘူး။ ပြည်သူတွေက လေယာဉ်တွေလာတာနဲ့ တောထဲဝင်ပြီး ပုန်းနေလိုက်တာလေ” ဟု ပြောသည်။

ကသာ ပြည်သူ့ကာကွယ်ရေးတပ်နှင့် စစ်ကောင်စီတပ်တို့အကြား ယမန်နေ့က ဖြစ်ပွားခဲ့သော်လည်း ယနေ့တွင် တိုက်ပွဲတစ်စုံတစ်ရာမရှိပဲ လေယာဉ်ဖြင့် လာရောက်ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများ က ပြောသည်။

“မြေပြင်အခြေအနေအရတော့ တိုက်ပွဲတွေဖြစ်တာပေါ့။ မနေ့ကတော့ ဘယ်အချိန်မှာဖြစ်သလဲဆိုတော့ တစ်နာ ရီခွဲ လောက်မှာ စဖြစ်တာ။ ဒီနေ့ကတော့ တိုက်ပွဲဖြစ်တာမရှိဘူး။ လက်နက်ငယ်တွေနဲ့ပဲ ခြိမ်းခြောက်ပြီး ပစ် တာလောက်ပဲ ရှိတယ်။ မနေ့ကလိုတော့ ထိပ်တိုက်မတွေ့ဘူးဗျ။ ဒီနေ့ကတော့ လေယာဉ်နဲ့လာပစ်တာပဲရှိတယ်။ ဘုန်းကြီးကျောင်းဘက်ကိုပေါ့၊ PDF တွေ ရှိတယ်ထင်ပြီးလာပစ်တာဗျ။ မနေ့က ဖြစ်တဲ့ ထိပ်တိုက် တိုက်ပွဲပြီး တာနဲ့ ဒီနေ့ကို လေယာဉ်နဲ့ လာပစ်တော့တာပဲ” ဟု အဆိုပါ ကသာဒေသခံက ဆက်ပြောသည်။

ယမန်နေ့က ကသာမြို့နယ်၊ ရွှေပြည်သစ်ကျေးရွာနှင့် ဟဲနားကျေးရွာကြားရှိ ချောင်းအနီးတွင် နှစ်ဖက်ကြား ထိပ် တိုက် တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်တပ်ဘက်က ထိခိုက်ဒဏ်ရာ ရရှိမှု၊ ထိခိုက်ဒေသမှုများ ရှိခဲ့သည့် အတွက် ယနေ့တွင် လေယာဉ်နှင့် လာရောက် ပစ်ခတ်ခြင်း ဖြစ်သည်ဟု ပြောသည်။

ယမန်နေ့က ကသာမြို့က တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်က သေဆုံးသူ ၄ ဦးနှင့်၊ ထိခိုက်ဒဏ်ရာ ရရှိသူ ၄ ဦး ထက်မနည်း ရှိပြီး ကသာ PDF ဘက်ကလည်း ၅ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ကသာ PDF တာဝန်ရှိသူ တစ်ဦး က ပြောသည်။

ရွှေကူမြို့နယ်ထဲ စစ်ကောင်စီတပ်က လေယာဉ်နှင့် လာရောက်ပစ်ခတ်ခဲ့သည့် အခြေအနေနှင့် ပတ်သက်၍ “ရွှေ ကူမှာက ကျောက်ကြီးဘက်မှာ ပစ်သွားတယ်။ ရွှေကူလေးတဖက်ကမ်းက ကျောက်ကြီးပေါ့၊ လေယာဉ်နဲ့ ဗုံး လာကြဲတာ၊ သုံးခေါက်လာပစ်သွားတယ်။ လေယာဉ်က ၃ စီးလား ၂ စီးလားမသိဘူး လာတာ မြင်လိုက်တယ်။ ဒီ မင်းကျောင်းကုန်းတို့၊ သာယာကုန်းတို့၊ ကျောက်ကြီးတို့ ဘက်ကို လာပြီး ပစ်ခဲ့တာပဲ။ အဲ့နားကတော့ ဒီရက်ပိုင်း တွေ စစ်တပ်ရဲ့ သင်္ဘောတွေ ခနခန ပစ်ခံနေရတဲ့ နေရာတွေဟုတ်တယ်” ဟု ရွှေကူ PDF အဖွဲ့ဝင်တစ်ဦး က ပြော သည်။

ထို့အပြင် ဖားကန့်မြို့နယ်ထဲတွင်လည်း စစ်ကောင်စီတပ်၏ လေယာဉ်များ ပျံဝဲလျှက်ရှိနေသည့်အတွက် ဒေသခံ များက စိုးရိမ်နေကြသည်။

စစ်ကိုင်းတိုင်းဒေသကြီးရှိ ကသာ PDF တပ်ဖွဲ့ဝင်များ၊ ကချင်ပြည်နယ်ထဲက ရွှေကူ PDF တပ်ဖွဲ့ဝင်များနှင့် စစ် ကောင်စီအကြား တိုက်ပွဲများ၊ ပစ်ခတ်မှုများ ဖြစ်ပွားနေသည်သာမက ကယားပြည်နယ်ထဲက ဒီးမော့ဆို PDF တပ်ဖွဲ့ဝင်များ၊ ချင်းပြည်နယ် မင်းတပ် PDF တပ်ဖွဲ့ဝင်များနှင့်လည်း တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလျှက် ရှိ သည်။

*** ZAWGYI ***
ၿမိဳ႕ႏွစ္ၿမိဳ႕ကို စစ္ေကာင္စီက ေလယာဥ္ႏွင့္ ဗုံးႀကဲ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေမလ ၃၁ ရက္။

စစ္ကိုင္းတိုင္းေဒသႀကီးရွိ ကသာၿမိဳ႕ႏွင့္ ကခ်င္ျပည္နယ္အတြင္းက ေ႐ႊကူၿမိဳ႕မ်ားထဲသို႔ စစ္ေကာင္စီ တပ္က ေလ ယာဥ္ျဖင့္ ဗုံးႀကဲခဲ့သည္ဟု ေဒသခံမ်ားႏွင့္ ျပည္သူ႔ကာကြယ္ေရးတပ္ တာဝန္ရွိသူမ်ားက ေျပာသည္။

ေမလ ၃၁ ရက္ေန႔ (ယေန႔) တြင္း အဆိုပါၿမိဳ႕ႏွစ္ၿမိဳ႕ထဲသို႔ ပထမဆုံးအႀကိမ္ ေလယာဥ္ျဖင့္ ဗုံးႀကဲခဲ့ျခင္း ျဖစ္သည္ ဟု ေျပာသည္။

ကသာၿမိဳ႕က လုံၿခဳံေရးအရ အမည္မေဖာ္လိုသူ ေဒသခံတစ္ဦးက “ဒီေန႔ကေတာ့ တိုက္ပြဲက မျဖစ္ဘူး။ ေလယာဥ္ နဲ႔ သူတို႔ကလာပစ္သြားတာ။ ဒီေန႔ ေလယာဥ္လာပစ္တဲ့အခ်ိန္က က်ေနာ္တို႔ ၄ နာရီေလာက္ေနာ္၊ ၄ နာရီခြဲအခ်ိန္ ေလာက္ကို ပစ္သြားတာ။ ႏွစ္လုံးတည္းတခါတည္းပစ္ၿပီး ဝဲၿပီး ျပန္သြားလိုက္တာ။ ဘုန္းႀကီးေက်ာင္း ေနာက္ေပါ့ လာ ပစ္ သြားတာ။ ေျမႏုေတာရေက်ာင္း၊ ေဒဝါရာမနီေက်ာင္း ဘက္မွာ လာပစ္သြားတာပါ။ လူေတြေတာ့ မထိခိုက္ သြားဘူး။ ေလာေလာဆယ္ အေနအထားက ဘယ္သူမွ မထိခိုက္ဘူး။ ျပည္သူေတြက ေလယာဥ္ေတြလာတာနဲ႔ ေတာထဲဝင္ၿပီး ပုန္းေနလိုက္တာေလ” ဟု ေျပာသည္။

ကသာ ျပည္သူ႔ကာကြယ္ေရးတပ္ႏွင့္ စစ္ေကာင္စီတပ္တို႔အၾကား ယမန္ေန႔က ျဖစ္ပြားခဲ့ေသာ္လည္း ယေန႔တြင္ တိုက္ပြဲတစ္စုံတစ္ရာမရွိပဲ ေလယာဥ္ျဖင့္ လာေရာက္ပစ္ခတ္ခဲ့ျခင္း ျဖစ္သည္ဟု ေဒသခံမ်ား က ေျပာသည္။

“ေျမျပင္အေျခအေနအရေတာ့ တိုက္ပြဲေတြျဖစ္တာေပါ့။ မေန႔ကေတာ့ ဘယ္အခ်ိန္မွာျဖစ္သလဲဆိုေတာ့ တစ္နာ ရီခြဲ ေလာက္မွာ စျဖစ္တာ။ ဒီေန႔ကေတာ့ တိုက္ပြဲျဖစ္တာမရွိဘူး။ လက္နက္ငယ္ေတြနဲ႔ပဲ ၿခိမ္းေျခာက္ၿပီး ပစ္ တာေလာက္ပဲ ရွိတယ္။ မေန႔ကလိုေတာ့ ထိပ္တိုက္မေတြ႕ဘူးဗ်။ ဒီေန႔ကေတာ့ ေလယာဥ္နဲ႔လာပစ္တာပဲရွိတယ္။ ဘုန္းႀကီးေက်ာင္းဘက္ကိုေပါ့၊ PDF ေတြ ရွိတယ္ထင္ၿပီးလာပစ္တာဗ်။ မေန႔က ျဖစ္တဲ့ ထိပ္တိုက္ တိုက္ပြဲၿပီး တာနဲ႔ ဒီေန႔ကို ေလယာဥ္နဲ႔ လာပစ္ေတာ့တာပဲ” ဟု အဆိုပါ ကသာေဒသခံက ဆက္ေျပာသည္။

ယမန္ေန႔က ကသာၿမိဳ႕နယ္၊ ေ႐ႊျပည္သစ္ေက်း႐ြာႏွင့္ ဟဲနားေက်း႐ြာၾကားရွိ ေခ်ာင္းအနီးတြင္ ႏွစ္ဖက္ၾကား ထိပ္ တိုက္ တိုက္ပြဲျဖစ္ပြားခဲ့ၿပီးေနာက္ စစ္တပ္ဘက္က ထိခိုက္ဒဏ္ရာ ရရွိမႈ၊ ထိခိုက္ေဒသမႈမ်ား ရွိခဲ့သည့္ အတြက္ ယေန႔တြင္ ေလယာဥ္ႏွင့္ လာေရာက္ ပစ္ခတ္ျခင္း ျဖစ္သည္ဟု ေျပာသည္။

ယမန္ေန႔က ကသာၿမိဳ႕က တိုက္ပြဲတြင္ စစ္ေကာင္စီတပ္ဘက္က ေသဆုံးသူ ၄ ဦးႏွင့္၊ ထိခိုက္ဒဏ္ရာ ရရွိသူ ၄ ဦး ထက္မနည္း ရွိၿပီး ကသာ PDF ဘက္ကလည္း ၅ ဦး ထိခိုက္ဒဏ္ရာ ရရွိခဲ့သည္ဟု ကသာ PDF တာဝန္ရွိသူ တစ္ဦး က ေျပာသည္။

ေ႐ႊကူၿမိဳ႕နယ္ထဲ စစ္ေကာင္စီတပ္က ေလယာဥ္ႏွင့္ လာေရာက္ပစ္ခတ္ခဲ့သည့္ အေျခအေနႏွင့္ ပတ္သက္၍ “ေ႐ႊ ကူမွာက ေက်ာက္ႀကီးဘက္မွာ ပစ္သြားတယ္။ ေ႐ႊကူေလးတဖက္ကမ္းက ေက်ာက္ႀကီးေပါ့၊ ေလယာဥ္နဲ႔ ဗုံး လာႀကဲတာ၊ သုံးေခါက္လာပစ္သြားတယ္။ ေလယာဥ္က ၃ စီးလား ၂ စီးလားမသိဘူး လာတာ ျမင္လိုက္တယ္။ ဒီ မင္းေက်ာင္းကုန္းတို႔၊ သာယာကုန္းတို႔၊ ေက်ာက္ႀကီးတို႔ ဘက္ကို လာၿပီး ပစ္ခဲ့တာပဲ။ အဲ့နားကေတာ့ ဒီရက္ပိုင္း ေတြ စစ္တပ္ရဲ႕ သေဘၤာေတြ ခနခန ပစ္ခံေနရတဲ့ ေနရာေတြဟုတ္တယ္” ဟု ေ႐ႊကူ PDF အဖြဲ႕ဝင္တစ္ဦး က ေျပာ သည္။

ထို႔အျပင္ ဖားကန႔္ၿမိဳ႕နယ္ထဲတြင္လည္း စစ္ေကာင္စီတပ္၏ ေလယာဥ္မ်ား ပ်ံဝဲလွ်က္ရွိေနသည့္အတြက္ ေဒသခံ မ်ားက စိုးရိမ္ေနၾကသည္။

စစ္ကိုင္းတိုင္းေဒသႀကီးရွိ ကသာ PDF တပ္ဖြဲ႕ဝင္မ်ား၊ ကခ်င္ျပည္နယ္ထဲက ေ႐ႊကူ PDF တပ္ဖြဲ႕ဝင္မ်ားႏွင့္ စစ္ ေကာင္စီအၾကား တိုက္ပြဲမ်ား၊ ပစ္ခတ္မႈမ်ား ျဖစ္ပြားေနသည္သာမက ကယားျပည္နယ္ထဲက ဒီးေမာ့ဆို PDF တပ္ဖြဲ႕ဝင္မ်ား၊ ခ်င္းျပည္နယ္ မင္းတပ္ PDF တပ္ဖြဲ႕ဝင္မ်ားႏွင့္လည္း တိုက္ပြဲမ်ား ျပင္းထန္စြာ ျဖစ္ပြားလွ်က္ ရွိ သည္။