နမ့်ဖတ်ကာ တိုက်ပွဲ စစ်ကောင်စီ ဒုရင်းမှူး တစ်ဦးကျ၊ ညီနောင်မဟာမိတ်များ လက်နက်များ သိမ်းဆည်းရမိ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ မေလ ၃၁ ရက်။

ရှမ်းပြည်နယ်၊ မြောက်ပိုင်း မူဆယ်နှင့် ကွတ်ခိုင်မြို့နယ်ကြား နမ့်ဖတ်ကာကျေးရွာရှိ စစ်ကောင်စီ တပ်၏ စခန်းအချို့ကို ညီနောင်မဟာမိတ်အဖွဲ့ဝင်များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ဒုတပ်ရင်းမှူးတစ်ဦး သေဆုံးပြီး လက်နက်များ သိမ်းဆည်းရမိခဲ့သည်ဟု ကိုးကန့်သတင်းဌာနက ရေးသားထားသည်။

မေလ ၃၁ ရက်နေ့ နံနက်အစောပိုင်း ၁၂ နာရီခွဲ အချိန်ခန့်ကစတင်ပြီး နမ့်ဖက်ကာကျေးရွာထဲတွင် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“ဟုတ်တတ်ဗျ၊ တိုက်ပွဲဖြစ်တာ တော်တော်ပြင်းထန်တယ်၊ ကျနော်တို့ နမ့်ဖက်ကာက EPC ရုံးဝန်းထဲက တပ်ကို လည်း ဝင်တိုက်တယ်။ မနက် ၁၂ နာရီကျော်ကျော်လောက်နေဖြစ်တာ မနက် ၄ နာရီလောက်မှ သေနတ်သံတွေ တိတ်သွားတယ်ဗျ။ သေတယ်ဆိုတာလည်း ဟုတ်တယ်ဗျ။ EPC ရုံးဝန်းထဲက စစ်သားတွေ သေတာ။ ၁၀ ယောက်လား ၁၁ ယောက်မသိဘူး။ နောက်ပြီး EPC ရုံးအစောင့် အဖိုးကြီးတစ်ယောက်လည်း သေတယ်လို့ ပြောတယ်။ သူကတော့ အရပ်သားပေါ့နော်” ဟု ပြောသည်။

အဆိုပါ တိုက်ပွဲအတွင်း ဒေသခံအမျိုးသမီးတစ်ဦးလည်း လက်မောင်းတွင် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု နမ့်ဖက် ကာ ဒေသခံများက ပြောသည်။

တိုက်ပွဲနှင့် ပတ်သက်၍ တအန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PSLF/TNLA သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဒု-ဗိုလ်မှူးကြီး မိုင်းအိုက်ကျော် က “ဟုတ်ကဲ့ ကျနော်တို့ သတင်းပေါ်မှာပဲ တွေ့ရသေးတယ်။ ကျနော်တို့ လူတွေနဲ့ မနက်ကတည်းက ဖုန်းခေါ်တယ် အဆက်အသွယ်မရသေးဘူး။ ဖုန်းက တစ်ယောက်မှ ခေါ်လို့မရသေး ဘူး။ ဖုန်းမရသေးတော့ အတည်ပြုလို့တော့ မရသေးဘူး။ ဖုန်းတွေက ခေါ်မရသေးဘူး။ ကျနော်တို့လည်း လိုင်း ပေါ်က သတင်းတွေပဲ ဖတ်ရသေးတယ်” ဟု ပြောသည်။

သို့သော် The Kokang လူမှုကွန်ရက်စာမျက်နှာတွင် ဗမာစစ်တပ်နှင့် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ကြောင်း၊ အဆို ပါတိုက်ပွဲတွင် လက်နက်များနှင့်အတူ မူးယစ်ဆေးဝါးအနည်းငယ်ကိုလည်း ဖမ်းဆီးရမိခဲ့သည်ဟု ရေးသားထား သည်။

MNDAA-ကိုးကန့် တပ်ဖွဲ့၏ တပ်မဟာ ၅၁၁ နှင့် အာဏာသိမ်းစစ်ကောင်စီတပ်တို့အကြား ကွတ်ခိုင်မြို့နယ် နမ့် ဖက်ကာတွင် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့သည်ဟု The Kokang လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထား ပြီး၊ သိမ်းဆည်းရမိသည့် လက်နက်များ၏ ဓါတ်ပုံကိုလည်း တွဲတင်ထားသည်။

The Kokang က Facebook စာမျက်နှာတွင် “ရက္ခိုင်တပ်၊ ကိုးကန့်တပ်များနှင့် ဗမာစစ်တပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ မြန်မာစစ်သားများ၏ အလောင်းများကိုတွေ့ရှိခဲ့ရကြောင်း၊ လက်နက်များနှင့် စစ်ပစ္စည်း များကိုလည်း သိမ်းဆည်းရမိထားကြောင်း၊ ဒုတပ်ရင်းမှူးတစ်ဦးရဲ့ အလောင်းကိုလည်း တွေ့ရှိရကြောင်းနှင့် သိမ်းဆည်းရမိသည့် ပစ္စည်းများထဲတွင် မူးယစ်ဆေးဝါးနှင့် မူးယစ်ဆေးဝါးသုံးစွဲ သည့် ကိရိယာအချို့ကိုလည်း သိမ်းဆည်းရမိသည်” ဟု ရေးသားထားသည်။

မေလ ၃၀ ရက်နေ့ကလည်း ကွတ်ခိုင်မြို့နယ်နှင့် သိန္နီမြို့နယ်ကြားတွင် စစ်ကောင်စီတပ်နှင့် တအန်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် PSLF/TNLA၊ မြန်မာအမျိုးသားများ ဒီမိုကရက်တစ် တပ်ပေါင်းစု တပ်မတော် (MNTJP/MNDAA-ကိုးကန့်) ပူးပေါင်းတပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဒေသခံများက ပြောသည်။

ညီနောင်မဟာမဟာမိတ်အဖွဲ့တွင် ကိုးကန့်(NMDAA)၊ တအန်း (TNLA) နှင့် ရက္ခိုင့်တပ်တော်(AA) တို့ ပါဝင်သည်။

Photo – Northern Alliance Burma

*** ZAWGYI ***
နမ့္ဖတ္ကာ တိုက္ပြဲ စစ္ေကာင္စီ ဒုရင္းမႉး တစ္ဦးက်၊ ညီေနာင္မဟာမိတ္မ်ား လက္နက္မ်ား သိမ္းဆည္းရမိ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေမလ ၃၁ ရက္။

ရွမ္းျပည္နယ္၊ ေျမာက္ပိုင္း မူဆယ္ႏွင့္ ကြတ္ခိုင္ၿမိဳ႕နယ္ၾကား နမ့္ဖတ္ကာေက်း႐ြာရွိ စစ္ေကာင္စီ တပ္၏ စခန္းအခ်ိဳ႕ကို ညီေနာင္မဟာမိတ္အဖြဲ႕ဝင္မ်ားက ဝင္ေရာက္တိုက္ခိုက္ခဲ့ရာ စစ္ေကာင္စီတပ္မွ ဒုတပ္ရင္းမႉးတစ္ဦး ေသဆုံးၿပီး လက္နက္မ်ား သိမ္းဆည္းရမိခဲ့သည္ဟု ကိုးကန႔္သတင္းဌာနက ေရးသားထားသည္။

ေမလ ၃၁ ရက္ေန႔ နံနက္အေစာပိုင္း ၁၂ နာရီခြဲ အခ်ိန္ခန႔္ကစတင္ၿပီး နမ့္ဖက္ကာေက်း႐ြာထဲတြင္ တိုက္ပြဲမ်ား ျပင္းထန္စြာ ျဖစ္ပြားခဲ့သည္ဟု ေဒသခံတစ္ဦးက ေျပာသည္။

“ဟုတ္တတ္ဗ်၊ တိုက္ပြဲျဖစ္တာ ေတာ္ေတာ္ျပင္းထန္တယ္၊ က်ေနာ္တို႔ နမ့္ဖက္ကာက EPC ႐ုံးဝန္းထဲက တပ္ကို လည္း ဝင္တိုက္တယ္။ မနက္ ၁၂ နာရီေက်ာ္ေက်ာ္ေလာက္ေနျဖစ္တာ မနက္ ၄ နာရီေလာက္မွ ေသနတ္သံေတြ တိတ္သြားတယ္ဗ်။ ေသတယ္ဆိုတာလည္း ဟုတ္တယ္ဗ်။ EPC ႐ုံးဝန္းထဲက စစ္သားေတြ ေသတာ။ ၁၀ ေယာက္လား ၁၁ ေယာက္မသိဘူး။ ေနာက္ၿပီး EPC ႐ုံးအေစာင့္ အဖိုးႀကီးတစ္ေယာက္လည္း ေသတယ္လို႔ ေျပာတယ္။ သူကေတာ့ အရပ္သားေပါ့ေနာ္” ဟု ေျပာသည္။

အဆိုပါ တိုက္ပြဲအတြင္း ေဒသခံအမ်ိဳးသမီးတစ္ဦးလည္း လက္ေမာင္းတြင္ ထိခိုက္ဒဏ္ရာ ရရွိခဲ့သည္ဟု နမ့္ဖက္ ကာ ေဒသခံမ်ားက ေျပာသည္။

တိုက္ပြဲႏွင့္ ပတ္သက္၍ တအန္းအမ်ိဳးသားလြတ္ေျမာက္ေရးတပ္မေတာ္ PSLF/TNLA သတင္းႏွင့္ ျပန္ၾကားေရး တာဝန္ခံ ဒု-ဗိုလ္မႉးႀကီး မိုင္းအိုက္ေက်ာ္ က “ဟုတ္ကဲ့ က်ေနာ္တို႔ သတင္းေပၚမွာပဲ ေတြ႕ရေသးတယ္။ က်ေနာ္တို႔ လူေတြနဲ႔ မနက္ကတည္းက ဖုန္းေခၚတယ္ အဆက္အသြယ္မရေသးဘူး။ ဖုန္းက တစ္ေယာက္မွ ေခၚလို႔မရေသး ဘူး။ ဖုန္းမရေသးေတာ့ အတည္ျပဳလို႔ေတာ့ မရေသးဘူး။ ဖုန္းေတြက ေခၚမရေသးဘူး။ က်ေနာ္တို႔လည္း လိုင္း ေပၚက သတင္းေတြပဲ ဖတ္ရေသးတယ္” ဟု ေျပာသည္။

သို႔ေသာ္ The Kokang လူမႈကြန္ရက္စာမ်က္ႏွာတြင္ ဗမာစစ္တပ္ႏွင့္ တိုက္ပြဲျပင္းထန္စြာျဖစ္ပြားခဲ့ေၾကာင္း၊ အဆို ပါတိုက္ပြဲတြင္ လက္နက္မ်ားႏွင့္အတူ မူးယစ္ေဆးဝါးအနည္းငယ္ကိုလည္း ဖမ္းဆီးရမိခဲ့သည္ဟု ေရးသားထား သည္။

MNDAA-ကိုးကန႔္ တပ္ဖြဲ႕၏ တပ္မဟာ ၅၁၁ ႏွင့္ အာဏာသိမ္းစစ္ေကာင္စီတပ္တို႔အၾကား ကြတ္ခိုင္ၿမိဳ႕နယ္ နမ့္ ဖက္ကာတြင္ တိုက္ပြဲျပင္းထန္စြာ ျဖစ္ပြားခဲ့သည္ဟု The Kokang လူမႈကြန္ရက္စာမ်က္ႏွာတြင္ ေရးသားထား ၿပီး၊ သိမ္းဆည္းရမိသည့္ လက္နက္မ်ား၏ ဓါတ္ပုံကိုလည္း တြဲတင္ထားသည္။

The Kokang က Facebook စာမ်က္ႏွာတြင္ “ရကၡိဳင္တပ္၊ ကိုးကန႔္တပ္မ်ားႏွင့္ ဗမာစစ္တပ္တို႔အၾကား တိုက္ပြဲျဖစ္ပြားခဲ့ရာ ျမန္မာစစ္သားမ်ား၏ အေလာင္းမ်ားကိုေတြ႕ရွိခဲ့ရေၾကာင္း၊ လက္နက္မ်ားႏွင့္ စစ္ပစၥည္း မ်ားကိုလည္း သိမ္းဆည္းရမိထားေၾကာင္း၊ ဒုတပ္ရင္းမႉးတစ္ဦးရဲ႕ အေလာင္းကိုလည္း ေတြ႕ရွိရေၾကာင္းႏွင့္ သိမ္းဆည္းရမိသည့္ ပစၥည္းမ်ားထဲတြင္ မူးယစ္ေဆးဝါးႏွင့္ မူးယစ္ေဆးဝါးသုံးစြဲ သည့္ ကိရိယာအခ်ိဳ႕ကိုလည္း သိမ္းဆည္းရမိသည္” ဟု ေရးသားထားသည္။

ေမလ ၃၀ ရက္ေန႔ကလည္း ကြတ္ခိုင္ၿမိဳ႕နယ္ႏွင့္ သိႏၷီၿမိဳ႕နယ္ၾကားတြင္ စစ္ေကာင္စီတပ္ႏွင့္ တအန္းအမ်ိဳးသား လြတ္ေျမာက္ေရးတပ္မေတာ္ PSLF/TNLA၊ ျမန္မာအမ်ိဳးသားမ်ား ဒီမိုကရက္တစ္ တပ္ေပါင္းစု တပ္မေတာ္ (MNTJP/MNDAA-ကိုးကန႔္) ပူးေပါင္းတပ္တို႔အၾကား တိုက္ပြဲျဖစ္ပြားခဲ့သည္ဟု ေဒသခံမ်ားက ေျပာသည္။

ညီေနာင္မဟာမဟာမိတ္အဖြဲ႕တြင္ ကိုးကန႔္(NMDAA)၊ တအန္း (TNLA) ႏွင့္ ရကၡိဳင့္တပ္ေတာ္(AA) တို႔ ပါဝင္ သည္။

Photo – Northern Alliance Burma