ဒီးမော့ဆိုကို စစ်ကောင်စီ ပစ်မှတ် သတ်သတ်မှတ်မှတ်မရှိပဲ လက်နက်ကြီးများဖြင့် ပစ်

သတင်းနှင့် မီဒီယာကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဇွန်လ ၁ ရက်။

စစ်ကောင်စီတပ်မှ ကယား(ကရင်နီ) ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အတွင်းသို့ တိုက်ပွဲမရှိပဲ လက်နက်ကြီးများဖြင့် ပစ်ခတ်နေသည်ဟု ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် KNDF ပြော ရေးဆိုခွင့်ရှိသူနှင့် ဒေသခံများ က ပြောသည်။

“အခု ဒီနေ့ အခြေအနေဆိုရင် မနက် ၆ နာရီ လောက်နေစပြီးတော့ တာဝေးပစ်ဒုံး တွေပေါ့။ ၁၂၀ မမ ဒုံးတွေနဲ့ ပစ်နေတယ်ပေါ့နော်။ အခုလက်ရှိ အချိန်အထိပဲ ပစ်နေတုန်းပေါ့။ နှစ်ဖက် ထိပ် တိုက် တွေ့ဆုံမှုတော့ မရှိဘူး။ သူတို့ဟာသူတို့ လွိုင်ကော်မြို့ကနေပြီးတော့ ဒီးမော့ဆိုမြို့ကို ပစ်နေတာပေါ့နော်။ မနေ့ တုန်းက ဆိုရင်တော့ ဖယ်ခုံ၊ မိုးဗြဲဖက်လည်း သူတို့ ပစ်တယ်ပေါ့နော်” ဟု KNDF ပြောရေးဆိုခွင့်ရှိသူ က ပြောသည်။

ဒေသခံတစ်ဦး က လည်း ယနေ့ ဇွန်လ ၁ ရက်တွင် တိုက်ပွဲများ မရှိပဲ လက်နက်ကြီးများသာ ပစ်ခတ်ကြောင်းပြောသည်။

“ဟုတ်တယ်၊ ဒီနေ့က တိုက်ပွဲဖြစ်တာမဟုတ်ပဲနဲ့ မနက်အစောပိုင်းလောက်မှာ လျှောက် ပစ်နေတာ။ ဆက်တိုက်ပဲ ပစ်တာကတော့ မနေ့ကလောက်တော့ မများဘူး။ ဒီ လွိုင်ကော်ဘက်ကနေပဲ ပစ်တာ။ ဘာကို ပစ်လို့ပစ်နေမှန်းလည်းမသိဘူး။ ကျနော်တို့ ဒီပြည်သူတွေကတော့ အပြင်မထွက်ရဲဘူးလေနော်” ဟု ပြောသည်။

မေ ၃၁ ရက် (ယမန်နေ့) ကမူ ဒီးမော့ဆိုမြို့ နယ်ထဲတွင် တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီဖက်မှ လေယာဉ်များနှင့်ပါ ပစ်ခတ်တိုက်ခိုက်ခဲ့ သည်ဟု KNDF ပြော ရေးဆိုခွင့်ရှိသူက ပြောသည်။

ယမန်နေ့က ဖြစ်ပွားခဲ့သည့် တိုက်ပွဲအခြေအနေနှင့် ပတ်သက်၍ “မနေ့က အခြေအနေခါကျတော့ ကျနော်တို့ နေ့ လည် ၁၂ နာရီမှာ တိုက်ပွဲစဖြစ်တာပေါ့နော။ တိုက်ပွဲစဖြစ်တာကတော့ ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာ ပေါ့ နော။ ဒေါငံခါးရပ်ကွက် နောက်ကုန်းသာကျေးရွာနဲ့ အလယ်မှာ ရှိတဲ့ ကျောက်ဆည်ကန်ပေါ့ အဲဒီရပ်ကွက်နဲ့ ရွာ ရဲ့ အလယ်မှာ ရှိတဲ့ ကျောက်ဆည်ကန်မှာ စစ်ပွဲ ဖြစ်တာပေါ့။ စစ်ကောင်စီက ဟယ်လီကော်ပတာ ၂ စီးပေါ့နော်။ ပထမတော့ ၂ စီးနဲ့ ပစ်တယ်။ အပေါ်ကနေ ပစ်တယ်။ နောက်ပြီးတော့ ညပိုင်းလောက်မှာကျတော့ ဂျက်လေ ယာဉ် ၂ စီးနဲ့ ထပ်ပစ်တယ်ပေါ့နော်။ ထပ်ပစ်တယ်။ ဂျက်လေယာဉ်တွေကတော့ တစ်ညလုံးနီးပါး ပျံဝဲနေတာပဲ။ ဒီးမော့ဆိုမြို့နယ်မှာပဲ။ စစ်ပွဲဖြစ်နေတာလည်း ဒီးမော့ဆိုပဲ ဖြစ်တဲ့အတွက် ဒီးမော့ဆိုပဲ သူတို့ ပစ်နေတာပေါ့” ဟု KNDF ပြောရေးဆိုခွင့်ရှိသူ က ပြောသည်။

အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီဖက်မှ အကျအဆုံးများခဲ့သည်ဟု KNDF ပြောရေးဆိုခွင့်ရှိသူက ဆက်ပြော သည်။

“စစ်ပွဲဖြစ်တယ်နောက် ကျဆုံးတာ ထိခိုက်တာကျတော့ ကျနော်တို့ PDF ကနေပြီးတော့ ၂ ဦးကျဆုံးတယ်။ ၅ ဦး ဒဏ်ရာရတာပေါ့နော်။ စစ်ကောင်စီဖက်ကျတော့ အခုကျနော်တို့ KNDF က ထုတ်ပြန်ထားတာပေါ့နော်။ ဒီ ၈၀ ဝန်းကျင်ပေါ့နော်။ ဒါက ခန့်မှန်းပေါ့နော်။ မြေပြင်မှာ ဖြစ်နေတဲ့ဟာကို လောလောဆယ်ပေါ့ အခု ဒီမနက် ရှင်း လင်းရေးကိစ္စတွေ မနေ့ထဲကနေ တိုက်ပွဲ အခြေအနေက ပြင်းထန်တော့ အကျအဆုံးများတယ် သူတို့ အကျအ ဆုံးများတယ် ခန့်မှန်းခြေ အဲဒီဝန်းကျင်တော့ဖြစ်ဖို့ များတာပေါ့နော်။”

ကယား(ကရင်နီ)ပြည်နယ် ဒီးမော့ဆိုမြို့နယ်တွင် ပြီးခဲ့သည့် မေလ ၂၀ ရက်နေ့ နောက်ပိုင်းမှ စတင်ကာ စစ်ကောင် စီ တပ်များနှင့် ပြည်သူ့ကာကွယ်ရေး တပ် PDF တို့အကြား တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ပြီး အဆိုပါ တိုက်ပွဲများမှာ ကယားပြည်နယ်နှင့် ဆက်စပ်နေသည့် ရှမ်းပြည်နယ် တောင်ပိုင်း ဖယ်ခုံမြို့နယ် မိုးဗြဲမြို့အထိ ကူးစက်ဖြစ်ပွား လာခဲ့ သည်။

အဆိုပါ တိုက်ပွဲများကြောင့် သက်ဆိုင်ရာ မြို့နယ် အသီးသီးရှိ ဒေသခံပြည်သူများမှာ စစ်ဘေးလွတ်ရာသို့ တော တောင်များထဲသို့ ထွက်ပြေး တိမ်းရှောင်နေကြရပြီး အစားအသောက်၊ ဆေးဝါးနှင့် အခြေခံ အသုံးအဆောင်များ အရေးပေါ် အကူအညီများ လိုအပ်နေသည် ဟု ဆိုသည်။

လက်ရှိတွင် အာဏာသိမ်း စစ်ကောင်စီတပ်များကို အမြစ်ပြတ်ချေမှုန်းရန်နှင့် ပြည်သူလူထုများကို ကာကွယ်ရန် အတွက် ကယားပြည်နယ် အခြေစိုက် PDF များနှင့် ရှမ်းပြည်နယ် တောင်ပိုင်း မိုးဗြဲနှင့် ဖယ်ခုံရှိ PDF တပ်ဖွဲ့တို့နှင့် အတူ ဒေသအစိုက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များပူးပေါင်းကာ တပ်ပေါင်းစုအဖြစ် ကရင်နီ အမျိုးသား များ ကာကွယ်ရေး တပ် KNDF ကို ဖွဲ့စည်းထားသည် ဟု သိရသည်။

*** ZAWGYI ***
ဒီးေမာ့ဆိုကို စစ္ေကာင္စီ ပစ္မွတ္ သတ္သတ္မွတ္မွတ္မရွိပဲ လက္နက္ႀကီးမ်ားျဖင့္ ပစ္

သတင္းႏွင့္ မီဒီယာကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဇြန္လ ၁ ရက္။

စစ္ေကာင္စီတပ္မွ ကယား(ကရင္နီ) ျပည္နယ္၊ ဒီးေမာ့ဆိုၿမိဳ႕နယ္ အတြင္းသို႔ တိုက္ပြဲမရွိပဲ လက္နက္ႀကီးမ်ားျဖင့္ ပစ္ခတ္ေနသည္ဟု ကရင္နီ အမ်ိဳးသားမ်ား ကာကြယ္ေရးတပ္ KNDF ေျပာ ေရးဆိုခြင့္ရွိသူႏွင့္ ေဒသခံမ်ား က ေျပာသည္။

“အခု ဒီေန႔ အေျခအေနဆိုရင္ မနက္ ၆ နာရီ ေလာက္ေနစၿပီးေတာ့ တာေဝးပစ္ဒုံး ေတြေပါ့။ ၁၂၀ မမ ဒုံးေတြနဲ႔ ပစ္ေနတယ္ေပါ့ေနာ္။ အခုလက္ရွိ အခ်ိန္အထိပဲ ပစ္ေနတုန္းေပါ့။ ႏွစ္ဖက္ ထိပ္ တိုက္ ေတြ႕ဆုံမႈေတာ့ မရွိဘူး။ သူတို႔ဟာသူတို႔ လြိဳင္ေကာ္ၿမိဳ႕ကေနၿပီးေတာ့ ဒီးေမာ့ဆိုၿမိဳ႕ကို ပစ္ေနတာေပါ့ေနာ္။ မေန႔ တုန္းက ဆိုရင္ေတာ့ ဖယ္ခုံ၊ မိုးၿဗဲဖက္လည္း သူတို႔ ပစ္တယ္ေပါ့ေနာ္” ဟု KNDF ေျပာေရးဆိုခြင့္ရွိသူ က ေျပာသည္။

ေဒသခံတစ္ဦး က လည္း ယေန႔ ဇြန္လ ၁ ရက္တြင္ တိုက္ပြဲမ်ား မရွိပဲ လက္နက္ႀကီးမ်ားသာ ပစ္ခတ္ေၾကာင္းေျပာသည္။

“ဟုတ္တယ္၊ ဒီေန႔က တိုက္ပြဲျဖစ္တာမဟုတ္ပဲနဲ႔ မနက္အေစာပိုင္းေလာက္မွာ ေလွ်ာက္ ပစ္ေနတာ။ ဆက္တိုက္ပဲ ပစ္တာကေတာ့ မေန႔ကေလာက္ေတာ့ မမ်ားဘူး။ ဒီ လြိဳင္ေကာ္ဘက္ကေနပဲ ပစ္တာ။ ဘာကို ပစ္လို႔ပစ္ေနမွန္းလည္းမသိဘူး။ က်ေနာ္တို႔ ဒီျပည္သူေတြကေတာ့ အျပင္မထြက္ရဲဘူးေလေနာ္” ဟု ေျပာသည္။

ေမ ၃၁ ရက္ (ယမန္ေန႔) ကမူ ဒီးေမာ့ဆိုၿမိဳ႕ နယ္ထဲတြင္ တိုက္ပြဲ ျပင္းထန္စြာ ျဖစ္ပြားခဲ့ၿပီး အဆိုပါ တိုက္ပြဲအတြင္း စစ္ေကာင္စီဖက္မွ ေလယာဥ္မ်ားႏွင့္ပါ ပစ္ခတ္တိုက္ခိုက္ခဲ့ သည္ဟု KNDF ေျပာ ေရးဆိုခြင့္ရွိသူက ေျပာသည္။

ယမန္ေန႔က ျဖစ္ပြားခဲ့သည့္ တိုက္ပြဲအေျခအေနႏွင့္ ပတ္သက္၍ “မေန႔က အေျခအေနခါက်ေတာ့ က်ေနာ္တို႔ ေန႔ လည္ ၁၂ နာရီမွာ တိုက္ပြဲစျဖစ္တာေပါ့ေနာ။ တိုက္ပြဲစျဖစ္တာကေတာ့ ဒီးေမာ့ဆိုၿမိဳ႕နယ္ ေဒါငံခါးေက်း႐ြာ ေပါ့ ေနာ။ ေဒါငံခါးရပ္ကြက္ ေနာက္ကုန္းသာေက်း႐ြာနဲ႔ အလယ္မွာ ရွိတဲ့ ေက်ာက္ဆည္ကန္ေပါ့ အဲဒီရပ္ကြက္နဲ႔ ႐ြာ ရဲ႕ အလယ္မွာ ရွိတဲ့ ေက်ာက္ဆည္ကန္မွာ စစ္ပြဲ ျဖစ္တာေပါ့။ စစ္ေကာင္စီက ဟယ္လီေကာ္ပတာ ၂ စီးေပါ့ေနာ္။ ပထမေတာ့ ၂ စီးနဲ႔ ပစ္တယ္။ အေပၚကေန ပစ္တယ္။ ေနာက္ၿပီးေတာ့ ညပိုင္းေလာက္မွာက်ေတာ့ ဂ်က္ေလ ယာဥ္ ၂ စီးနဲ႔ ထပ္ပစ္တယ္ေပါ့ေနာ္။ ထပ္ပစ္တယ္။ ဂ်က္ေလယာဥ္ေတြကေတာ့ တစ္ညလုံးနီးပါး ပ်ံဝဲေနတာပဲ။ ဒီးေမာ့ဆိုၿမိဳ႕နယ္မွာပဲ။ စစ္ပြဲျဖစ္ေနတာလည္း ဒီးေမာ့ဆိုပဲ ျဖစ္တဲ့အတြက္ ဒီးေမာ့ဆိုပဲ သူတို႔ ပစ္ေနတာေပါ့” ဟု KNDF ေျပာေရးဆိုခြင့္ရွိသူ က ေျပာသည္။

အဆိုပါ တိုက္ပြဲအတြင္း စစ္ေကာင္စီဖက္မွ အက်အဆုံးမ်ားခဲ့သည္ဟု KNDF ေျပာေရးဆိုခြင့္ရွိသူက ဆက္ေျပာ သည္။

“စစ္ပြဲျဖစ္တယ္ေနာက္ က်ဆုံးတာ ထိခိုက္တာက်ေတာ့ က်ေနာ္တို႔ PDF ကေနၿပီးေတာ့ ၂ ဦးက်ဆုံးတယ္။ ၅ ဦး ဒဏ္ရာရတာေပါ့ေနာ္။ စစ္ေကာင္စီဖက္က်ေတာ့ အခုက်ေနာ္တို႔ KNDF က ထုတ္ျပန္ထားတာေပါ့ေနာ္။ ဒီ ၈၀ ဝန္းက်င္ေပါ့ေနာ္။ ဒါက ခန႔္မွန္းေပါ့ေနာ္။ ေျမျပင္မွာ ျဖစ္ေနတဲ့ဟာကို ေလာေလာဆယ္ေပါ့ အခု ဒီမနက္ ရွင္း လင္းေရးကိစၥေတြ မေန႔ထဲကေန တိုက္ပြဲ အေျခအေနက ျပင္းထန္ေတာ့ အက်အဆုံးမ်ားတယ္ သူတို႔ အက်အ ဆုံးမ်ားတယ္ ခန႔္မွန္းေျခ အဲဒီဝန္းက်င္ေတာ့ျဖစ္ဖို႔ မ်ားတာေပါ့ေနာ္။”

ကယား(ကရင္နီ)ျပည္နယ္ ဒီးေမာ့ဆိုၿမိဳ႕နယ္တြင္ ၿပီးခဲ့သည့္ ေမလ ၂၀ ရက္ေန႔ ေနာက္ပိုင္းမွ စတင္ကာ စစ္ေကာင္ စီ တပ္မ်ားႏွင့္ ျပည္သူ႔ကာကြယ္ေရး တပ္ PDF တို႔အၾကား တိုက္ပြဲမ်ား စတင္ျဖစ္ပြားခဲ့ၿပီး အဆိုပါ တိုက္ပြဲမ်ားမွာ ကယားျပည္နယ္ႏွင့္ ဆက္စပ္ေနသည့္ ရွမ္းျပည္နယ္ ေတာင္ပိုင္း ဖယ္ခုံၿမိဳ႕နယ္ မိုးၿဗဲၿမိဳ႕အထိ ကူးစက္ျဖစ္ပြား လာခဲ့ သည္။

အဆိုပါ တိုက္ပြဲမ်ားေၾကာင့္ သက္ဆိုင္ရာ ၿမိဳ႕နယ္ အသီးသီးရွိ ေဒသခံျပည္သူမ်ားမွာ စစ္ေဘးလြတ္ရာသို႔ ေတာ ေတာင္မ်ားထဲသို႔ ထြက္ေျပး တိမ္းေရွာင္ေနၾကရၿပီး အစားအေသာက္၊ ေဆးဝါးႏွင့္ အေျခခံ အသုံးအေဆာင္မ်ား အေရးေပၚ အကူအညီမ်ား လိုအပ္ေနသည္ ဟု ဆိုသည္။

လက္ရွိတြင္ အာဏာသိမ္း စစ္ေကာင္စီတပ္မ်ားကို အျမစ္ျပတ္ေခ်မႈန္းရန္ႏွင့္ ျပည္သူလူထုမ်ားကို ကာကြယ္ရန္ အတြက္ ကယားျပည္နယ္ အေျခစိုက္ PDF မ်ားႏွင့္ ရွမ္းျပည္နယ္ ေတာင္ပိုင္း မိုးၿဗဲႏွင့္ ဖယ္ခုံရွိ PDF တပ္ဖြဲ႕တို႔ႏွင့္ အတူ ေဒသအစိုက္ တိုင္းရင္းသား လက္နက္ကိုင္ အဖြဲ႕မ်ားပူးေပါင္းကာ တပ္ေပါင္းစုအျဖစ္ ကရင္နီ အမ်ိဳးသား မ်ား ကာကြယ္ေရး တပ္ KNDF ကို ဖြဲ႕စည္းထားသည္ ဟု သိရသည္။