ကရင်ဒုက္ခသည် ၄၀၀ ခန့် ထိုင်းနိုင်ငံသို့ ထွက်ပြေး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဇွန်လ ၁ ရက်။

နယ်စပ်အနီးဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ဒေသခံ ၄၀၀ ကျော် ထိုင်းနိုင်ငံသို့ စစ်ဘေးရှောင်နေရပြီး အစားအသောက်နှင့် အကူအညီများ လိုအပ်နေသည်ဟု KNU ကပြောသည်။

ဇွန်လ ၁ ရက်နေ့ (ယနေ့) နေလည်ပိုင်းက ဗိုလ်ကျော်သက် ဦးဆောင်သည့် ခွဲထွက် DKBA အဖွဲ့နှင့် ဗိုလ်မုတ်သုန် ဦးဆောင်သည့် BGF ၁၀၂၂ တပ်ခွဲတို့ အကြား ကရင်ပြည်နယ် မြဝတီမြို့နယ် ဖလူးကျေးရွာအနီးတွင် တိုက်ပွဲဖြစ် ပွားသည့်အတွက် ဒေသခံများက ထိုင်းနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်သွားကြသည်ဟု KNU တပ်မဟာ ၆ ဒူးပလာယာခရိုင်၏ သတင်းထုတ် ပြန် ချက် အရ သိရသည်။

ထွက်ပြေးတိမ်းရှောင်လာကြသည့် ဒေသခံများမှာ အစားအသောက်နှင့် အခြေခံ လူအသုံးအဆောင်ပစ္စည်းများ လိုအပ်နေ သည်ဟု ဒေသခံများ၏ ပြောဆိုချက်ကို ကိုးကား၍ KNU ဒူးပလာယာခရိုင်က ဆိုသည်။

“တချို့ကျတော့ ထိုင်းဘက် အမျိုးအိမ်ရောက်နေတယ်။ သောင်ရင်းမြစ်ကို ဒီတိုင်းပဲဖြတ်ကူးလာတာ။ ရေက ရင်ဘတ်လောက်ထိ ရောက်တာပေါ့။ အဲ့ဒါကြောင့် တချို့က ဘာမှသယ်မရဘူး။ ဟိုဘက်ရောက်တော့ ထိုင်း စစ် သားတွေလာပြီး ကျန်းမာရေးစစ်ဆေးမှုတွေ mask ဝေပေးတာတွေ လုပ်ပေးနေတယ်။ အစားအသောက် အဝတ် အထည် နေရာထိုင်ခင်း အကူညီလိုအပ်တာပေါ့။ အခု သူတို့နေတာ နွားတင်းကုပ် ထဲမှာ စုနေရတာလေ။ ဖလူး လေး ဖလူးကြီးရွာသူရွာသားတွေပေါ့” ဟု ဒူးပလာယာခရိုင်၏ သတင်းထုတ်ပြန်ချက်ထဲတွင် ဒေသခံ၏ ပြောဆို ချက်ကို ဖော်ပြထားသည်။

လက်ရှိတွင် ဖလူးဒေသတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်ဟု သိရသည်။ ယနေ့တိုက်ပွဲတွင် စစ်ကောင် စီ ဖက်က လေးဦး သေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု KNU ဒူးပလာယာခရိုင်၏ ထုတ်ပြန်ချက် အရ သိရ သည်။

ထို့အပြင် ဇွန်လ ၁ ရက်နေ့ (ယနေ့) တွင် ကရင်ပြည်နယ် ဖာပွန်(မူတြော်) မြို့နယ်ရှိ ကူးဆိပ်နှင့် မထောကျေးရွာ ကြားတွင် စစ်ကောင်စီတပ်များနှင့် KNU တပ်မဟာ ၅ တို့အကြား မိနစ် ၂၀ ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲ အတွင်း စစ်ကောင်စီဖက်မှ ၅ ဦးသေဆုံးခဲ့သည်ဟု KNU ပြန်ကြားရေးဌာန သူလေးသတင်း၏ သတင်းထုတ်ပြန် ထားသည်။

လက်ရှိတွင် ကရင်အမျိုးသား အစည်းအရုံး KNU နှင့် စစ်ကောင်စီတပ်တို့အကြားက တိုက်ပွဲများကြောင့် ဒေသခံ သောင်းချီ စစ်ဘေးလွတ်ရာ တောတောင်များထဲသို့ ထွက်ပြေးတိမ်းရှောင်နေကြရသကဲ့သို့ အချို့မှာ ထိုင်းနိုင်ငံ ဖက်သို့ ထွက်ပြေးတိမ်းရှောင်နေကြသည်ဟု သိရသည်။

ထွက်ပြေးတိမ်းရှောင်သူများအတွက် လက်ရှိတွင် အစားအသောက်နှင့် အခြေခံ အသုံးအဆောင်များဖြစ်သည့် အဝတ်အစား၊ စောင်၊ မိုးကာ၊ ခြင်ထောင်များအပြင် ဆေးဝါးများလည်း အရေးအပေါ် လိုအပ်နေသည်ဟု စစ် ဘေးရှောင်များကို ကူညီပေးနေသူများက ပြောဆိုထားသည်။

ဓာတ်ပုံ – KNU ဒူးပလာယာခရိုင်

*** ZAWGYI ***
ကရင္ဒုကၡသည္ ၄၀၀ ခန႔္ ထိုင္းႏိုင္ငံသို႔ ထြက္ေျပး

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဇြန္လ ၁ ရက္။

နယ္စပ္အနီးျဖစ္ပြားခဲ့သည့္ တိုက္ပြဲမ်ားေၾကာင့္ ေဒသခံ ၄၀၀ ေက်ာ္ ထိုင္းႏိုင္ငံသို႔ စစ္ေဘးေရွာင္ေနရၿပီး အစားအေသာက္ႏွင့္ အကူအညီမ်ား လိုအပ္ေနသည္ဟု KNU ကေျပာသည္။

ဇြန္လ ၁ ရက္ေန႔ (ယေန႔) ေနလည္ပိုင္းက ဗိုလ္ေက်ာ္သက္ ဦးေဆာင္သည့္ ခြဲထြက္ DKBA အဖြဲ႕ႏွင့္ ဗိုလ္မုတ္သုန္ ဦးေဆာင္သည့္ BGF ၁၀၂၂ တပ္ခြဲတို႔ အၾကား ကရင္ျပည္နယ္ ျမ၀တီၿမိဳ႕နယ္ ဖလူးေက်း႐ြာအနီးတြင္ တိုက္ပြဲျဖစ္ ပြားသည့္အတြက္ ေဒသခံမ်ားက ထိုင္းႏိုင္ငံသို႔ ထြက္ေျပးတိမ္းေရွာင္သြားၾကသည္ဟု KNU တပ္မဟာ ၆ ဒူးပလာယာခ႐ိုင္၏ သတင္းထုတ္ ျပန္ ခ်က္ အရ သိရသည္။

ထြက္ေျပးတိမ္းေရွာင္လာၾကသည့္ ေဒသခံမ်ားမွာ အစားအေသာက္ႏွင့္ အေျခခံ လူအသုံးအေဆာင္ပစၥည္းမ်ား လိုအပ္ေန သည္ဟု ေဒသခံမ်ား၏ ေျပာဆိုခ်က္ကို ကိုးကား၍ KNU ဒူးပလာယာခ႐ိုင္က ဆိုသည္။

“တခ်ိဳ႕က်ေတာ့ ထိုင္းဘက္ အမ်ိဳးအိမ္ေရာက္ေနတယ္။ ေသာင္ရင္းျမစ္ကို ဒီတိုင္းပဲျဖတ္ကူးလာတာ။ ေရက ရင္ဘတ္ေလာက္ထိ ေရာက္တာေပါ့။ အဲ့ဒါေၾကာင့္ တခ်ိဳ႕က ဘာမွသယ္မရဘူး။ ဟိုဘက္ေရာက္ေတာ့ ထိုင္း စစ္ သားေတြလာၿပီး က်န္းမာေရးစစ္ေဆးမႈေတြ mask ေဝေပးတာေတြ လုပ္ေပးေနတယ္။ အစားအေသာက္ အဝတ္ အထည္ ေနရာထိုင္ခင္း အကူညီလိုအပ္တာေပါ့။ အခု သူတို႔ေနတာ ႏြားတင္းကုပ္ ထဲမွာ စုေနရတာေလ။ ဖလူး ေလး ဖလူးႀကီး႐ြာသူ႐ြာသားေတြေပါ့” ဟု ဒူးပလာယာခ႐ိုင္၏ သတင္းထုတ္ျပန္ခ်က္ထဲတြင္ ေဒသခံ၏ ေျပာဆို ခ်က္ကို ေဖာ္ျပထားသည္။

လက္ရွိတြင္ ဖလူးေဒသတြင္ တိုက္ပြဲမ်ား ဆက္လက္ျဖစ္ပြားေနသည္ဟု သိရသည္။ ယေန႔တိုက္ပြဲတြင္ စစ္ေကာင္ စီ ဖက္က ေလးဦး ေသဆုံးၿပီး ၃ ဦး ထိခိုက္ဒဏ္ရာရရွိခဲ့သည္ဟု KNU ဒူးပလာယာခ႐ိုင္၏ ထုတ္ျပန္ခ်က္ အရ သိရ သည္။

ထို႔အျပင္ ဇြန္လ ၁ ရက္ေန႔ (ယေန႔) တြင္ ကရင္ျပည္နယ္ ဖာပြန္(မူေၾတာ္) ၿမိဳ႕နယ္ရွိ ကူးဆိပ္ႏွင့္ မေထာေက်း႐ြာ ၾကားတြင္ စစ္ေကာင္စီတပ္မ်ားႏွင့္ KNU တပ္မဟာ ၅ တို႔အၾကား မိနစ္ ၂၀ ၾကာ တိုက္ပြဲျဖစ္ပြားခဲ့ၿပီး တိုက္ပြဲ အတြင္း စစ္ေကာင္စီဖက္မွ ၅ ဦးေသဆုံးခဲ့သည္ဟု KNU ျပန္ၾကားေရးဌာန သူေလးသတင္း၏ သတင္းထုတ္ျပန္ ထားသည္။

လက္ရွိတြင္ ကရင္အမ်ိဳးသား အစည္းအ႐ုံး KNU ႏွင့္ စစ္ေကာင္စီတပ္တို႔အၾကားက တိုက္ပြဲမ်ားေၾကာင့္ ေဒသခံ ေသာင္းခ်ီ စစ္ေဘးလြတ္ရာ ေတာေတာင္မ်ားထဲသို႔ ထြက္ေျပးတိမ္းေရွာင္ေနၾကရသကဲ့သို႔ အခ်ိဳ႕မွာ ထိုင္းႏိုင္ငံ ဖက္သို႔ ထြက္ေျပးတိမ္းေရွာင္ေနၾကသည္ဟု သိရသည္။

ထြက္ေျပးတိမ္းေရွာင္သူမ်ားအတြက္ လက္ရွိတြင္ အစားအေသာက္ႏွင့္ အေျခခံ အသုံးအေဆာင္မ်ားျဖစ္သည့္ အဝတ္အစား၊ ေစာင္၊ မိုးကာ၊ ျခင္ေထာင္မ်ားအျပင္ ေဆးဝါးမ်ားလည္း အေရးအေပၚ လိုအပ္ေနသည္ဟု စစ္ ေဘးေရွာင္မ်ားကို ကူညီေပးေနသူမ်ားက ေျပာဆိုထားသည္။

ဓာတ်ပုံ – KNU ဒူးပလာယာခရိုင်