မွန်ညီညွတ်ရေး ပါတီမှ ရွေးကောက်ပွဲ ပါဝင် ယှဉ်ပြိုင်ခဲ့သူ အမျိုးသမီးတစ်ဦး ပစ်သတ်ခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဇွန်လ ၉ ရက်။

မွန်ညီညွတ်ရေးပါတီ MUP မှ ရွေးကောက်ပွဲ ယှဉ်ပြိုင်ခဲ့သူ အမျိုးသမီးတစ်ဦး လုပ်ကြံပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း မွန်ညီညွတ်ရေးပါတီဗဟိုမှ သိရ သည်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း မိဝေသီဖြိုးသည် ဇွန်လ ၈ ရက်နေ့ ညနေ ၆ နာရီခွဲအချိန်ခန့်က ၎င်း နေထိုင်ရာ ရွာသစ်ရွာခြံမှ ဘုရားသုံးဆူမြို့သို့ ကားဖြင့်အပြန် လမ်းတွင် အမည်မသိသေနတ်သမားများက ဆိုင် ကယ်ဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် အနီးကပ် ပစ်ခတ်သွားခြင်းဖြစ်သည်။

“ဖြစ်သွားတာက ခြံကနေ ဘုရားသုံးမြို့ကိုအပြန်မှာ လမ်းမှာ လုပ်ကြံခံရတာဖြစ်ပါတယ်၊ ဘယ်သူ့လက်ချက်လဲ ဆိုတာကတော့ မသိသေးဘူး၊ ပါတီအနေနဲ့ကလည်း ဒီကိစ္စနဲ့ ပတ်သက်ပြီး သတင်းထုတ်ပြန်သွားမယ် အဲ့ လောက်ပဲ သိထားပါတယ်” ဟု မွန်ညီညွတ်ရေးပါတီ MUP ဗဟိုကော်မတီဝင်တစ်ဦး က ပြောသည်။

သေနတ်ဒဏ်ရာများနှင့် မိဝေသီဖြိုးကို ဆေးရုံသို့ ပို့ဆောင်ကုသရာမှ ည ၇ နာရီအချိန်ခန့်တွင် သေဆုံးသွား သည် ဟု မွန်ညီညွတ်ရေးပါတီ တာဝန်ရှိသူက ပြောသည်။

ဝဲဖက်ရင်အုံတွင် သေနတ်ဒဏ်ရာ တစ်ချက်၊ ဝဲဖက်လက်မောင်းတွင် သေနတ်ကျည်ဆံ ဖောက်ထွက် ဒဏ်ရာ တစ်ချက် နှင့် ယာဘက် ခြေသလုံးတွင် သေနတ်ကျည်ဆံ ဖောက်ထွက် ဒဏ်ရာ တစ်ချက် ထိမှန်ခဲ့ပြီးနောက် ဆေးရုံတွင် သေဆုံးသွားခြင်း ဖြစ်သည်။

ဤကိစ္စနှင့် ပတ်သက်၍ ဇွန်လ ၉ ရက်နေ့တွင် မွန်ညီညွတ်ရေးပါတီဗဟိုတွင် အရေးပေါ်အစည်းအဝေးတစ်ရပ် ကျင်းပပြီး သတင်းထုတ်ပြန်သွားမည် ဟု ပါတီ က ပြောသည်။

အသက် ၃၂ နှစ်အရွယ် မိဝေသီဖြိုးသည် တရားလွှတ်တော်ရှေ့နေတစ်ဦးဖြစ်ပြီး ၂၀၂၀ ခုနှစ် နိုဝင်ဘာ ၈ ရက်နေ့ က ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် မွန်ညီညွတ်ရေးပါတီကိုယ်စားပြု ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့ နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူ ဖြစ်သည်။

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် ဘုရားသုံးဆူမြို့တွင် မေလ ၁၉ ရက်နေ့က အာဏာသိမ်းစစ်ကောင်စီ ခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးကို အမည်အသိလူတစ်စုတို့က သေနတ်ဖြင့် လာရောက် ပစ်သတ်ခဲ့သည့် ဖြစ် ရပ်တစ်ခု ဖြစ်ပွားခဲ့သေးသည်။

အလားတူ မေလ ၂၇ ရက်နေ့တုန်းကလည်း ဘီးလင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဖြစ်သည့် ဘီးလင်းမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမြင့်ဆွေသည်လည်း လမ်းတွင် အမည်မသိသူနှစ်ဦးက ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည်။

*** ZAWGYI ***
မြန္ညီၫြတ္ေရး ပါတီမွ ေ႐ြးေကာက္ပြဲ ပါဝင္ ယွဥ္ၿပိဳင္ခဲ့သူ အမ်ိဳးသမီးတစ္ဦး ပစ္သတ္ခံရ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဇြန္လ ၉ ရက္။

မြန္ညီၫြတ္ေရးပါတီ MUP မွ ေ႐ြးေကာက္ပြဲ ယွဥ္ၿပိဳင္ခဲ့သူ အမ်ိဳးသမီးတစ္ဦး လုပ္ႀကံပစ္ခတ္ခံရၿပီး ေသဆုံးသြားေၾကာင္း မြန္ညီၫြတ္ေရးပါတီဗဟိုမွ သိရ သည္။

အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း မိေဝသီၿဖိဳးသည္ ဇြန္လ ၈ ရက္ေန႔ ညေန ၆ နာရီခြဲအခ်ိန္ခန႔္က ၎ ေနထိုင္ရာ ႐ြာသစ္႐ြာၿခံမွ ဘုရားသုံးဆူၿမိဳ႕သို႔ ကားျဖင့္အျပန္ လမ္းတြင္ အမည္မသိေသနတ္သမားမ်ားက ဆိုင္ ကယ္ျဖင့္ ေရာက္ရွိလာၿပီး ေသနတ္ျဖင့္ အနီးကပ္ ပစ္ခတ္သြားျခင္းျဖစ္သည္။

“ျဖစ္သြားတာက ၿခံကေန ဘုရားသုံးၿမိဳ႕ကိုအျပန္မွာ လမ္းမွာ လုပ္ႀကံခံရတာျဖစ္ပါတယ္၊ ဘယ္သူ႔လက္ခ်က္လဲ ဆိုတာကေတာ့ မသိေသးဘူး၊ ပါတီအေနနဲ႔ကလည္း ဒီကိစၥနဲ႔ ပတ္သက္ၿပီး သတင္းထုတ္ျပန္သြားမယ္ အဲ့ ေလာက္ပဲ သိထားပါတယ္” ဟု မြန္ညီၫြတ္ေရးပါတီ MUP ဗဟိုေကာ္မတီဝင္တစ္ဦး က ေျပာသည္။

ေသနတ္ဒဏ္ရာမ်ားႏွင့္ မိေဝသီၿဖိဳးကို ေဆး႐ုံသို႔ ပို႔ေဆာင္ကုသရာမွ ည ၇ နာရီအခ်ိန္ခန႔္တြင္ ေသဆုံးသြား သည္ ဟု မြန္ညီၫြတ္ေရးပါတီ တာဝန္ရွိသူက ေျပာသည္။

ဝဲဖက္ရင္အုံတြင္ ေသနတ္ဒဏ္ရာ တစ္ခ်က္၊ ဝဲဖက္လက္ေမာင္းတြင္ ေသနတ္က်ည္ဆံ ေဖာက္ထြက္ ဒဏ္ရာ တစ္ခ်က္ ႏွင့္ ယာဘက္ ေျခသလုံးတြင္ ေသနတ္က်ည္ဆံ ေဖာက္ထြက္ ဒဏ္ရာ တစ္ခ်က္ ထိမွန္ခဲ့ၿပီးေနာက္ ေဆး႐ုံတြင္ ေသဆုံးသြားျခင္း ျဖစ္သည္။

ဤကိစၥႏွင့္ ပတ္သက္၍ ဇြန္လ ၉ ရက္ေန႔တြင္ မြန္ညီၫြတ္ေရးပါတီဗဟိုတြင္ အေရးေပၚအစည္းအေဝးတစ္ရပ္ က်င္းပၿပီး သတင္းထုတ္ျပန္သြားမည္ ဟု ပါတီ က ေျပာသည္။

အသက္ ၃၂ ႏွစ္အ႐ြယ္ မိေဝသီၿဖိဳးသည္ တရားလႊတ္ေတာ္ေရွ႕ေနတစ္ဦးျဖစ္ၿပီး ၂၀၂၀ ခုႏွစ္ ႏိုဝင္ဘာ ၈ ရက္ေန႔ က က်င္းပခဲ့သည့္ ေ႐ြးေကာက္ပြဲတြင္ မြန္ညီၫြတ္ေရးပါတီကိုယ္စားျပဳ ကရင္ျပည္နယ္ ၾကာအင္းဆိပ္ႀကီးၿမိဳ႕ နယ္ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္အျဖစ္ ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့သူ ျဖစ္သည္။

ထိုင္း-ျမန္မာနယ္စပ္ ကရင္ျပည္နယ္ ဘုရားသုံးဆူၿမိဳ႕တြင္ ေမလ ၁၉ ရက္ေန႔က အာဏာသိမ္းစစ္ေကာင္စီ ခန႔္ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးတစ္ဦးကို အမည္အသိလူတစ္စုတို႔က ေသနတ္ျဖင့္ လာေရာက္ ပစ္သတ္ခဲ့သည့္ ျဖစ္ ရပ္တစ္ခု ျဖစ္ပြားခဲ့ေသးသည္။

အလားတူ ေမလ ၂၇ ရက္ေန႔တုန္းကလည္း ဘီးလင္းၿမိဳ႕နယ္ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရးပါတီ ဥကၠဌ ျဖစ္သည့္ ဘီးလင္းၿမိဳ႕နယ္ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ဦးျမင့္ေဆြသည္လည္း လမ္းတြင္ အမည္မသိသူႏွစ္ဦးက ဆိုင္ကယ္ျဖင့္ ေရာက္ရွိလာၿပီး ေသနတ္ျဖင့္ ပစ္သတ္ခံခဲ့ရသည္။