နိုင်ငံတကာ NGO များအား စစ်ကောင်စီက လုပ်ငန်းရပ်ဆိုင်းရန် ညွှန်ကြား၊
လူ ၂၀၀၀ ကျော် အသက်အန္တရာယ် ဖြစ်စေနိုင်မည်။

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဇွန်လ ၁၁ ရက်။

နိုင်ငံခြား ကျန်းမာရေး NGO တစ်ခုကို တနင်္သာရီတိုင်းအတွင်း လုပ်ငန်းများ ရပ်ဆိုင်းရန် စစ်ကောင်စီက တားမြစ်သည့်အတွက် လူနာပေါင်း ၂၀၀၀ ကျော် အသက်အန္တရာယ် ထိခိုက်စေမည်ဟု MSF အဖွဲ့က ပြောသည်။

နယ်စည်းမခြား ဆရာဝန်များအဖွဲ့ MSF ၏ တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်အတွင်း လုပ်ဆောင်နေသည့် လုပ် ငန်းစဉ်များအား ရပ်ဆိုင်းထားရန် စစ်ကောင်စီက အကြောင်းကြားခဲ့ခြင်းဖြစ်သည်။

“အခုလို တောင်းဆိုချက်ဟာ ထားဝယ်ရှိ MSF ဆေးခန်းတွင် ကုသမှုခံယူနေတဲ့ အိုတ်ချ်အိုင်ဗွီနှင့်တီဘီလူနာ ၂ ထောင်ကျော်၏ အသက်ကို ခြိမ်းခြောက်နေပါတယ်။ အခုလို လုပ်ရပ်ကြောင့် နောက်ထပ်ကူးစက်ပြန့်ပွားလာ မည့် ရောဂါများအတွက် စိုးရိမ်စရာပါ။” ဟု MSF က ဝက်ဆိုက်တွင် ရေးသားထားသည်။

တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ HIV ရောဂါပိုးရှိသူများအတွက် နေ့စဉ်သောက်ရန်လိုအပ်သည့် ဆေးဝါးများ ပြတ်တောက်သွားနိုင်ပြီး အသက်အန္တရာယ်ထိခိုက်မည်ကို စိုးရိမ်သည်ဟု တင်္နသာရီတိုင်းဒေသကြီးအတွင်းရှိ HIV ရောဂါဆိုင်ရာ ကုသရေး၊ ကာကွယ်ရေး၊ ပြုစုစောင့်ရှောက်ရေးလုပ်ငန်းများကို MSFအဖွဲ့နှင့် အတူပူးပေါင်း လုပ် ဆောင်နေသည့် အနာဂါတ်အလင်းရောင် ဘဝတူကူညီပံ့ပိုးရေးအဖွဲ့ က ပြောသည်။

အနာဂါတ်အလင်းရောင် ဘဝတူ ကူညီပံ့ပိုးရေးအဖွဲ့ အမှုဆောင်ဒါရိုက်တာ ဦးဇော်ထွန်း က “စစ်အစိုးရ အာဏာသိမ်းတဲ့နောက်ပိုင်းမှာက transfer out လုပ်ရတဲ့ လုပ်ငန်းတွေ ကို ရပ်ထားရတာပေါ့နော်။ အခုဆိုရင် ၂၀၀၀ နီးပါးပေါ့ ကျန်ခဲ့သေးတယ်ပေါ့နော်။ အဲ့တော့ ကျန်ခဲ့တဲ့ patient တွေ ထဲမှာ ပိုပြီးစိုးရိမ်ရတာ ကျန်ခဲ့တဲ့သူတော်တော်များများက HIV patient တွေသည် HIV ရောဂါတစ်ခု တည်း မဟုတ်ဘူး။ သူနဲ့ဆက်စပ်တဲ့ ရောဂါအခြေအနေအရမ်းဆိုးတဲ့ second line စောင့်နေတဲ့ ART patient တွေရှိမယ်။ နောက်ထပ် အသည်းရောင်အသားဝါ C ရောဂါတွေနဲ့ တွဲနေတဲ့ Patient တွေရှိမယ်ပေါ့။ ပြောမယ် ဆိုရင် အရမ်းကို အန္တရာယ်ရှိတဲ့ အုပ်စုတွေကျန်ခဲ့တာပေါ့နော်” ဟု ပြောသည်။

ထို့ကြောင့် “Second line ဆိုတာလည်း အစိုးရဘက်က မပေးနိုင်တဲ့ ကာလမှာဆိုရင် MSF ကပဲ အဓိက လူနာ ကို ဆေးဝါးရရှိရေး၊ သူတို့ရဲ့ ကျန်းမာရေးကိစ္စရပ်တွေကို ဆောင်ရွက်နေတဲ့အချိန်မှာ ဒီလိုမျိုးရပ်တန့်လိုက်တဲ့ အတွက် ကျန်ရှိနေတဲ့ သူတို့သည် ပိုပြီးတော့ အန္တရာယ်ရှိတဲ့ အုပ်စုဖြစ်တဲ့အတွက် နောက်တစ်ချက်က ဟိုဟာရှိ သေးတယ် Child HIV patient တွေရှိမယ်။ ဒီကလေးတွေကလည်း ကျန်နေသေးတာကိုး။ ကလေးကလည်း ၃၀၀ ကျော်လောက်ကျန်သေးတယ်ဗျ။ အဲ့တော့ ဒီကလေးတွေရဲ့ ART ဆက်လက်ရရှိဖို့ အခြေအနေတွေ နောက်အခုက သာမန် patient တွေ မဟုတ်တဲ့ အခြေအနေတွေက ဒီလိုရပ်တန့်လိုက်မယ် ဆိုရင် ရေရှည်မှာ ပေါ့နော် သူတို့အတွက် အသက်အန္တရာယ်ကို ထိခိုက် လာနိုင်တဲ့ အခြေအနေမျိုးတွေက စိုးရိမ်စရာရှိ တာပေါ့ နော်” ဟု ဦးဇော်ထွန်း က ဆက်ပြောသည်။

အာဏာပိုင်များက အကြောင်းကြားလာသည့် MSF (တနင်္သာရီတိုင်း) အတွင်း လုပ်ဆောင်နေသည့် လုပ်ငန်းစဉ် များအား ရပ်ဆိုင်းထားရန်စာကို ဇွန်လ ၈ ရက်နေ့က ရရှိခဲ့ခြင်းဖြစ်ကြောင်း၊ ယခုချိန် လူနာများ လိုအပ်နေသည့် ကျန်းမာရေးဆိုင်ရက အကူအညီများကို ရပ်နားခြင်းမျိုးမပြုလုပ်ရန် MSF အနေဖြင့် ဆွေးနွေးအဖြေရှာ သွား မည်ဟု ၎င်းတို့၏ FB လူမှုကွန်ရက်စာမျက်နှာတွင် ထုတ်ပြန်ထားသည်။

“လူနာအသစ်များ ‌ရောဂါရှာဖွေခြင်းနှင့် ကုသမှုခံယူဖို့ တားဆီးရာ ရောက်နေပါတယ်။ ဒါ့အပြင် ကုသမှုရယူဖို့ အလွန်အရေးပါတဲ့ စိတ်ပိုင်းဆိုင်ရာ၊ နှစ်သိမ့်ဆွေးနွေးပေးခြင်းများ ကိုလည်း ထိခိုက်စေနိုင်ပါတယ်။ အခုလို လူနာများလိုအပ်နေတဲ့ကျန်းမာရေးအကူအညီကို ရပ်နားခြင်းမျိုး မပြုလုပ်ဖို့ MSF အနေဖြင့် ဘယ်လိုနည်းနဲ့မဆို ဆွေးနွေးအဖြေရှာသွားပါမယ်” ဟု MSF က ထုတ်ပြန်ထား သည်။

ထားဝယ်မြို့နယ်အတွင်းက MSF အဖွဲ့အပါအဝင်၊ အခြားသော INGOs အဖွဲ့အစည်းများဖြစ်ကြသည့် World Vision Myanmar, Child Fund Myanmar (ကလေးသူငယ် ရန်ပုံငွေအဖွဲ့)၊ NRC-Norwegian Refugee Council in Myanmar, World War Life fund, Mines Advisory Group Myanmar (မြေမြှုပ်မိုင်းရှင်းလင်း ရေး လုပ်ဆောင်နေသည့်အဖွဲ့) စသည်တို့ကိုလည်း ရုံးများ(ခေတ္တ) ပိတ်ထားရန် အကြောင်းကြားစာများ ပေးပို့ ထားသည် ဟု သိရသည်။

နယ်စည်းမခြားဆရာဝန်များအဖွဲ့ ဆွစ်ဇလန်(ထားဝယ်)သည် ပြီးခဲ့သည့် ၂၀၀၄ ခုနှစ်ကတည်းက ဒေသအတွင်းရှိ HIV ဆိုင်ရာ ကုသရေး၊ ကာကွယ်ရေး လုပ်ငန်းများကို သက်ဆိုင်ရာကျန်းမာရေးဌာန၏ လမ်းညွန်မှုများအတိုင်း လုပ်ဆောင်ပေးခဲ့ရာ ဆယ်စုနှစ် ၂စုအတွင်း HIV ရောဂါကူးစက်မှုနှင့် ရောဂါကြောင့် သေဆုံးမှုကို လျှော့ချပေးခဲ့ သည့်အတွက် ယခုကဲ့သို့ လက်ရှိဆောင်ရွက်နေသည့် ဆေးကုသမှုဆိုင်ရာ ဝန်ဆောင်မှုများကို ရန်နားရန် ညွန် ကြားခြင်းသည် HIV ရောဂါပိုးဖြင့် အသက်ရှင်နေရသူများအတွက် အလွန်စိုးရိမ်မိသည်ဟု အနာဂတ်အလင်း ရောင် ဘဝတူ ကူညီပံ့ပိုးရေးအဖွဲ့ က ပြောသည်။

မည်သည့်အကြောင်းကြောင့် ယခုကဲ့သို့ ရန်ဆိုင်းရန် အာဏာပိုင်းများက အကြောင်းကြားလာသည်ကို မသိဘူး ဟု MSFအဖွဲ့ နှင့် အနာဂါတ်အလင်းရောင် ဘဝတူ ကူညီပံ့ပိုးရေးအဖွဲ့ က ဆိုသည်။

ထို့ကြောင့် သက်ဆိုင်ရာ တိုင်းဒေသကြီး ဒေသဆိုင်ရာ အုပ်ချုပ်ရေးကောင်စီနှင့် ကျန်းမာရေးဦးစီးဌာနအနေဖြင့် အလေးအနက်ထားပြန်လည်သုံးသပ်ရန်နှင့် ဆေးကုသမှုများကို ဆက်လက်ဆောင်ရွက်ခွင့်ပြုရန် အနာဂတ် အလင်းရောင်ဘဝတူကူညီပံ့ပိုးရေးအဖွဲ့နှင့် ဒေသအတွင်းက HIV ရောဂါပိုးဖြင့် အသက်ရှင်နေထိုင်သူများက ဇွန်လ ၁၀ ရက်နေ့ ထုတ်ပြန် တောင်းဆိုထားသည်။

Photo – MSF

*** ZAWGYI ***
ႏိုင္ငံတကာ NGO မ်ားအား စစ္ေကာင္စီက လုပ္ငန္းရပ္ဆိုင္းရန္ ၫႊန္ၾကား၊
လူ ၂၀၀၀ ေက်ာ္ အသက္အႏၲရာယ္ ျဖစ္ေစႏိုင္မည္။

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဇြန္လ ၁၁ ရက္။

ႏိုင္ငံျခား က်န္းမာေရး NGO တစ္ခုကို တနသၤာရီတိုင္းအတြင္း လုပ္ငန္းမ်ား ရပ္ဆိုင္းရန္ စစ္ေကာင္စီက တားျမစ္သည့္အတြက္ လူနာေပါင္း ၂၀၀၀ ေက်ာ္ အသက္အႏၲရာယ္ ထိခိုက္ေစမည္ဟု MSF အဖြဲ႕က ေျပာသည္။

နယ္စည္းမျခား ဆရာဝန္မ်ားအဖြဲ႕ MSF ၏ တနသၤာရီတိုင္း၊ ထားဝယ္ၿမိဳ႕နယ္အတြင္း လုပ္ေဆာင္ေနသည့္ လုပ္ ငန္းစဥ္မ်ားအား ရပ္ဆိုင္းထားရန္ စစ္ေကာင္စီက အေၾကာင္းၾကားခဲ့ျခင္းျဖစ္သည္။

“အခုလို ေတာင္းဆိုခ်က္ဟာ ထားဝယ္ရွိ MSF ေဆးခန္းတြင္ ကုသမႈခံယူေနတဲ့ အိုတ္ခ်္အိုင္ဗြီႏွင့္တီဘီလူနာ ၂ ေထာင္ေက်ာ္၏ အသက္ကို ၿခိမ္းေျခာက္ေနပါတယ္။ အခုလို လုပ္ရပ္ေၾကာင့္ ေနာက္ထပ္ကူးစက္ျပန႔္ပြားလာ မည့္ ေရာဂါမ်ားအတြက္ စိုးရိမ္စရာပါ။” ဟု MSF က ဝက္ဆိုက္တြင္ ေရးသားထားသည္။

တနသၤာရီတိုင္းေဒသႀကီးအတြင္းရွိ HIV ေရာဂါပိုးရွိသူမ်ားအတြက္ ေန႔စဥ္ေသာက္ရန္လိုအပ္သည့္ ေဆးဝါးမ်ား ျပတ္ေတာက္သြားႏိုင္ၿပီး အသက္အႏၲရာယ္ထိခိုက္မည္ကို စိုးရိမ္သည္ဟု တနၤသာရီတိုင္းေဒသႀကီးအတြင္းရွိ HIV ေရာဂါဆိုင္ရာ ကုသေရး၊ ကာကြယ္ေရး၊ ျပဳစုေစာင့္ေရွာက္ေရးလုပ္ငန္းမ်ားကို MSFအဖြဲ႕ႏွင့္ အတူပူးေပါင္း လုပ္ ေဆာင္ေနသည့္ အနာဂါတ္အလင္းေရာင္ ဘဝတူကူညီပံ့ပိုးေရးအဖြဲ႕ က ေျပာသည္။

အနာဂါတ္အလင္းေရာင္ ဘဝတူ ကူညီပံ့ပိုးေရးအဖြဲ႕ အမႈေဆာင္ဒါ႐ိုက္တာ ဦးေဇာ္ထြန္း က “စစ္အစိုးရ အာဏာသိမ္းတဲ့ေနာက္ပိုင္းမွာက transfer out လုပ္ရတဲ့ လုပ္ငန္းေတြ ကို ရပ္ထားရတာေပါ့ေနာ္။ အခုဆိုရင္ ၂၀၀၀ နီးပါးေပါ့ က်န္ခဲ့ေသးတယ္ေပါ့ေနာ္။ အဲ့ေတာ့ က်န္ခဲ့တဲ့ patient ေတြ ထဲမွာ ပိုၿပီးစိုးရိမ္ရတာ က်န္ခဲ့တဲ့သူေတာ္ေတာ္မ်ားမ်ားက HIV patient ေတြသည္ HIV ေရာဂါတစ္ခု တည္း မဟုတ္ဘူး။ သူနဲ႔ဆက္စပ္တဲ့ ေရာဂါအေျခအေနအရမ္းဆိုးတဲ့ second line ေစာင့္ေနတဲ့ ART patient ေတြရွိမယ္။ ေနာက္ထပ္ အသည္းေရာင္အသားဝါ C ေရာဂါေတြနဲ႔ တြဲေနတဲ့ Patient ေတြရွိမယ္ေပါ့။ ေျပာမယ္ ဆိုရင္ အရမ္းကို အႏၲရာယ္ရွိတဲ့ အုပ္စုေတြက်န္ခဲ့တာေပါ့ေနာ္” ဟု ေျပာသည္။

ထို႔ေၾကာင့္ “Second line ဆိုတာလည္း အစိုးရဘက္က မေပးႏိုင္တဲ့ ကာလမွာဆိုရင္ MSF ကပဲ အဓိက လူနာ ကို ေဆးဝါးရရွိေရး၊ သူတို႔ရဲ႕ က်န္းမာေရးကိစၥရပ္ေတြကို ေဆာင္႐ြက္ေနတဲ့အခ်ိန္မွာ ဒီလိုမ်ိဳးရပ္တန႔္လိုက္တဲ့ အတြက္ က်န္ရွိေနတဲ့ သူတို႔သည္ ပိုၿပီးေတာ့ အႏၲရာယ္ရွိတဲ့ အုပ္စုျဖစ္တဲ့အတြက္ ေနာက္တစ္ခ်က္က ဟိုဟာရွိ ေသးတယ္ Child HIV patient ေတြရွိမယ္။ ဒီကေလးေတြကလည္း က်န္ေနေသးတာကိုး။ ကေလးကလည္း ၃၀၀ ေက်ာ္ေလာက္က်န္ေသးတယ္ဗ်။ အဲ့ေတာ့ ဒီကေလးေတြရဲ႕ ART ဆက္လက္ရရွိဖို႔ အေျခအေနေတြ ေနာက္အခုက သာမန္ patient ေတြ မဟုတ္တဲ့ အေျခအေနေတြက ဒီလိုရပ္တန႔္လိုက္မယ္ ဆိုရင္ ေရရွည္မွာ ေပါ့ေနာ္ သူတို႔အတြက္ အသက္အႏၲရာယ္ကို ထိခိုက္ လာႏိုင္တဲ့ အေျခအေနမ်ိဳးေတြက စိုးရိမ္စရာရွိ တာေပါ့ ေနာ္” ဟု ဦးေဇာ္ထြန္း က ဆက္ေျပာသည္။

အာဏာပိုင္မ်ားက အေၾကာင္းၾကားလာသည့္ MSF (တနသၤာရီတိုင္း) အတြင္း လုပ္ေဆာင္ေနသည့္ လုပ္ငန္းစဥ္ မ်ားအား ရပ္ဆိုင္းထားရန္စာကို ဇြန္လ ၈ ရက္ေန႔က ရရွိခဲ့ျခင္းျဖစ္ေၾကာင္း၊ ယခုခ်ိန္ လူနာမ်ား လိုအပ္ေနသည့္ က်န္းမာေရးဆိုင္ရက အကူအညီမ်ားကို ရပ္နားျခင္းမ်ိဳးမျပဳလုပ္ရန္ MSF အေနျဖင့္ ေဆြးေႏြးအေျဖရွာ သြား မည္ဟု ၎တို႔၏ FB လူမႈကြန္ရက္စာမ်က္ႏွာတြင္ ထုတ္ျပန္ထားသည္။

“လူနာအသစ္မ်ား ‌ေရာဂါရွာေဖြျခင္းႏွင့္ ကုသမႈခံယူဖို႔ တားဆီးရာ ေရာက္ေနပါတယ္။ ဒါ့အျပင္ ကုသမႈရယူဖို႔ အလြန္အေရးပါတဲ့ စိတ္ပိုင္းဆိုင္ရာ၊ ႏွစ္သိမ့္ေဆြးေႏြးေပးျခင္းမ်ား ကိုလည္း ထိခိုက္ေစႏိုင္ပါတယ္။ အခုလို လူနာမ်ားလိုအပ္ေနတဲ့က်န္းမာေရးအကူအညီကို ရပ္နားျခင္းမ်ိဳး မျပဳလုပ္ဖို႔ MSF အေနျဖင့္ ဘယ္လိုနည္းနဲ႔မဆို ေဆြးေႏြးအေျဖရွာသြားပါမယ္” ဟု MSF က ထုတ္ျပန္ထား သည္။

ထားဝယ္ၿမိဳ႕နယ္အတြင္းက MSF အဖြဲ႕အပါအဝင္၊ အျခားေသာ INGOs အဖြဲ႕အစည္းမ်ားျဖစ္ၾကသည့္ World Vision Myanmar, Child Fund Myanmar (ကေလးသူငယ္ ရန္ပုံေငြအဖြဲ႕)၊ NRC-Norwegian Refugee Council in Myanmar, World War Life fund, Mines Advisory Group Myanmar (ေျမျမႇဳပ္မိုင္းရွင္းလင္း ေရး လုပ္ေဆာင္ေနသည့္အဖြဲ႕) စသည္တို႔ကိုလည္း ႐ုံးမ်ား(ေခတၱ) ပိတ္ထားရန္ အေၾကာင္းၾကားစာမ်ား ေပးပို႔ ထားသည္ ဟု သိရသည္။

နယ္စည္းမျခားဆရာဝန္မ်ားအဖြဲ႕ ဆြစ္ဇလန္(ထားဝယ္)သည္ ၿပီးခဲ့သည့္ ၂၀၀၄ ခုႏွစ္ကတည္းက ေဒသအတြင္းရွိ HIV ဆိုင္ရာ ကုသေရး၊ ကာကြယ္ေရး လုပ္ငန္းမ်ားကို သက္ဆိုင္ရာက်န္းမာေရးဌာန၏ လမ္းၫြန္မႈမ်ားအတိုင္း လုပ္ေဆာင္ေပးခဲ့ရာ ဆယ္စုႏွစ္ ၂စုအတြင္း HIV ေရာဂါကူးစက္မႈႏွင့္ ေရာဂါေၾကာင့္ ေသဆုံးမႈကို ေလွ်ာ့ခ်ေပးခဲ့ သည့္အတြက္ ယခုကဲ့သို႔ လက္ရွိေဆာင္႐ြက္ေနသည့္ ေဆးကုသမႈဆိုင္ရာ ဝန္ေဆာင္မႈမ်ားကို ရန္နားရန္ ၫြန္ ၾကားျခင္းသည္ HIV ေရာဂါပိုးျဖင့္ အသက္ရွင္ေနရသူမ်ားအတြက္ အလြန္စိုးရိမ္မိသည္ဟု အနာဂတ္အလင္း ေရာင္ ဘဝတူ ကူညီပံ့ပိုးေရးအဖြဲ႕ က ေျပာသည္။

မည္သည့္အေၾကာင္းေၾကာင့္ ယခုကဲ့သို႔ ရန္ဆိုင္းရန္ အာဏာပိုင္းမ်ားက အေၾကာင္းၾကားလာသည္ကို မသိဘူး ဟု MSFအဖြဲ႕ ႏွင့္ အနာဂါတ္အလင္းေရာင္ ဘဝတူ ကူညီပံ့ပိုးေရးအဖြဲ႕ က ဆိုသည္။

ထို႔ေၾကာင့္ သက္ဆိုင္ရာ တိုင္းေဒသႀကီး ေဒသဆိုင္ရာ အုပ္ခ်ဳပ္ေရးေကာင္စီႏွင့္ က်န္းမာေရးဦးစီးဌာနအေနျဖင့္ အေလးအနက္ထားျပန္လည္သုံးသပ္ရန္ႏွင့္ ေဆးကုသမႈမ်ားကို ဆက္လက္ေဆာင္႐ြက္ခြင့္ျပဳရန္ အနာဂတ္ အလင္းေရာင္ဘဝတူကူညီပံ့ပိုးေရးအဖြဲ႕ႏွင့္ ေဒသအတြင္းက HIV ေရာဂါပိုးျဖင့္ အသက္ရွင္ေနထိုင္သူမ်ားက ဇြန္လ ၁၀ ရက္ေန႔ ထုတ္ျပန္ ေတာင္းဆိုထားသည္။

Photo – MSF