ယုဇန မြေနေရာကို သိမ်းယူထားပြီဖြစ်၍ ပစ္စည်းများ ဝင်ရောက်ယူခြင်းမပြုရန် KIA သတိပေး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဇွန်လ ၁၂ ရက်။

ကချင်ပြည်နယ်၊ တနိုင်းဒေသ လီဒိုလမ်းမပေါ်ရှိ ယုဇနကုမ္ပဏီက သိမ်းယူခဲ့သည့် မြေများနှင့် ကုမ္ပဏီခြံဝန်း အတွင်းက ပစ္စည်းများကို မယူကြဖို့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO က ဇွန်လ ၁၀ ရက်နေ့ ရက်စွဲနှင့် ထုတ်ပြန် သတိပေး လိုက်သည်။

ကချင်လွတ်လပ်ရေးတပ်မတော် KIA က ယုဇနကုမ္ပဏီကို သိမ်းယူခဲ့ပြီးနောက် အနီးအနားရှိ ပြည်သူများက ဝင် ရောက်နေရာယူမှုများရှိနေပြီး၊ ကုမ္ပဏီမှ ဝန်ထမ်းအချို့လည်း ရှိနေသေးသည်ဆိုသည့် သတင်းများ ထွက်ပေါ် နေသည့်အတွက် ယခုကဲ့သို့ သတိပေးစာ ထွက်ပေါ်လာရခြင်း ဖြစ်သည်ဟု ဒေသခံအချို့ ပြောသည်။

အမည်မဖော်လိုသူ ဒေသခံတစ်ဦးက “ကျနော်တို့ ဒီလီဒိုလမ်းပေါ်ကလူတွေပဲ မဟုတ်၊ တခြား မိုးကောင်းတို့၊ တနိုင်းတို့ ဘက်က လူတွေလည်းပါတယ်နော်။ ကုမ္ပဏီထဲက ပစ္စည်းတွေ၊ သံတိုသံစတွေယူတယ်။ တချို့ဆို ဝင် ပြီးစိုက်ပျိုးနေတာတွေရှိတယ်။ အဲ့ဒါ KIA က စာရင်းကောက်ခိုင်းထားတယ်” ဟု ပြောသည်။

မေလ ၁၀ ရက်နေ့ တွင် ထိုနေရာကို KIA က သိမ်းထားလိုက်ပြီး ဖြစ်ကြောင်း KIO ၏ ထုတ်ပြန်ချက်ထဲတွင် ဖော်ပြသည်။

“ကချင်လွတ်လပ်ရေးအဖွဲ့၊ ပြည်သူ့အုပ်ချုပ်ရေးဌာန၊ အနောက်ပိုင်းတိုင်းဌာနချုပ်၊ ဟူးကောင်းခရိုင် အုပ်ချုပ်ရေးရုံးက ယုဇနကုမ္ပဏီက ပီလောပီနံ စိုက်ခင်းပြု လုပ်ပြီး တရားမဝင် သိမ်းယူထားတဲ့ မြေယာတွေအားလုံးနဲ့ တရားမဝင်အသုံးပြုနေတဲ့ စက်ပစ္စည်း ကရိယာတွေ ကို သိမ်းဆည်း ရယူပြီး ဖြစ်ကြောင်း၊ အဲ့ဒီနေရာမှာ တရားဝင်ခွင့်ပြုခြင်းမရှိဘဲ လယ်ယာမြေ၊ ခြံ၊ စိုက်ပျိုး ခြင်း၊ တခြား အမျိုးမျိုးသော နည်းလမ်းတွေနဲ့ မြေယာတွေကို အသုံးပြုခြင်း၊ မြေနေရာ ဦးယူခြင်းတွေ လုံးဝ မပြုကြဖို့နဲ့ ယုဇန ကုမ္ပဏီက စက်ကရိယာပစ္စည်းတွေကို မိမိကိုယ်ပိုင်အကျိုးစီးပွားအတွက် သိမ်းယူခြင်းတွေ လုံးဝ မလုပ်ကြဖို့” ဟု သတိပေးထားသည်။

ထို့အပြင် ဒေသခံ ပြည်သူများအနေဖြင့် ယုဇန ကုမ္ပဏီက ဝန်ထမ်းများ၊ ကုမ္ပဏီ မိသားစုဝင်များကို နေရာထိုင် ခင်းပေးခြင်း၊ လက်ခံခြင်းများလည်း လုံးဝလုပ်ရန်နှင့် ယခု သတိပေးလိုက်သည့် အတိုင်း လိုက်နာကျင့်သုံးခြင်း မရှိပါက မည်သူပင်ဖြစ်စေ ပြင်းပြင်းထန်ထန် အရေးယူသွားမည်ဖြစ်ကြောင်း အသိပေး ကြေညာထားသည်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ တနိုင်းသွားလမ်းပေါ်ရှိ ဘန်ကောက်ကျေးရွာအနီးရှိ ယုဇနကုမ္ပဏီပိုင်ဝန်းတစ်ဝန်းလုံးအပြင်၊ ဝန်းအတွင်းရှိ အဆောက်အဦများ၊ စက်ပစ္စည်းများကို ကချင်လွတ်လပ်ရေးတပ်မတော်က ဧပြီလတုန်းတစ်ကြိမ်၊ မေလတုန်းက တစ်ကြိမ် နှစ်ကြိမ် ဝင်ရောက်ဖျက်ဆီးပြီး သိမ်းယူထားခြင်း ဖြစ်သည်။

တနိုင်း-လီဒိုလမ်းမကြီးပေါ်က ဟူးကောင်း ချိုင့်ဝှမ်းဒေသအတွင်းရှိ ရှဒူးဇွပ်၊ နမ့်ဖြတ်၊ တိန်ကောက်၊ တနိုင်း၊ ဝါရာဇွပ်၊ နောင်း မီ၊ စံပြ၊ အောင်ရာနှင့် ကောင်းရာ ကျေးရွာများက ဘိုးဘွားပိုင် မြေဧက ၂ သိန်းကျော်ကို ယုဇနကုမ္ပဏီ က ၂၀၀၆ ခုနှစ် ကတည်း သိမ်းယူခဲ့ခြင်းကြောင့် မြေယာအငြင်းပွားမှုများ ယနေ့အချိန်ထိ ဖြစ်ပွားနေခြင်း ဖြစ်သည်။

၂၀၀၆ ခုနှစ်တွင် ယုဇနကုမ္ပဏီက မြေလွတ်မြေရိုင်းအဖြစ် စစ်အစိုးရထံ လျှောက်ထားကာ သိမ်းဆည်းလိုက်သည့် နောက် စီးပွားဖြစ် ပီလောပီနံများ စိုက်ပျိုးထားခြင်း ဖြစ်သည်။

၁၅ နှစ်ကျော်အကြာ ကုမ္ပဏီက သိမ်းယူခဲ့သည့် အဆိုပါနေရာကနေ ထွက်သွား ယုဇနကုမ္ပဏီ အနေဖြင့် အပြီးအပိုင် ထွက်သွားပေးရန်၊ ယုဇနကုမ္ပဏီကို လုံးဝ အလိုမရှိကြောင်း၊ ၎င်းတို့၏ မြေပေါ်မှာ အပြီးအပိုင် ထွက်သွားပေးပြီး ဒေသခံဌာနေ ပြည်သူ တောင်သူလယ်သမားများ အခွင့်အရေးရရှိရေးနှင့် မိမိတို့ပိုင် မြေယာများကို ကိုယ်ပိုင်စီမံခန့်ခွဲ သွားမည်ဖြစ်ကြောင်း ဧပြီလ ၇ ရက်နေ့က ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

*** ZAWGYI ***
ယုဇန ေျမေနရာကို သိမ္းယူထားၿပီျဖစ္၍ ပစၥည္းမ်ား ဝင္ေရာက္ယူျခင္းမျပဳရန္ KIA သတိေပး

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဇြန္လ ၁၂ ရက္။

ကခ်င္ျပည္နယ္၊ တႏိုင္းေဒသ လီဒိုလမ္းမေပၚရွိ ယုဇနကုမၸဏီက သိမ္းယူခဲ့သည့္ ေျမမ်ားႏွင့္ ကုမၸဏီၿခံဝန္း အတြင္းက ပစၥည္းမ်ားကို မယူၾကဖို႔ ကခ်င္လြတ္လပ္ေရးအဖြဲ႕ KIO က ဇြန္လ ၁၀ ရက္ေန႔ ရက္စြဲႏွင့္ ထုတ္ျပန္ သတိေပး လိုက္သည္။

ကခ်င္လြတ္လပ္ေရးတပ္မေတာ္ KIA က ယုဇနကုမၸဏီကို သိမ္းယူခဲ့ၿပီးေနာက္ အနီးအနားရွိ ျပည္သူမ်ားက ဝင္ ေရာက္ေနရာယူမႈမ်ားရွိေနၿပီး၊ ကုမၸဏီမွ ဝန္ထမ္းအခ်ိဳ႕လည္း ရွိေနေသးသည္ဆိုသည့္ သတင္းမ်ား ထြက္ေပၚ ေနသည့္အတြက္ ယခုကဲ့သို႔ သတိေပးစာ ထြက္ေပၚလာရျခင္း ျဖစ္သည္ဟု ေဒသခံအခ်ိဳ႕ ေျပာသည္။

အမည္မေဖာ္လိုသူ ေဒသခံတစ္ဦးက “က်ေနာ္တို႔ ဒီလီဒိုလမ္းေပၚကလူေတြပဲ မဟုတ္၊ တျခား မိုးေကာင္းတို႔၊ တႏိုင္းတို႔ ဘက္က လူေတြလည္းပါတယ္ေနာ္။ ကုမၸဏီထဲက ပစၥည္းေတြ၊ သံတိုသံစေတြယူတယ္။ တခ်ိဳ႕ဆို ဝင္ ၿပီးစိုက္ပ်ိဳးေနတာေတြရွိတယ္။ အဲ့ဒါ KIA က စာရင္းေကာက္ခိုင္းထားတယ္” ဟု ေျပာသည္။

ေမလ ၁၀ ရက္ေန႔ တြင္ ထိုေနရာကို KIA က သိမ္းထားလိုက္ၿပီး ျဖစ္ေၾကာင္း KIO ၏ ထုတ္ျပန္ခ်က္ထဲတြင္ ေဖာ္ျပသည္။

“ကခ်င္လြတ္လပ္ေရးအဖြဲ႕၊ ျပည္သူ႔အုပ္ခ်ဳပ္ေရးဌာန၊ အေနာက္ပိုင္းတိုင္းဌာနခ်ဳပ္၊ ဟူးေကာင္းခ႐ိုင္ အုပ္ခ်ဳပ္ေရး႐ုံးက ယုဇနကုမၸဏီက ပီေလာပီနံ စိုက္ခင္းျပဳ လုပ္ၿပီး တရားမဝင္ သိမ္းယူထားတဲ့ ေျမယာေတြအားလုံးနဲ႔ တရားမဝင္အသုံးျပဳေနတဲ့ စက္ပစၥည္း ကရိယာေတြ ကို သိမ္းဆည္း ရယူၿပီး ျဖစ္ေၾကာင္း၊ အဲ့ဒီေနရာမွာ တရားဝင္ခြင့္ျပဳျခင္းမရွိဘဲ လယ္ယာေျမ၊ ၿခံ၊ စိုက္ပ်ိဳး ျခင္း၊ တျခား အမ်ိဳးမ်ိဳးေသာ နည္းလမ္းေတြနဲ႔ ေျမယာေတြကို အသုံးျပဳျခင္း၊ ေျမေနရာ ဦးယူျခင္းေတြ လုံးဝ မျပဳၾကဖို႔နဲ႔ ယုဇန ကုမၸဏီက စက္ကရိယာပစၥည္းေတြကို မိမိကိုယ္ပိုင္အက်ိဳးစီးပြားအတြက္ သိမ္းယူျခင္းေတြ လုံးဝ မလုပ္ၾကဖို႔” ဟု သတိေပးထားသည္။

ထို႔အျပင္ ေဒသခံ ျပည္သူမ်ားအေနျဖင့္ ယုဇန ကုမၸဏီက ဝန္ထမ္းမ်ား၊ ကုမၸဏီ မိသားစုဝင္မ်ားကို ေနရာထိုင္ ခင္းေပးျခင္း၊ လက္ခံျခင္းမ်ားလည္း လုံးဝလုပ္ရန္ႏွင့္ ယခု သတိေပးလိုက္သည့္ အတိုင္း လိုက္နာက်င့္သုံးျခင္း မရွိပါက မည္သူပင္ျဖစ္ေစ ျပင္းျပင္းထန္ထန္ အေရးယူသြားမည္ျဖစ္ေၾကာင္း အသိေပး ေၾကညာထားသည္။

ကခ်င္ျပည္နယ္၊ ဖားကန႔္ၿမိဳ႕နယ္၊ တႏိုင္းသြားလမ္းေပၚရွိ ဘန္ေကာက္ေက်း႐ြာအနီးရွိ ယုဇနကုမၸဏီပိုင္ဝန္းတစ္ဝန္းလုံးအျပင္၊ ဝန္းအတြင္းရွိ အေဆာက္အဦမ်ား၊ စက္ပစၥည္းမ်ားကို ကခ်င္လြတ္လပ္ေရးတပ္မေတာ္က ဧၿပီလတုန္းတစ္ႀကိမ္၊ ေမလတုန္းက တစ္ႀကိမ္ ႏွစ္ႀကိမ္ ဝင္ေရာက္ဖ်က္ဆီးၿပီး သိမ္းယူထားျခင္း ျဖစ္သည္။

တႏိုင္း-လီဒိုလမ္းမႀကီးေပၚက ဟူးေကာင္း ခ်ိဳင့္ဝွမ္းေဒသအတြင္းရွိ ရွဒူးဇြပ္၊ နမ့္ျဖတ္၊ တိန္ေကာက္၊ တႏိုင္း၊ ဝါရာဇြပ္၊ ေနာင္း မီ၊ စံျပ၊ ေအာင္ရာႏွင့္ ေကာင္းရာ ေက်း႐ြာမ်ားက ဘိုးဘြားပိုင္ ေျမဧက ၂ သိန္းေက်ာ္ကို ယုဇနကုမၸဏီ က ၂၀၀၆ ခုႏွစ္ ကတည္း သိမ္းယူခဲ့ျခင္းေၾကာင့္ ေျမယာအျငင္းပြားမႈမ်ား ယေန႔အခ်ိန္ထိ ျဖစ္ပြားေနျခင္း ျဖစ္သည္။

၂၀၀၆ ခုႏွစ္တြင္ ယုဇနကုမၸဏီက ေျမလြတ္ေျမ႐ိုင္းအျဖစ္ စစ္အစိုးရထံ ေလွ်ာက္ထားကာ သိမ္းဆည္းလိုက္သည့္ ေနာက္ စီးပြားျဖစ္ ပီေလာပီနံမ်ား စိုက္ပ်ိဳးထားျခင္း ျဖစ္သည္။

၁၅ ႏွစ္ေက်ာ္အၾကာ ကုမၸဏီက သိမ္းယူခဲ့သည့္ အဆိုပါေနရာကေန ထြက္သြား ယုဇနကုမၸဏီ အေနျဖင့္ အၿပီးအပိုင္ ထြက္သြားေပးရန္၊ ယုဇနကုမၸဏီကို လုံးဝ အလိုမရွိေၾကာင္း၊ ၎တို႔၏ ေျမေပၚမွာ အၿပီးအပိုင္ ထြက္သြားေပးၿပီး ေဒသခံဌာေန ျပည္သူ ေတာင္သူလယ္သမားမ်ား အခြင့္အေရးရရွိေရးႏွင့္ မိမိတို႔ပိုင္ ေျမယာမ်ားကို ကိုယ္ပိုင္စီမံခန႔္ခြဲ သြားမည္ျဖစ္ေၾကာင္း ဧၿပီလ ၇ ရက္ေန႔က ဆႏၵထုတ္ေဖာ္ခဲ့ၾကသည္။