စစ်ကောင်စီနှင့် တိုင်းရင်းသား တပ်ဖွဲ့များ တိုက်ပွဲကြောင့် ရှမ်းမြောက် ဒေသခံများ စစ်ဘေးရှောင်နေရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဇွန်လ ၁၆ ရက်။

ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ ပန်ကူကျေးရွာအုပ်စုထဲက လွယ်ကန်ရွာမှ ရွာသား ၁၅၀ ကျော် သည် ယနေ့ နံနက်ပိုင်းနှင့် ယမန်နေ့က ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် စစ်ဘေးတိမ်းရှောင်နေကြရသည်။

ကွတ်ခိုင်မြို့နယ်၊ ကုန်းဆာနှင့် လွယ်ကန်ကျေးရွာအနီးတွင် စစ်ကောင်စီတပ်များနှင့် တိုင်းရင်းသားလက်နက် ကိုင်တော်လှန်ရေးတပ်ဖွဲများအကြား ယနေ့ နံနက် ၈ နာရီအချိန်ခန့်မှ ၁၀ နာရီခွဲအချိန်ထိ ပစ်ခတ်မှုများရှိနေပြီး ကျေးရွာထဲသို့လည်း လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ခတ်လာသည့်အတွက် စစ်ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်လာရခြင်း ဖြစ်သည်ဟု ရွာသားများက ပြောသည်။

ပန်ကူကျေးရွာက အမည်မဖော်လိုသူ ရွာသားတစ်ဦး က “စစ်ပွဲတွေဖြစ်နေလို့။ သူတို့က ကြားခံဖြစ်နေတာပေါ့။ ရွာဟိုဘက်နဲ့ ဒီဘက်ဖြစ်နေတော့ သူတို့က စစ်ဖြစ်နေ တုန်းတော့ ကျင်း(တွင်း)တွေထဲမှာ ပုန်းနေကြတာပေ့ါ။ ဒီနေ့ကျတော့ ကျင်း(တွင်း)ထဲမှာ မအောင့်နိုင်တော့ ဒီနေ့တော့ အကုန်စစ်ရှောင်လာကြတာပါ။ ဒီနေ့တော့ နှစ် ဖက်က တိုက်ပွဲတော့ မဖြစ်တော့ဘူး။ မဖြစ်ပေမယ့် တစ်ဖက်ကပဲ လက်နက်ကြီးတွေနဲ့ လှမ်းချနေလို့၊ အဲ့ဒါကို ထိတ်လန့်လို့ ပန်ကူကို ထွက်ပြေးလာကြတာပါ။ ၁၅၀ ဟုတ်တယ်” ဟု ပြောသည်။

လွယ်ကန်ကျေးရွာအနီးတွင် ဇွန်လ ၁၅ ရက်နေ့(ယမန်နေ့) ကလည်း စစ်ကောင်စီတပ်ဖွဲ့များနှင့် မြောက်ပိုင်း မဟာမိတ်အဖွဲ့များဖြစ်ကြသည့် KIA(ကချင်)၊ TNLA(တအန်း)၊ AA(ရခိုင်)နှင့် MNDAA(ကိုးကန့်) တို့အကြား ပစ် ခတ်မှုများ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်ဟု ရွာသားများက ပြောသည်။

ဇွန်လ ၁၆ ရက်နေ့တွင် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခြင်း မရှိပဲ စစ်ကောင်စီတပ်ဘက်က လွယ်ကန်ကျေးရွာထဲသို့ လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်ခဲ့သည်ဟု ရွာသား များက ပြောသည်။

ဇွန်လ ၁၆ ရက်နေ့(ယနေ့) နေ့လည် ၁၁ နာရီခန့်က စတင်ပြီး လွယ်ကန်ကျေးရွာသားများ စစ်ဘေးတိမ်းရှောင် လာခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။ ယခုခါ ၎င်းတို့ကို ပန်ကူကျေးရွာရှိ ဘုန်းကြီးကျောင်းတွင် နေရာချထားပေးသည်ဟု သိရသည်။

ပန်ကူကျေးရွာက စစ်ရှောင်များအား ကူညီပေးနေသူ အမျိူးသမီးတစ်ဦးက “အခုလောလောဆယ်က စစ်ရှောင် တွေကို တစ်အိမ်နည်းနည်းနည်းစီ အဲ့လိုမျိုး သွားပို့တယ်။ နောက်ပြီး တအာင်းယဉ်ကျေးမှုအဖွဲ့တွေလည်း လာတယ်။ ဘုန်းကြီးကျောင်းမှာဟုတ်တယ်” ဟု ပြောသည်။

လတ်တလောတွင် စစ်ရှောင်များအတွက် ပန်ကူကျေးရွာသားများက တစ်အိမ်နည်းနည်းစီဖြင့် စားရေးသောက် ရေးအတွက် ချက်ပြုတ်ပေးနေရပြီး ဒေသအတွင်းက လူငယ်များနှင့် တအာင်း စာပေယဉ်ကျေးမှုအဖွဲ့ က စားနပ် ရိက္ခာအချို့ လာရောက်ပေးလှူခဲ့သည်ဟု ဒေသခံများက ပြောသည်။

“အခုလောလောဆယ် သူတို့က ကလေးတွေလည်းအများကြီးဆိုတော့၊ သက်ကြီးရွယ်အိုတွေလည်းပါတယ်။ စားဝတ်နေရေးနည်းနည်းပါးပါး လိုအပ်တယ်။ အခုထိ ရွာထဲမှာက စစ်သားတွေရှိနေတုန်းပဲ။ သူတို့ပြောတာ ကတော့ မဟာမိတ်အဖွဲ့တွေနဲ့ တပ်မတော်နဲ့။ ဖြစ်တာကတော့ မနေ့က တစ်နေကုန်ဖြစ်ပြီး၊ ဒီနေ့တော့ တပ်မ တော်ဘက်က ဟိုဘက်တောင် ဒီဘက်တောင် အဲ့လိုလျှောက်ပစ်နေတာ” ဟု စစ်ရှောင်များအား ကူညီပေးနေသူ အဆိုပါ အမျိုးသမီးက ဆက်ပြောသည်။

အဆိုပါ စစ်ရှောင် ၁၅၀ ကျော်အတွက် ကွတ်ခိုင်မြို့က လူငယ်များက အခြေခံစားသောက်ကုန်အချို့၊ အဝတ် အထည်များ နှင့် ကလေးငယ်များအတွက် အစာအဟာရများ သွားရောက်လှူဒါန်းခဲ့ကြသည်ဟု ကွတ်ခိုင်လူငယ် တစ်ဦးက ပြောသည်။

သို့သော် အဆိုပါ တိုက်ပွဲနှင့် ပတ်သက်၍ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့ကို ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပေ။

*** ZAWGYI ***
စစ္ေကာင္စီႏွင့္ တိုင္းရင္းသား တပ္ဖြဲ႕မ်ား တိုက္ပြဲေၾကာင့္ ရွမ္းေျမာက္ ေဒသခံမ်ား စစ္ေဘးေရွာင္ေနရ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဇြန္လ ၁၆ ရက္။

ရွမ္းျပည္နယ္ ေျမာက္ပိုင္း၊ ကြတ္ခိုင္ၿမိဳ႕နယ္၊ ပန္ကူေက်း႐ြာအုပ္စုထဲက လြယ္ကန္႐ြာမွ ႐ြာသား ၁၅၀ ေက်ာ္ သည္ ယေန႔ နံနက္ပိုင္းႏွင့္ ယမန္ေန႔က ျဖစ္ပြားခဲ့သည့္ တိုက္ပြဲမ်ားေၾကာင့္ စစ္ေဘးတိမ္းေရွာင္ေနၾကရသည္။

ကြတ္ခိုင္ၿမိဳ႕နယ္၊ ကုန္းဆာႏွင့္ လြယ္ကန္ေက်း႐ြာအနီးတြင္ စစ္ေကာင္စီတပ္မ်ားႏွင့္ တိုင္းရင္းသားလက္နက္ ကိုင္ေတာ္လွန္ေရးတပ္ဖြဲမ်ားအၾကား ယေန႔ နံနက္ ၈ နာရီအခ်ိန္ခန႔္မွ ၁၀ နာရီခြဲအခ်ိန္ထိ ပစ္ခတ္မႈမ်ားရွိေနၿပီး ေက်း႐ြာထဲသို႔လည္း လက္နက္ႀကီးမ်ားျဖင့္ ဆက္တိုက္ ပစ္ခတ္လာသည့္အတြက္ စစ္ေဘးလြတ္ရာ ထြက္ေျပး တိမ္းေရွာင္လာရျခင္း ျဖစ္သည္ဟု ႐ြာသားမ်ားက ေျပာသည္။

ပန္ကူေက်း႐ြာက အမည္မေဖာ္လိုသူ ႐ြာသားတစ္ဦး က “စစ္ပြဲေတြျဖစ္ေနလို႔။ သူတို႔က ၾကားခံျဖစ္ေနတာေပါ့။ ႐ြာဟိုဘက္နဲ႔ ဒီဘက္ျဖစ္ေနေတာ့ သူတို႔က စစ္ျဖစ္ေန တုန္းေတာ့ က်င္း(တြင္း)ေတြထဲမွာ ပုန္းေနၾကတာေပ့ါ။ ဒီေန႔က်ေတာ့ က်င္း(တြင္း)ထဲမွာ မေအာင့္ႏိုင္ေတာ့ ဒီေန႔ေတာ့ အကုန္စစ္ေရွာင္လာၾကတာပါ။ ဒီေန႔ေတာ့ ႏွစ္ ဖက္က တိုက္ပြဲေတာ့ မျဖစ္ေတာ့ဘူး။ မျဖစ္ေပမယ့္ တစ္ဖက္ကပဲ လက္နက္ႀကီးေတြနဲ႔ လွမ္းခ်ေနလို႔၊ အဲ့ဒါကို ထိတ္လန႔္လို႔ ပန္ကူကို ထြက္ေျပးလာၾကတာပါ။ ၁၅၀ ဟုတ္တယ္” ဟု ေျပာသည္။

လြယ္ကန္ေက်း႐ြာအနီးတြင္ ဇြန္လ ၁၅ ရက္ေန႔(ယမန္ေန႔) ကလည္း စစ္ေကာင္စီတပ္ဖြဲ႕မ်ားႏွင့္ ေျမာက္ပိုင္း မဟာမိတ္အဖြဲ႕မ်ားျဖစ္ၾကသည့္ KIA(ကခ်င္)၊ TNLA(တအန္း)၊ AA(ရခိုင္)ႏွင့္ MNDAA(ကိုးကန႔္) တို႔အၾကား ပစ္ ခတ္မႈမ်ား ျပင္းထန္စြာ ျဖစ္ပြားခဲ့သည္ဟု ႐ြာသားမ်ားက ေျပာသည္။

ဇြန္လ ၁၆ ရက္ေန႔တြင္ ႏွစ္ဖက္တိုက္ပြဲျဖစ္ပြားျခင္း မရွိပဲ စစ္ေကာင္စီတပ္ဘက္က လြယ္ကန္ေက်း႐ြာထဲသို႔ လက္နက္ႀကီးမ်ားျဖင့္ ဆက္တိုက္ပစ္ခတ္ခဲ့သည္ဟု ႐ြာသား မ်ားက ေျပာသည္။

ဇြန္လ ၁၆ ရက္ေန႔(ယေန႔) ေန႔လည္ ၁၁ နာရီခန႔္က စတင္ၿပီး လြယ္ကန္ေက်း႐ြာသားမ်ား စစ္ေဘးတိမ္းေရွာင္ လာျခင္း ျဖစ္သည္ဟု ေဒသခံမ်ားက ေျပာသည္။ ယခုခါ ၎တို႔ကို ပန္ကူေက်း႐ြာရွိ ဘုန္းႀကီးေက်ာင္းတြင္ ေနရာခ်ထားေပးသည္ဟု သိရသည္။

ပန္ကူေက်း႐ြာက စစ္ေရွာင္မ်ားအား ကူညီေပးေနသူ အမ်ိဴးသမီးတစ္ဦးက “အခုေလာေလာဆယ္က စစ္ေရွာင္ ေတြကို တစ္အိမ္နည္းနည္းနည္းစီ အဲ့လိုမ်ိဳး သြားပို႔တယ္။ ေနာက္ၿပီး တအာင္းယဥ္ေက်းမႈအဖြဲ႕ေတြလည္း လာတယ္။ ဘုန္းႀကီးေက်ာင္းမွာဟုတ္တယ္” ဟု ေျပာသည္။

လတ္တေလာတြင္ စစ္ေရွာင္မ်ားအတြက္ ပန္ကူေက်း႐ြာသားမ်ားက တစ္အိမ္နည္းနည္းစီျဖင့္ စားေရးေသာက္ ေရးအတြက္ ခ်က္ျပဳတ္ေပးေနရၿပီး ေဒသအတြင္းက လူငယ္မ်ားႏွင့္ တအာင္း စာေပယဥ္ေက်းမႈအဖြဲ႕ က စားနပ္ ရိကၡာအခ်ိဳ႕ လာေရာက္ေပးလႉခဲ့သည္ဟု ေဒသခံမ်ားက ေျပာသည္။

“အခုေလာေလာဆယ္ သူတို႔က ကေလးေတြလည္းအမ်ားႀကီးဆိုေတာ့၊ သက္ႀကီး႐ြယ္အိုေတြလည္းပါတယ္။ စားဝတ္ေနေရးနည္းနည္းပါးပါး လိုအပ္တယ္။ အခုထိ ႐ြာထဲမွာက စစ္သားေတြရွိေနတုန္းပဲ။ သူတို႔ေျပာတာ ကေတာ့ မဟာမိတ္အဖြဲ႕ေတြနဲ႔ တပ္မေတာ္နဲ႔။ ျဖစ္တာကေတာ့ မေန႔က တစ္ေနကုန္ျဖစ္ၿပီး၊ ဒီေန႔ေတာ့ တပ္မ ေတာ္ဘက္က ဟိုဘက္ေတာင္ ဒီဘက္ေတာင္ အဲ့လိုေလွ်ာက္ပစ္ေနတာ” ဟု စစ္ေရွာင္မ်ားအား ကူညီေပးေနသူ အဆိုပါ အမ်ိဳးသမီးက ဆက္ေျပာသည္။

အဆိုပါ စစ္ေရွာင္ ၁၅၀ ေက်ာ္အတြက္ ကြတ္ခိုင္ၿမိဳ႕က လူငယ္မ်ားက အေျခခံစားေသာက္ကုန္အခ်ိဳ႕၊ အဝတ္ အထည္မ်ား ႏွင့္ ကေလးငယ္မ်ားအတြက္ အစာအဟာရမ်ား သြားေရာက္လႉဒါန္းခဲ့ၾကသည္ဟု ကြတ္ခိုင္လူငယ္ တစ္ဦးက ေျပာသည္။

သို႔ေသာ္ အဆိုပါ တိုက္ပြဲႏွင့္ ပတ္သက္၍ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အခ်ိဳ႕ကို ဆက္သြယ္ခဲ့ေသာ္လည္း ဆက္သြယ္၍ မရခဲ့ေပ။