KIA တပ်ရင်း ၁၁ ကို ရဟတ်ယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၁ ရက်။

ကချင်လွတ်လပ်ရေးတပ်မတော် KIA ၏ လက်အောက်ခံတပ်ရင်းဖြစ်သည့် တပ်ရင်း ၁၁ နယ်မြေထဲသို့ စစ် ကောင်စီတပ်က ရဟတ်ယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

မြစ်ကြီးနားမြို့အဝင်ဂိတ်တစ်ခုဖြစ်သည့် ၂၁ မိုင် စုပေါင်းဂိတ်အား KIA ရင်း ၁၁ က ဇွန်လ ၃၀ ရက်နေ့ (ယနေ့) နံနက်အစောပိုင်းက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် ၎င်းတို့၏ နယ်မြေထဲသို့ မွန်းလွှဲ ၁ နာရီကျော် အချိန်ခန့်က ရဟတ်ယာဉ်ဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ပြောသည်။

“လေယာဉ်က တစ်စီးပဲ။ ဟက်စကီးလား အဲ့ဒါနဲ့လာပစ်တာဟုတ်တယ်။ ဟို ၂၁ မိုင်ဂိတ် ပြန်ဖွင့်တဲ့နောက်မှာ လာပစ်သွားတာပါ။ အဲ့ဒီ ၂၁ မိုင်ဂိတ်ကို ဒီမနက်က တိုက်ခိုက်ခံရပြီးတော့ ပိတ်ထားတယ်လေနော်။ ဘယ်သူမှ ဖြတ်ခွင့်မပေးဘူး အစက။ နောက် ဒီ ၁ နာရီလောက်မှ ဂိတ်ပြန်ဖွင့်တယ်၊ အဲ့ဒါပြီးတာနဲ့ လာပစ်ပြီ လေယာဉ်နဲ့။ ဒီမှာက ပြည်သူတွေတော့ မရှိတော့ဘူးလေနော်။ အားလုံးထွက်ကုန်ပြီ။ နည်းနည်းပါးပါး ရွာမှာလာကြည့်တဲ့ လူနဲ့ ဖြတ်သွားဖြတ်လာပဲရှိတာ ဟုတ်တယ်” ဟု အဆိုပါနေရာအနီးတွင် ရောက်ရှိနေသူ တစ်ဦးက ပြောသည်။

အဆိုပါနေရာအနီးတဝိုက်က ပြည်သူများအားလုံးသည် နမ္မတီးမြို့က စစ်ဘေးရှောင်စခန်းများတွင် စစ်ဘေးတိမ်း ရှောင်နေကြရသည့်အတွက် မည်သူမှ မရှိတော့ကြောင်း၊ လေယာဉ်နှင့် လာရောက်ပစ်ခတ်မှုကြောင့် တစ်စုံတစ် ရာ ထိခိုက်ဒဏ်ရာ ရရှိသူလည်း မရှိဟု သိရသည်။

ထို့အပြင် KIA ၏ တပ်မဟာ ၂ နယ်မြေထဲသို့လည်း စစ်ကောင်စီတပ်က လေယာဉ်နှစ်စီးဖြင့် လာရောက် ဗုံးကြဲ ခဲ့သည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း အဆိုပါ သတင်းများမှာ ကောလဟာလသာ ဖြစ်သည်ဟု တနိုင်း-ဟူးကောင်း ဒေသခံတစ်ဦးက ပြောသည်။

“ကျနော်တို့ ဒီတနိုင်း ဒီဟူးကောင်းမှာ လာပစ်တယ်ဆိုတာတော့ မဟုတ်ဘူးနော်။ ကျနော်တို့တော့ မသိလိုက် ဘူး။ သူတို့ပြောချင်တာက တပ်ရင်း ၁၁ ကို လာပစ်တယ်ဆိုတာကို ပြောတာဖြစ်ပါလိမ့်မယ်။ တပ်ရင်း ၁၁ က လည်း KIA တပ်မဟာ ၂ လက်အောက် ခံ တပ်လေနော်၊ အဲ့ဒါကို လာပစ်တာကို ပြောတာဖြစ်မယ်ထင်တယ်။ တပ်ရင်း ၁၁ ကို လာပစ်တာတော့ ဟုတ် တယ်။ ၂၁ မိုင်ဂိတ်ကို KIA က သွားတိုက်ခိုက်တဲ့ နောက်ဆက်တွဲ ပေါ့ ဗျာနော်။ တနိုင်း၊ ဟူးကောင်းဘက်တော့ အေးဆေးပဲ အခုတလောက။ ဒါပေမယ့်လည်း အားလုံးကတော့ သတိ နဲ့နေနေရတာပေါ့။ KIA ကလည်း တိုက်ပွဲ တွေဖြစ်လာနိုင်တဲ့အတွက် အားလုံးသတိနဲ့နေဖို့ ပြောထားတာဆို တော့လေနော်။”

ယနေ့ မြစ်ကြီးနားမြို့အဝင် ၂၁ မိုင်စုပေါင်းဂိတ်အား ဝင်ရောက်တိုက်ခိုက်ခဲ့သည့် KIA တပ်ရင်း ၁၁၊ စစ်ကောင်စီ တပ်က လေယာဉ်ဖြင့် လာရောက် ဗုံးကြဲတိုက်ခိုက်ခံရသည့် KIA တပ်ရင်း ၁၁ သည် ကချင်လွတ်လပ်ရေး တပ်မတော် KIA တပ်မဟာ (၂) လက်အောက်ခံတပ်ရင်း တစ်ရင်းဖြစ်သည်။

မြစ်ကြီးနားမြို့ အဝင် မရန့်ကျေးရွာအနီးက ၂၁ မိုင်စုပေါင်းဂိတ်အား KIA တပ်ရင်း ၁၁ ၏ ပစ်ခတ်တိုက်ခိုက် မှု ကြောင့် ရဲတပ်သားတစ်ဦးနှင့် ပြည်သူတစ်ဦး သေဆုံးပြီး၊ ရဲတပ်သားတစ်ဦးနှင့် ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

*** ZAWGYI ***
KIA တပ္ရင္း ၁၁ ကို ရဟတ္ယာဥ္ျဖင့္ ပစ္ခတ္တိုက္ခိုက္

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဇူလိုင္လ ၁ ရက္။

ကခ်င္လြတ္လပ္ေရးတပ္မေတာ္ KIA ၏ လက္ေအာက္ခံတပ္ရင္းျဖစ္သည့္ တပ္ရင္း ၁၁ နယ္ေျမထဲသို႔ စစ္ ေကာင္စီတပ္က ရဟတ္ယာဥ္ျဖင့္ ပစ္ခတ္တိုက္ခိုက္ခဲ့သည္ဟု ေဒသခံမ်ားက ေျပာသည္။

ျမစ္ႀကီးနားၿမိဳ႕အဝင္ဂိတ္တစ္ခုျဖစ္သည့္ ၂၁ မိုင္ စုေပါင္းဂိတ္အား KIA ရင္း ၁၁ က ဇြန္လ ၃၀ ရက္ေန႔ (ယေန႔) နံနက္အေစာပိုင္းက ဝင္ေရာက္တိုက္ခိုက္ခဲ့ၿပီးေနာက္ ၎တို႔၏ နယ္ေျမထဲသို႔ မြန္းလႊဲ ၁ နာရီေက်ာ္ အခ်ိန္ခန႔္က ရဟတ္ယာဥ္ျဖင့္ တိုက္ခိုက္ခဲ့ျခင္းျဖစ္သည္ဟု ေျပာသည္။

“ေလယာဥ္က တစ္စီးပဲ။ ဟက္စကီးလား အဲ့ဒါနဲ႔လာပစ္တာဟုတ္တယ္။ ဟို ၂၁ မိုင္ဂိတ္ ျပန္ဖြင့္တဲ့ေနာက္မွာ လာပစ္သြားတာပါ။ အဲ့ဒီ ၂၁ မိုင္ဂိတ္ကို ဒီမနက္က တိုက္ခိုက္ခံရၿပီးေတာ့ ပိတ္ထားတယ္ေလေနာ္။ ဘယ္သူမွ ျဖတ္ခြင့္မေပးဘူး အစက။ ေနာက္ ဒီ ၁ နာရီေလာက္မွ ဂိတ္ျပန္ဖြင့္တယ္၊ အဲ့ဒါၿပီးတာနဲ႔ လာပစ္ၿပီ ေလယာဥ္နဲ႔။ ဒီမွာက ျပည္သူေတြေတာ့ မရွိေတာ့ဘူးေလေနာ္။ အားလုံးထြက္ကုန္ၿပီ။ နည္းနည္းပါးပါး ႐ြာမွာလာၾကည့္တဲ့ လူနဲ႔ ျဖတ္သြားျဖတ္လာပဲရွိတာ ဟုတ္တယ္” ဟု အဆိုပါေနရာအနီးတြင္ ေရာက္ရွိေနသူ တစ္ဦးက ေျပာသည္။

အဆိုပါေနရာအနီးတဝိုက္က ျပည္သူမ်ားအားလုံးသည္ နမၼတီးၿမိဳ႕က စစ္ေဘးေရွာင္စခန္းမ်ားတြင္ စစ္ေဘးတိမ္း ေရွာင္ေနၾကရသည့္အတြက္ မည္သူမွ မရွိေတာ့ေၾကာင္း၊ ေလယာဥ္ႏွင့္ လာေရာက္ပစ္ခတ္မႈေၾကာင့္ တစ္စုံတစ္ ရာ ထိခိုက္ဒဏ္ရာ ရရွိသူလည္း မရွိဟု သိရသည္။

ထို႔အျပင္ KIA ၏ တပ္မဟာ ၂ နယ္ေျမထဲသို႔လည္း စစ္ေကာင္စီတပ္က ေလယာဥ္ႏွစ္စီးျဖင့္ လာေရာက္ ဗုံးႀကဲ ခဲ့သည္ဟု သတင္းမ်ား ထြက္ေပၚေနေသာ္လည္း အဆိုပါ သတင္းမ်ားမွာ ေကာလဟာလသာ ျဖစ္သည္ဟု တႏိုင္း-ဟူးေကာင္း ေဒသခံတစ္ဦးက ေျပာသည္။

“က်ေနာ္တို႔ ဒီတႏိုင္း ဒီဟူးေကာင္းမွာ လာပစ္တယ္ဆိုတာေတာ့ မဟုတ္ဘူးေနာ္။ က်ေနာ္တို႔ေတာ့ မသိလိုက္ ဘူး။ သူတို႔ေျပာခ်င္တာက တပ္ရင္း ၁၁ ကို လာပစ္တယ္ဆိုတာကို ေျပာတာျဖစ္ပါလိမ့္မယ္။ တပ္ရင္း ၁၁ က လည္း KIA တပ္မဟာ ၂ လက္ေအာက္ ခံ တပ္ေလေနာ္၊ အဲ့ဒါကို လာပစ္တာကို ေျပာတာျဖစ္မယ္ထင္တယ္။ တပ္ရင္း ၁၁ ကို လာပစ္တာေတာ့ ဟုတ္ တယ္။ ၂၁ မိုင္ဂိတ္ကို KIA က သြားတိုက္ခိုက္တဲ့ ေနာက္ဆက္တြဲ ေပါ့ ဗ်ာေနာ္။ တႏိုင္း၊ ဟူးေကာင္းဘက္ေတာ့ ေအးေဆးပဲ အခုတေလာက။ ဒါေပမယ့္လည္း အားလုံးကေတာ့ သတိ နဲ႔ေနေနရတာေပါ့။ KIA ကလည္း တိုက္ပြဲ ေတြျဖစ္လာႏိုင္တဲ့အတြက္ အားလုံးသတိနဲ႔ေနဖို႔ ေျပာထားတာဆို ေတာ့ေလေနာ္။”

ယေန႔ ျမစ္ႀကီးနားၿမိဳ႕အဝင္ ၂၁ မိုင္စုေပါင္းဂိတ္အား ဝင္ေရာက္တိုက္ခိုက္ခဲ့သည့္ KIA တပ္ရင္း ၁၁၊ စစ္ေကာင္စီ တပ္က ေလယာဥ္ျဖင့္ လာေရာက္ ဗုံးႀကဲတိုက္ခိုက္ခံရသည့္ KIA တပ္ရင္း ၁၁ သည္ ကခ်င္လြတ္လပ္ေရး တပ္မေတာ္ KIA တပ္မဟာ (၂) လက္ေအာက္ခံတပ္ရင္း တစ္ရင္းျဖစ္သည္။

ျမစ္ႀကီးနားၿမိဳ႕ အဝင္ မရန႔္ေက်း႐ြာအနီးက ၂၁ မိုင္စုေပါင္းဂိတ္အား KIA တပ္ရင္း ၁၁ ၏ ပစ္ခတ္တိုက္ခိုက္ မႈ ေၾကာင့္ ရဲတပ္သားတစ္ဦးႏွင့္ ျပည္သူတစ္ဦး ေသဆုံးၿပီး၊ ရဲတပ္သားတစ္ဦးႏွင့္ ျပည္သူတစ္ဦး ထိခိုက္ဒဏ္ရာ ရရွိခဲ့သည္။