တိုင်းရင်းသား ပြည်နယ်များမှ ထိန်းသိမ်းထားသူ ရာဂဏန်းပြန်လွတ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၁ ရက်။

အာဏာသိမ်းစစ်ကောင်စီက ဖမ်းဆီးတရားစွဲဆိုထားသည့် မြန်မာနိုင်ငံတဝှမ်းက နိုင်ငံရေးအကျဉ်းသားများ အနက် ၂၀၀၀ ကျော်ကို ပြန်လွှတ်ပေးရာ တိုင်းရင်းသား ပြည်နယ်အသီးသီးတွင် စုစုပေါင်း ၃၀၀ ကျော်ခန့် လွှတ် မြောက် လာသည်။

ဇွန်လ ၃၀ ရက်နေ့က စစ်ကောင်စီက မြန်မာနိုင်ငံအနှံ့က စစ်အာဏာသိမ်းဆန့်ကျင်သည့် ဆန္ဒပြသည့်အတွက် ဖမ်းဆီးထိန်းသိမ်း တရားစွဲဆိုခံနေရသည့် သူများထဲမှာ အချို့အား ပြန်လွှတ်ပေးခဲ့ခြင်း ဖြစ်သည်။

တိုင်းရင်းသား ပြည်နယ်များတွင် ပြန်လွှတ်ပေးသူများအထဲတွင် သတင်းထောက်များနှင့် နာမည်ကျော် တက်ကြွလှုပ်ရှားသူများ ပါရှိခြင်းမရှိသေးပေ။

ကချင်ပြည်နယ်တစ်ပြည်နယ်လုံးတွင် ၁၄၅ ဦး၊ ရှမ်းပြည်နယ်တွင် ၅၀ ဦး၊ ကရင်ပြည်နယ်တွင် ၃၉ ဦး၊ ကယား (ကရင်နီ) ပြည်နယ်တွင် ၁၁ ဦး၊ ချင်းပြည်နယ်တွင် ၄၃ ဦး၊ ရခိုင်ပြည်နယ်တွင် ၃ ဦးနှင့် မွန်ပြည်နယ်တွင် ၃၃ ဦး ပြန်လည်လွတ်မြောက်လာသည်။

ယခုစာရင်းမှာ သတင်းနှင့် မီဒီယာကွန်ရက် သတင်းဌာနက လက်လှမ်းမှီသလောက် ကောက်ခံရရှိထားသည့် စာရင်း သာဖြစ်သည်။

မြစ်ကြီးနားဒေသခံတစ်ဦး က “တခြားနေရာတွေမှာလိုပါပဲ လွှတ်တာက ညနေလောက်မှ လွှတ်ပေးတယ်။ မနက်ပိုင်းကတည်းက လူတွေက သွားစောင့်နေကြတာ။ တစ်ရာကျော်ပေါ့ ပြန်လွတ်လာတယ်။ အခုလွတ် လာ တဲ့ အထဲမှာ မြစ်ကြီးနားမှာတော့ သတင်းထောက်တွေမပါဘူး။ နည်းနည်းနာမည်ကြီးနဲ့ ဆန္ဒပြ လူငယ် ခေါင်း ဆောင်တွေ၊ တက်ကြွလှုပ်ရှားသူတွေက မပါဘူးဗျ” ဟု ပြောသည်။

တိုင်းဒေသကြီးအချို့တွင် ဖမ်းဆီးခံထားရသူများအနက် သတင်းထောက်အချို့ လွတ်မြောက်လာခဲ့သော်လည်း ကချင်ပြည်နယ် မြစ်ကြီးနားမြို့က ဖမ်းဆီးခံထားရသည့် သတင်းထောက်များ ပြန်လည်လွတ်မြောက်လာခြင်း မရှိပေ။

ကယား(ကရင်နီ) ပြည်နယ်တွင် စစ်ကောင်စီက ဖမ်းဆီးထားရသူ ၁၀၀ ကျော်ရှိသည့်အနက် လွိုင်ကော်မြို့၊ နာ နတ်တောရပ်ကွက်မှ အမျိုးသမီး ၅ ဦး၊ အခြားရပ်ကွက်အချို့က အမျိုးသမီး ၄ ဦး၊ အမျိုးသား ၁ ဦးနှင့် ဖရူဆို မြို့က အမျိုးသားတစ်ဦး လွိုင်ကော်အကျဉ်းထောင်မှ ဇွန်လ ၃၀ ရက်နေ့က လွတ်မြောက်လာကြသည်။

ထို့အပြင် ရှမ်းပြည်နယ် မြောက်ပိုင်းက အခြေအနေနှင့် ပတ်သက်၍လည်း လားရှိုးဒေသခံတစ်ဦး က “ကျနော်တို့ ရှမ်းမြောက်မှာတော့ ကျနော်တို့ လားရှိုးရယ်၊ သီပေါ၊ ကျောက်မဲ၊ မူဆယ် အဲ့ကလူတွေပါတယ်။ နောက်ပြီး မိုး မိတ်လားမသိဘူးလည်းပါတယ်လို့တော့သိတယ်။ အားလုံးပေါင်းက ရှမ်း မြောက်ဆို ၄၂ ယောက်၊ ရှမ်းတောင် လည်း လွတ်တယ်လို့တော့ ပြောတယ်။ အတိအကျတော့ မသိသေးဘူး” ဟု ပြောသည်။

သတင်းနှင့်မီဒီယာကွန်ရက် သတင်းဌာနက ကောက်ခံရရှိထားသည့် စာရင်းအရ ရှမ်းပြည်နယ် တောင်ပိုင်းတွင် ၇ ဦးနှင့် ရှမ်းပြည်နယ် အရှေ့ပိုင်းတွင် ၁ ဦး လွတ်မြောက်လာသည်ဟု သိရသည်။

ထို့အပြင် ကရင်ပြည်နယ်တွင်လည်း စစ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးအရေးယူခံထားရသူများအနက် ၃၉ ဦး လွတ်မြောက်လာပြီး ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့က ပုဒ်မ ၅၀၅(က) ဖြင့် တရားစွဲဆိုခံထားရသူ ၃ ဦး လွတ် မြောက်လာသည်ဟု ဒေသအခြေစိုက် သတင်းထောက်အချို့က အတည်ပြုပြောသည်။

အာဏာသိမ်းစစ်ကောင်စီ၏ ထုတ်ပြန်ထားသည့် စာရင်းအရ ပထမဦးစားပေး ပြန်လည်လွှတ်ပေးမည့်သူမှာ တစ်နိုင်ငံလုံးတွင် ၂၂၉၆ ဦး ဖြစ်သည်ဟု သိရသည်။

ကုလသမဂ္ဂအထွေညီလာခံဆုံးဖြတ်ချက်နှင့် နိုင်ငံတာကာဖိအားတစ်ချို့ကြောင့် ၎င်းတို့အတွက် အန္တရယ်မရှိသူဟု ယူဆသူများအား စစ်ကောင်စီက ဦးစားလွတ်ပေးခြင်း ဖြစ်နိုင်သည်ဟု နိုင်ငံရေး အကဲခတ်တစ်ဦး က မှတ်ချက် ပြုပြောဆိုသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ၏ ထုတ်ပြန်ချက်အရ ဖေဖော်ဝါရီလ ၁ ရက် နေ့ မှ ဇွန်လ ၃၀ ရက်နေ့ အထိ ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်းမှာ ၅၂၁၀ ဦးရှိပြီး ၎င်းတို့အနက်မှ ၂၂၂ ဦးက ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်ဟု သိရသည်။

*** ZAWGYI ***
တိုင္းရင္းသား ျပည္နယ္မ်ားမွ ထိန္းသိမ္းထားသူ ရာဂဏန္းျပန္လြတ္

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဇူလိုင္လ ၁ ရက္။

အာဏာသိမ္းစစ္ေကာင္စီက ဖမ္းဆီးတရားစြဲဆိုထားသည့္ ျမန္မာႏိုင္ငံတဝွမ္းက ႏိုင္ငံေရးအက်ဥ္းသားမ်ား အနက္ ၂၀၀၀ ေက်ာ္ကို ျပန္လႊတ္ေပးရာ တိုင္းရင္းသား ျပည္နယ္အသီးသီးတြင္ စုစုေပါင္း ၃၀၀ ေက်ာ္ခန႔္ လႊတ္ ေျမာက္ လာသည္။

ဇြန္လ ၃၀ ရက္ေန႔က စစ္ေကာင္စီက ျမန္မာႏိုင္ငံအႏွံ႔က စစ္အာဏာသိမ္းဆန႔္က်င္သည့္ ဆႏၵျပသည့္အတြက္ ဖမ္းဆီးထိန္းသိမ္း တရားစြဲဆိုခံေနရသည့္ သူမ်ားထဲမွာ အခ်ိဳ႕အား ျပန္လႊတ္ေပးခဲ့ျခင္း ျဖစ္သည္။

တိုင္းရင္းသား ျပည္နယ္မ်ားတြင္ ျပန္လႊတ္ေပးသူမ်ားအထဲတြင္ သတင္းေထာက္မ်ားႏွင့္ နာမည္ေက်ာ္ တက္ႂကြလႈပ္ရွားသူမ်ား ပါရွိျခင္းမရွိေသးေပ။

ကခ်င္ျပည္နယ္တစ္ျပည္နယ္လုံးတြင္ ၁၄၅ ဦး၊ ရွမ္းျပည္နယ္တြင္ ၅၀ ဦး၊ ကရင္ျပည္နယ္တြင္ ၃၉ ဦး၊ ကယား (ကရင္နီ) ျပည္နယ္တြင္ ၁၁ ဦး၊ ခ်င္းျပည္နယ္တြင္ ၄၃ ဦး၊ ရခိုင္ျပည္နယ္တြင္ ၃ ဦးႏွင့္ မြန္ျပည္နယ္တြင္ ၃၃ ဦး ျပန္လည္လြတ္ေျမာက္လာသည္။

ယခုစာရင္းမွာ သတင္းႏွင့္ မီဒီယာကြန္ရက္ သတင္းဌာနက လက္လွမ္းမွီသေလာက္ ေကာက္ခံရရွိထားသည့္ စာရင္း သာျဖစ္သည္။

ျမစ္ႀကီးနားေဒသခံတစ္ဦး က “တျခားေနရာေတြမွာလိုပါပဲ လႊတ္တာက ညေနေလာက္မွ လႊတ္ေပးတယ္။ မနက္ပိုင္းကတည္းက လူေတြက သြားေစာင့္ေနၾကတာ။ တစ္ရာေက်ာ္ေပါ့ ျပန္လြတ္လာတယ္။ အခုလြတ္ လာ တဲ့ အထဲမွာ ျမစ္ႀကီးနားမွာေတာ့ သတင္းေထာက္ေတြမပါဘူး။ နည္းနည္းနာမည္ႀကီးနဲ႔ ဆႏၵျပ လူငယ္ ေခါင္း ေဆာင္ေတြ၊ တက္ႂကြလႈပ္ရွားသူေတြက မပါဘူးဗ်” ဟု ေျပာသည္။

တိုင္းေဒသႀကီးအခ်ိဳ႕တြင္ ဖမ္းဆီးခံထားရသူမ်ားအနက္ သတင္းေထာက္အခ်ိဳ႕ လြတ္ေျမာက္လာခဲ့ေသာ္လည္း ကခ်င္ျပည္နယ္ ျမစ္ႀကီးနားၿမိဳ႕က ဖမ္းဆီးခံထားရသည့္ သတင္းေထာက္မ်ား ျပန္လည္လြတ္ေျမာက္လာျခင္း မရွိေပ။

ကယား(ကရင္နီ) ျပည္နယ္တြင္ စစ္ေကာင္စီက ဖမ္းဆီးထားရသူ ၁၀၀ ေက်ာ္ရွိသည့္အနက္ လြိဳင္ေကာ္ၿမိဳ႕၊ နာ နတ္ေတာရပ္ကြက္မွ အမ်ိဳးသမီး ၅ ဦး၊ အျခားရပ္ကြက္အခ်ိဳ႕က အမ်ိဳးသမီး ၄ ဦး၊ အမ်ိဳးသား ၁ ဦးႏွင့္ ဖ႐ူဆို ၿမိဳ႕က အမ်ိဳးသားတစ္ဦး လြိဳင္ေကာ္အက်ဥ္းေထာင္မွ ဇြန္လ ၃၀ ရက္ေန႔က လြတ္ေျမာက္လာၾကသည္။

ထို႔အျပင္ ရွမ္းျပည္နယ္ ေျမာက္ပိုင္းက အေျခအေနႏွင့္ ပတ္သက္၍လည္း လားရႈိးေဒသခံတစ္ဦး က “က်ေနာ္တို႔ ရွမ္းေျမာက္မွာေတာ့ က်ေနာ္တို႔ လားရႈိးရယ္၊ သီေပါ၊ ေက်ာက္မဲ၊ မူဆယ္ အဲ့ကလူေတြပါတယ္။ ေနာက္ၿပီး မိုး မိတ္လားမသိဘူးလည္းပါတယ္လို႔ေတာ့သိတယ္။ အားလုံးေပါင္းက ရွမ္း ေျမာက္ဆို ၄၂ ေယာက္၊ ရွမ္းေတာင္ လည္း လြတ္တယ္လို႔ေတာ့ ေျပာတယ္။ အတိအက်ေတာ့ မသိေသးဘူး” ဟု ေျပာသည္။

သတင္းႏွင့္မီဒီယာကြန္ရက္ သတင္းဌာနက ေကာက္ခံရရွိထားသည့္ စာရင္းအရ ရွမ္းျပည္နယ္ ေတာင္ပိုင္းတြင္ ၇ ဦးႏွင့္ ရွမ္းျပည္နယ္ အေရွ႕ပိုင္းတြင္ ၁ ဦး လြတ္ေျမာက္လာသည္ဟု သိရသည္။

ထို႔အျပင္ ကရင္ျပည္နယ္တြင္လည္း စစ္အာဏာသိမ္းၿပီးေနာက္ ဖမ္းဆီးအေရးယူခံထားရသူမ်ားအနက္ ၃၉ ဦး လြတ္ေျမာက္လာၿပီး ရခိုင္ျပည္နယ္၊ ေတာင္ကုတ္ၿမိဳ႕က ပုဒ္မ ၅၀၅(က) ျဖင့္ တရားစြဲဆိုခံထားရသူ ၃ ဦး လြတ္ ေျမာက္လာသည္ဟု ေဒသအေျခစိုက္ သတင္းေထာက္အခ်ိဳ႕က အတည္ျပဳေျပာသည္။

အာဏာသိမ္းစစ္ေကာင္စီ၏ ထုတ္ျပန္ထားသည့္ စာရင္းအရ ပထမဦးစားေပး ျပန္လည္လႊတ္ေပးမည့္သူမွာ တစ္ႏိုင္ငံလုံးတြင္ ၂၂၉၆ ဦး ျဖစ္သည္ဟု သိရသည္။

ကုလသမဂၢအေထြညီလာခံဆုံးျဖတ္ခ်က္ႏွင့္ ႏိုင္ငံတာကာဖိအားတစ္ခ်ိဳ႕ေၾကာင့္ ၎တို႔အတြက္ အႏၲရယ္မရွိသူဟု ယူဆသူမ်ားအား စစ္ေကာင္စီက ဦးစားလြတ္ေပးျခင္း ျဖစ္ႏိုင္သည္ဟု ႏိုင္ငံေရး အကဲခတ္တစ္ဦး က မွတ္ခ်က္ ျပဳေျပာဆိုသည္။

ႏိုင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအသင္း AAPP ၏ ထုတ္ျပန္ခ်က္အရ ေဖေဖာ္ဝါရီလ ၁ ရက္ ေန႔ မွ ဇြန္လ ၃၀ ရက္ေန႔ အထိ ဖမ္းဆီးခ်ဳပ္ေႏွာင္ျခင္းခံထားရသူ စုစုေပါင္းမွာ ၅၂၁၀ ဦးရွိၿပီး ၎တို႔အနက္မွ ၂၂၂ ဦးက ေထာင္ဒဏ္ခ်မွတ္ျခင္းခံထားရသည္ဟု သိရသည္။