မော်လမြိုင်တွင် ဆိုင်ထိုင်စားခွင့် ပိတ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၂ ရက်။

COVID-19 ရောဂါ ကူးစက်မှုနှုန်း များနေသည့် မွန်ပြည်နယ် မော်လမြိုင်မြို့နယ်အတွင်းရှိ စားသောက်ဆိုင်များကို ဇူလိုင်လ ၂ ရက်နေ့မှ စတင်၍ ပါဆယ်စနစ်ဖြင့်သာ ရောင်းချရန် မြို့နယ်စည်ပင်သာရေးအဖွဲ့က စာထုတ်ပြီး ညွှန် ကြားလိုက်သည်။

COVID-19 ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မော်လမြိုင်မြို့နယ်အတွင်းရှိ စားသောက်ဆိုင်များ၊ လက် ဖက်ရည်ဆိုင်များ ကို ဇူလိုင်လ ၂ ရက်နေ့မှစပြီး ဆိုင်ထိုင်ရောင်းချခြင်းမပြုပဲ ပါဆယ်စနစ်ဖြင့်သာ ရောင်းချသွား ရန် မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ဇူလိုင်လ ၁ ရက်နေ့ရက်စွဲဖြင့် စာထုတ် ညွှန်ကြားထားခြင်းဖြစ်သည်။

“ဒီနေ့ (ဇူလိုင် ၂ ရက်) ကစပြီး ပါဆယ်စနစ်နဲ့ပဲ ရောင်းမယ်ဆိုလို့ ပါဆယ်နဲ့ ရောင်းရတာပေါ့၊ ရောင်းရ ဝယ်ရ တာ မကောင်းရတဲ့ကြားမှာ အခု ပါဆယ်နဲ့ ရောင်းရတော့ ပိုဆိုးသွားတာပေါ့။ ဒါပေမယ့် ဘယ်တတ်နိုင်မလဲ ကျန်းမာရေးကိစ္စဆိုတော့” ဟု မော်လမြိုင်မြို့ရှိ ထမင်းဆိုင်ပိုင်ရှင်တစ်ဦး က ပြောသည်။

မော်လမြိုင်မြို့ နည်းတူ COVID-19 အတည်ပြုလူနာ ၂၀၀ ကျော် တွေ့ရှိထားသည့် သံဖြူဇရပ်မြို့နယ်တွင်လည်း စားသောက်ဆိုင်များ ဇွန်လ ၂၉ ရက်နေ့မှစပြီး ပါဆယ်စနစ်ဖြင့်သာ ရောင်းချရန် မြို့နယ်စည်ပင်သာယာရေး အဖွဲ့က ညွှန်ကြားထားသည်။

ထုတ်ပြန်ထားသည့် စည်းကမ်းချက်များ လိုက်နာမှုမရှိပါက စည်ပင်သာယာရေးဥပဒေဖြင့် အရေးယူ ဆောင်ရွက် သွားမည်ဟုလည်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ထုတ်ပြန်ထားသည်။

“လိုက်နာဆောင်ရွက်မှုမရှိပါက မွန်ပြည်နယ်စည်ပင်သာယာရေးဥပဒေနဲ့ အရေးယူးဆောင်ရွက်သွားမယ်” ဟု မော်လမြိုင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ က ပြောသည်။

လက်ရှိတွင် မွန်ပြည်နယ်အတွင်း COVID-19 ကူးစက်မှု ဆက်တိုက်မြင့်တက်လာနေသည့် အခြေအနေမှ ကာ ကွယ်ထိန်းချုပ်နိုင်ရန်အတွက် စားသောက်ဆိုင်များကို ကန့်သတ်လိုက်သည့်အပြင် ပြည်နယ်အတွင်းသို့ ဝင် ရောက်လာသူများကို ဇူလိုင် ၁ ရက်နေ့ (ယမန်နေ့) က စတင်ပြီး ကျန်းမာရေးအရ စစ်ဆေးမှုများခံယူပြီးမှ ဝင်ရောက်ရန် ကန့်သတ်ချက်များ ချမှတ် လိုက်သည်။

“စစ်တောင်းတံတားမှာ ကျန်းမာရေးစစ်ဆေးမှုတွေ လုပ်ပြီးမှ မွန်ပြည်နယ်ကို အဝင်ခံမှာဖြစ်ပါတယ်” ဟု ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာနန္ဒဝင်းက ပြောသည်။

ဇူလိုင်လ ၁ ရက်နေ့မှစပြီး မွန်ပြည်နယ်သို့ Stay at Home (အိမ်ပြင်မထွက်ရ) သတ်မှတ် မြို့နယ်များမှ လာရောက်သူများ (၁၀) ရက် Quarantine (သီးခြားခွဲနေထိုင်မှု) ဝင်ရမည်ဖြစ်ပြီး ရောဂါပိုးရှိ မရှိ နှစ်ကြိမ် စစ်ဆေးခံရမည်ဖြစ်သည်။

ထို့အပြင် အခြားတိုင်းနှင့် ပြည်နယ်များမှ လာရောက်သူများကိုလည်း ကိုယ်ပူချိန်တိုင်းတာပြီး ကိုယ်ပူချိန်မြင့်သူ သံသယ လက္ခဏာရှိသူများကို သွေးတွင်းအောက်ဆီဂျင်တိုင်းတာပြီး သွေးတွင်းအောက်ဆီဂျင် (၉၂ ရာခိုင်နှုန်း) အောက်ရှိပါက RDT ဖြင့် စစ်ဆေးဆောင်ရွက်မည်ဖြစ်ပြီး ဆေးစစ်ကုန်ကျစရိတ်ကို သတ်မှတ်နှုန်းထားအတိုင်း ကာယကံရှင်မှ ပေးဆောင်ရမည်ဖြစ်သည်။

RDT ဖြင့် စစ်ဆေးခြင်းဆိုသည်မှာ RDT-Test Kit ဖြင့် COVID-19 ရောဂါပိုး ရှိ မရှိ လူတိုင်း စစ်ဆေးရန် ဖြစ်ပြီး ယခင် NLD အစိုးရလက်ထက်တွင် COVID-19 ဒုတိယလှိုင်းတွင် တစ်ခါစစ်လျှင် ကျပ် တစ်သောင်းပေးဆောင် ရသည်။

*** ZAWGYI ***
ေမာ္လၿမိဳင္တြင္ ဆိုင္ထိုင္စားခြင့္ ပိတ္

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဇူလိုင္လ ၂ ရက္။

COVID-19 ေရာဂါ ကူးစက္မႈႏႈန္း မ်ားေနသည့္ မြန္ျပည္နယ္ ေမာ္လၿမိဳင္ၿမိဳ႕နယ္အတြင္းရွိ စားေသာက္ဆိုင္မ်ားကို ဇူလိုင္လ ၂ ရက္ေန႔မွ စတင္၍ ပါဆယ္စနစ္ျဖင့္သာ ေရာင္းခ်ရန္ ၿမိဳ႕နယ္စည္ပင္သာေရးအဖြဲ႕က စာထုတ္ၿပီး ၫႊန္ ၾကားလိုက္သည္။

COVID-19 ေရာဂါကာကြယ္ထိန္းခ်ဳပ္ႏိုင္ေရးအတြက္ ေမာ္လၿမိဳင္ၿမိဳ႕နယ္အတြင္းရွိ စားေသာက္ဆိုင္မ်ား၊ လက္ ဖက္ရည္ဆိုင္မ်ား ကို ဇူလိုင္လ ၂ ရက္ေန႔မွစၿပီး ဆိုင္ထိုင္ေရာင္းခ်ျခင္းမျပဳပဲ ပါဆယ္စနစ္ျဖင့္သာ ေရာင္းခ်သြား ရန္ ၿမိဳ႕နယ္စည္ပင္သာယာေရးအဖြဲ႕က ဇူလိုင္လ ၁ ရက္ေန႔ရက္စြဲျဖင့္ စာထုတ္ ၫႊန္ၾကားထားျခင္းျဖစ္သည္။

“ဒီေန႔ (ဇူလိုင္ ၂ ရက္) ကစၿပီး ပါဆယ္စနစ္နဲ႔ပဲ ေရာင္းမယ္ဆိုလို႔ ပါဆယ္နဲ႔ ေရာင္းရတာေပါ့၊ ေရာင္းရ ဝယ္ရ တာ မေကာင္းရတဲ့ၾကားမွာ အခု ပါဆယ္နဲ႔ ေရာင္းရေတာ့ ပိုဆိုးသြားတာေပါ့။ ဒါေပမယ့္ ဘယ္တတ္ႏိုင္မလဲ က်န္းမာေရးကိစၥဆိုေတာ့” ဟု ေမာ္လၿမိဳင္ၿမိဳ႕ရွိ ထမင္းဆိုင္ပိုင္ရွင္တစ္ဦး က ေျပာသည္။

ေမာ္လၿမိဳင္ၿမိဳ႕ နည္းတူ COVID-19 အတည္ျပဳလူနာ ၂၀၀ ေက်ာ္ ေတြ႕ရွိထားသည့္ သံျဖဴဇရပ္ၿမိဳ႕နယ္တြင္လည္း စားေသာက္ဆိုင္မ်ား ဇြန္လ ၂၉ ရက္ေန႔မွစၿပီး ပါဆယ္စနစ္ျဖင့္သာ ေရာင္းခ်ရန္ ၿမိဳ႕နယ္စည္ပင္သာယာေရး အဖြဲ႕က ၫႊန္ၾကားထားသည္။

ထုတ္ျပန္ထားသည့္ စည္းကမ္းခ်က္မ်ား လိုက္နာမႈမရွိပါက စည္ပင္သာယာေရးဥပေဒျဖင့္ အေရးယူ ေဆာင္႐ြက္ သြားမည္ဟုလည္း ၿမိဳ႕နယ္စည္ပင္သာယာေရးအဖြဲ႕က ထုတ္ျပန္ထားသည္။

“လိုက္နာေဆာင္႐ြက္မႈမရွိပါက မြန္ျပည္နယ္စည္ပင္သာယာေရးဥပေဒနဲ႔ အေရးယူးေဆာင္႐ြက္သြားမယ္” ဟု ေမာ္လၿမိဳင္ ၿမိဳ႕နယ္စည္ပင္သာယာေရးအဖြဲ႕ က ေျပာသည္။

လက္ရွိတြင္ မြန္ျပည္နယ္အတြင္း COVID-19 ကူးစက္မႈ ဆက္တိုက္ျမင့္တက္လာေနသည့္ အေျခအေနမွ ကာ ကြယ္ထိန္းခ်ဳပ္ႏိုင္ရန္အတြက္ စားေသာက္ဆိုင္မ်ားကို ကန႔္သတ္လိုက္သည့္အျပင္ ျပည္နယ္အတြင္းသို႔ ဝင္ ေရာက္လာသူမ်ားကို ဇူလိုင္ ၁ ရက္ေန႔ (ယမန္ေန႔) က စတင္ၿပီး က်န္းမာေရးအရ စစ္ေဆးမႈမ်ားခံယူၿပီးမွ ဝင္ေရာက္ရန္ ကန႔္သတ္ခ်က္မ်ား ခ်မွတ္ လိုက္သည္။

“စစ္ေတာင္းတံတားမွာ က်န္းမာေရးစစ္ေဆးမႈေတြ လုပ္ၿပီးမွ မြန္ျပည္နယ္ကို အဝင္ခံမွာျဖစ္ပါတယ္” ဟု ျပည္နယ္ျပည္သူ႔က်န္းမာေရးဦးစီးဌာနမႉး ေဒါက္တာနႏၵဝင္းက ေျပာသည္။

ဇူလိုင္လ ၁ ရက္ေန႔မွစၿပီး မြန္ျပည္နယ္သို႔ Stay at Home (အိမ္ျပင္မထြက္ရ) သတ္မွတ္ ၿမိဳ႕နယ္မ်ားမွ လာေရာက္သူမ်ား (၁၀) ရက္ Quarantine (သီးျခားခြဲေနထိုင္မႈ) ဝင္ရမည္ျဖစ္ၿပီး ေရာဂါပိုးရွိ မရွိ ႏွစ္ႀကိမ္ စစ္ေဆးခံရမည္ျဖစ္သည္။

ထို႔အျပင္ အျခားတိုင္းႏွင့္ ျပည္နယ္မ်ားမွ လာေရာက္သူမ်ားကိုလည္း ကိုယ္ပူခ်ိန္တိုင္းတာၿပီး ကိုယ္ပူခ်ိန္ျမင့္သူ သံသယ လကၡဏာရွိသူမ်ားကို ေသြးတြင္းေအာက္ဆီဂ်င္တိုင္းတာၿပီး ေသြးတြင္းေအာက္ဆီဂ်င္ (၉၂ ရာခိုင္ႏႈန္း) ေအာက္ရွိပါက RDT ျဖင့္ စစ္ေဆးေဆာင္႐ြက္မည္ျဖစ္ၿပီး ေဆးစစ္ကုန္က်စရိတ္ကို သတ္မွတ္ႏႈန္းထားအတိုင္း ကာယကံရွင္မွ ေပးေဆာင္ရမည္ျဖစ္သည္။

RDT ျဖင့္ စစ္ေဆးျခင္းဆိုသည္မွာ RDT-Test Kit ျဖင့္ COVID-19 ေရာဂါပိုး ရွိ မရွိ လူတိုင္း စစ္ေဆးရန္ ျဖစ္ၿပီး ယခင္ NLD အစိုးရလက္ထက္တြင္ COVID-19 ဒုတိယလႈိင္းတြင္ တစ္ခါစစ္လွ်င္ က်ပ္ တစ္ေသာင္းေပးေဆာင္ ရသည္။