COVID-19 စောင့်ကြည့် အချုပ်သား ၂ ဦး ထွက်ပြေး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၃ ရက်။

တနင်္သာရီတိုင်း ဒေသကြီး၊ ကျွန်းစုမြို့ ရဲစခန်းဝင်းမှ အမှုရင်ဆိုင်နေဆဲ COVID-19 စောင့်ကြည့် အကျဉ်းသား ၂ ဦး ထွက်ပြေး လွတ်မြောက်သွားသည်။

ကျွန်းစုမြို့နယ်၊ မြို့မရဲစခန်းဝင်းရှိ ဓမ္မာရုံတွင် COVID-19 ရောဂါပိုး စောင့်ကြည့် အချုပ် သားများ ချုပ်ထားခဲ့ရာ ဇူလိုင်လ ၂ ရက်နေ့၊ ည (၇) နာရီ အချိန်ခန့်က ထွက်ပြေး လွတ်မြောက်သွားခြင်းဖြစ်သည်ဟု ရဲက အတည်ပြုသည်။

ရဲစခန်းဝင်းထဲရှိ ဓမ္မာရုံအပေါ်ထပ်တွင် ကိုယ်ထူကိုယ်ထ လုပ်ထားသည့် အချုပ်ခန်းတွင် ချုပ်ထားစဉ် ခြေထောက် သံကြိုးနှင့် သော့ခလောက်တို့ကိုဖျက်ပြီး အပေါ်မျက်နှာကျက်ကို ဖောက်၍ ထွက်ပြေးသွားခြင်း ဖြစ်ကြောင်း ကျွန်းစုမြို့မ၊ ရဲစခန်းမှူး က အတည်ပြု ပြောသည်။

“အဲဒီမှာက ကိုဗစ်ပိုးတွေ့ထားတဲ့ အချုပ်သား ၄ ဦးနဲ့ Qurantine ဝင်နေသူ အချုပ်သားတွေကို သီးသန့်ထား တယ်။ အခုထွက်ပြေးသွားသူတွေက အခြားအခန်းမှာ ထားတာပါ။ အခုမနက်အထိ လိုက်လံရှာဖွေနေပေမယ့် ပြန်ဖမ်းမမိသေးပါဘူး” ဟု ကျွန်းစုမြို့မ၊ ရဲစခန်းမှူး က ပြောသည်။

ထွက်ပြေးသွားသူနှစ်ဦးသည် ပုဒ်မ ၃၈၀/၁၁၄ တို့ဖြင့် တရားရင်ဆိုင်နေသူ အမှုတွဲနှစ်ဦးဖြစ်ပြီး စခန်းသစ် ရွာ သားများ ဖြစ်သည်ဟု သိရသည်။

ကျွန်းစုမြို့ မြို့မရဲစခန်း တွင် ချုပ်နှောင် ထားရှိသော အချုပ်သား ၂၀ ဦး ကို ပြီးခဲ့သည့် ဇွန်လ (၂၁) ရက် မွန်းလွဲ (၁) နာရီ အချိန်ခန့်က COVID-19 ရောဂါပိုး ရှိ မရှိ Rapid Diagnostic AntigenTest Kid (RDT) ဖြင့် စစ်ဆေး ခဲ့ရာတွင် အချုပ်သား ၄ ဦးထံ မှ COVID-19 ရောဂါပိုး တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ရောဂါပိုးတွေ့ရှိသူ ၄ ဦး ကို မြို့မရဲစခန်းအတွင်း သီးခြားစောင့်ကြည့် အချုပ်ခန်းတွင် ကြပ်မတ် ကုသ ပေးလျက်ရှိကြောင်း ကျွန်းစုမြို့နယ်၊ ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ ရဲမင်းဦး က ပြောသည်။

ဓါတ်ပုံ – CJ

*** ZAWGYI ***
COVID-19 ေစာင့္ၾကည့္ အခ်ဳပ္သား ၂ ဦး ထြက္ေျပး

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဇူလိုင္လ ၃ ရက္။

တနသၤာရီတိုင္း ေဒသႀကီး၊ ကြၽန္းစုၿမိဳ႕ ရဲစခန္းဝင္းမွ အမႈရင္ဆိုင္ေနဆဲ COVID-19 ေစာင့္ၾကည့္ အက်ဥ္းသား ၂ ဦး ထြက္ေျပး လြတ္ေျမာက္သြားသည္။

ကြၽန္းစုၿမိဳ႕နယ္၊ ၿမိဳ႕မရဲစခန္းဝင္းရွိ ဓမၼာ႐ုံတြင္ COVID-19 ေရာဂါပိုး ေစာင့္ၾကည့္ အခ်ဳပ္ သားမ်ား ခ်ဳပ္ထားခဲ့ရာ ဇူလိုင္လ ၂ ရက္ေန႔၊ ည (၇) နာရီ အခ်ိန္ခန႔္က ထြက္ေျပး လြတ္ေျမာက္သြားျခင္းျဖစ္သည္ဟု ရဲက အတည္ျပဳသည္။

ရဲစခန္းဝင္းထဲရွိ ဓမၼာ႐ုံအေပၚထပ္တြင္ ကိုယ္ထူကိုယ္ထ လုပ္ထားသည့္ အခ်ဳပ္ခန္းတြင္ ခ်ဳပ္ထားစဥ္ ေျခေထာက္ သံႀကိဳးႏွင့္ ေသာ့ခေလာက္တို႔ကိုဖ်က္ၿပီး အေပၚမ်က္ႏွာက်က္ကို ေဖာက္၍ ထြက္ေျပးသြားျခင္း ျဖစ္ေၾကာင္း ကြၽန္းစုၿမိဳ႕မ၊ ရဲစခန္းမႉး က အတည္ျပဳ ေျပာသည္။

“အဲဒီမွာက ကိုဗစ္ပိုးေတြ႕ထားတဲ့ အခ်ဳပ္သား ၄ ဦးနဲ႔ Qurantine ဝင္ေနသူ အခ်ဳပ္သားေတြကို သီးသန႔္ထား တယ္။ အခုထြက္ေျပးသြားသူေတြက အျခားအခန္းမွာ ထားတာပါ။ အခုမနက္အထိ လိုက္လံရွာေဖြေနေပမယ့္ ျပန္ဖမ္းမမိေသးပါဘူး” ဟု ကြၽန္းစုၿမိဳ႕မ၊ ရဲစခန္းမႉး က ေျပာသည္။

ထြက္ေျပးသြားသူႏွစ္ဦးသည္ ပုဒ္မ ၃၈၀/၁၁၄ တို႔ျဖင့္ တရားရင္ဆိုင္ေနသူ အမႈတြဲႏွစ္ဦးျဖစ္ၿပီး စခန္းသစ္ ႐ြာ သားမ်ား ျဖစ္သည္ဟု သိရသည္။

ကြၽန္းစုၿမိဳ႕ ၿမိဳ႕မရဲစခန္း တြင္ ခ်ဳပ္ေႏွာင္ ထားရွိေသာ အခ်ဳပ္သား ၂၀ ဦး ကို ၿပီးခဲ့သည့္ ဇြန္လ (၂၁) ရက္ မြန္းလြဲ (၁) နာရီ အခ်ိန္ခန႔္က COVID-19 ေရာဂါပိုး ရွိ မရွိ Rapid Diagnostic AntigenTest Kid (RDT) ျဖင့္ စစ္ေဆး ခဲ့ရာတြင္ အခ်ဳပ္သား ၄ ဦးထံ မွ COVID-19 ေရာဂါပိုး ေတြ႕ရွိခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ေရာဂါပိုးေတြ႕ရွိသူ ၄ ဦး ကို ၿမိဳ႕မရဲစခန္းအတြင္း သီးျခားေစာင့္ၾကည့္ အခ်ဳပ္ခန္းတြင္ ၾကပ္မတ္ ကုသ ေပးလ်က္ရွိေၾကာင္း ကြၽန္းစုၿမိဳ႕နယ္၊ ျပည္သူ႔ေဆး႐ုံအုပ္ႀကီး ေဒါက္တာ ရဲမင္းဦး က ေျပာသည္။

ဓါတ္ပုံ – CJ