မြိတ် အခမဲ့ ဆေးကုခန်း ပြန်ဖွင့်မည်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဇူလိုင် ၄ ရက်။

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ရှိ သံဃာ့ဆေးရုံဝန်းတစ်ခုတွင် (Fever Clinic, Myeik) ဆေးကုခန်းအား လာ မည့် ဇူလိုင်လ (၅)ရက်နေ့ မှ စတင်ကာ ပြန်လည်ဖွင့်လှစ်မည်ဖြစ်ပြီး အနံ့ပျောက်လူနာများနှင့် ဖျားနာသည့် လူနာများအား အခမဲ့ ပြန်လည်ကုသပေးမည်ဟု စီစဉ်နေသော ဆရာဝန်က ပြောသည်။

မြိတ်(ဘိတ်)ခရိုင်၊ မြိတ်မြို့ အထက် ရေပုန်းရပ် စပါးရွှေဝါလမ်းမကြီးရှိ သံဃာ့ ဆေး ရုံတွင် (Fever Clinic, Myeik) ဆေးကုခန်းအား ပြီးခဲ့သည့် ၂၀၂၁ မေလ တတိယအပတ်မှစပြီး ယာယီပိတ်ထားခဲ့ရာမှ ယခုအခါ တကျော့ပြန် များပြားလာသည့် ကမ္ဘာ့ကူးစက်မြန် COVID-19 ကပ်ရောဂါ တွေ့ရှိမှု အခြေအနေများကြောင့် ပြန် လည်ဖွင့်လှစ်နိုင်ဖို့ စီစဉ်ရတာ ဖြစ်တယ်လို့ ဒေါက်တာ တင်စိုးမိုး ကအတည်ပြု ပြောကြားသည်။

Fever Clinic အခမဲ့ ဆေးကုသခန်းအား အပတ်စဉ် တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာနေ့ သုံးရက်၊ နံနက် (၁၀) နာရီ မှ ၁၁း၃၀ နာရီ အချိန်ထိ ဖွင့်လှစ်ကုသပေးသွားမည်ဖြစ်ပြီး၊ အနံ့မရသည့် သူများ နှင့် COVID-19 သံသယ လူနာများ အတွက် အခမဲ့ကုသပေးသွားမည်ဖြစ်ပြီး၊ ဖုန်းဖြင့်ဆက်သွယ် အကြံဉာဏ် ရယူလိုသူများလည်း အပတ်စဉ် တနင်္လာ မှ သောကြာနေ့ အထိ မွန်းလွဲ ၁ နာရီ မှ ၃ နာရီ အတွင်း တိုင်ပင်ဆွေးနွေးနိုင်ကြောင်း သိရသည်။

အဆိုပါဆေးကုသခန်းအား မြန်မာနိုင်ငံဆရာဝန်များ အသင်း၊ မြိတ်မြို့မှ စေတနာ့ဝန်ထမ်း ဆရာဝန်များ၊ မြန်မာ နိုင်ငံကြက်ခြေနီအသင်း၊ မြိတ်မြို့မှ ပရဟိတစေတနာ့ဝန်ထမ်း အဖွဲ့များက ပူးပေါင်းပြီး ကုသပေးသွားမည်ဟု သိရသည်။

ဇူလိုင် ၃ ရက်နေ့၊ ညနေ ၄ နာရီ အချိန်သတင်း ထုတ်ပြန်ချက်အရ မြိတ်မြို့တွင် COVID-19 ပိုးတွေ့လူနာ ၉ ဦး တွေ့ ရှိထားသည်ဟု သိရသည်။

မြိတ်ခရိုင်အတွင်း ၂၀၂၁ မေလ ၂၃ ရက်နေ့ မှ ဇူလိုင် ၃ ရက်နေ့အထိ ပိုးတွေ့လူနာ စုစုပေါင်း ၁၁၂ ဦး ရှိခဲ့ပြီး ပိုး ကင်းစင်၍ ဆေးရုံမှ ပြန်ဆင်းသူ ၅၇ ဦးရှိကာ၊ သေဆုံးသူ ၄ ဦး ရှိခဲ့သည်။ လက်ရှိတွင် ဆေးကုသဆဲ လူနာ ၅၁ ယောက် ရှိနေသေးကြောင်း ပရဟိတအသင်း အချို့ ၏ စာရင်းမှတ်တမ်းများအရ သိရသည်။

ဆက်သွယ်နိုင်သော ဆရာဝန်များနှင့် ဖုန်းနံပါတ်များ။

၁။ ဒေါက်တာ နွေးနွေးလတ်
ဖုန်း ၀၉၉၇၁၂၁၅၅၅၉

၂။ ဒေါက်တာ တင်ဇာနိုင်
ဖုန်း ၀၉၅၀၃၈၉၅၂

၃။ ဒေါက်တာ ထွဋ်လွင်ဦး
ဖုန်း ၀၉၄၂၂၂၂၀၀၇၁

၄။ ဒေါက်တာ နေမျိုးအောင်ဘိုဘိုရှိန်း
ဖုန်း ၀၉၅ ၄၁၃၂၈၀

၅။ ဒေါက်တာ မင်းဝေဦး

၆။ ဒေါက်တာ တင်စိုးမိုး
ဖုန်း ၀၉၄၂၂၁၉၉၁၁၈

*** ZAWGYI ***
ၿမိတ္ အခမဲ့ ေဆးကုခန္း ျပန္ဖြင့္မည္

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဇူလိုင္ ၄ ရက္။

တနသၤာရီတိုင္းေဒသႀကီး၊ ၿမိတ္ၿမိဳ႕ရွိ သံဃာ့ေဆး႐ုံဝန္းတစ္ခုတြင္ (Fever Clinic, Myeik) ေဆးကုခန္းအား လာ မည့္ ဇူလိုင္လ (၅)ရက္ေန႔ မွ စတင္ကာ ျပန္လည္ဖြင့္လွစ္မည္ျဖစ္ၿပီး အနံ႔ေပ်ာက္လူနာမ်ားႏွင့္ ဖ်ားနာသည့္ လူနာမ်ားအား အခမဲ့ ျပန္လည္ကုသေပးမည္ဟု စီစဥ္ေနေသာ ဆရာဝန္က ေျပာသည္။

ၿမိတ္(ဘိတ္)ခ႐ိုင္၊ ၿမိတ္ၿမိဳ႕ အထက္ ေရပုန္းရပ္ စပါးေ႐ႊဝါလမ္းမႀကီးရွိ သံဃာ့ ေဆး ႐ုံတြင္ (Fever Clinic, Myeik) ေဆးကုခန္းအား ၿပီးခဲ့သည့္ ၂၀၂၁ ေမလ တတိယအပတ္မွစၿပီး ယာယီပိတ္ထားခဲ့ရာမွ ယခုအခါ တေက်ာ့ျပန္ မ်ားျပားလာသည့္ ကမာၻ႔ကူးစက္ျမန္ COVID-19 ကပ္ေရာဂါ ေတြ႕ရွိမႈ အေျခအေနမ်ားေၾကာင့္ ျပန္ လည္ဖြင့္လွစ္ႏိုင္ဖို႔ စီစဥ္ရတာ ျဖစ္တယ္လို႔ ေဒါက္တာ တင္စိုးမိုး ကအတည္ျပဳ ေျပာၾကားသည္။

Fever Clinic အခမဲ့ ေဆးကုသခန္းအား အပတ္စဥ္ တနလၤာ၊ ဗုဒၶဟူး၊ ေသာၾကာေန႔ သုံးရက္၊ နံနက္ (၁၀) နာရီ မွ ၁၁း၃၀ နာရီ အခ်ိန္ထိ ဖြင့္လွစ္ကုသေပးသြားမည္ျဖစ္ၿပီး၊ အနံ႔မရသည့္ သူမ်ား ႏွင့္ COVID-19 သံသယ လူနာမ်ား အတြက္ အခမဲ့ကုသေပးသြားမည္ျဖစ္ၿပီး၊ ဖုန္းျဖင့္ဆက္သြယ္ အႀကံဉာဏ္ ရယူလိုသူမ်ားလည္း အပတ္စဥ္တနလၤာ မွ ေသာၾကာေန႔ အထိ မြန္းလြဲ ၁ နာရီ မွ ၃ နာရီ အတြင္း တိုင္ပင္ေဆြးေႏြးႏိုင္ေၾကာင္း သိရသည္။

အဆိုပါေဆးကုသခန္းအား ျမန္မာႏိုင္ငံဆရာဝန္မ်ား အသင္း၊ ၿမိတ္ၿမိဳ႕မွ ေစတနာ့ဝန္ထမ္း ဆရာဝန္မ်ား၊ ျမန္မာ ႏိုင္ငံၾကက္ေျခနီအသင္း၊ ၿမိတ္ၿမိဳ႕မွ ပရဟိတေစတနာ့ဝန္ထမ္း အဖြဲ႕မ်ားက ပူးေပါင္းၿပီး ကုသေပးသြားမည္ဟု သိရသည္။

ဇူလိုင္ ၃ ရက္ေန႔၊ ညေန ၄ နာရီ အခ်ိန္သတင္း ထုတ္ျပန္ခ်က္အရ ၿမိတ္ၿမိဳ႕တြင္ COVID-19 ပိုးေတြ႕လူနာ ၉ ဦး ေတြ႕ ရွိထားသည္ဟု သိရသည္။

ၿမိတ္ခ႐ိုင္အတြင္း ၂၀၂၁ ေမလ ၂၃ ရက္ေန႔ မွ ဇူလိုင္ ၃ ရက္ေန႔အထိ ပိုးေတြ႕လူနာ စုစုေပါင္း ၁၁၂ ဦး ရွိခဲ့ၿပီး ပိုး ကင္းစင္၍ ေဆး႐ုံမွ ျပန္ဆင္းသူ ၅၇ ဦးရွိကာ၊ ေသဆုံးသူ ၄ ဦး ရွိခဲ့သည္။ လက္ရွိတြင္ ေဆးကုသဆဲ လူနာ ၅၁ ေယာက္ ရွိေနေသးေၾကာင္း ပရဟိတအသင္း အခ်ိဳ႕ ၏ စာရင္းမွတ္တမ္းမ်ားအရ သိရသည္။

ဆက္သြယ္ႏိုင္ေသာ ဆရာဝန္မ်ားႏွင့္ ဖုန္းနံပါတ္မ်ား။

၁။ ေဒါက္တာ ေႏြးေႏြးလတ္
ဖုန္း ၀၉၉၇၁၂၁၅၅၅၉

၂။ ေဒါက္တာ တင္ဇာႏိုင္
ဖုန္း ၀၉၅၀၃၈၉၅၂

၃။ ေဒါက္တာ ထြဋ္လြင္ဦး
ဖုန္း ၀၉၄၂၂၂၂၀၀၇၁

၄။ ေဒါက္တာ ေနမ်ိဳးေအာင္ဘိုဘိုရွိန္း
ဖုန္း ၀၉၅ ၄၁၃၂၈၀

၅။ ေဒါက္တာ မင္းေဝဦး

၆။ ေဒါက္တာ တင္စိုးမိုး
ဖုန္း ၀၉၄၂၂၁၉၉၁၁၈