လှိုင်သာယာ ဧည့်စာရင်းတိုင်ကြားမှု တင်းကြပ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဇူလိုင် ၅ ရက်။

စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ထားဆဲဖြစ်သည့် လှိုင်သာယာ မြို့နယ်အတွင်း အဆောင်နေသူများ ဧည့်စာရင်းတိုင်ရာတွင် တင်းကြပ်မှုများ ရှိနေသည်ဟု အဆောင်နေသူများ က ပြောသည်။

လှိုင်သာယာမြို့နယ်အတွင်းရှိ လူနေအဆောင်လိုင်းခန်းများကို ပြောင်းရွှေ့လာသူများအနေဖြင့် ယခင်နေထိုင်ခဲ့ သည့် ရပ်ကွက်များမှ ထောက်ခံစာယူလာရမည်ဖြစ်ပြီး ဧည့်စာရင်းတိုင်ကြားရာတွင်လည်း လူဦးရေအလိုက် ဓါတ်ပုံများပါ ပေးရသည်ဟု လှိုင်သာယာမြို့နယ်၊ ၂ ရပ်ကွက်အတွင်းနေထိုင်သည့် အဆောင်နေ အမျိုးသမီး တစ် ဦး က ပြောသည်။

“ကျမတို့ကတောင်ဒဂုံကပြောင်းလာတာလေ။ အဲ့ဒီကရပ်ကွက် ထောက်ခံစာပြရတယ်။ ဓါတ်ပုံကတော့ ကိုယ် လုံးပေါ်ဓါတ်ပုံ ၂ ပုံ ပေးရတယ်။ သူတို့တစ်ပုံယူတယ်။ ကျမတို့ကို တစ်ပုံပြန်ပေးတယ်” ဟု ၎င်းကဆိုသည်။

အချို့ရပ်ကွက်များတွင် ဧည့်စာရင်းစာရွက်ဖိုးဟု ဆိုကာ ငွေကျပ် ၂ သောင်း၊ ၃ သောင်း ရပ်ကျေး အဖွဲ့သို့ ပေး ဆောင်နေရသည်ဟု ပြောဆိုမှုများ ရှိနေသည်။

“အရင်နေခဲ့တဲ့ရပ်ကွက်က ထောက်ခံစာမပါရင် ဧည့်စာရင်းထုတ် မပေးဘူး။ အရင်ကဆို အဆောင်မှူး လက်မှတ် ပါတာနဲ့ပြီးပြီ။ အလုပ် ကသီတာပေါ့။ ဟိုရပ်ကွက်ကိုသွားဦး ထောက်ခံစာယူဦး ဒီမှာ ပြန်လာတိုင်ဦး။ ကျမတို့ ရပ်ကွက်က ပိုက်ဆံတော့ မပေးရဘူး။ တခြားရပ်ကွက် တစ်ချို့တော့ ပေးရတယ်လို့ ကြားတယ်”ဟု မီးခွက်ဈေး အနီး မှ သက် ၃၀ ခန့် အမျိုးသမီးတစ်ဦး က ပြောသည်။

ဧည့်စာရင်းတိုင်ရာတွင် ငွေကြေးပေးဆောင်ရမှုနှင့် ပတ်သက်၍ သတင်းနှင့် မီဒီယာကွန်ရက်က သီးသန့်အတည်ပြုနိုင်ခြင်း မရှိပါ။

လူနေလိုင်းခန်းနှင့်အဆောင်များအား ဧည့်စာရင်းစစ်ဆေးသည့်အခါ တိုင်ကြားထားခြင်းမရှိပါက ၎င်းအဆောင်၊ လိုင်းခန်း၏ တာဝန်ခံမှ တာဝန်ယူရမည်ဖြစ်ကြောင်းကိုလည်း သက်ဆိုင်ရာက သတိပေးထားသည်။

“သန်းခေါင်စာရင်းနဲ့ နေတဲ့သူတွေကဘာမှမဖြစ်ပေမယ့် အိမ်ငှားနေ တဲ့သူတွေအတွက်ကအဆင်မပြေကြဘူး။ စက်ရုံတွေပိတ်၊ ဆိုင်ကယ်တွေဖမ်းနဲ့ လှိုင်သာယာက တစ်နေ့လုပ်တစ်နေ့စားတွေပို ဆိုးတယ်။ သူတို့တော်တော် ဒုက္ခရောက်နေပြီ” လှိုင်သာယာမြို့နယ် ငါးထိပ်တွင် နေထိုင်သူတစ်ဦး က ပြောသည်။

လှိုင်သာယာြမို့နယ်မှာ စစ်အာဏာသိမ်းမှု ဆန့်ကျင်ဖြိုခွဲမှုများ ပြင်းထန်ခဲ့သောကြောင့် စစ်အုပ်ချုပ်ရေး အမိန့်ထုတ်ထားသည့် မြို့နယ်ဖြစ်သည်။

*** ZAWGYI ***
လႈိင္သာယာ ဧည့္စာရင္းတိုင္ၾကားမႈ တင္းၾကပ္

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဇူလိုင္ ၅ ရက္။

စစ္အုပ္ခ်ဳပ္ေရးအမိန႔္ ထုတ္ျပန္ထားဆဲျဖစ္သည့္ လႈိင္သာယာ ၿမိဳ႕နယ္အတြင္း အေဆာင္ေနသူမ်ား ဧည့္စာရင္းတိုင္ရာတြင္ တင္းၾကပ္မႈမ်ား ရွိေနသည္ဟု အေဆာင္ေနသူမ်ား က ေျပာသည္။

လႈိင္သာယာၿမိဳ႕နယ္အတြင္းရွိ လူေနအေဆာင္လိုင္းခန္းမ်ားကို ေျပာင္းေ႐ႊ႕လာသူမ်ားအေနျဖင့္ ယခင္ေနထိုင္ခဲ့ သည့္ ရပ္ကြက္မ်ားမွ ေထာက္ခံစာယူလာရမည္ျဖစ္ၿပီး ဧည့္စာရင္းတိုင္ၾကားရာတြင္လည္း လူဦးေရအလိုက္ ဓါတ္ပုံမ်ားပါ ေပးရသည္ဟု လႈိင္သာယာၿမိဳ႕နယ္၊ ၂ ရပ္ကြက္အတြင္းေနထိုင္သည့္ အေဆာင္ေန အမ်ိဳးသမီး တစ္ ဦး က ေျပာသည္။

“က်မတို႔ကေတာင္ဒဂုံကေျပာင္းလာတာေလ။ အဲ့ဒီကရပ္ကြက္ ေထာက္ခံစာျပရတယ္။ ဓါတ္ပုံကေတာ့ ကိုယ္ လုံးေပၚဓါတ္ပုံ ၂ ပုံ ေပးရတယ္။ သူတို႔တစ္ပုံယူတယ္။ က်မတို႔ကို တစ္ပုံျပန္ေပးတယ္” ဟု ၎ကဆိုသည္။

အခ်ိဳ႕ရပ္ကြက္မ်ားတြင္ ဧည့္စာရင္းစာ႐ြက္ဖိုးဟု ဆိုကာ ေငြက်ပ္ ၂ ေသာင္း၊ ၃ ေသာင္း ရပ္ေက်း အဖြဲ႕သို႔ ေပး ေဆာင္ေနရသည္ဟု ေျပာဆိုမႈမ်ား ရွိေနသည္။

“အရင္ေနခဲ့တဲ့ရပ္ကြက္က ေထာက္ခံစာမပါရင္ ဧည့္စာရင္းထုတ္ မေပးဘူး။ အရင္ကဆို အေဆာင္မႉး လက္မွတ္ ပါတာနဲ႔ၿပီးၿပီ။ အလုပ္ ကသီတာေပါ့။ ဟိုရပ္ကြက္ကိုသြားဦး ေထာက္ခံစာယူဦး ဒီမွာ ျပန္လာတိုင္ဦး။ က်မတို႔ ရပ္ကြက္က ပိုက္ဆံေတာ့ မေပးရဘူး။ တျခားရပ္ကြက္ တစ္ခ်ိဳ႕ေတာ့ ေပးရတယ္လို႔ ၾကားတယ္”ဟု မီးခြက္ေဈး အနီး မွ သက္ ၃၀ ခန႔္ အမ်ိဳးသမီးတစ္ဦး က ေျပာသည္။

ဧည့္စာရင္းတိုင္ရာတြင္ ေငြေၾကးေပးေဆာင္ရမႈႏွင့္ ပတ္သက္၍ သတင္းႏွင့္ မီဒီယာကြန္ရက္က သီးသန႔္အတည္ျပဳႏိုင္ျခင္း မရွိပါ။

လူေနလိုင္းခန္းႏွင့္အေဆာင္မ်ားအား ဧည့္စာရင္းစစ္ေဆးသည့္အခါ တိုင္ၾကားထားျခင္းမရွိပါက ၎အေဆာင္၊ လိုင္းခန္း၏ တာဝန္ခံမွ တာဝန္ယူရမည္ျဖစ္ေၾကာင္းကိုလည္း သက္ဆိုင္ရာက သတိေပးထားသည္။

“သန္းေခါင္စာရင္းနဲ႔ ေနတဲ့သူေတြကဘာမွမျဖစ္ေပမယ့္ အိမ္ငွားေန တဲ့သူေတြအတြက္ကအဆင္မေျပၾကဘူး။ စက္႐ုံေတြပိတ္၊ ဆိုင္ကယ္ေတြဖမ္းနဲ႔ လႈိင္သာယာက တစ္ေန႔လုပ္တစ္ေန႔စားေတြပို ဆိုးတယ္။ သူတို႔ေတာ္ေတာ္ ဒုကၡေရာက္ေနၿပီ” လႈိင္သာယာၿမိဳ႕နယ္ ငါးထိပ္တြင္ ေနထိုင္သူတစ္ဦး က ေျပာသည္။

လႈိင္သာယာၿမိဳ႕နယ္မွာ စစ္အာဏာသိမ္းမႈ ဆန႔္က်င္ၿဖိဳခြဲမႈမ်ား ျပင္းထန္ခဲ့ေသာေၾကာင့္ စစ္အုပ္ခ်ဳပ္ေရး အမိန႔္ထုတ္ထားသည့္ ၿမိဳ႕နယ္ျဖစ္သည္။