KIO ထိန်းချုပ်နယ်မြေအတွင်း COVID-19. ပိုးရှိ လူနာ ၄ ဦးတိုး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၇ ရက်။

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေ လိုင်ဇာတွင် အင်္ဂါနေ့ တစ်ရက်တည်းတွင် COVID-19 အတည်ပြုလူနာ ၄ ဦး ထပ်တိုးသည်ဟု KIO ၏ COVID-19 ရောဂါတားဆီးနှိမ်နှင်းရေး ကော်မတီထံမှ သိရ သည်။

ဇူလိုင် ၆ ရက်နေ့ (ယမန်နေ့) က လိုင်ဇာမြို့အတွင်း ဝင်ရောက်လာသူများထဲမှာ အတည်ပြုလူနာ ၄ ဦးရှိခဲ့ရာ မတ် လမှ ယခုဇူလိုင်လ ပထမအပတ်အထိ လိုင်ဇာမြို့တွင် အတည်ပြုလူနာ အယောက် ၂၀ ရှိသွားပြီဟု KIO COVID-19 ရောဂါတားဆီးနှိမ်နှင်းရေး ကော်မတီ အတွင်းရေးမှူး ဗိုလ်မှူးကြီး လဖိုင်ဟိန်းဝေါမ် က ပြောသည်။

“မနေ့က တိုးတာတွေ တချို့ရှိတယ်။ နဂိုက မရှိသလောက်ဖြစ်သွားတာ၊ နဂို positive တွေလည်း ပျောက် ကင်းသွားသလောက်ရှိပြီ၊ အခု မနေ့က တချို့ ပြန်တိုးလာတယ်။ လေးယောက်လားမသိ တိုးလာတယ်။ သူတို့ ကျန်းမာ ရေး အခြေအနေကောင်းပါတယ်။ အားလုံး လူငယ် လူလတ်ပိုင်းတွေပဲ၊ အသက် ၂၀ ကျော်၊ ၃၀ ဝန်း ကျင် အဲ့လောက်အရွယ်တွေဖြစ်တယ်။ လောလောဆယ် လိုင်ဇာမှာပဲဗျ။ အရင် ၁၃ ယောက်ရယ်၊ နောက် ၃ ယောက်ရယ်၊ အခု ထပ်တိုးတဲ့ ၄ယောက်ရယ်ပေါ့၊ အယောက် ၂၀ လောက်ရှိသွားပြီ။ အခုလောလောဆယ် ၅ ယောက်ပေါ့ ဆေးရုံတက်နေတာက” ဟု ပြောသည်။

COVID-19 အတည်ပြု လူနာ ၂၀ ရှိသည့်အနက် လက်ရှိ ဆေးရုံတွင် ၅ ဦး ဆေးကုသမှု ခံယူနေရပြီး၊ လက်ရှိတွင် ရောဂါ ကူးစက်မှုနှုန်းကို ထိန်းချုပ်ထားနိုင်သည်ဟု KIO က ပြောသည်။

ယခု ထပ်တိုးလာသည့် COVID-19 အတည်ပြုလူနာများသည် လိုင်ဇာဒေသခံများမဟုတ်ပဲ လက်ရှိဖြစ်ပေါ်နေ သည့် နိုင်ငံရေးအခြေအနေကြောင့် လုံခြုံရေး စိတ်ချမှုမရှိသည့်အခြေအနေနှင့် ကြုံနေရသည့် အခြားဒေသမှ ဝင် ရောက်လာသူများ ဖြစ်သည်ဟု သိရသည်။

“အဝေးကလူတွေပါ။ ကချင်ပြည်ကတောင် မဟုတ်ဘူး။ တခြားကလူတွေပါ။ ကျနော်တို့က လမ်းပိတ်တာက ၄ ရက်နေ့ကနေ ပိတ်ပြီ။ သူတို့ကလည်း နည်းနည်းအရေးတကြီးဖြစ်တယ် ဆို တော့ သူတို့ကို ပြန်သွင်းလိုက်တော့ အဲ့လိုဖြစ်သွားတာပါ။ အခု ကျနော်တို့ ပိတ်ပြီ အခုတော့ လူမဝင်အောင် လုံးဝပိတ်ထားတယ်။ သူတို့က ဟိုဘက် လည်း ပြန်လို့မရ။ ဟိုဘက်မှာလည်း နေမယ့်နေရာ မရှိဆိုတော့ ဘာပဲဖြစ် ဖြစ် ကျနော်တို့ဘာပဲဖြစ်ဖြစ် Quarantine ထားမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဝင်ခိုင်းလိုက်တာ သူတို့အဖွဲ့ထဲမှာ positive တွေ ပါလာတာ ဖြစ်တယ်” ဟု ဗိုလ်မှူးကြီး လဖိုင်ဟိန်းဝေါမ် က ပြောသည်။

KIO/KIA အနေဖြင့် ၎င်းတို့၏ ထိန်းချုပ်နယ်မြေအတွင်း COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အဝင်အထွက်ဂိတ်များကို ပိတ်ထားသော်လည်း စစ်တပ်က အာဏာသိမ်းပြီးနောက် ကြုံနေရသည့် လုံခြုံရေး အခက်အခဲကြောင့် ထွက်ပြေးလာသူ အချို့ဝင်ရောက်လာမှုများ ရှိနေရာ ယခုကူးစက်မှုသည် အဆိုပါ ကိစ္စရပ် များနှင့် ဆက်စပ်နေသူများ ဖြစ်သည်။

COVID-19 အတည်ပြုလူနာများအား သီးသန့် သတ်မှတ်ထားသည့်နေရာတွင် သီးသန့်စောင့်ကြည့်မှု Quarantine ထားပြီး ဆေးကုသမှု ပေးထားသည်ဟု သိရသည်။

ဗိုလ်မှူးကြီး လဖိုင်ဟိန်းဝေါမ် က “ကျနော်တို့ဆီမှာ တစ်ခုခုဖြစ်ပြီဆိုရင်တော့ အရေးတကြီးဆောင်ရွက်စရာတွေ ကို ဆောင်ရွက်ရမှာဖြစ်ပါတယ်။ အခုက လူတွေက အပြင်ဘက်မှာပဲ အတွင်းထဲမရောက်သေး ဘူးဆိုတော့ နည်း နည်းအခြေအနေက လောလောဆယ်မှာ ငြိမ်နေပါသေးတယ်” ဟု ပြောသည်။

KIO/KIA ၏ အခြား ထိန်းချုပ်နယ်မြေတစ်ခုဖြစ်သည့် မိုင်ဂျာယန်အနီးက လွယ်ဂျယ်မြို့တွင်လည်း COVID-19 အတည်ပြုလူနာ ယခုရက်ပိုင်းတွင် ၅ ယောက် ရှိနေပြီဆိုသည့် သတင်းများရရှိထားသည့်အတွက် ၎င်းတို့ဒေသ အတွင်း ကူးစက်မှုများ မရှိအောင် စည်းမျဉ်းစည်းကမ်းများ တင်းကြပ်ထားပြီး အဝင်အထွက် ဂိတ်ကိုလည်း လုံးဝပိတ်လိုက်ပြီဟု သိရသည်။

၂၀၂၀ ခုနှစ် တစ်နှစ်ပတ်လုံးနှင့် ၂၀၂၁ ခုနှစ် စစ်အာဏာမသိမ်းခင်ကာလအထိ KIO ထိန်းချုပ်နယ်မြေ အတွင်း COVID-19 ကူးစက်မှုများ မရှိခဲ့သော်လည်း ယခုနှစ် မတ်လခန့်မှစတင်၍ ယခု ဇူလိုင်လ ပထမအပတ်အထိ ဝင်ရောက်လာသူများထဲမှ ရောဂါ ကူးစက်ခံရသူများရှိခဲ့ခြင်း ဖြစ်သည်။

*** ZAWGYI ***
KIO ထိန္းခ်ဳပ္နယ္ေျမအတြင္း COVID-19. ပိုးရွိ လူနာ ၄ ဦးတိုး

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဇူလိုင္လ ၇ ရက္။

ကခ်င္လြတ္လပ္ေရးအဖြဲ႕ KIO ထိန္းခ်ဳပ္နယ္ေျမ လိုင္ဇာတြင္ အဂၤါေန႔ တစ္ရက္တည္းတြင္ COVID-19 အတည္ျပဳလူနာ ၄ ဦး ထပ္တိုးသည္ဟု KIO ၏ COVID-19 ေရာဂါတားဆီးႏွိမ္ႏွင္းေရး ေကာ္မတီထံမွ သိရ သည္။

ဇူလိုင္ ၆ ရက္ေန႔ (ယမန္ေန႔) က လိုင္ဇာၿမိဳ႕အတြင္း ဝင္ေရာက္လာသူမ်ားထဲမွာ အတည္ျပဳလူနာ ၄ ဦးရွိခဲ့ရာ မတ္ လမွ ယခုဇူလိုင္လ ပထမအပတ္အထိ လိုင္ဇာၿမိဳ႕တြင္ အတည္ျပဳလူနာ အေယာက္ ၂၀ ရွိသြားၿပီဟု KIO COVID-19 ေရာဂါတားဆီးႏွိမ္ႏွင္းေရး ေကာ္မတီ အတြင္းေရးမႉး ဗိုလ္မႉးႀကီး လဖိုင္ဟိန္းေဝါမ္ က ေျပာသည္။

“မေန႔က တိုးတာေတြ တခ်ိဳ႕ရွိတယ္။ နဂိုက မရွိသေလာက္ျဖစ္သြားတာ၊ နဂို positive ေတြလည္း ေပ်ာက္ ကင္းသြားသေလာက္ရွိၿပီ၊ အခု မေန႔က တခ်ိဳ႕ ျပန္တိုးလာတယ္။ ေလးေယာက္လားမသိ တိုးလာတယ္။ သူတို႔ က်န္းမာ ေရး အေျခအေနေကာင္းပါတယ္။ အားလုံး လူငယ္ လူလတ္ပိုင္းေတြပဲ၊ အသက္ ၂၀ ေက်ာ္၊ ၃၀ ဝန္း က်င္ အဲ့ေလာက္အ႐ြယ္ေတြျဖစ္တယ္။ ေလာေလာဆယ္ လိုင္ဇာမွာပဲဗ်။ အရင္ ၁၃ ေယာက္ရယ္၊ ေနာက္ ၃ ေယာက္ရယ္၊ အခု ထပ္တိုးတဲ့ ၄ေယာက္ရယ္ေပါ့၊ အေယာက္ ၂၀ ေလာက္ရွိသြားၿပီ။ အခုေလာေလာဆယ္ ၅ ေယာက္ေပါ့ ေဆး႐ုံတက္ေနတာက” ဟု ေျပာသည္။

COVID-19 အတည္ျပဳ လူနာ ၂၀ ရွိသည့္အနက္ လက္ရွိ ေဆး႐ုံတြင္ ၅ ဦး ေဆးကုသမႈ ခံယူေနရၿပီး၊ လက္ရွိတြင္ ေရာဂါ ကူးစက္မႈႏႈန္းကို ထိန္းခ်ဳပ္ထားႏိုင္သည္ဟု KIO က ေျပာသည္။

ယခု ထပ္တိုးလာသည့္ COVID-19 အတည္ျပဳလူနာမ်ားသည္ လိုင္ဇာေဒသခံမ်ားမဟုတ္ပဲ လက္ရွိျဖစ္ေပၚေန သည့္ ႏိုင္ငံေရးအေျခအေနေၾကာင့္ လုံၿခဳံေရး စိတ္ခ်မႈမရွိသည့္အေျခအေနႏွင့္ ႀကဳံေနရသည့္ အျခားေဒသမွ ဝင္ ေရာက္လာသူမ်ား ျဖစ္သည္ဟု သိရသည္။

“အေဝးကလူေတြပါ။ ကခ်င္ျပည္ကေတာင္ မဟုတ္ဘူး။ တျခားကလူေတြပါ။ က်ေနာ္တို႔က လမ္းပိတ္တာက ၄ ရက္ေန႔ကေန ပိတ္ၿပီ။ သူတို႔ကလည္း နည္းနည္းအေရးတႀကီးျဖစ္တယ္ ဆို ေတာ့ သူတို႔ကို ျပန္သြင္းလိုက္ေတာ့ အဲ့လိုျဖစ္သြားတာပါ။ အခု က်ေနာ္တို႔ ပိတ္ၿပီ အခုေတာ့ လူမဝင္ေအာင္ လုံးဝပိတ္ထားတယ္။ သူတို႔က ဟိုဘက္ လည္း ျပန္လို႔မရ။ ဟိုဘက္မွာလည္း ေနမယ့္ေနရာ မရွိဆိုေတာ့ ဘာပဲျဖစ္ ျဖစ္ က်ေနာ္တို႔ဘာပဲျဖစ္ျဖစ္ Quarantine ထားမယ္ဆိုတဲ့ ရည္႐ြယ္ခ်က္နဲ႔ ဝင္ခိုင္းလိုက္တာ သူတို႔အဖြဲ႕ထဲမွာ positive ေတြ ပါလာတာ ျဖစ္ တယ္” ဟု ဗိုလ္မႉးႀကီး လဖိုင္ဟိန္းေဝါမ္ က ေျပာသည္။

KIO/KIA အေနျဖင့္ ၎တို႔၏ ထိန္းခ်ဳပ္နယ္ေျမအတြင္း COVID-19 ေရာဂါ ကာကြယ္ထိန္းခ်ဳပ္ႏိုင္ေရးအတြက္ အဝင္အထြက္ဂိတ္မ်ားကို ပိတ္ထားေသာ္လည္း စစ္တပ္က အာဏာသိမ္းၿပီးေနာက္ ႀကဳံေနရသည့္ လုံၿခဳံေရး အခက္အခဲေၾကာင့္ ထြက္ေျပးလာသူ အခ်ိဳ႕ဝင္ေရာက္လာမႈမ်ား ရွိေနရာ ယခုကူးစက္မႈသည္ အဆိုပါ ကိစၥရပ္ မ်ားႏွင့္ ဆက္စပ္ေနသူမ်ား ျဖစ္သည္။

COVID-19 အတည္ျပဳလူနာမ်ားအား သီးသန႔္ သတ္မွတ္ထားသည့္ေနရာတြင္ သီးသန႔္ေစာင့္ၾကည့္မႈ Quarantine ထားၿပီး ေဆးကုသမႈ ေပးထားသည္ဟု သိရသည္။

ဗိုလ္မႉးႀကီး လဖိုင္ဟိန္းေဝါမ္ က “က်ေနာ္တို႔ဆီမွာ တစ္ခုခုျဖစ္ၿပီဆိုရင္ေတာ့ အေရးတႀကီးေဆာင္႐ြက္စရာေတြ ကို ေဆာင္႐ြက္ရမွာျဖစ္ပါတယ္။ အခုက လူေတြက အျပင္ဘက္မွာပဲ အတြင္းထဲမေရာက္ေသး ဘူးဆိုေတာ့ နည္း နည္းအေျခအေနက ေလာေလာဆယ္မွာ ၿငိမ္ေနပါေသးတယ္” ဟု ေျပာသည္။

KIO/KIA ၏ အျခား ထိန္းခ်ဳပ္နယ္ေျမတစ္ခုျဖစ္သည့္ မိုင္ဂ်ာယန္အနီးက လြယ္ဂ်ယ္ၿမိဳ႕တြင္လည္း COVID-19 အတည္ျပဳလူနာ ယခုရက္ပိုင္းတြင္ ၅ ေယာက္ ရွိေနၿပီဆိုသည့္ သတင္းမ်ားရရွိထားသည့္အတြက္ ၎တို႔ေဒသ အတြင္း ကူးစက္မႈမ်ား မရွိေအာင္ စည္းမ်ဥ္းစည္းကမ္းမ်ား တင္းၾကပ္ထားၿပီး အဝင္အထြက္ ဂိတ္ကိုလည္း လုံးဝပိတ္လိုက္ၿပီဟု သိရသည္။

၂၀၂၀ ခုႏွစ္ တစ္ႏွစ္ပတ္လုံးႏွင့္ ၂၀၂၁ ခုႏွစ္ စစ္အာဏာမသိမ္းခင္ကာလအထိ KIO ထိန္းခ်ဳပ္နယ္ေျမ အတြင္း COVID-19 ကူးစက္မႈမ်ား မရွိခဲ့ေသာ္လည္း ယခုႏွစ္ မတ္လခန႔္မွစတင္၍ ယခု ဇူလိုင္လ ပထမအပတ္အထိ ဝင္ေရာက္လာသူမ်ားထဲမွ ေရာဂါ ကူးစက္ခံရသူမ်ားရွိခဲ့ျခင္း ျဖစ္သည္။